Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 19, 2019

ဘူရိဒတ္ဇာတ္ေတာ္ႀကီး


 ေရွးလြန္ေလၿပီးေသာအခါ ဗာရဏသီျပည္၌ တစ္ပါးေသာ ျဗဟၼဒတ္မင္းႀကီးသည္ မိမိ၏ သားေတာ္ ဥပရာဇာ၌ စည္းစိမ္အၿခံအရံ မ်ားျပားျပန႔္ပြားလွသျဖင့္ ထီးနန္းအႏၲရာယ္ ျဖစ္မည္စိုးေသာေၾကာင့္ သားေတာ္ကို မိမိလြန္မွသာလၽွင္ တိုင္းျပည္သို႔ ျပန္လာရန္ မိန႔္ၾကား၍ တိုင္းျပည္မွထြက္ေစခဲ့၏။

သားေတာ ဥပရာဇာသည္ ခမည္းေတာ္၏ အမိန႔္အတိုင္း တိုင္းျပည္မွ ထြက္ခဲ့ရာ ယမံုနာျမစ္အနီး တစ္ခုေသာေတာင္ၾကား၌ ရေသ့အသြင္ျဖင့္ ေတာေတာင္အရိပ္ကို ခိုလႈံကာေနခဲ့ပါတယ္။

ထိုအခါ ယမုံနာျမစ္ေအာက္ရွိ နဂါးျပည္မွ မုဆိုးမျဖစ္ေသာ နဂါးမသည္ ကာမေဘာ္ျဖင့္ ေပ်ာ္ပါးလိုသျဖင့္ နဂါးျပည္မွထြက္ခဲ့ရာ ျမစ္အနီးအနားရွိ ရေသ့၏ ေက်ာင္းသကၤန္းသို႔ ေရာက္လာ၏။ နဂါးမသည္ သဒၶါေၾကာင့္ ရေသ့ဝတ္ျခင္း မဟုတ္သည္ကို စူးစမ္းသိရွိရ၍ ရေသ့ႏွင့္အတူ ရင္းႏွီးေနထိုင္ခဲ့ရာ သားတစ္ေယာက္ သမီးတစ္ေယာက္ ထြန္းကားခဲ့သည္။

တစ္ေန႔တြင္ ဗာရာဏသီမင္းႀကီး နတ္ရြာလားသျဖင့္ ရေသ့အား ထီးနန္းဆက္ခံရန္ မူးမတ္တို႔က လာေရာက္ေခၚေဆာင္ၾကေလေတာ့၏။ နဂါးမသည္ ဇာတ္မတူေသာ လူ႔တိုင္းျပည္ လိုက္ပါေနထိုင္ျခင္း မျပဳလိုသျဖင့္ မင္းသားသည္ သားေတာ္ သမီးေတာ္ႏွစ္ပါးကိုသာ ေခၚေဆာင္၍ တိုင္းျပည္သို႔ ျပန္ကာ မင္းျပဳပါေတာ့တယ္။

ထိုမင္းသည္ နဂါးမ မွာသည့္အတိုင္း နဂါးေသြးပါေသာ သားေတာ္ သမီးေတာ္တို႔အတြက္ ေရကန္ႀကီးတူး၍ ေရကစား ေပ်ာ္ရႊင္ေစသည္။ တစ္ေန႔တြင္ လိပ္တစ္ေကာင္ကို ေရကန္တြင္း၌ ေတြ႕ၾကသည္။ လိပ္ကို သားေတာ္ သမီးေတာ္တို႔က ေၾကာက္ရြံ႕ၾကသျဖင့္ ငိုၾကရာ မင္းႀကီးသည္ လိပ္ကို ဖမ္းေစ၍ အျပစ္ေပးေစသည္။

မင္း၏ အမတ္တို႔က အျပစ္ဒဏ္အမ်ိဳးမ်ိဳးျဖင့္ ၿခိမ္းေျခာက္ရာ ထိုစူဠလိပ္က မတုန္မလႈပ္ေနေသာအခါ အမတ္တစ္ဦးက ယမုံနာျမစ္ဝဲတြင္ ခ်မည္ဟု ၿခိမ္းေျခာက္ေသာအခါ လိပ္က သည္းစြာငိုေလ၏။ ထိုအခါ မင္းခ်င္းတို႔က လိပ္၏ ပရိယာယ္ကို မသိနားမလည္ၾကသျဖင့္ လိပ္ကို ဝဲ၌ခ်ျခင္းသည္ လိပ္အတြက္ ႀကီးေလးေသာအျပစ္ ျဖစ္မည္ဟု ယူဆၾက၍ ယမုနာဝဲ၌ ခ်ေလေသာ္ လိပ္သည္ ေဘးအႏၲရာယ္ကင္းစြာျဖင့္ ေရအယဥ္၌ ေမ်ာပါ၍ နဂါးျပည္သို႔ ေရာက္သြားသည္။

ထို႔ေၾကာင့္စူဠလိပ္ကို ေရလႊတ္သကဲ့သဟု ဆိုရိုးစကား ျပဳခဲ့ၾကသည္။ လိပ္သည္ နဂါးလုလင္ပ်ိဳတို႔ႏွင့္ ေတြ႕ေလရာ ပရိယာယ္ႂကြယ္ေသာ လိပ္ျဖစ္၍ ေဘးကင္းေစရန္ မိမိသည္ ဗာရာဏသီမင္းက နဂါးမင္းႀကီးအား မိမိ၏ သမီးေတာ္ သမုဒၵဇာကို ေဆာက္ႏွင္းလို၍ သံတမန္အျဖစ္ ေစလႊတ္သျဖင့္ ေရာက္လာျခင္းျဖစ္ေၾကာင္း ေျပာၾကားရာ နဂါးတို႔ ယုံၾကည္ၾကသည္။

ထိုေၾကာင့္ တန္ခိုးႀကီးေသာ ဓတရ႒နတ္နဂါးမင္းထံ ပို႔ေပးရာ နဂါးမင္းအားလည္း လိပ္က အထက္ပါအတိုင္း ေလၽွာက္ထားသျဖင့္ နဂါးမင္းကလည္း မဂၤလာကိစၥစီစဥ္ရန္ နဂါးလုလင္ တမာန္မ်ားကို ဗာရာဏသီမင္းထံ ေစလႊတ္လိုက္ေလသည္။

ဗာရာဏသီမင္းထံ နဂါးတမာန္တို႔ ေရာက္ရွိ၍ အက်ိဳးအေၾကာင္းၾကားလတ္ေသာ္ လူမင္းသမီးေတာ္ကို ဖားစိမ္း၊ ငါးစိမ္းစား တိရစၧာန္မ်ိဳးျဖစ္ေသာ နဂါးမင္းႏွင့္ မေဆာင္ႏွင္းနိုင္ေၾကာင္း ျငင္းဆိုသည္။

