Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 13, 2019

အရမ္း၀မ္းနည္းစရာေကာင္းတဲ့ သီေပါဘုရင္ရဲ႕ ေန၀င္ခ်ိန္


ၿဗိတိသွ် စစ္တပ္မ်ားက မႏၲေလးသို႔ ခ်ီတက္လာၿပီး ကုန္းေဘာင္မင္းဆက္ကို ျဖဳတ္ခ်ကာ ေတာ္ဝင္မိသားစုကို အိႏိၵယသို႔ ပို႔ေဆာင္လိုက္အၿပီး ႏွစ္ ၁၃၀ ေက်ာ္တြင္ ျမန္မာႏိုင္ငံ၏ ေနာက္ဆံုးဘုရင္ သီေပါမင္း၏ ႐ုပ္ကလာပ္သည္ အာေရဗ်ပင္လယ္ကို မ်က္ႏွာမူေနေသာ အိႏိၵယႏိုင္ငံ အေနာက္ပိုင္း ေျမကြက္တစ္ကြက္တြင္ လူသူမသိ တည္ရွိေနသည္။

ေတာ္ဝင္နန္းေတာ္ကို သိမ္းပိုက္အၿပီးတြင္ ၿဗိတိသွ်တို႔သည္ ျမန္မာႏိုင္ငံ၏ ေနာက္ဆံုးဘုရင္ သီေပါမင္းႏွင့္ သူ၏ ေတာ္ဝင္မိသားစုကို အိႏိၵယႏိုင္ငံ မဟာရက္ရွ္ထရာ ျပည္နယ္ရွိ ဆိပ္ကမ္းၿမိဳ႕ျဖစ္သည့္ ရတနာဂီရိၿမိဳ႕သို႕ ေခၚေဆာင္သြားခဲ့သည္။


သီေပါမင္းသည္ အသက္ ၅၇ ႏွစ္အ႐ြယ္ ၁၉၁၆ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္၌ ထိုၿမိဳ႕မွာပင္ ကံေတာ္ကုန္ခဲ့သည္။ ယင္းမွာ ယခုသီတင္းပတ္မွ ေရတြက္လွ်င္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀ က ျဖစ္သည္။ သီေပါမင္းကို ၁၉၁၂ ခုႏွစ္က ကြယ္လြန္သြားခဲ့ေသာ မိဖုရားငယ္ စုဖုရားကေလး၏ အုတ္ဂူေဘးတြင္ ယွဥ္လွ်က္ျမႇဳပ္ႏွံခဲ့သည္။

သီေပါမင္း၏ မိဖုရားေခါင္ႀကီး စုဖုရားလတ္ႏွင့္ သူ၏ သမီးေတာ္ ေလးပါးကို သီေပါမင္း နတ္႐ြာစံအၿပီး ၃ ႏွစ္ခန္႔အၾကာတြင္ ျမန္မာႏိုင္ငံသို႔ ျပန္လာခြင့္ျပဳခဲ့သည္။
“သူတို႔ရဲ႕ ဘဝအစိတ္အပိုင္း အမ်ားစုကုိ သူတပါးႏိုင္ငံမွာ ဝမ္းနည္းဖြယ္ရာ ေကာင္းစြာပဲ သူတို႔ေတြ ကုန္လြန္ျဖတ္သန္းခဲ့ၾကရတယ္”ဟု သီေပါမင္း၏ ျမစ္ျဖစ္သူ ဦးစိုးဝင္းက သီေပါမင္း နတ္႐ြာစံမႈ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ဒီဇင္ဘာလ ၈ ရက္က ရန္ကုန္ၿမိဳ႕ ဦးသန္႔ေနအိမ္တြင္ ျပဳလုပ္ေသာပြဲ၌ ေျပာသည္။

“ကၽြန္ေတာ္က သီေပါမင္းကို ျမႇဳပ္ႏွံထားတဲ့ ေနရာကို သြားေရာက္ၾကည့္ရွဳမယ့္ မိတ္ေဆြေတြ အားလံုးကို ဒီလိုရွင္းျပေလ့ ရွိပါတယ္။ “ဒီေနရာက သီေပါမင္းတရား ညေနတိုင္း လာတတ္တဲ့ေနရာ။ ဒီေနရာလာၿပီး သူနဲ႔ သူ႔မိသားစု ျဖစ္ပ်က္ခဲ့ရတဲ့ အေၾကာင္းေတြကို အၿမဲေတြးေလ့ရွိတယ္။ “ေနဝင္သြားတဲ့အခါတိုင္း အိမ္ျပန္ခ်င္တဲ့စိတ္နဲ႔ ဒီေနရာမွာ သူ မွႈိင္ေတြေနတတ္တယ္။ ညေနတိုင္း စိတ္ကူးနဲ႔ သူ အိမ္ျပန္ေနတာပါပဲ” ဟု ဦးစိုးဝင္းက ေျပာျပသည္။

သီေပါမင္း နတ္႐ြာစံၿပီးေသာအခါ စုဖုရားလတ္ႏွင့္ သူ၏ ေတာ္ဝင္မိသားစုဝင္မ်ားသည္ သီေပါမင္း၏ ႐ုပ္ကလာပ္ကို မႏၲေလး ေ႐ႊနန္းေတာ္တြင္ ျမႇဳပ္ႏွံခြင့္ရရန္ ေတာင္းဆိုခဲ့သည္။ သို႔ေသာ္ ၿဗိတိသွ်တို႔က ခြင့္မျပဳခဲ့ေပ။

ႏွစ္အနည္းငယ္အၾကာတြင္ စုဖုရားလတ္ႏွင့္ သူ၏ သမီးေတာ္ ေလးပါးကို ျမန္မာႏိုင္ငံသို႔ ျပန္လာခြင့္ ျပဳရာတြင္လည္း သူတို႔က သီေပါမင္းႏွင့္ စုဖုရားကေလးတို႔၏ ႐ုပ္ကလာပ္ အႂကြင္းအက်န္မ်ားကို သူတို႔ႏွင့္အတူ ျမန္မာႏိုင္ငံသို႔ သယ္ေဆာင္ခြင့္ျပဳရန္ ေတာင္းခံခဲ့ေသးသည္။ သို႔ေသာ္ ၿဗိတိသွ်တို႔က ထပ္မံျငင္းပယ္ခဲ့ျပန္သည္။ သီေပါမင္း၏ ေတာ္ဝင္မိသားစုက ျမန္မာႏိုင္ငံသို႔ ျပန္ရန္ ျပင္ဆင္ေနခ်ိန္တြင္ ျမန္မာအစိုးရထံမွ စာတစ္ေစာင္ ေရာက္လာခဲ့သည္ဟု ၂၀၁၂ ခုႏွစ္တြင္ The King in Exile စာအုပ္ကို ေရးသားေသာ စာေရးဆရာမ မစၥ ဆူဒါရွား Ms Sudha Shah က ေဖာ္ျပခဲ့သည္။

