Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 18, 2019

အာမခံံထားေသာကား… ယာဥ္တိုက္မႈ ့ျဖစ္လွ်င္ ..ပါတ္ပါတ္လည္္ ဓာတ္ပံုရိုက္ပီးမွသာ… ကားေရႊ႕ ၾကပါ


ယာဥ္မေတာ္တဆမႈ့ ျဖစ္ပါကပါတ္ဝန္းက်င္ အား ဂ႐ုမစိုက္ဘဲဲအားမနာတမ္း ဓါတ္ပုံဆင္း႐ိုက္သင့္ပါလား ?
သိန္းထြန္း

IKBZ မွာ Insurance ထားၿပီး ျဖစ္ပါေသာက်ေနာ္စီးေနတ့ဲဲNissan NV 200 dv Van ေလးဟာ
ဒီကေန႔ ( ၂၀-၅-၁၉ ) ႐ုံးခ်ိန္အတြင္းလူစည္ကားၿပီး ယာဥ္ၾကပ္တည္းရာ
မဟာဗႏၶဳလ လမ္း နဲ႔ ပန္းဆိုးတန္း မီးပြိဳင့္ အေရာက္္ေရွ႕ကေမာင္းႏွင္ေနတ့ဲ Mazda Bongo light truck ယာဥ္က႐ုတ္တရက္ ဘရိတ္ေစာင့္အုပ္လိုက္တ့ဲ အတြက္္
က်ေနာ့္ကားေခါင္းက သာသာယာယာေလးအနမ္းေပးမိေရာဗ်ာ ,,,,,
ျဖစ္စဥ္ ျဖစ္တာနဲ႔ ယာဥ္ ႏွစ္စီးလုံး မွ ယာဥ္ေမာင္းမ်ားယာဥ္မေတာ္တဆ ထိခိုက္မႈ့ အေျခအေန ကိုိဆင္းၾကည့္ၾကပါတယ္။
တိုက္မိတ့ဲ အရွိန္က ဘာမွမရွိတာမို႔ထိခိုက္မႉ့ကို ျပင္ဆင္ရင္ က်သင့္တ့ဲ တန္ဖိုးကမေျပာပေလာက္တာရယ္၊ယာဥ္ႏွစ္စီး အနမ္းေပးေနတ့ဲ ပုံကို ဓါတ္ပုံ႐ိုက္ဘို႔က
ေရွ႕ေနာက္ဝဲယာ တေရြ႕ေရြ႕ေမာင္းႏွင္ေနၾကတ့ဲ ယာဥ္မ်ားၾကပ္တည္းမႈ့ေၾကာင့္႐ိုက္ကြင္း အေျခအေန မေပးတာရယ္၊ဖုန္း ကင္မရာ ကိုထုတ္ၿပီး ေနရာေရြ႕ေျပာင္း၍
ဓါတ္ပုံ ႐ိုက္ကူးဘို႔ လုပ္ေနတ့ဲ က်ေနာ္ရဲ႕အနီးနားက ယာဥ္ေတြက ဟြန္းသံ မနားတမ္း တီးၿပီး အားေပးေနလို႔အမ်ားသူငွာ အေႏွာင့္အယွက္ မျဖစ္ေစလိုတာက တစ္ေၾကာင္း၊
ယာဥ္ျပင္ဆင္ရမ့ဲ အေျခအေနကႀကီးႀကီးမားမား မဟုတ္တာက တစ္ေၾကာင္းဓါတ္ပုံ႐ိုက္ဘို႔ အခြင့္အေရးကိုိ
က်ေနာ္ မႀကိဳးစားေတာ့ဘဲလက္လႊတ္ အဆုံးအရံႈး ခံလိုက္ပါတယ္။
ဒါနဲ႔ ယာဥ္ႏွစ္စီး ညွိႏိုင္းၿပီးေရွ႕က ေျဖးညင္းစြာ အတိုက္ခံရတ့ဲ ကားအတြက္အလုံးစုံ အာမခံ ထားၿပီးျဖစ္ေသာက်ေနာ့္ ကားမွ တာဝန္ယူ ေျဖရွင္း ေဆာင္ရြက္ေပးမွာေျပာဆိုၿပီးၾကပ္တည္းတဲ့ ယာဥ္ေၾကာမွ ေသြဖယ္ေမာင္းထြက္ကာအေရွ႕နားက ကားရွင္းတ့ဲ လဘက္ရည္ဆိုင္မွာေတြ႕ဆုံၾကဘို႔ သေဘာတူၿပီး ေမာင္းထြက္ခ့ဲၾကပါတယ္။