နဂါးလုလင္တို႔ ျပန္သြား၍ နဂါးမင္းအား ေလၽွာက္ၾကားေလေသာ္ နဂါးမင္းႀကီး အမ်က္ထြက္၍ နဂါးအေပါင္းကို ဆင့္ေခၚကာ ဗာရာဏသီတျပည္လုံးကို နဂါးတို႔ျဖင့္ ျပည့္ေစ၍ တိုင္းျပည္လူထု ေခ်ာက္ခ်ားတုန္လႈပ္ေအာင္ ၿခိမ္းေျခာက္ေစသည္။ ထိုအခါ ဗာရာဏသီမင္းလည္း မေနသာသျဖင့္ သမီးေတာ္ကို ဓတရ႒နဂါးမင္းအား ေဆာင္ႏွင္းရေလသည္။

နဂါးမင္းသည္ သမုဒၵဇာအား နဂါးျပည္သို႔ ေခၚေဆာင္ခဲ့ေသာ္လည္း နဂါးျပည္ဟူ၍ လည္းေကာင္း မိမိတို႔သည္ နဂါးမ်ားျဖစ္သည္ဟူ၍ လည္းေကာင္း မသိရေလေအာင္ နဂါးျပည္ကို နတ္ျပည္ကဲ့သို႔ ဖန္ဆင္းကာ နတ္ႏွင့္တူေသာ စည္းစိမ္အၿခံအရံကို ေပးထားသျဖင့္ မင္းသမီးသည္ နဂါးျပည္၌ နဂါးမင္း ခ်စ္ျမတ္နိုးမႈကို ခံယူကာ ေပ်ာ္ရႊင္စြာ ခံစားေနခဲ့သည္။

ကာလၾကာေသာ္ သုဒႆန၊ ဒတၱ၊ သုေဘာဂႏွင့္ အရိ႒ဟူေသာ သားေတာ္ ၄ ပါးကို ဖြားသည္။ တခါေသာ္ သားေတာ္အငယ္ အရိ႒က နဂါးအသြင္ ဇာတိ႐ုပ္ေပၚေအာင္ ဖန္ဆင္းျပမွ မိမိသည္ နဂါးျပည္၌ နဂါးမင္း၏ မိဖုရားျဖစ္ေနေၾကာင္းကို သမုဒၵဇာမင္းသမီး သိေတာ္မူသည္။

အရိ႒သည္လည္း မယ္ေတာ္ကို နဂါးဇာတိ ဖန္ဆင္းျပသရာတြင္ မယ္ေတာ္ေၾကာက္လန႔္ကာ လႊတ္ခ်လိုက္၍ မ်က္စိတဖက္ ပ်က္ေလသျဖင့္ ကာဏရိ႒ဟု အမည္တြင္ေလသည္။ ဓတရ႒ နဂါးမင္းသည္ သားေတာ္မ်ား အရြယ္ေရာက္လတ္ေသာ္ နိုင္ငံေတာ္ကို ၅ စုခြဲ၍ ၄ စုတြင္ သားေတာ္တပါးစီ အုပ္ခ်ဳပ္မင္းျပဳေစသည္။

ဒတၱနဂါးမင္းသည္ မိမိပိုင္နက္အတြင္း၌ ေနထိုင္၍ တရားသျဖင့္ မင္းျပဳသည္။ နဂါးတို႔၏ ျပႆနာအရပ္ရပ္ကိုလည္း ေျဖရွင္းေပးေလသည္။ အျခားသားေတာ္တို႔သည္ ခမည္းေတာ္ မယ္ေတာ္တို႔အား တလတႀကိမ္ အဖူးအျမင္ အခစား လာၾကသည္။ ဒတၱနဂါးမင္းကမူ လခြဲတႀကိမ္ အဖူးအေျမာ္လာသည္။

တရံခါေသာ္ နတ္နဂါးတို႔ကို အစိုးရေသာ ဝိ႐ူပကၡနတ္မင္းႀကီးသည္ ဓတရ႒ နဂါးမင္းႀကီးႏွင့္ သားေတာ္မ်ား အပါအဝင္ နဂါးပရိသတ္ႏွင့္တကြ သိၾကားမင္းထံ အခစားဝင္ေရာက္သည္။ ထိုအခါတြင္ နတ္နဂါး သိၾကား ပရိသတ္၌ ျပႆနာတခုေပၚသည္။

ထိုျပႆနာကို ဒတၱနဂါးမင္းက ေျဖရွင္းေပးနိုင္သျဖင့္ သိၾကားမင္းက ေျမႀကီးႏွင့္တူေသာ က်ယ္ျပန႔္ေသာ ပညာရွိေပသည္ဟု ခ်ီးက်ဴး၍ ဘူရိဒတ္ (ဘူရိဒတၱ) ဟု အမည္ေပးသည္။ ထိုအခါမွစ၍ ဒတၱနဂါးမင္းအား ဘူရိဒတ္ဟု ေခၚေဝၚၾကေလသည္။ ဘူရိဒတ္သည္ ထိုအခါမွစ၍ သိၾကားမင္းထံ မျပတ္ခံစား ရသည္။

သိၾကားမင္း၏ စည္းစိမ္ကို ေတြ႕ျမင္ရဖန္ မ်ားေလေသာ္ သိၾကားမင္း၏ စည္းစိမ္ကို ေတာင့္တေလသည္။ ထိုေၾကာင့္ ဖားစိမ္းစား ငါးစိမ္းစား နဂါးအျဖစ္ထက္ နတ္အျဖစ္ကို ရလိုသည့္အတြက္ ဥပုသ္သီတင္း ေဆာက္တည္ရန္ ခမည္းေတာ္ မယ္ေတာ္တို႔ထံ ခြင့္ပန္၍ ဥပုသ္သီတင္း သုံးေလသည္။

နဂါးျပည္၌ ဥပုသ္ေတာက္တည္ရာ၌ အေႏွာင့္အယွက္ မကင္း၍ လူ႔ျပည္သို႔ သြားေရာက္၍ ေအးခ်မ္းစြာ ဥပုသ္ သီတင္းသုံးရန္ အႀကံျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ ဗာရာဏသီျပည္အနီး ယမုံနာျမစ္ကမ္းပါးထက္တြင္ ဥပုသ္ သီတင္းသုံး၍ ေနခဲ့သည္။

ထိုအခ်ိန္တြင္ ေနသာဒမုဆိုးပုဏၰား သားအဖသည္ သမင္လိုက္ရာမွ ဘုရားေလာင္း ဘူရိဒတ္ ဥပုသ္ သီတင္းသုံးရာ အရပ္သို႔ ေရာက္လာသည္။ နဂါးမင္းသည္ ထိုပုဏၰားသားအဖက မိမိအား ဤေနရာ၌ ေတြ႕ေၾကာင္းကို အလမၸာယ္သမားအား လမ္းညႊန္ေလေသာ္ မိမိဥပုသ္ ေဆာက္တည္ျခင္းကို အေႏွာင့္အယွက္ျပဳမည္စိုး၍ ထိုသားအဖအား နဂါးျပည္သို႔ ေဆာင္ၿပီးလၽွင္ နတ္ႏွင့္တူေသာ စည္းစိမ္အၿခံအရံကို ေပးထားသည္။

