Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 28, 2019

ျခင္ေဆးေခြမလို ! အင္မတန္ အစြမ္းထက္တဲ့ ျခင္မလာေအာင္ ကာကြယ္တဲ့ အိမ္တြင္း ေဆးနည္း


မဂၤလာပါ…ျခင္မလာေအာင္ျခင္ကာကြယ္တဲ့ေဆးနည္းကေလးေပးပါမယ္

စပါးလင္အရြက္
ေလးညႇင္းပြင့္
သံပုရာသီး
တို႔ကိုေရျမဳတ္ေအာင္ထည့္ၿပီးေရတဝက္ေရာက္ေအာင္ျပဳတ္ေပးပါ(အဖံုးအုပ္ၿပီးျပဳတ္ပါ)

စပါးလင္အရြက္ဖားဖားတပင္ေလးညႇင္းပြင့္ဆယ္ပြင့္သံပုရာသီး၃လံုးႏႈန္းသည္ေရ(ေရသန္႔ဗူးတဗူးခြဲ)ထည့္ျပဳတ္ၿပီးအရည္တလီတာနီးနီးအက်န္(ေရသန္႔ဗူးတဗူးမျပည့္တျပည့္)ေရတဝက္က်န္ကပိုေကာင္းပါသည္

ျပဳတ္ၿပီးအဖတ္ေတြကိုျခင္ေတြေပါက္ႏိုင္တဲ့ေရဝပ္ေနတတ္ေသာေနရာေမွာင္ေနတတ္ေသာေနရာေတြကိုထားလိုက္ပါ…ျပဳတ္ၿပီးအရည္မ်ားကိုျခင္ေဆးေရအျဖစ္ေရျဖန္းဗူးတြင္ထည့္ျဖန္းပါ…တပတ္ေလာက္ေတာ့အထားခံပါသည္ေရရွည္အထားခံနည္းမသိပါ
ျပဳတ္ၿပီးလွ်င္ေအးသြားပါကအရည္ႏွင့္အဖတ္မ်ားကိုသီးျခားျဖစ္ေအာင္ထားေပးပါ..
ေတာေရွာက္ခါးသီးႏွင့္လုပ္ပါကအနံ့ပိုေကာင္းပါသည္….မိမိအိမ္ပတ္ဝန္းက်င္ႏွင့္အိမ္အျပင္ဖက္တြင္ေရေျမာင္းႏွင့္အမွိုက္မ်ားကိုရွင္းလင္းေပးပါ…မိမိ၏လက္မ်ားႏွင့္တကြတကိုယ္ေရသန္႔ရွင္းေရးကိုအထူးဂ႐ုစိုက္ၾကပါ

ျခင္ကိုက္မခံပါႏွင့္သက္ႀကီးရြယ္အိုမ်ားႏွင့္ကေလးသူငယ္မ်ားေန႔မွာအိပ္အိပ္ညမွာအိပ္အိပ္ျခင္ေထာင္ႏွင့္အိပ္ပါ….ႏွာေစးေခ်ာင္းဆိုးမျဖစ္ေအာင္စပါးလင္ႏွင့္ဂ်င္းျပဳတ္ေရမ်ားေသာက္ေပးပါ…(ထန္းလ်က္/သၾကား/ပ်ားရည္)တို႔ႏွင့္တြဲေသာက္ႏိုင္ပါသည္



ကြ်န္ေတာ္လက္ေတြ႕လုပ္ၾကည့္ၿပီးျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ထိုင္ေနရင္လက္နဲ႔ဆုတ္ပက္လိုက္သလိုျခင္အံုခဲေနေသာျခင္ေတြကြ်န္ေတာ္အိမ္မွာ မျဖစ္ေတာ့ပါ

(တခါမွခ်ီးမြန္းခန္းမဖြင့္တဲ့ေမေမကေတာင္တယ္ဟုတ္ပါလားတဲ့-)

ေလးေလးဂ်စ္တူး
25-6-2019

လိုအပ္ပါကၫြန္ၾကားေပးေစလိုပါသည္

Unicode Version

မင်္ဂလာပါ…ခြင်မလာအောင်ခြင်ကာကွယ်တဲ့ဆေးနည်းကလေးပေးပါမယ်

စပါးလင်အရွက်

လေးညှင်းပွင့်

သံပုရာသီး

တို့ကိုရေမြုတ်အောင်ထည့်ပြီးရေတဝက်ရောက်အောင်ပြုတ်ပေးပါ(အဖုံးအုပ်ပြီးပြုတ်ပါ)



စပါးလင်အရွက်ဖားဖားတပင်လေးညှင်းပွင့်ဆယ်ပွင့်သံပုရာသီး၃လုံးနှုန်းသည်ရေ(ရေသန့်ဗူးတဗူးခွဲ)ထည့်ပြုတ်ပြီးအရည်တလီတာနီးနီးအကျန်(ရေသန့်ဗူးတဗူးမပြည့်တပြည့်)ရေတဝက်ကျန်ကပိုကောင်းပါသည်

ပြုတ်ပြီးအဖတ်တွေကိုခြင်တွေပေါက်နိုင်တဲ့ရေဝပ်နေတတ်သောနေရာမှောင်နေတတ်သောနေရာတွေကိုထားလိုက်ပါ…ပြုတ်ပြီးအရည်များကိုခြင်ဆေးရေအဖြစ်ရေဖြန်းဗူးတွင်ထည့်ဖြန်းပါ…တပတ်လောက်တော့အထားခံပါသည်ရေရှည်အထားခံနည်းမသိပါ
ပြုတ်ပြီးလျှင်အေးသွားပါကအရည်နှင့်အဖတ်များကိုသီးခြားဖြစ်အောင်ထားပေးပါ..



တောရှောက်ခါးသီးနှင့်လုပ်ပါကအနံ့ပိုကောင်းပါသည်….မိမိအိမ်ပတ်ဝန်းကျင်နှင့်အိမ်အပြင်ဖက်တွင်ရေမြောင်းနှင့်အမှိုက်များကိုရှင်းလင်းပေးပါ…မိမိ၏လက်များနှင့်တကွတကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုစိုက်ကြပါ

ခြင်ကိုက်မခံပါနှင့်သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များနေ့မှာအိပ်အိပ်ညမှာအိပ်အိပ်ခြင်ထောင်နှင့်အိပ်ပါ….နှာစေးချောင်းဆိုးမဖြစ်အောင်စပါးလင်နှင့်ဂျင်းပြုတ်ရေများသောက်ပေးပါ…(ထန်းလျက်/သကြား/ပျားရည်)တို့နှင့်တွဲသောက်နိုင်ပါသည်



ကျွန်တော်လက်တွေ့လုပ်ကြည့်ပြီးပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထိုင်နေရင်လက်နဲ့ဆုတ်ပက်လိုက်သလိုခြင်အုံခဲနေသောခြင်တွေကျွန်တော်အိမ်မှာ မဖြစ်တော့ပါ

(တခါမှချီးမွန်းခန်းမဖွင့်တဲ့မေမေကတောင်တယ်ဟုတ်ပါလားတဲ့-)

လေးလေးဂျစ်တူး
25-6-2019

လိုအပ်ပါကညွန်ကြားပေးစေလိုပါသည်

No comments:

Post a Comment