ယင္းစာတြင္ ျမန္မာအစိုးရသည္ မည္သည့္ အေျခအေနတြင္မွ နတ္႐ြာစံသြားၿပီျဖစ္ေသာ သီေပါမင္းႏွင့္ မိဖုရားငယ္ စုဖုရားကေလးတို႔၏ ႐ုပ္ႂကြင္းမ်ားကို ႏိုင္ငံတြင္းသို႔ သယ္ေဆာင္ခြင့္ျပဳမည္ မဟုတ္ေၾကာင္း ေရးသားထားသည္။ အိႏၵိယႏိုင္ငံ အစိုးရထံသို႔ ၎တို႔၏ အေၾကာင္းျပခ်က္မွာ ထို႐ုပ္ကလာပ္ေတာ္မ်ားကို အသံုးျပဳ၍ ႏိုင္ငံေရး လႈံ႔ေဆာ္မႈမ်ား ေဖာ္ေဆာင္လာႏိုင္ၿပီး ၎တို႔အား အဆက္မျပတ္ စိုးရိမ္ေနရမည့္ အေျခအေနမ်ဳိး ျဖစ္ေပၚလာမည္ဟု ဆိုထားသည္။

ေတာ္ဝင္မိသားစုဝင္မ်ားသည္ ျမန္မာႏိုင္ငံသို႔ ၁၉၁၉ ခုႏွစ္ ဧၿပီလတြင္ ျပန္ေရာက္လာခဲ့သည္။ ၿဗိတိသွ်အစိုးရက ၎တို႔ကို ေ႐ႊတိဂံုေစတီႏွင့္နီးေသာ တစ္ေနရာတြင္ သင့္တင့္ေလ်ာက္ပတ္ေသာ အိမ္တစ္လံုး ေပးထားခဲ့သည္။

မႏၲေလးသည္ စုဖုရားလတ္၏ ႏွလံုးသားျမႇဳပ္ႏွံရာ အရပ္ပင္ ျဖစ္သည္။ ၿဗိတိသွ် အမ်ားအျပား က်က္စားေသာ ရန္ကုန္ၿမိဳ႕ကဲ့သို႔ မဟုတ္ေပ။ ရန္ကုန္ၿမိဳ႕သည္ သူျမင္ဖူးေသာ ျမန္မာျပည္ႏွင့္ လံုးဝမတူေတာ့ေပ။ သို႔ေသာ္ စုဖုရားလတ္ချမာ က်န္ရွိသည့္ ဘဝေနဝင္ခ်ိန္ကို ထိုေနရာတြင္သာ ကုန္လြန္ေတာ့မည္ဟု လက္ခံခဲ့ရေၾကာင္း မစၥရွားက ေရးသားခဲ့သည္။

စုဖုရားလတ္သည္ ၁၉၂၅ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ၿပီး သူ၏ ႐ုပ္အေလာင္းကို ေ႐ႊတိဂံုဘုရား ေတာင္ဘက္တြင္ ဂူသြင္း ျမႇဳပ္ႏွံထားခဲ့သည္။ ေတာ္ဝင္မိသားစု၏ သမီးေတာ္ ေလးပါး ႀကီးျပင္းလာေသာအခါ နယ္ခ်ဲ႕မ်ားကို အမ်ားဆံုး ေဝဖန္ဆန္႔က်င္သူမွာ အငယ္ဆံုးသမီး အရွင္ထိပ္စုျမတ္ဖုရားကေလး ျဖစ္သည္။ ၁၉၃၀ ျပည့္ႏွစ္တြင္ သူက ဖခမည္းေတာ္၏ မင္းေနျပည္ကို စာျဖင့္ေရးသား၍ ျပန္လည္ေတာင္းဆိုခဲ့သည္။

ၿဗိတိသွ်မ်ားသည္ အရွင္ထိပ္စုျမတ္ဖုရားကေလးကို စိတ္ပ်က္လာၿပီး သူပုန္မင္းသမီးဟုပင္ ကင္ပြန္းတပ္ေခၚဆိုခဲ့သည္။ ၁၉၃၂ ခုႏွစ္တြင္ သူႏွင့္ သူ၏ သားသမီး ေျခာက္ပါးတို႔ကို ေမာ္လၿမိဳင္သို႔ ပို႔ေဆာင္လိုက္ေတာ့သည္။ သို႔ျဖင့္ သူ၏ နယ္ခ်ဲ႕ကိုလိုနီ ဆန္႔က်င္မႈ ေလ်ာ့ပါးသြားလိမ့္မည္ဟု ေမွ်ာ္လင့္ခဲ့၍ ျဖစ္သည္။



သီေပါမင္း နတ္႐ြာစံမႈ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္တြင္ ထိပ္စုျမတ္ဖုရားကေလး၏ သမီးေတာ္ျဖစ္သည့္ သီေပါမင္း၏ ေျမးေတာ္ ၾသဇာတိကၠမရွိသူ သက္ေတာ္ ၉၄ ႏွစ္ရွိ ထိပ္စုဖုရားႀကီးသည္ ေမာ္လၿမိဳင္မွ ေနအိမ္ကို ႏွစ္သက္ေၾကာင္း ေျပာၾကားခဲ့သည္။