သို႔ေသာ္ ကာလၾကာေညာင္းလာလၽွင္ ေနသာဒ ပုဏၰားသားအဖတို႔ မေပ်ာ္ပိုက္သျဖင့္ လူ႔ျပည္သို႔ ျပန္ပို႔ရသည္။ ဘူရိဒတ္နဂါးမင္းသည္ ပုဏၰား သားအဖ လူ႔ျပည္သို႔ ျပန္ေရာက္၍ ဆင္းရဲပင္ပန္းစြာ ေနခဲ့ရေသာ္ မိမိ ဥပုသ္သီတင္းသုံးရာ အရပ္ကို အလိမၸာယ္သမားအား ညႊန္ျပမည္ကို စိုးရိမ္သျဖင့္ ခပ္သိမ္းေသာ အလိုကို ေပးနိုင္သည့္ ပတၱျမားကို လက္ေဆာင္ေပးသည္။

သို႔ေသာ္ ေနသာဒ ပုဏၰားသည္ ရဟန္းျပဳလို၍ လူ႔ျပည္သို႔ ျပန္လိုပါသည္ဟု ဘူရိဒတ္အား ေျပာၾကားထားမိၿပီ ျဖစ္ရကား ထိုပတၱျမားကို ျငင္းပယ္ခဲ့ေလသည္။

အျခား ပုဏၰားတစ္ဦးသည္ ဂဠဳန္တစ္ေကာင္က ရေသ့တစ္ပါးအား ေပးသည့္ နဂါးႏွင့္ေႁမြတို႔ ေၾကာက္ေသာ မႏၲာန္တစ္ပုဒ္ကို ထိုရေသ့ထံမွ ရခဲ့၍ အလမၸာယ္အျဖစ္ အသက္ေမြးရန္ ထြက္ခဲ့သည္။

ယမံုနာျမစ္ကမ္းေဘးတြင္ အလိုခပ္သိမ္းရေစေသာ ပတၱျမားကို ထား၍ ေရကစား ေပ်ာ္ရႊင္ေနေသာ နဂါးမပ်ိဳတို႔သည္ ပုဏၰား၏ မႏၲာန္ရြတ္ဆိုသံကိုၾကားလၽွင္ ေၾကာက္လန႔္ထြက္ေျပးၾကသျဖင့္ ပတၱျမားကို ပုဏၰားရေလသည္။

ေနသာဒ ပုဏၰားသားအဖႏွင့္ ထိုပုဏၰားတို႔ ေတြ႕ၾကေလရာ ပတၱျမားကို ေနသာဒ ပုဏၰားသားအဖတို႔ ျမင္ေလလၽွင္ ေနသာဒသည္ ပတၱျမားကို ရလိုပန္သည္။ ထိုပတၱျမား လက္ထဲေရာက္က အလိုခပ္သိမ္း ေတာင့္တ၍ ျပည့္စုံနိုင္သည္ကို သိသျဖင့္ ေရႊအခ်ိန္တစ္ရာႏွင့္ လဲမည္ဟုဆိုသည္။

သို႔ေသာ္ ပုဏၰားက ျငင္းဆန္သျဖင့္ ထူးျခားေသာ နဂါးမင္းေနရာကို ညႊန္ျပေသာအားျဖင့္ ပတၱျမားႏွင့္ နဂါးလဲေလသည္။ ထို႔ေၾကာင့္ေရာ့ ပတၱျမား၊ ေရာ့ နဂါး ဟု ဆိုရိုးစကား ျပဳခဲ့ၾကသည္။ ေနသာဒ၏သား ေသာမဒတ္ကမူ အဖသည္ ေက်းဇူးရွင္ကို ျပစ္မွားသည္ဟု အဖကို စြန႔္ခြာထြက္ေျပးၿပီးလၽွင္ ဟိမဝႏၲာ၌ ရေသ့ျပဳေလသည္။

အလိမၸာယ္ပုဏၰားသည္ ေနသာဒ ညႊန္ျပေသာ ဘူရိဒတ္နဂါးမင္း ဥပုသ္ျပဳရာသို႔ လာခဲ့သည္။ ထိုအခ်ိန္တြင္ နဂါးမင္းသည္ အဓိ႒ာန္ေဆာက္တည္၍ ဥပုသ္ျပဳလ်က္ရွိရာ ေနသာဒႏွင့္ အလမၸာယ္သမားတို႔ကို ျမင္၍ ယင္းတို႔၏ အမႈကို သိေသာ္လည္း ဥပုသ္ပ်က္မည္စိုးသျဖင့္ အမ်က္ကိုထိန္းသိမ္းၿပီးလၽွင္ ရန္တုံ႔မမူပဲ အလမၸာယ္သမား၏ ဖမ္းဆီးျခင္းကို ခံေတာ္မူသည္။

အလမၸာယ္ ပုဏၰားသည္ ဘုရားေလာင္း နဂါးမင္းကို အားနည္းေလေအာင္ ရိုက္ဖြပ္နင္းေျခၿပီးမွ ပျခဳပ္တြင္ထည့္သည္။ ဘုရားအေလာင္းေတာ္သည္ မိမိ၏ ဥပုသ္ကို မပ်က္ေစရန္ ဆင္းရဲဒုကၡႀကီးစြာခံ၍ သီလကို ထိန္းသိမ္းေတာ္မူခဲ့သည္။

အလမၸာယ္ ပုဏၰားလည္း နဂါးမင္းကို ယူေဆာင္၍ အရပ္ရပ္၍ လွည့္လည္က နဂါးမင္းအား ကျပေစရာ လာဘ္သပ္ပကာ မ်ားစြာရရွိ၍ ႂကြယ္ဝခ်မ္းသာေလသည္။

ထိုအခ်ိန္တြင္ မယ္ေတာင္ သမုဒၵဇာသည္ မေကာင္းေသာ အိပ္မက္ကို ျမင္မက္သျဖင့္ လူ႔ျပည္သို႔သြား၍ ဥပုသ္သီတင္းသုံးေနေသာ ဘူရိဒတ္အတြက္ စိုးရိမ္ပူပန္ေနသည္။ အျခားသားေတာ္မ်ား တစ္လတစ္ႀကိမ္ အဖူးအျမင္ ေရာက္လာၾကေသာအခါ သားေတာ္မ်ားအား ဘူရိဒတ္ကို လိုက္လံရွာေဖြေစသည္။

သားေတာ္ႀကီး သုဒႆနသည္ ညီေတာ္လတ္ သုေဘာဂအား ဟိမဝႏၲာသို႔သြား၍ ျမစ္ႀကီး ၅ စင္း၌ ဘူရိဒတ္မင္းအား ရွာေစသည္။ ညီေတာ္အငယ္ ကာဏရိ႒ကိုမူ နတ္ျပည္၌ ရွာေစသည္။ မိမိကိုယ္တိုင္မွာမူ လူ႔ျပည္သို႔ ရေသ့ေရာင္ ဖန္ဆင္း၍ ရွာေဖြရန္ ထြက္ခဲ့သည္။

သုဒႆနႏွင့္အတူ မိေထြးေတာ္၏ သမီး အဇမုခီ နဂါးမင္းသမီးလည္း ဖားမငယ္ သဏၭာန္ ဖန္ဆင္း၍ လိုက္ပါခဲ့သည္။ အလမၸာယ္ပုဏၰားသည္ ဗာရာဏသီမင္း သာဂရျဗဟၼဒတ္၏ ေရွ႕၌ အလမၸာယ္ ကစားျပရန္ ေရာက္ရွိေနသည္။