တစ္ဆက္တည္း ဆိုသလို အာမခံ ထားထားတ့ဲIKBZ ဌါနကိုလည္း ဖုန္းဆက္သတင္းေပးၿပီးလာေရာက္ေျဖရွင္းေပးဘို႔ ဆက္သြယ္လိုက္ပါတယ္။
ခဏအၾကာ IKBZ claim ဌါန မွတာဝန္ရွိသူ ဝန္ထမ္း ႏွစ္ဦး ေရာက္လာၿပီးျဖစ္စဥ္ အေျခအေနကိုေမးျမန္း ကာထိခိုက္ခ်ိဳ႕ယြင္းထားတ့ဲ ယာဥ္ ႏွစ္စီး ကိုမွတ္ပုံတင္ ၍ ဓါတ္ပုံ႐ိုက္ကူးယူၾကပါတယ္။

ပရီမီယံ ေပးသြင္းထားတ့ဲ အာမခံ ကားအတြက္ဥပေဒ နည္းလမ္း မ်ားနဲ႔ အညီျပင္ဆင္ေဆာင္ရြက္ေပးမွာ မွန္ပါေသာ္လည္းအဓိက ျပသနာ က ယာဥ္တိုက္မႈ့ အေျခအေနဓါတ္ပုံမွတ္တမ္း ရ္ိုက္ကူးထားမႈ့ မရွိသည့္အတြက္္ရဲစခန္း ေထာက္ခံခ်က္ရရွိမွသာယာဥ္ျပင္ဆင္ေဆာင္ရြက္ျခင္းအားလုပ္ေပးမွာျဖစ္တ့ဲအတြက္္အခ်ိန္အေတာ္ၾကာ ေျပာဆို ညွိႏိုင္း စကားေျပာ ေဆာင္ရြက္ခ့ဲရပါတယ္။

အဲဒီ အျပင္ third party ယာဥ္အတြက္ျပင္ဆင္စရိတ္ အား IKBZ ရာျဖတ္ မွဆုံးျဖတ္ေပးသည့္ ၃၅၀၀၀/ိ အားလတ္တေလာ IKBZ မွ ေပးေလ်ာ္ျခင္း မရွိေသးသျဖင့္မိမိမွသာ စိုက္ထုတ္ေပးေလ်ာ္ၿပီးၿပီးမွ ကုမၸဏီသို႔ ျပန္လည္ ေတာင္းခံရပါအုန္းမည္။

ဒါ့ေၾကာင့္ ယာဥ္တိုက္မႈ့ ျဖစ္ေပၚလာပါကမည္သည့္ အေၾကာင္းျပခ်က္ပင္ ျပလင့္ကစား
ေဘးနံဝဲယာ မွ ယာဥ္ႏွင့္ ခရီးသြားမ်ားအားအားနာမႈ့ရွိၿပီး လုပ္သင့္သည္မ်ားအားမလုပ္ခ့ဲပါက ၊
ဓါတ္ပုံ မွတ္တမ္း မ႐ိုက္ကူးခ့ဲပါကနီးစပ္ရာ နယ္ေျမ ယာဥ္ထိန္း႐ုံးမ်ား သို႔သြားေရာက္ၿပီး
ယာဥ္မေတာ္တဆ ျဖစ္မႉ့ မွန္ကန္သည့္္ေထာက္ခံစာ ရယူေဆာင္ရြက္ရပီး ပုိမို အလုပ္ရွပ္ႏိုင္ပါေသာေၾကာင့္အာမခံထားေသာကား ယာဥ္တိုက္မႈ ့ျဖစ္လွ်င္ ပါတ္ပါတ္လည္ ဓာတ္ပံုရိုက္ပီးမွသာ ကားေရႊ႕ ၾကပါလို႔ တိုက္တြန္းအပ္ပါသည္္
သိန္းထြန္း