“ၿဗိတိသွ်ေတြ ေပးတဲ့အိမ္က အိမ္ႀကီးရခိုင္ တစ္လံုးပဲ။ အိပ္ခန္းက်ယ္ႀကီး ေလးခန္း ပါတယ္။ ျခံဝင္းက ၂ ဧကခြဲ ရွိတယ္။ ေမႊးႀကိဳင္ေနတဲ့ ပန္းဥယ်ာဥ္ ရွိတယ္။ ျခံေနာက္ေဖးမွာ ဟင္းသီးဟင္း႐ြက္ပင္ေတြ ရွိတယ္။ တို႔ရဲ႕ မယ္ဖုရားက ဒီအိမ္မွာပဲ ကြယ္လြန္သြားခဲ့တာ။ မယ္ဖုရားအေနနဲ႔ ႏွလုံးေတာ္ ကြဲေၾကသြားခဲ့ပုံရတယ္” ဟု သီေပါမင္းတရား၏ ေျမးေတာ္ ထိပ္စုဖုရားႀကီးက ေျပာျပသည္။ သမီးေတာ္ ထိပ္စုျမတ္ဖုရားကေလးသည္ ၁၉၃၆ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္သည္။

ေမ့ေလ်ာ့ခံ ဘုရင္တစ္ပါး

ျမန္မာႏိုင္ငံ၏ ဘုရင္မ်ားျဖစ္ေသာ အေလာင္းဘုရား၊ အေနာ္ရထာႏွင့္ သီေပါမင္း၏ ဖခင္ျဖစ္ေသာ မင္းတုန္းမင္းၾတားတို႔ကို ျမန္မာျပည္သူမ်ားက ႏွစ္သက္စြာ အမွတ္သညာထားကာ ေနျပည္ေတာ္တြင္ ႐ုပ္တုမ်ား ထုလုပ္ထားရွိၾကၿပီး လမ္းနာမည္မ်ားလည္း ေပးၾကသည့္တိုင္ သီေပါမင္းကိုမူ သမိုင္းစာအုပ္မ်ားမွာပင္ အေလးတယူျပဳမႈ နည္းပါးလွသည္။

သီေပါမင္း နတ္႐ြာစံမႈ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္တြင္ သမိုင္းပညာရွင္ ဦးသန္႔ျမင့္ဦးက ၿဗိတိသွ်မ်ားသည္ သီေပါမင္း၏ တိုင္းျပည္သည္ သီေပါမင္း အုပ္ခ်ဳပ္မႈ ညံ့ဖ်င္းေသာေၾကာင့္ ၿဗိတိသွ်တို႔၏ ထိန္းခ်ဳပ္မႈ လိုအပ္လာခဲ့သည္ဟူေသာ အခ်က္ကို ခိုင္မာေစရန္ သီေပါမင္းႏွင့္ပတ္သက္ၿပီး ဒ႑ာရီ ပံုျပင္မ်ားကို ဖန္တီးခဲ့ၾကသည္။ အမွန္မွာမူ ၿဗိတိသွ်တို႔သည္ ျမန္မာႏိုင္ငံ၏ သယံဇာတမ်ားႏွင့္ စီးပြားေရး အခြင့္အလမ္းမ်ားကို အျမတ္ထုတ္ရယူလိုျခင္းေၾကာင့္သာ ျဖစ္သည္ဟု ရွင္းလင္းေျပာၾကားသည္။

ၿဗိတိသွ်တို႔ ဖန္တီးေသာ သီေပါမင္းႏွင့္စပ္လ်ဥ္းသည့္ ဒ႑ာရီမ်ားကို လူသိမ်ားၾကသည္။ သီေပါမင္းသည္ လူ႔ဘီလူးႀကီး ျဖစ္သည္။ ၾကမ္းၾကဳတ္ေသာ ဘုရင္ျဖစ္သည္။ အရက္သမား ျဖစ္သည္ဟု အထင္ေရာက္ေစခဲ့သည္။ ကံမေကာင္းသည္မွာ သီေပါမင္းႏွင့္ပတ္သက္ေသာ ယုံတမ္းစကားမ်ားျဖစ္သည့္ သီေပါမင္းသည္ အားနည္းသူ တစ္ေယာက္ျဖစ္သည္၊ အုပ္ခ်ဳပ္မႈကို ကိုယ္တိုင္ မကိုင္တြယ္ႏိုင္သူ ျဖစ္သည္ဟူေသာ အခ်က္မ်ားကို ျမန္မာႏိုင္ငံသား အမ်ားစုက ယုံမွတ္စြဲထင္ေနၾကျခင္းျဖစ္သည္ဟု ဦးသန္႔ျမင့္ဦးက ဆိုသည္။

အမွန္မွာမူ သီေပါမင္းႏွင့္ သူ၏မႉးမတ္မ်ားသည္ ဂ်ပန္၊ အီဂ်စ္ႏွင့္ ထိုင္းႏိုင္ငံမွ ဘုရင္မ်ားကဲ့သို႔ ျပဳျပင္ေျပာင္းလဲမႈကို စိတ္ဝင္စားသူ ျဖစ္သည္ဟု ဦးသန္႔ျမင့္ဦးက ရွင္းလင္းေျပာျပသည္။

ၿဗိတိသွ်တို႔ သီေပါမင္းကို အပုပ္ခ်ေသာ ယုံတမ္းစကားမ်ားထဲတြင္ သီေပါမင္းသည္ အရက္သမား ျဖစ္သည္ဆိုသည့္ အခ်က္ကို လူသိမ်ားသည္။

သီေပါမင္းကို မႏၲေလးမွ ရတနာဂီရိသို႔ ေခၚေဆာင္သြားစဥ္ လမ္းတေလွ်ာက္တြင္ ၿဗိတိသွ်တို႔သည္ သီေပါမင္းကို ဂ်င္အရက္ထည့္ထားသည့္ ေဖ်ာ္ရည္မ်ား ေသာက္သံုးရန္ အဆက္မျပတ္ တိုက္တြန္းခဲ့သည္။ သို႔ေသာ္ သီေပါမင္းက ျငင္းဆန္ခဲ့သည္။ ထို႔ေၾကာင့္ သီေပါမင္းကို လိုက္ပါပို႔ေဆာင္ရေသာ ၿဗိတိသွ် အရာထမ္းမ်ားက ေနာက္ပိုင္း သတင္းစာမ်ားတြင္ ေပၚထြက္လာေသာ သီေပါမင္းသည္ အရက္သမား ျဖစ္သည္ဟူေသာ စြပ္စြဲခ်က္မွာ ျဖစ္ႏိုင္မျဖစ္ႏိုင္ ျပန္လွန္ေမးခြန္းထုတ္ခဲ့ၾကျခင္း ျဖစ္သည္ဟု မစၥရွားက ေရးသားခဲ့သည္။