ဗာရာဏသီမင္းကား ခမည္းေတာ္၏ အရိုက္အရာကုိ ဆက္ခံသူျဖစ္၍ သမုဒၵဇာ၏ ေမာင္ေတာ္ေပတည္။ ထို႔ေၾကာင့္ ဘူရိဒတ္ နဂါးမင္းတို႔၏ ဦးရီးေတာ္ ျဖစ္သည္။ ထိုေနရာသို႔ သုဒႆနႏွင့္ ႏွမေတာ္တိုသည္လည္း ေရာက္ရွိလာၾကသည္။

အလမၸာယ္ပုဏၰားသည္ ပျခဳပ္တြင္းမွ နဂါးမင္းကို ထုတ္၍ အမ်ိဳးမ်ိဳးဖန္ဆင္းကျပရန္ ေစခိုင္းသည္။ နဂါးမင္းသည္ ပျခဳပ္တြင္းမွထြက္၍ ပရိသတ္ကို ၾကည့္သည္ရွိေသာ္ မိမိ၏ ေနာင္ေတာ္ႏွင့္ ႏွမေတာ္တို႔ကို ျမင္သျဖင့္ မ်က္ရည္ယိုစီးကား ေနာင္ေတာ္ထံသို႔ ေရွးရႈသြားသည္။

ပရိသတ္တို႔လည္း ေၾကာက္လန႔္တၾကားျဖစ္၍ တိမ္းေရွာင္ေျပးၾကရာ သုဒႆန တစ္ပါးတည္း က်န္ရစ္သည္။ ထိုအခါ ဘူရိဒတ္သည္ ေနာင္ေတာ္၏ ေျခဖမိုး၌ သီးေခါင္းတင္၍ ငိုသည္။ သုဒႆနလည္း ငိုသည္။

ထိုအခ်င္းအရာကို အလမၸာယ္သမား ျမင္လွ်င္ ရွင္ရေသ့အား နဂါးကေပါက္လိုက္သည္ဟု ထင္မွတ္၍ နဂါးဆိပ္က်ေအာင္ မႏၲာန္ျဖင့္ ကုမည္ဟုဆိုသည္။ ထိုအခါ သုဒႆနက မိမိအား ကုရန္မလို မိမိထက္တတ္ေသာ ေႁမြသမား မည္သည္မရွိဟု ဆိုရာမွစ၍ အလမၸာယ္ပုဏၰားႏွင့္ သုဒႆနတို႔ ပညာစြမ္းၿပိဳင္ၾကသည္။

သုဒႆနသည္ အဇမုခီဖားငယ္၏ အကူအညီျဖင့္ မိမိတို႔၏ တန္ခိုးကို ျပေလေသာ္ အလမၸာယ္သမား ရံႈး၍ တကိုယ္လုံး ႏူသြားသျဖင့္ ေၾကာက္ရြံ႕ထိပ္လန႔္ကာ ဘူရိဒတ္နဂါးမင္းအား လႊတ္ရေလသည္။ ထိုအခါမွ ဘူရိဒတ္၊ သုဒႆနႏွင့္ အဇမုခီတို႔သည္ မိမိတို႔၏ အျဖစ္မွန္ကို ေဖာ္ျပၾကသျဖင့္ ဗာရာဏသီမင္းလည္း မိမိ၏ တူေတာ္မ်ားျဖစ္ေၾကာင္းကို သိရွိရသည္။

ထိုေနာက္ ေတာထြက္၍ ရေသ့ျပဳကာ တရားအားထုတ္လ်က္ ရွိေနေသာ ဗာရာဏသီမင္းႀကီးေဟာင္း ဘူရိဒတ္တို႔၏ ဘိုးေတာ္ထံ သြားေရာက္ ကန္ေတာ့ၾကရန္ အခ်ိန္းအခ်က္ျပဳၾကၿပီးေသာ္ ဘူရိဒတ္တို႔သည္ နဂါးျပည္သို႔ ျပန္ခဲ့ၾကေလသည္။

ထိုအခ်ိန္တြင္ ဟိမဝႏၲာ၌ ဘူရိဒတ္ကို ရွာေဖြေသာ သုေဘာဂနဂါးမင္းသည္ ေက်းဇူးသစၥာမဲ့ေသာ ေနသာဒ ပုဏၰားကို ေတြ႕သျဖင့္ နဂါးျပည္သို႔ ယူေဆာင္ခဲ့သည္။ အပန္းေျဖလ်က္ရွိေသာ ဘူရိဒတ္၏ အိပ္ေဆာင္တံခါးဝတြင္ ေစာင့္ေရွာက္လ်က္ရွိေသာ ကာဏရိ႒သည္ ယခင္ဘဝက ပုဏၰားျဖစ္ခဲ့ဖူးသျဖင့္ ေနသာဒကို ျမင္လၽွင္ ပုဏၰားတို႔သည္ ျဗဟၼာမင္း၏ သားျဖစ္၍ မညႇဥ္းဆဲအပ္ ညႇဥ္းဆဲေသာ္ ျဗဟၼာမင္းအမ်က္ထြက္၍ နဂါးျပည္အလုံး ပ်က္စီးလတၱံ့။

ပုဏၰားတို႔သည္ ျမင့္ျမတ္သည္။ ယဇ္ပူေဇာ္ျခင္းကို ျပဳသည္။ ယဇ္ပူေဇာ္ျခင္းသည္ ေက်းဇူးႀကီးမားလွသည္ဟူ၍ ယဇ္ပူေဇာ္ျခင္း၏ အက်ိဳးရွိပုံတို႔ကို ထုတ္ေဖာ္ခ်ီးက်ဴးသည္။ ထိုအခါ ဘူရိဒတ္အား လာေရာက္ဖူးျမင္ ကန္ေတာ့ၾကေသာ နဂါးပရိသတ္တို႔သည္ ကာဏရိ႒၏ စကားကိုနာရလၽွင္ ယဇ္ပူေဇာ္မူဘက္သို႔ စိတ္ညႊတ္ၾကေလသည္။

ဘူရိဒတ္နဂါးမင္းသည္ လဲေလ်ာင္း အပန္းေျဖရာမွ ကာဏရိ႒၏ စကားကိုၾကားလၽွင္ နဂါးပရိသတ္ကိုလည္း သမၼာဒိ႒ိအယူကို ညႊန္ျပလိုသျဖင့္ ယဇ္ပူေဇာ္ျခင္းမွာ မွားယြင္းပုံတို႔ကို ရွင္းလင္းေဟာၾကား၍ နဂါးပရိသတ္တို႔အား အယူမွန္ကို ရေစသည္။ ေနသာဒပုဏၰားအားလည္း နဂါးျပည္မွ ႏွင္ထုတ္ေစသည္။