Unicode Version
ယာဉ်မတော်တဆမှု့ ဖြစ်ပါက
ပါတ်ဝန်းကျင် အား ဂရုမစိုက်ဘဲ
အားမနာတမ်း ဓါတ်ပုံဆင်းရိုက်သင့်ပါလား ?

မူရင်း- သိန်းထွန်း

IKBZ မှာ Insurance ထားပြီး ဖြစ်ပါသောကျနော်စီးနေတဲ့ဲNissan NV 200 dv Van လေးဟာ

ဒီကနေ့ ( ၂၀-၅-၁၉ ) ရုံးချိန်အတွင်းလူစည်ကားပြီး ယာဉ်ကြပ်တည်းရာ

မဟာဗန္ဓုလ လမ်း နဲ့ ပန်းဆိုးတန်း မီးပွိုင့် အရောက်ရှေ့ကမောင်းနှင်နေတဲ့ Mazda Bongo light truck ယာဉ်ကရုတ်တရက် ဘရိတ်စောင့်အုပ်လိုက်တဲ့ အတွက်

ကျနော့်ကားခေါင်းက သာသာယာယာလေးအနမ်းပေးမိရောဗျာ ,,,,,

ဖြစ်စဉ် ဖြစ်တာနဲ့ ယာဉ် နှစ်စီးလုံး မှ ယာဉ်မောင်းများယာဉ်မတော်တဆ ထိခိုက်မှု့ အခြေအနေ ကိုဆင်းကြည့်ကြပါတယ်။

တိုက်မိတဲ့ အရှိန်က ဘာမှမရှိတာမို့ထိခိုက်မှူ့ကို ပြင်ဆင်ရင် ကျသင့်တဲ့ တန်ဖိုးကမပြောပလောက်တာရယ်၊ယာဉ်နှစ်စီး အနမ်းပေးနေတဲ့ ပုံကို ဓါတ်ပုံရိုက်ဘို့က

ရှေ့နောက်ဝဲယာ တရွေ့ရွေ့မောင်းနှင်နေကြတဲ့ ယာဉ်များကြပ်တည်းမှု့ကြောင့်ရိုက်ကွင်း အခြေအနေ မပေးတာရယ်၊ဖုန်း ကင်မရာ ကိုထုတ်ပြီး နေရာရွေ့ပြောင်း၍

ဓါတ်ပုံ ရိုက်ကူးဘို့ လုပ်နေတဲ့ ကျနော်ရဲ့အနီးနားက ယာဉ်တွေက ဟွန်းသံ မနားတမ်း တီးပြီး အားပေးနေလို့အများသူငှာ အနှောင့်အယှက် မဖြစ်စေလိုတာက တစ်ကြောင်း၊

ယာဉ်ပြင်ဆင်ရမဲ့ အခြေအနေကကြီးကြီးမားမား မဟုတ်တာက တစ်ကြောင်းဓါတ်ပုံရိုက်ဘို့ အခွင့်အရေးကို

ကျနော် မကြိုးစားတော့ဘဲလက်လွှတ် အဆုံးအရှုံး ခံလိုက်ပါတယ်။

ဒါနဲ့ ယာဉ်နှစ်စီး ညှိနိုင်းပြီးရှေ့က ဖြေးညင်းစွာ အတိုက်ခံရတဲ့ ကားအတွက်အလုံးစုံ အာမခံ ထားပြီးဖြစ်သော