ၿဗိတိသွ် ႐ုပ္ရွင္ထုတ္လုပ္သူ မစၥတာ အဲလက္စ္ ဘက္စကိုဘီ Mr. Alex Bescoby က Frontier ကို ေျပာၾကားရာတြင္ သီေပါမင္းႏွင့္ပတ္သက္ေသာ ၿဗိတိသွ်တို႔၏ ယုံတမ္းပံုျပင္မွာ အေအာင္ျမင္ဆံုး ဝါဒျဖန္႔မႈ တစ္ခုျဖစ္ခဲ့သည္ဟု ပါရွိသည္။ သူသည္ Burma’s Lost Royals ဆိုသည့္ မွတ္တမ္းတင္႐ုပ္ရွင္ documentary ကို ႐ိုက္ေနသူျဖစ္ၿပီး ယင္းမွာ ၂၀၁၇ ခုႏွစ္တြင္ ထြက္ရွိႏိုင္မည္ဟု သိရသည္။

ထိုဝါဒျဖန္႔မႈမ်ားသည္ လူအမ်ား၏ စိတ္ထဲတြင္ စြဲက်န္ရစ္ေနၿပီး ျပ႒ာန္းစာအုပ္မ်ားထဲထိ ပါဝင္လာသည္။ သီေပါမင္း၏ အားနည္းေသာ ထိုစ႐ိုက္ကို တိုင္းျပည္ ကၽြန္ျဖစ္ရျခင္း၏ အေၾကာင္းရင္းအျဖစ္ ရွဳျမင္ၾကသည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ မည္သူက ထီးနန္းရရွိေနသည္ျဖစ္ေစ ၿဗိတိသွ်တပ္ကို ရင္ဆိုင္ႏိုင္စရာအေၾကာင္း မရွိသည္ကို လူတိုင္းသိႏိုင္သည္ဟု မစၥတာ အဲလက္စ္ ဘက္စကိုဘီက ေျပာၾကားသည္။

သီေပါမင္းကို မည္မွ် အထင္အျမင္ေသးၾကေၾကာင္း ဥပမာျပရမည္ဆိုလွ်င္ မစၥတာ ဘက္စကိုဘီသည္ မွတ္တမ္းတင္႐ုပ္ရွင္ ႐ုိက္ကူးရန္ မႏၲေလးရွိ ဘုန္းႀကီးေက်ာင္းတစ္ခုသို႔ သြားေရာက္ေလ့လာခဲ့သည္။

“ကၽြန္ေတာ္တို႔က ဘုန္းႀကီးေက်ာင္းမွာသင္တဲ့ သမိုင္းစာအုပ္ေတြထဲမွာ သီေပါမင္းအေၾကာင္း ရွာခဲ့တယ္။ မင္းတုန္းမင္း၊ အေလာင္းဘုရားနဲ႔ အေနာ္ရထာတို႔ကို ေတြ႔ရတယ္။ သီေပါမင္းအေၾကာင္း ေရးထားတဲ့ စာေတြ မေတြ႔ရဘူး။ ေနာက္ဆံုးမွာ သီေပါမင္းအေၾကာင္း ေရးထားတဲ့ စာတစ္ေၾကာင္းသာ ပါဝင္တာ ေတြ႔ရပါတယ္” ဟု ၎က ေျပာသည္။

ျပန္သယ္ယူခ်ိန္ ေရာက္ၿပီလား



မစၥတာ ဘက္စကိုဘီသည္ သူ၏ မွတ္တမ္းတင္႐ုပ္ရွင္အတြက္ စတင္အလုပ္လုပ္ခဲ့ေသာ လြန္ခဲ့သည့္ ၂ ႏွစ္ ကတည္းက သီေပါမင္း၏ ေတာ္ဝင္မ်ဳိးဆက္မ်ားႏွင့္ ရင္းရင္းႏွီးႏွီး ဆက္ဆံခဲ့ဖူးသည္။ ၎က သီေပါမင္း၏ ႐ုပ္ကလာပ္ေတာ္ အႂကြင္းအက်န္မ်ားကို ျမန္မာႏိုင္ငံသို႔ ျပန္လည္သယ္ယူရန္ အခ်ိန္က်ၿပီေလာဟူသည့္ ေမးခြန္းအတြက္ သီေပါမင္း၏မ်ဳိးဆက္ ေတာ္ဝင္မိသားစုဝင္မ်ားထဲတြင္ သေဘာထား ကြဲလြဲမႈမ်ား ရွိသည္ဟု ဆိုသည္။

“ကၽြန္ေတာ့္အထင္ေတာ့ သူတို႔အားလံုးက သီေပါမင္းရဲ႕ ႐ုပ္ကလာပ္ေတာ္ အႂကြင္းအက်န္ေတြကို ျမန္မာႏိုင္ငံကို သယ္ဖို႔ သေဘာတူၾကမွာပါ။ သီေပါမင္းကို ျမန္မာႏိုင္ငံက ပိုင္ဆိုင္တာပဲ။ သူ႔မိဖုရားကလည္း သူ႔ကို ျပန္လာေစခ်င္မွာပါ။ မတူညီတာက သူ႔ကို ဘယ္အခ်ိန္မွာ ျပန္သယ္လာသင့္သလဲ ဆိုတာပဲ ျဖစ္တယ္။ ဒါက ႏိုင္ငံကို ပိုမိုစည္းလံုးေစမလား ဆိုတာေပါ့”

ဦးစိုးဝင္းႏွင့္ ထိပ္စုဖုရားႀကီးကမူ ယခုအခ်ိန္သည္ ျပန္သယ္လာရန္ အေကာင္းဆံုး အခ်ိန္ျဖစ္သည္ဟု ယံုၾကည္သည္။ ဒီဇင္ဘာလ ၁၃ ရက္တြင္ ဦးစိုးဝင္းႏွင့္ သီေပါမင္း၏ ေတာ္ဝင္မိသားစု မ်ဳိးဆက္မ်ား အိႏိၵယႏိုင္ငံသို႔ သြားေရာက္ၿပီး သီေပါမင္း၏ ေနအိမ္ကို သြားေရာက္ၾကည့္႐ွဳရာတြင္ မစၥတာ ဘက္စကိုဘီလည္း လိုက္ပါသြားခဲ့သည္။