ဘူရိဒတ္ နဂါးမင္းသည္ အခ်ိန္းအခ်က္ျပဳေသာေန႔တြင္ ဘိုးေတာ္ ဗာရာဏသီမင္းေဟာင္းအား ပူေဇာ္ကန္ေတာ့ရန္ အၿခံအရံ ပရိသတ္ႏွင့္ သြားသည္။ မယ္ေတာ္ႏွင့္ ေနာင္ေတာ္ ညီေတာ္မ်ားလည္း ေနာက္မွ လိုက္ပါၾကသည္။ သာဂရျဗဟၼဒတ္မင္းလည္း ခမည္းေတာ္ထံ ဖူးေျမာ္ရန္လာသျဖင့္ ေဆြေတာ္မ်ိဳးေတာ္တစု ျပန္လည္ေတြ႕ဆုံၾကရသည္။

ဘူရိဒတ္နဂါးမင္းသည္ အသက္ထက္ဆုံး သီတင္းသီလ ေဆာက္တည္၍ အသက္တမ္းေစ့လတ္ေသာ္ ပရိသတ္ႏွင့္တကြ နတ္ျပည္၌ ျဖစ္တည္ၾကၿပီး မယ္ေတာ္ သမုဒၵဇာသည္ နဂါးျပည္၌ပင္ အနိစၥေရာက္ရေလ၏။
ဗုဒၶေရအိုးစင္
# Unicode Version # ျဖင့္ ဖတ္ပါ #

 ရှေးလွန်လေပြီးသောအခါ ဗာရဏသီပြည်၌ တစ်ပါးသော ဗြဟ္မဒတ်မင်းကြီးသည် မိမိ၏ သားတော် ဥပရာဇာ၌ စည်းစိမ်အခြံအရံ များပြားပြန့်ပွားလှသဖြင့် ထီးနန်းအန္တရာယ် ဖြစ်မည်စိုးသောကြောင့် သားတော်ကို မိမိလွန်မှသာလျှင် တိုင်းပြည်သို့ ပြန်လာရန် မိန့်ကြား၍ တိုင်းပြည်မှထွက်စေခဲ့၏။

သားတော ဥပရာဇာသည် ခမည်းတော်၏ အမိန့်အတိုင်း တိုင်းပြည်မှ ထွက်ခဲ့ရာ ယမုံနာမြစ်အနီး တစ်ခုသောတောင်ကြား၌ ရသေ့အသွင်ဖြင့် တောတောင်အရိပ်ကို ခိုလှုံကာနေခဲ့ပါတယ်။

ထိုအခါ ယမုံနာမြစ်အောက်ရှိ နဂါးပြည်မှ မုဆိုးမဖြစ်သော နဂါးမသည် ကာမဘော်ဖြင့် ပျော်ပါးလိုသဖြင့် နဂါးပြည်မှထွက်ခဲ့ရာ မြစ်အနီးအနားရှိ ရသေ့၏ ကျောင်းသင်္ကန်းသို့ ရောက်လာ၏။ နဂါးမသည် သဒ္ဓါကြောင့် ရသေ့ဝတ်ခြင်း မဟုတ်သည်ကို စူးစမ်းသိရှိရ၍ ရသေ့နှင့်အတူ ရင်းနှီးနေထိုင်ခဲ့ရာ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့သည်။

တစ်နေ့တွင် ဗာရာဏသီမင်းကြီး နတ်ရွာလားသဖြင့် ရသေ့အား ထီးနန်းဆက်ခံရန် မူးမတ်တို့က လာရောက်ခေါ်ဆောင်ကြလေတော့၏။ နဂါးမသည် ဇာတ်မတူသော လူ့တိုင်းပြည် လိုက်ပါနေထိုင်ခြင်း မပြုလိုသဖြင့် မင်းသားသည် သားတော် သမီးတော်နှစ်ပါးကိုသာ ခေါ်ဆောင်၍ တိုင်းပြည်သို့ ပြန်ကာ မင်းပြုပါတော့တယ်။

ထိုမင်းသည် နဂါးမ မှာသည့်အတိုင်း နဂါးသွေးပါသော သားတော် သမီးတော်တို့အတွက် ရေကန်ကြီးတူး၍ ရေကစား ပျော်ရွှင်စေသည်။ တစ်နေ့တွင် လိပ်တစ်ကောင်ကို ရေကန်တွင်း၌ တွေ့ကြသည်။ လိပ်ကို သားတော် သမီးတော်တို့က ကြောက်ရွံ့ကြသဖြင့် ငိုကြရာ မင်းကြီးသည် လိပ်ကို ဖမ်းစေ၍ အပြစ်ပေးစေသည်။

မင်း၏ အမတ်တို့က အပြစ်ဒဏ်အမျိုးမျိုးဖြင့် ခြိမ်းခြောက်ရာ ထိုစူဠလိပ်က မတုန်မလှုပ်နေသောအခါ အမတ်တစ်ဦးက ယမုံနာမြစ်ဝဲတွင် ချမည်ဟု ခြိမ်းခြောက်သောအခါ လိပ်က သည်းစွာငိုလေ၏။ ထိုအခါ မင်းချင်းတို့က လိပ်၏ ပရိယာယ်ကို မသိနားမလည်ကြသဖြင့် လိပ်ကို ဝဲ၌ချခြင်းသည် လိပ်အတွက် ကြီးလေးသောအပြစ် ဖြစ်မည်ဟု ယူဆကြ၍ ယမုနာဝဲ၌ ချလေသော် လိပ်သည် ဘေးအန္တရာယ်ကင်းစွာဖြင့် ရေအယဉ်၌ မျောပါ၍ နဂါးပြည်သို့ ရောက်သွားသည်။

ထို့ကြောင့်စူဠလိပ်ကို ရေလွှတ်သကဲ့သဟု ဆိုရိုးစကား ပြုခဲ့ကြသည်။ လိပ်သည် နဂါးလုလင်ပျိုတို့နှင့် တွေ့လေရာ ပရိယာယ်ကြွယ်သော လိပ်ဖြစ်၍ ဘေးကင်းစေရန် မိမိသည် ဗာရာဏသီမင်းက နဂါးမင်းကြီးအား မိမိ၏ သမီးတော် သမုဒ္ဒဇာကို ဆောက်နှင်းလို၍ သံတမန်အဖြစ် စေလွှတ်သဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ပြောကြားရာ နဂါးတို့ ယုံကြည်ကြသည်။

ထိုကြောင့် တန်ခိုးကြီးသော ဓတရဋ္ဌနတ်နဂါးမင်းထံ ပို့ပေးရာ နဂါးမင်းအားလည်း လိပ်က အထက်ပါအတိုင်း လျှောက်ထားသဖြင့် နဂါးမင်းကလည်း မင်္ဂလာကိစ္စစီစဉ်ရန် နဂါးလုလင် တမာန်များကို ဗာရာဏသီမင်းထံ စေလွှတ်လိုက်လေသည်။

ဗာရာဏသီမင်းထံ နဂါးတမာန်တို့ ရောက်ရှိ၍ အကျိုးအကြောင်းကြားလတ်သော် လူမင်းသမီးတော်ကို ဖားစိမ်း၊ ငါးစိမ်းစား တိရစ္ဆာန်မျိုးဖြစ်သော နဂါးမင်းနှင့် မဆောင်နှင်းနိုင်ကြောင်း ငြင်းဆိုသည်။