ကျနော့် ကားမှ တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးမှာပြောဆိုပြီးကြပ်တည်းတဲ့ ယာဉ်ကြောမှ သွေဖယ်မောင်းထွက်ကာ

အရှေ့နားက ကားရှင်းတဲ့ လဘက်ရည်ဆိုင်မှာတွေ့ဆုံကြဘို့ သဘောတူပြီး မောင်းထွက်ခဲ့ကြပါတယ်။

တစ်ဆက်တည်း ဆိုသလို အာမခံ ထားထားတဲ့IKBZ ဌါနကိုလည်း ဖုန်းဆက်သတင်းပေးပြီးလာရောက်ဖြေရှင်းပေးဘို့ ဆက်သွယ်လိုက်ပါတယ်။

ခဏအကြာ IKBZ claim ဌါန မှတာဝန်ရှိသူ ဝန်ထမ်း နှစ်ဦး ရောက်လာပြီးဖြစ်စဉ် အခြေအနေကိုမေးမြန်း ကာ

ထိခိုက်ချို့ယွင်းထားတဲ့ ယာဉ် နှစ်စီး ကိုမှတ်ပုံတင် ၍ ဓါတ်ပုံရိုက်ကူးယူကြပါတယ်။

ပရီမီယံ ပေးသွင်းထားတဲ့ အာမခံ ကားအတွက်ဥပဒေ နည်းလမ်း များနဲ့ အညီပြင်ဆင်ဆောင်ရွက်ပေးမှာ မှန်ပါသော်လည်း

အဓိက ပြသနာ က ယာဉ်တိုက်မှု့ အခြေအနေဓါတ်ပုံမှတ်တမ်း ရိုက်ကူးထားမှု့ မရှိသည့်အတွက်ရဲစခန်း ထောက်ခံချက်ရရှိမှသာ

ယာဉ်ပြင်ဆင်ဆောင်ရွက်ခြင်းအားလုပ်ပေးမှာဖြစ်တဲ့အတွက်အချိန်အတော်ကြာ ပြောဆို ညှိနိုင်း စကားပြော ဆောင်ရွက်ခဲ့ရပါတယ်။

အဲဒီ အပြင် third party ယာဉ်အတွက်ပြင်ဆင်စရိတ် အား IKBZ ရာဖြတ် မှဆုံးဖြတ်ပေးသည့် ၃၅၀၀၀/ိ အား

လတ်တလော IKBZ မှ ပေးလျော်ခြင်း မရှိသေးသဖြင့်မိမိမှသာ စိုက်ထုတ်ပေးလျော်ပြီးပြီးမှ ကုမ္ပဏီသို့ ပြန်လည် တောင်းခံရပါအုန်းမည်။

ဒါ့ကြောင့် ယာဉ်တိုက်မှု့ ဖြစ်ပေါ်လာပါကမည်သည့် အကြောင်းပြချက်ပင် ပြလင့်ကစား

ဘေးနံဝဲယာ မှ ယာဉ်နှင့် ခရီးသွားများအားအားနာမှု့ရှိပြီး လုပ်သင့်သည်များအားမလုပ်ခဲ့ပါက ၊

ဓါတ်ပုံ မှတ်တမ်း မရိုက်ကူးခဲ့ပါကနီးစပ်ရာ နယ်မြေ ယာဉ်ထိန်းရုံးများ သို့သွားရောက်ပြီး

ယာဉ်မတော်တဆ ဖြစ်မှူ့ မှန်ကန်သည့်ထောက်ခံစာ ရယူဆောင်ရွက်ရပီး ပိုမို အလုပ်ရှပ်နိုင်ပါသောကြောင့်အာမခံထားသောကား ယာဉ်တိုက်မှု့ဖြစ်လျှင် ပါတ်ပါတ်လည် ဓာတ်ပုံရိုက်ပီးမှသာ ကားရွှေ့ ကြပါလို့ တိုက်တွန်းအပ်ပါသည်

မူရင်း – သိန်းထွန်း
အရည်ကြို

No comments:

Post a Comment