“ကၽြန္ေတာ္တို႔က အဲဒီကိုသြားၿပီး သီေပါမင္းကို ဂါရဝျပဳမယ္။ မိသားစုဝင္ တစ္ေယာက္အေနနဲ႔ေရာ ျမန္မာႏိုင္ငံသား တစ္ေယာက္အေနနဲ႔ေရာေပါ့။ ကၽြန္ေတာ္တို႔ သီေပါမင္း႐ုပ္ကလာပ္ေတာ္ကို ျပန္သယ္လာဖို႔ လုပ္စရာ ရွိတာေတြ လုပ္ရမွာပါ” ဟု ဦးစိုးဝင္းက ေျပာသည္။

သီေပါမင္း၏ ႐ုပ္ကလာပ္ေတာ္ အႂကြင္းအက်န္မ်ားကို ျမန္မာႏိုင္ငံသို႔ ျပန္လည္သယ္ယူလာရန္ အိႏိၵယႏွင့္ ျမန္မာႏိုင္ငံ အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္မ်ား လိုအပ္မည္ဟု ဦးစိုးဝင္းက ဆိုသည္။

“ဒီလို လုပ္ေဆာင္ခ်က္တစ္ခုက ကၽြန္ေတာ့္လို သီေပါမင္းရဲ႕ မ်ဳိးဆက္တစ္ေယာက္အတြက္သာမက ျမန္မာႏိုင္ငံအတြက္လည္း အေရးပါတယ္” ဟု ၎က ေျပာသည္။ “သူတို႔က အိႏိၵယကို ဆႏၵမရွိဘဲ သြားခဲ့ၾကရတာ။ ဒီေတာ့ သူတို႔ကို ျပန္ေခၚလာရမယ္။ မိဖုရားက ရန္ကုန္မွာ ရွိတယ္။ ဒါေပမဲ့ ဒါက ယာယီအုတ္ဂူပဲ။ အရွင္ႏွစ္ပါးစလံုးကို မူလေနရာျဖစ္တဲ့ မႏၲေလးနန္းေတာ္ကို ပို႔ရမယ္” ဟု ဦးစိုးဝင္းက ေျပာသည္။

ထိပ္စုဖုရားႀကီးကလည္း ယခုအခ်ိန္သည္ အသင့္ေတာ္ဆံုးဟု ယူဆသည္။ “ဒီလိုလုပ္တာ သဘာဝက်ပါတယ္။ အခုဟာက အရွင္မင္းတရားကို အိႏိၵယမွာ ပစ္ထားသလို ျဖစ္ေနတယ္” ဟု ၎ကဆိုပါသည္။

Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

ဗြိတိသျှ စစ်တပ်များက မန္တလေးသို့ ချီတက်လာပြီး ကုန်းဘောင်မင်းဆက်ကို ဖြုတ်ချကာ တော်ဝင်မိသားစုကို အိန္ဒိယသို့ ပို့ဆောင်လိုက်အပြီး နှစ် ၁၃၀ ကျော်တွင် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် သီပေါမင်း၏ ရုပ်ကလာပ်သည် အာရေဗျပင်လယ်ကို မျက်နှာမူနေသော အိန္ဒိယနိုင်ငံ အနောက်ပိုင်း မြေကွက်တစ်ကွက်တွင် လူသူမသိ တည်ရှိနေသည်။

တော်ဝင်နန်းတော်ကို သိမ်းပိုက်အပြီးတွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် သီပေါမင်းနှင့် သူ၏ တော်ဝင်မိသားစုကို အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာ ပြည်နယ်ရှိ ဆိပ်ကမ်းမြို့ဖြစ်သည့် ရတနာဂီရိမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။

သီပေါမင်းသည် အသက် ၅၇ နှစ်အရွယ် ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်၌ ထိုမြို့မှာပင် ကံတော်ကုန်ခဲ့သည်။ ယင်းမှာ ယခုသီတင်းပတ်မှ ရေတွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ က ဖြစ်သည်။ သီပေါမင်းကို ၁၉၁၂ ခုနှစ်က ကွယ်လွန်သွားခဲ့သော မိဖုရားငယ် စုဖုရားကလေး၏ အုတ်ဂူဘေးတွင် ယှဉ်လျှက်မြှုပ်နှံခဲ့သည်။

သီပေါမင်း၏ မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့် သူ၏ သမီးတော် လေးပါးကို သီပေါမင်း နတ်ရွာစံအပြီး ၃ နှစ်ခန့်အကြာတွင် မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပြုခဲ့သည်။
“သူတို့ရဲ့ ဘဝအစိတ်အပိုင်း အများစုကို သူတပါးနိုင်ငံမှာ ဝမ်းနည်းဖွယ်ရာ ကောင်းစွာပဲ သူတို့တွေ ကုန်လွန်ဖြတ်သန်းခဲ့ကြရတယ်”ဟု သီပေါမင်း၏ မြစ်ဖြစ်သူ ဦးစိုးဝင်းက သီပေါမင်း နတ်ရွာစံမှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၈ ရက်က ရန်ကုန်မြို့ ဦးသန့်နေအိမ်တွင် ပြုလုပ်သောပွဲ၌ ပြောသည်။

“ကျွန်တော်က သီပေါမင်းကို မြှုပ်နှံထားတဲ့ နေရာကို သွားရောက်ကြည့်ရှုမယ့် မိတ်ဆွေတွေ အားလုံးကို ဒီလိုရှင်းပြလေ့ ရှိပါတယ်။ “ဒီနေရာက သီပေါမင်းတရား ညနေတိုင်း လာတတ်တဲ့နေရာ။ ဒီနေရာလာပြီး သူနဲ့ သူ့မိသားစု ဖြစ်ပျက်ခဲ့ရတဲ့ အကြောင်းတွေကို အမြဲတွေးလေ့ရှိတယ်။ “နေဝင်သွားတဲ့အခါတိုင်း အိမ်ပြန်ချင်တဲ့စိတ်နဲ့ ဒီနေရာမှာ သူ မှှိုင်တွေနေတတ်တယ်။ ညနေတိုင်း စိတ်ကူးနဲ့ သူ အိမ်ပြန်နေတာပါပဲ” ဟု ဦးစိုးဝင်းက ပြောပြသည်။