နဂါးလုလင်တို့ ပြန်သွား၍ နဂါးမင်းအား လျှောက်ကြားလေသော် နဂါးမင်းကြီး အမျက်ထွက်၍ နဂါးအပေါင်းကို ဆင့်ခေါ်ကာ ဗာရာဏသီတပြည်လုံးကို နဂါးတို့ဖြင့် ပြည့်စေ၍ တိုင်းပြည်လူထု ချောက်ချားတုန်လှုပ်အောင် ခြိမ်းခြောက်စေသည်။ ထိုအခါ ဗာရာဏသီမင်းလည်း မနေသာသဖြင့် သမီးတော်ကို ဓတရဋ္ဌနဂါးမင်းအား ဆောင်နှင်းရလေသည်။

နဂါးမင်းသည် သမုဒ္ဒဇာအား နဂါးပြည်သို့ ခေါ်ဆောင်ခဲ့သော်လည်း နဂါးပြည်ဟူ၍ လည်းကောင်း မိမိတို့သည် နဂါးများဖြစ်သည်ဟူ၍ လည်းကောင်း မသိရလေအောင် နဂါးပြည်ကို နတ်ပြည်ကဲ့သို့ ဖန်ဆင်းကာ နတ်နှင့်တူသော စည်းစိမ်အခြံအရံကို ပေးထားသဖြင့် မင်းသမီးသည် နဂါးပြည်၌ နဂါးမင်း ချစ်မြတ်နိုးမှုကို ခံယူကာ ပျော်ရွှင်စွာ ခံစားနေခဲ့သည်။

ကာလကြာသော် သုဒဿန၊ ဒတ္တ၊ သုဘောဂနှင့် အရိဋ္ဌဟူသော သားတော် ၄ ပါးကို ဖွားသည်။ တခါသော် သားတော်အငယ် အရိဋ္ဌက နဂါးအသွင် ဇာတိရုပ်ပေါ်အောင် ဖန်ဆင်းပြမှ မိမိသည် နဂါးပြည်၌ နဂါးမင်း၏ မိဖုရားဖြစ်နေကြောင်းကို သမုဒ္ဒဇာမင်းသမီး သိတော်မူသည်။

အရိဋ္ဌသည်လည်း မယ်တော်ကို နဂါးဇာတိ ဖန်ဆင်းပြသရာတွင် မယ်တော်ကြောက်လန့်ကာ လွှတ်ချလိုက်၍ မျက်စိတဖက် ပျက်လေသဖြင့် ကာဏရိဋ္ဌဟု အမည်တွင်လေသည်။ ဓတရဋ္ဌ နဂါးမင်းသည် သားတော်များ အရွယ်ရောက်လတ်သော် နိုင်ငံတော်ကို ၅ စုခွဲ၍ ၄ စုတွင် သားတော်တပါးစီ အုပ်ချုပ်မင်းပြုစေသည်။

ဒတ္တနဂါးမင်းသည် မိမိပိုင်နက်အတွင်း၌ နေထိုင်၍ တရားသဖြင့် မင်းပြုသည်။ နဂါးတို့၏ ပြဿနာအရပ်ရပ်ကိုလည်း ဖြေရှင်းပေးလေသည်။ အခြားသားတော်တို့သည် ခမည်းတော် မယ်တော်တို့အား တလတကြိမ် အဖူးအမြင် အခစား လာကြသည်။ ဒတ္တနဂါးမင်းကမူ လခွဲတကြိမ် အဖူးအမြော်လာသည်။

တရံခါသော် နတ်နဂါးတို့ကို အစိုးရသော ဝိရူပက္ခနတ်မင်းကြီးသည် ဓတရဋ္ဌ နဂါးမင်းကြီးနှင့် သားတော်များ အပါအဝင် နဂါးပရိသတ်နှင့်တကွ သိကြားမင်းထံ အခစားဝင်ရောက်သည်။ ထိုအခါတွင် နတ်နဂါး သိကြား ပရိသတ်၌ ပြဿနာတခုပေါ်သည်။

ထိုပြဿနာကို ဒတ္တနဂါးမင်းက ဖြေရှင်းပေးနိုင်သဖြင့် သိကြားမင်းက မြေကြီးနှင့်တူသော ကျယ်ပြန့်သော ပညာရှိပေသည်ဟု ချီးကျူး၍ ဘူရိဒတ် (ဘူရိဒတ္တ) ဟု အမည်ပေးသည်။ ထိုအခါမှစ၍ ဒတ္တနဂါးမင်းအား ဘူရိဒတ်ဟု ခေါ်ဝေါ်ကြလေသည်။ ဘူရိဒတ်သည် ထိုအခါမှစ၍ သိကြားမင်းထံ မပြတ်ခံစား ရသည်။

သိကြားမင်း၏ စည်းစိမ်ကို တွေ့မြင်ရဖန် များလေသော် သိကြားမင်း၏ စည်းစိမ်ကို တောင့်တလေသည်။ ထိုကြောင့် ဖားစိမ်းစား ငါးစိမ်းစား နဂါးအဖြစ်ထက် နတ်အဖြစ်ကို ရလိုသည့်အတွက် ဥပုသ်သီတင်း ဆောက်တည်ရန် ခမည်းတော် မယ်တော်တို့ထံ ခွင့်ပန်၍ ဥပုသ်သီတင်း သုံးလေသည်။

နဂါးပြည်၌ ဥပုသ်တောက်တည်ရာ၌ အနှောင့်အယှက် မကင်း၍ လူ့ပြည်သို့ သွားရောက်၍ အေးချမ်းစွာ ဥပုသ် သီတင်းသုံးရန် အကြံဖြစ်ခဲ့သည်။ ထို့ကြောင့် ဗာရာဏသီပြည်အနီး ယမုံနာမြစ်ကမ်းပါးထက်တွင် ဥပုသ် သီတင်းသုံး၍ နေခဲ့သည်။

ထိုအချိန်တွင် နေသာဒမုဆိုးပုဏ္ဏား သားအဖသည် သမင်လိုက်ရာမှ ဘုရားလောင်း ဘူရိဒတ် ဥပုသ် သီတင်းသုံးရာ အရပ်သို့ ရောက်လာသည်။ နဂါးမင်းသည် ထိုပုဏ္ဏားသားအဖက မိမိအား ဤနေရာ၌ တွေ့ကြောင်းကို အလမ္ပာယ်သမားအား လမ်းညွှန်လေသော် မိမိဥပုသ် ဆောက်တည်ခြင်းကို အနှောင့်အယှက်ပြုမည်စိုး၍ ထိုသားအဖအား နဂါးပြည်သို့ ဆောင်ပြီးလျှင် နတ်နှင့်တူသော စည်းစိမ်အခြံအရံကို ပေးထားသည်။

သို့သော် ကာလကြာညောင်းလာလျှင် နေသာဒ ပုဏ္ဏားသားအဖတို့ မပျော်ပိုက်သဖြင့် လူ့ပြည်သို့ ပြန်ပို့ရသည်။ ဘူရိဒတ်နဂါးမင်းသည် ပုဏ္ဏား သားအဖ လူ့ပြည်သို့ ပြန်ရောက်၍ ဆင်းရဲပင်ပန်းစွာ နေခဲ့ရသော် မိမိ ဥပုသ်သီတင်းသုံးရာ အရပ်ကို အလိမ္ပာယ်သမားအား ညွှန်ပြမည်ကို စိုးရိမ်သဖြင့် ခပ်သိမ်းသော အလိုကို ပေးနိုင်သည့် ပတ္တမြားကို လက်ဆောင်ပေးသည်။

သို့သော် နေသာဒ ပုဏ္ဏားသည် ရဟန်းပြုလို၍ လူ့ပြည်သို့ ပြန်လိုပါသည်ဟု ဘူရိဒတ်အား ပြောကြားထားမိပြီ ဖြစ်ရကား ထိုပတ္တမြားကို ငြင်းပယ်ခဲ့လေသည်။

အခြား ပုဏ္ဏားတစ်ဦးသည် ဂဠုန်တစ်ကောင်က ရသေ့တစ်ပါးအား ပေးသည့် နဂါးနှင့်မြွေတို့ ကြောက်သော မန္တာန်တစ်ပုဒ်ကို ထိုရသေ့ထံမှ ရခဲ့၍ အလမ္ပာယ်အဖြစ် အသက်မွေးရန် ထွက်ခဲ့သည်။

ယမုံနာမြစ်ကမ်းဘေးတွင် အလိုခပ်သိမ်းရစေသော ပတ္တမြားကို ထား၍ ရေကစား ပျော်ရွှင်နေသော နဂါးမပျိုတို့သည် ပုဏ္ဏား၏ မန္တာန်ရွတ်ဆိုသံကိုကြားလျှင် ကြောက်လန့်ထွက်ပြေးကြသဖြင့် ပတ္တမြားကို ပုဏ္ဏားရလေသည်။

နေသာဒ ပုဏ္ဏားသားအဖနှင့် ထိုပုဏ္ဏားတို့ တွေ့ကြလေရာ ပတ္တမြားကို နေသာဒ ပုဏ္ဏားသားအဖတို့ မြင်လေလျှင် နေသာဒသည် ပတ္တမြားကို ရလိုပန်သည်။ ထိုပတ္တမြား လက်ထဲရောက်က အလိုခပ်သိမ်း တောင့်တ၍ ပြည့်စုံနိုင်သည်ကို သိသဖြင့် ရွှေအချိန်တစ်ရာနှင့် လဲမည်ဟုဆိုသည်။

သို့သော် ပုဏ္ဏားက ငြင်းဆန်သဖြင့် ထူးခြားသော နဂါးမင်းနေရာကို ညွှန်ပြသောအားဖြင့် ပတ္တမြားနှင့် နဂါးလဲလေသည်။ ထို့ကြောင့်ရော့ ပတ္တမြား၊ ရော့ နဂါး ဟု ဆိုရိုးစကား ပြုခဲ့ကြသည်။ နေသာဒ၏သား သောမဒတ်ကမူ အဖသည် ကျေးဇူးရှင်ကို ပြစ်မှားသည်ဟု အဖကို စွန့်ခွာထွက်ပြေးပြီးလျှင် ဟိမဝန္တာ၌ ရသေ့ပြုလေသည်။

အလိမ္ပာယ်ပုဏ္ဏားသည် နေသာဒ ညွှန်ပြသော ဘူရိဒတ်နဂါးမင်း ဥပုသ်ပြုရာသို့ လာခဲ့သည်။ ထိုအချိန်တွင် နဂါးမင်းသည် အဓိဋ္ဌာန်ဆောက်တည်၍ ဥပုသ်ပြုလျက်ရှိရာ နေသာဒနှင့် အလမ္ပာယ်သမားတို့ကို မြင်၍ ယင်းတို့၏ အမှုကို သိသော်လည်း ဥပုသ်ပျက်မည်စိုးသဖြင့် အမျက်ကိုထိန်းသိမ်းပြီးလျှင် ရန်တုံ့မမူပဲ အလမ္ပာယ်သမား၏ ဖမ်းဆီးခြင်းကို ခံတော်မူသည်။

အလမ္ပာယ် ပုဏ္ဏားသည် ဘုရားလောင်း နဂါးမင်းကို အားနည်းလေအောင် ရိုက်ဖွပ်နင်းခြေပြီးမှ ပခြုပ်တွင်ထည့်သည်။ ဘုရားအလောင်းတော်သည် မိမိ၏ ဥပုသ်ကို မပျက်စေရန် ဆင်းရဲဒုက္ခကြီးစွာခံ၍ သီလကို ထိန်းသိမ်းတော်မူခဲ့သည်။

အလမ္ပာယ် ပုဏ္ဏားလည်း နဂါးမင်းကို ယူဆောင်၍ အရပ်ရပ်၍ လှည့်လည်က နဂါးမင်းအား ကပြစေရာ လာဘ်သပ်ပကာ များစွာရရှိ၍ ကြွယ်ဝချမ်းသာလေသည်။

ထိုအချိန်တွင် မယ်တောင် သမုဒ္ဒဇာသည် မကောင်းသော အိပ်မက်ကို မြင်မက်သဖြင့် လူ့ပြည်သို့သွား၍ ဥပုသ်သီတင်းသုံးနေသော ဘူရိဒတ်အတွက် စိုးရိမ်ပူပန်နေသည်။ အခြားသားတော်များ တစ်လတစ်ကြိမ် အဖူးအမြင် ရောက်လာကြသောအခါ သားတော်များအား ဘူရိဒတ်ကို လိုက်လံရှာဖွေစေသည်။

သားတော်ကြီး သုဒဿနသည် ညီတော်လတ် သုဘောဂအား ဟိမဝန္တာသို့သွား၍ မြစ်ကြီး ၅ စင်း၌ ဘူရိဒတ်မင်းအား ရှာစေသည်။ ညီတော်အငယ် ကာဏရိဋ္ဌကိုမူ နတ်ပြည်၌ ရှာစေသည်။ မိမိကိုယ်တိုင်မှာမူ လူ့ပြည်သို့ ရသေ့ရောင် ဖန်ဆင်း၍ ရှာဖွေရန် ထွက်ခဲ့သည်။

သုဒဿနနှင့်အတူ မိထွေးတော်၏ သမီး အဇမုခီ နဂါးမင်းသမီးလည်း ဖားမငယ် သဏ္ဌာန် ဖန်ဆင်း၍ လိုက်ပါခဲ့သည်။ အလမ္ပာယ်ပုဏ္ဏားသည် ဗာရာဏသီမင်း သာဂရဗြဟ္မဒတ်၏ ရှေ့၌ အလမ္ပာယ် ကစားပြရန် ရောက်ရှိနေသည်။

ဗာရာဏသီမင်းကား ခမည်းတော်၏ အရိုက်အရာကို ဆက်ခံသူဖြစ်၍ သမုဒ္ဒဇာ၏ မောင်တော်ပေတည်။ ထို့ကြောင့် ဘူရိဒတ် နဂါးမင်းတို့၏ ဦးရီးတော် ဖြစ်သည်။ ထိုနေရာသို့ သုဒဿနနှင့် နှမတော်တိုသည်လည်း ရောက်ရှိလာကြသည်။