သီပေါမင်း နတ်ရွာစံပြီးသောအခါ စုဖုရားလတ်နှင့် သူ၏ တော်ဝင်မိသားစုဝင်များသည် သီပေါမင်း၏ ရုပ်ကလာပ်ကို မန္တလေး ရွှေနန်းတော်တွင် မြှုပ်နှံခွင့်ရရန် တောင်းဆိုခဲ့သည်။ သို့သော် ဗြိတိသျှတို့က ခွင့်မပြုခဲ့ပေ။

နှစ်အနည်းငယ်အကြာတွင် စုဖုရားလတ်နှင့် သူ၏ သမီးတော် လေးပါးကို မြန်မာနိုင်ငံသို့ ပြန်လာခွင့် ပြုရာတွင်လည်း သူတို့က သီပေါမင်းနှင့် စုဖုရားကလေးတို့၏ ရုပ်ကလာပ် အကြွင်းအကျန်များကို သူတို့နှင့်အတူ မြန်မာနိုင်ငံသို့ သယ်ဆောင်ခွင့်ပြုရန် တောင်းခံခဲ့သေးသည်။ သို့သော် ဗြိတိသျှတို့က ထပ်မံငြင်းပယ်ခဲ့ပြန်သည်။ သီပေါမင်း၏ တော်ဝင်မိသားစုက မြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်နေချိန်တွင် မြန်မာအစိုးရထံမှ စာတစ်စောင် ရောက်လာခဲ့သည်ဟု ၂၀၁၂ ခုနှစ်တွင် The King in Exile စာအုပ်ကို ရေးသားသော စာရေးဆရာမ မစ္စ ဆူဒါရှား Ms Sudha Shah က ဖော်ပြခဲ့သည်။

ယင်းစာတွင် မြန်မာအစိုးရသည် မည်သည့် အခြေအနေတွင်မှ နတ်ရွာစံသွားပြီဖြစ်သော သီပေါမင်းနှင့် မိဖုရားငယ် စုဖုရားကလေးတို့၏ ရုပ်ကြွင်းများကို နိုင်ငံတွင်းသို့ သယ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း ရေးသားထားသည်။ အိန္ဒိယနိုင်ငံ အစိုးရထံသို့ ၎င်းတို့၏ အကြောင်းပြချက်မှာ ထိုရုပ်ကလာပ်တော်များကို အသုံးပြု၍ နိုင်ငံရေး လှုံ့ဆော်မှုများ ဖော်ဆောင်လာနိုင်ပြီး ၎င်းတို့အား အဆက်မပြတ် စိုးရိမ်နေရမည့် အခြေအနေမျိုး ဖြစ်ပေါ်လာမည်ဟု ဆိုထားသည်။

တော်ဝင်မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၁၉၁၉ ခုနှစ် ဧပြီလတွင် ပြန်ရောက်လာခဲ့သည်။ ဗြိတိသျှအစိုးရက ၎င်းတို့ကို ရွှေတိဂုံစေတီနှင့်နီးသော တစ်နေရာတွင် သင့်တင့်လျောက်ပတ်သော အိမ်တစ်လုံး ပေးထားခဲ့သည်။

မန္တလေးသည် စုဖုရားလတ်၏ နှလုံးသားမြှုပ်နှံရာ အရပ်ပင် ဖြစ်သည်။ ဗြိတိသျှ အများအပြား ကျက်စားသော ရန်ကုန်မြို့ကဲ့သို့ မဟုတ်ပေ။ ရန်ကုန်မြို့သည် သူမြင်ဖူးသော မြန်မာပြည်နှင့် လုံးဝမတူတော့ပေ။ သို့သော် စုဖုရားလတ်ခမြာ ကျန်ရှိသည့် ဘဝနေဝင်ချိန်ကို ထိုနေရာတွင်သာ ကုန်လွန်တော့မည်ဟု လက်ခံခဲ့ရကြောင်း မစ္စရှားက ရေးသားခဲ့သည်။

စုဖုရားလတ်သည် ၁၉၂၅ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး သူ၏ ရုပ်အလောင်းကို ရွှေတိဂုံဘုရား တောင်ဘက်တွင် ဂူသွင်း မြှုပ်နှံထားခဲ့သည်။ တော်ဝင်မိသားစု၏ သမီးတော် လေးပါး ကြီးပြင်းလာသောအခါ နယ်ချဲ့များကို အများဆုံး ဝေဖန်ဆန့်ကျင်သူမှာ အငယ်ဆုံးသမီး အရှင်ထိပ်စုမြတ်ဖုရားကလေး ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် သူက ဖခမည်းတော်၏ မင်းနေပြည်ကို စာဖြင့်ရေးသား၍ ပြန်လည်တောင်းဆိုခဲ့သည်။

ဗြိတိသျှများသည် အရှင်ထိပ်စုမြတ်ဖုရားကလေးကို စိတ်ပျက်လာပြီး သူပုန်မင်းသမီးဟုပင် ကင်ပွန်းတပ်ခေါ်ဆိုခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် သူနှင့် သူ၏ သားသမီး ခြောက်ပါးတို့ကို မော်လမြိုင်သို့ ပို့ဆောင်လိုက်တော့သည်။ သို့ဖြင့် သူ၏ နယ်ချဲ့ကိုလိုနီ ဆန့်ကျင်မှု လျော့ပါးသွားလိမ့်မည်ဟု မျှော်လင့်ခဲ့၍ ဖြစ်သည်။

သီပေါမင်း နတ်ရွာစံမှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တွင် ထိပ်စုမြတ်ဖုရားကလေး၏ သမီးတော်ဖြစ်သည့် သီပေါမင်း၏ မြေးတော် သြဇာတိက္ကမရှိသူ သက်တော် ၉၄ နှစ်ရှိ ထိပ်စုဖုရားကြီးသည် မော်လမြိုင်မှ နေအိမ်ကို နှစ်သက်ကြောင်း ပြောကြားခဲ့သည်။

“ဗြိတိသျှတွေ ပေးတဲ့အိမ်က အိမ်ကြီးရခိုင် တစ်လုံးပဲ။ အိပ်ခန်းကျယ်ကြီး လေးခန်း ပါတယ်။ ခြံဝင်းက ၂ ဧကခွဲ ရှိတယ်။ မွှေးကြိုင်နေတဲ့ ပန်းဥယျာဉ် ရှိတယ်။ ခြံနောက်ဖေးမှာ ဟင်းသီးဟင်းရွက်ပင်တွေ ရှိတယ်။ တို့ရဲ့ မယ်ဖုရားက ဒီအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာ။ မယ်ဖုရားအနေနဲ့ နှလုံးတော် ကွဲကြေသွားခဲ့ပုံရတယ်” ဟု သီပေါမင်းတရား၏ မြေးတော် ထိပ်စုဖုရားကြီးက ပြောပြသည်။ သမီးတော် ထိပ်စုမြတ်ဖုရားကလေးသည် ၁၉၃၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