အလမ္ပာယ်ပုဏ္ဏားသည် ပခြုပ်တွင်းမှ နဂါးမင်းကို ထုတ်၍ အမျိုးမျိုးဖန်ဆင်းကပြရန် စေခိုင်းသည်။ နဂါးမင်းသည် ပခြုပ်တွင်းမှထွက်၍ ပရိသတ်ကို ကြည့်သည်ရှိသော် မိမိ၏ နောင်တော်နှင့် နှမတော်တို့ကို မြင်သဖြင့် မျက်ရည်ယိုစီးကား နောင်တော်ထံသို့ ရှေးရှုသွားသည်။

ပရိသတ်တို့လည်း ကြောက်လန့်တကြားဖြစ်၍ တိမ်းရှောင်ပြေးကြရာ သုဒဿန တစ်ပါးတည်း ကျန်ရစ်သည်။ ထိုအခါ ဘူရိဒတ်သည် နောင်တော်၏ ခြေဖမိုး၌ သီးခေါင်းတင်၍ ငိုသည်။ သုဒဿနလည်း ငိုသည်။

ထိုအချင်းအရာကို အလမ္ပာယ်သမား မြင်လျှင် ရှင်ရသေ့အား နဂါးကပေါက်လိုက်သည်ဟု ထင်မှတ်၍ နဂါးဆိပ်ကျအောင် မန္တာန်ဖြင့် ကုမည်ဟုဆိုသည်။ ထိုအခါ သုဒဿနက မိမိအား ကုရန်မလို မိမိထက်တတ်သော မြွေသမား မည်သည်မရှိဟု ဆိုရာမှစ၍ အလမ္ပာယ်ပုဏ္ဏားနှင့် သုဒဿနတို့ ပညာစွမ်းပြိုင်ကြသည်။

သုဒဿနသည် အဇမုခီဖားငယ်၏ အကူအညီဖြင့် မိမိတို့၏ တန်ခိုးကို ပြလေသော် အလမ္ပာယ်သမား ရှုံး၍ တကိုယ်လုံး နူသွားသဖြင့် ကြောက်ရွံ့ထိပ်လန့်ကာ ဘူရိဒတ်နဂါးမင်းအား လွှတ်ရလေသည်။ ထိုအခါမှ ဘူရိဒတ်၊ သုဒဿနနှင့် အဇမုခီတို့သည် မိမိတို့၏ အဖြစ်မှန်ကို ဖော်ပြကြသဖြင့် ဗာရာဏသီမင်းလည်း မိမိ၏ တူတော်များဖြစ်ကြောင်းကို သိရှိရသည်။

ထိုနောက် တောထွက်၍ ရသေ့ပြုကာ တရားအားထုတ်လျက် ရှိနေသော ဗာရာဏသီမင်းကြီးဟောင်း ဘူရိဒတ်တို့၏ ဘိုးတော်ထံ သွားရောက် ကန်တော့ကြရန် အချိန်းအချက်ပြုကြပြီးသော် ဘူရိဒတ်တို့သည် နဂါးပြည်သို့ ပြန်ခဲ့ကြလေသည်။

ထိုအချိန်တွင် ဟိမဝန္တာ၌ ဘူရိဒတ်ကို ရှာဖွေသော သုဘောဂနဂါးမင်းသည် ကျေးဇူးသစ္စာမဲ့သော နေသာဒ ပုဏ္ဏားကို တွေ့သဖြင့် နဂါးပြည်သို့ ယူဆောင်ခဲ့သည်။ အပန်းဖြေလျက်ရှိသော ဘူရိဒတ်၏ အိပ်ဆောင်တံခါးဝတွင် စောင့်ရှောက်လျက်ရှိသော ကာဏရိဋ္ဌသည် ယခင်ဘဝက ပုဏ္ဏားဖြစ်ခဲ့ဖူးသဖြင့် နေသာဒကို မြင်လျှင် ပုဏ္ဏားတို့သည် ဗြဟ္မာမင်း၏ သားဖြစ်၍ မညှဉ်းဆဲအပ် ညှဉ်းဆဲသော် ဗြဟ္မာမင်းအမျက်ထွက်၍ နဂါးပြည်အလုံး ပျက်စီးလတ္တံ့။

ပုဏ္ဏားတို့သည် မြင့်မြတ်သည်။ ယဇ်ပူဇော်ခြင်းကို ပြုသည်။ ယဇ်ပူဇော်ခြင်းသည် ကျေးဇူးကြီးမားလှသည်ဟူ၍ ယဇ်ပူဇော်ခြင်း၏ အကျိုးရှိပုံတို့ကို ထုတ်ဖော်ချီးကျူးသည်။ ထိုအခါ ဘူရိဒတ်အား လာရောက်ဖူးမြင် ကန်တော့ကြသော နဂါးပရိသတ်တို့သည် ကာဏရိဋ္ဌ၏ စကားကိုနာရလျှင် ယဇ်ပူဇော်မူဘက်သို့ စိတ်ညွှတ်ကြလေသည်။

ဘူရိဒတ်နဂါးမင်းသည် လဲလျောင်း အပန်းဖြေရာမှ ကာဏရိဋ္ဌ၏ စကားကိုကြားလျှင် နဂါးပရိသတ်ကိုလည်း သမ္မာဒိဋ္ဌိအယူကို ညွှန်ပြလိုသဖြင့် ယဇ်ပူဇော်ခြင်းမှာ မှားယွင်းပုံတို့ကို ရှင်းလင်းဟောကြား၍ နဂါးပရိသတ်တို့အား အယူမှန်ကို ရစေသည်။ နေသာဒပုဏ္ဏားအားလည်း နဂါးပြည်မှ နှင်ထုတ်စေသည်။

ဘူရိဒတ် နဂါးမင်းသည် အချိန်းအချက်ပြုသောနေ့တွင် ဘိုးတော် ဗာရာဏသီမင်းဟောင်းအား ပူဇော်ကန်တော့ရန် အခြံအရံ ပရိသတ်နှင့် သွားသည်။ မယ်တော်နှင့် နောင်တော် ညီတော်များလည်း နောက်မှ လိုက်ပါကြသည်။ သာဂရဗြဟ္မဒတ်မင်းလည်း ခမည်းတော်ထံ ဖူးမြော်ရန်လာသဖြင့် ဆွေတော်မျိုးတော်တစု ပြန်လည်တွေ့ဆုံကြရသည်။

ဘူရိဒတ်နဂါးမင်းသည် အသက်ထက်ဆုံး သီတင်းသီလ ဆောက်တည်၍ အသက်တမ်းစေ့လတ်သော် ပရိသတ်နှင့်တကွ နတ်ပြည်၌ ဖြစ်တည်ကြပြီး မယ်တော် သမုဒ္ဒဇာသည် နဂါးပြည်၌ပင် အနိစ္စရောက်ရလေ၏။
ဗုဒ္ဓရေအိုးစင်

No comments:

Post a Comment