မေ့လျော့ခံ ဘုရင်တစ်ပါး

မြန်မာနိုင်ငံ၏ ဘုရင်များဖြစ်သော အလောင်းဘုရား၊ အနော်ရထာနှင့် သီပေါမင်း၏ ဖခင်ဖြစ်သော မင်းတုန်းမင်းတြားတို့ကို မြန်မာပြည်သူများက နှစ်သက်စွာ အမှတ်သညာထားကာ နေပြည်တော်တွင် ရုပ်တုများ ထုလုပ်ထားရှိကြပြီး လမ်းနာမည်များလည်း ပေးကြသည့်တိုင် သီပေါမင်းကိုမူ သမိုင်းစာအုပ်များမှာပင် အလေးတယူပြုမှု နည်းပါးလှသည်။

သီပေါမင်း နတ်ရွာစံမှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တွင် သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ဗြိတိသျှများသည် သီပေါမင်း၏ တိုင်းပြည်သည် သီပေါမင်း အုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့် ဗြိတိသျှတို့၏ ထိန်းချုပ်မှု လိုအပ်လာခဲ့သည်ဟူသော အချက်ကို ခိုင်မာစေရန် သီပေါမင်းနှင့်ပတ်သက်ပြီး ဒဏ္ဍာရီ ပုံပြင်များကို ဖန်တီးခဲ့ကြသည်။ အမှန်မှာမူ ဗြိတိသျှတို့သည် မြန်မာနိုင်ငံ၏ သယံဇာတများနှင့် စီးပွားရေး အခွင့်အလမ်းများကို အမြတ်ထုတ်ရယူလိုခြင်းကြောင့်သာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။

ဗြိတိသျှတို့ ဖန်တီးသော သီပေါမင်းနှင့်စပ်လျဉ်းသည့် ဒဏ္ဍာရီများကို လူသိများကြသည်။ သီပေါမင်းသည် လူ့ဘီလူးကြီး ဖြစ်သည်။ ကြမ်းကြုတ်သော ဘုရင်ဖြစ်သည်။ အရက်သမား ဖြစ်သည်ဟု အထင်ရောက်စေခဲ့သည်။ ကံမကောင်းသည်မှာ သီပေါမင်းနှင့်ပတ်သက်သော ယုံတမ်းစကားများဖြစ်သည့် သီပေါမင်းသည် အားနည်းသူ တစ်ယောက်ဖြစ်သည်၊ အုပ်ချုပ်မှုကို ကိုယ်တိုင် မကိုင်တွယ်နိုင်သူ ဖြစ်သည်ဟူသော အချက်များကို မြန်မာနိုင်ငံသား အများစုက ယုံမှတ်စွဲထင်နေကြခြင်းဖြစ်သည်ဟု ဦးသန့်မြင့်ဦးက ဆိုသည်။

အမှန်မှာမူ သီပေါမင်းနှင့် သူ၏မှူးမတ်များသည် ဂျပန်၊ အီဂျစ်နှင့် ထိုင်းနိုင်ငံမှ ဘုရင်များကဲ့သို့ ပြုပြင်ပြောင်းလဲမှုကို စိတ်ဝင်စားသူ ဖြစ်သည်ဟု ဦးသန့်မြင့်ဦးက ရှင်းလင်းပြောပြသည်။

ဗြိတိသျှတို့ သီပေါမင်းကို အပုပ်ချသော ယုံတမ်းစကားများထဲတွင် သီပေါမင်းသည် အရက်သမား ဖြစ်သည်ဆိုသည့် အချက်ကို လူသိများသည်။

သီပေါမင်းကို မန္တလေးမှ ရတနာဂီရိသို့ ခေါ်ဆောင်သွားစဉ် လမ်းတလျှောက်တွင် ဗြိတိသျှတို့သည် သီပေါမင်းကို ဂျင်အရက်ထည့်ထားသည့် ဖျော်ရည်များ သောက်သုံးရန် အဆက်မပြတ် တိုက်တွန်းခဲ့သည်။ သို့သော် သီပေါမင်းက ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သီပေါမင်းကို လိုက်ပါပို့ဆောင်ရသော ဗြိတိသျှ အရာထမ်းများက နောက်ပိုင်း သတင်းစာများတွင် ပေါ်ထွက်လာသော သီပေါမင်းသည် အရက်သမား ဖြစ်သည်ဟူသော စွပ်စွဲချက်မှာ ဖြစ်နိုင်မဖြစ်နိုင် ပြန်လှန်မေးခွန်းထုတ်ခဲ့ကြခြင်း ဖြစ်သည်ဟု မစ္စရှားက ရေးသားခဲ့သည်။

ဗြိတိသျှ ရုပ်ရှင်ထုတ်လုပ်သူ မစ္စတာ အဲလက်စ် ဘက်စကိုဘီ Mr. Alex Bescoby က Frontier ကို ပြောကြားရာတွင် သီပေါမင်းနှင့်ပတ်သက်သော ဗြိတိသျှတို့၏ ယုံတမ်းပုံပြင်မှာ အအောင်မြင်ဆုံး ဝါဒဖြန့်မှု တစ်ခုဖြစ်ခဲ့သည်ဟု ပါရှိသည်။ သူသည် Burma’s Lost Royals ဆိုသည့် မှတ်တမ်းတင်ရုပ်ရှင် documentary ကို ရိုက်နေသူဖြစ်ပြီး ယင်းမှာ ၂၀၁၇ ခုနှစ်တွင် ထွက်ရှိနိုင်မည်ဟု သိရသည်။

ထိုဝါဒဖြန့်မှုများသည် လူအများ၏ စိတ်ထဲတွင် စွဲကျန်ရစ်နေပြီး ပြဋ္ဌာန်းစာအုပ်များထဲထိ ပါဝင်လာသည်။ သီပေါမင်း၏ အားနည်းသော ထိုစရိုက်ကို တိုင်းပြည် ကျွန်ဖြစ်ရခြင်း၏ အကြောင်းရင်းအဖြစ် ရှုမြင်ကြသည်။ သို့သော် ထိုအချိန်တွင် မည်သူက ထီးနန်းရရှိနေသည်ဖြစ်စေ ဗြိတိသျှတပ်ကို ရင်ဆိုင်နိုင်စရာအကြောင်း မရှိသည်ကို လူတိုင်းသိနိုင်သည်ဟု မစ္စတာ အဲလက်စ် ဘက်စကိုဘီက ပြောကြားသည်။

သီပေါမင်းကို မည်မျှ အထင်အမြင်သေးကြကြောင်း ဥပမာပြရမည်ဆိုလျှင် မစ္စတာ ဘက်စကိုဘီသည် မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးရန် မန္တလေးရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ သွားရောက်လေ့လာခဲ့သည်။

“ကျွန်တော်တို့က ဘုန်းကြီးကျောင်းမှာသင်တဲ့ သမိုင်းစာအုပ်တွေထဲမှာ သီပေါမင်းအကြောင်း ရှာခဲ့တယ်။ မင်းတုန်းမင်း၊ အလောင်းဘုရားနဲ့ အနော်ရထာတို့ကို တွေ့ရတယ်။ သီပေါမင်းအကြောင်း ရေးထားတဲ့ စာတွေ မတွေ့ရဘူး။ နောက်ဆုံးမှာ သီပေါမင်းအကြောင်း ရေးထားတဲ့ စာတစ်ကြောင်းသာ ပါဝင်တာ တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

ပြန်သယ်ယူချိန် ရောက်ပြီလား

မစ္စတာ ဘက်စကိုဘီသည် သူ၏ မှတ်တမ်းတင်ရုပ်ရှင်အတွက် စတင်အလုပ်လုပ်ခဲ့သော လွန်ခဲ့သည့် ၂ နှစ် ကတည်းက သီပေါမင်း၏ တော်ဝင်မျိုးဆက်များနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ဖူးသည်။ ၎င်းက သီပေါမင်း၏ ရုပ်ကလာပ်တော် အကြွင်းအကျန်များကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူရန် အချိန်ကျပြီလောဟူသည့် မေးခွန်းအတွက် သီပေါမင်း၏မျိုးဆက် တော်ဝင်မိသားစုဝင်များထဲတွင် သဘောထား ကွဲလွဲမှုများ ရှိသည်ဟု ဆိုသည်။

“ကျွန်တော့်အထင်တော့ သူတို့အားလုံးက သီပေါမင်းရဲ့ ရုပ်ကလာပ်တော် အကြွင်းအကျန်တွေကို မြန်မာနိုင်ငံကို သယ်ဖို့ သဘောတူကြမှာပါ။ သီပေါမင်းကို မြန်မာနိုင်ငံက ပိုင်ဆိုင်တာပဲ။ သူ့မိဖုရားကလည်း သူ့ကို ပြန်လာစေချင်မှာပါ။ မတူညီတာက သူ့ကို ဘယ်အချိန်မှာ ပြန်သယ်လာသင့်သလဲ ဆိုတာပဲ ဖြစ်တယ်။ ဒါက နိုင်ငံကို ပိုမိုစည်းလုံးစေမလား ဆိုတာပေါ့”

ဦးစိုးဝင်းနှင့် ထိပ်စုဖုရားကြီးကမူ ယခုအချိန်သည် ပြန်သယ်လာရန် အကောင်းဆုံး အချိန်ဖြစ်သည်ဟု ယုံကြည်သည်။ ဒီဇင်ဘာလ ၁၃ ရက်တွင် ဦးစိုးဝင်းနှင့် သီပေါမင်း၏ တော်ဝင်မိသားစု မျိုးဆက်များ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး သီပေါမင်း၏ နေအိမ်ကို သွားရောက်ကြည့်ရှုရာတွင် မစ္စတာ ဘက်စကိုဘီလည်း လိုက်ပါသွားခဲ့သည်။

“ကျွန်တော်တို့က အဲဒီကိုသွားပြီး သီပေါမင်းကို ဂါရဝပြုမယ်။ မိသားစုဝင် တစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ရောပေါ့။ ကျွန်တော်တို့ သီပေါမင်းရုပ်ကလာပ်တော်ကို ပြန်သယ်လာဖို့ လုပ်စရာ ရှိတာတွေ လုပ်ရမှာပါ” ဟု ဦးစိုးဝင်းက ပြောသည်။

သီပေါမင်း၏ ရုပ်ကလာပ်တော် အကြွင်းအကျန်များကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူလာရန် အိန္ဒိယနှင့် မြန်မာနိုင်ငံ အာဏာပိုင်များ၏ ခွင့်ပြုချက်များ လိုအပ်မည်ဟု ဦးစိုးဝင်းက ဆိုသည်။

“ဒီလို လုပ်ဆောင်ချက်တစ်ခုက ကျွန်တော့်လို သီပေါမင်းရဲ့ မျိုးဆက်တစ်ယောက်အတွက်သာမက မြန်မာနိုင်ငံအတွက်လည်း အရေးပါတယ်” ဟု ၎င်းက ပြောသည်။ “သူတို့က အိန္ဒိယကို ဆန္ဒမရှိဘဲ သွားခဲ့ကြရတာ။ ဒီတော့ သူတို့ကို ပြန်ခေါ်လာရမယ်။ မိဖုရားက ရန်ကုန်မှာ ရှိတယ်။ ဒါပေမဲ့ ဒါက ယာယီအုတ်ဂူပဲ။ အရှင်နှစ်ပါးစလုံးကို မူလနေရာဖြစ်တဲ့ မန္တလေးနန်းတော်ကို ပို့ရမယ်” ဟု ဦးစိုးဝင်းက ပြောသည်။

ထိပ်စုဖုရားကြီးကလည်း ယခုအချိန်သည် အသင့်တော်ဆုံးဟု ယူဆသည်။ “ဒီလိုလုပ်တာ သဘာဝကျပါတယ်။ အခုဟာက အရှင်မင်းတရားကို အိန္ဒိယမှာ ပစ်ထားသလို ဖြစ်နေတယ်” ဟု ၎င်းကဆိုပါသည်။
Credit:မူရင်းရေးသားသူ

No comments:

Post a Comment