CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, June 3, 2019
ဘီးေပါက္လွ်င္ တိမ္းမေမွာက္ေစဖို႔ ေဆာင္ရန္/ေရွာင္ရန္ အခ်က္မ်ား
အေ၀းေျပးလမ္း မ်ားတြင္ ကားတာယာ ႐ုတ္တရက္ ပြင့္/ေပါက္ျခင္းသည္ ယာဥ္ေမာင္းမ်ားအတြက္ အသက္ အႏၲရာယ္မ်ားဆုံး မေတာ္တဆျဖစ္ရပ္မ်ားတြင္ တစ္ခုအပါအ၀င္ျဖစ္ပါသည္။ HILUX SURF, PRADO, LAND CRUISER စေသာ 4×4 SUV အျမင့္ကားမ်ားအတြက္ အဆိုပါတာယာပြင့္ျခင္းမ်ား ပို၍ဆုိးပါသည္။ အျခားကား မ်ား တာယာပြင့္လွ်င္ ထိန္း၍ရႏိုင္ေသာလည္း 4×4 SUV အျမင့္ကားမ်ား တာယာပြင့္လွ်င္ တိမ္းေမွာက္ရန္ ၉၀% ေသခ်ာသည္။
ယခုေခတ္ အဆင့္ျမင့္ နည္းပညာမ်ားေၾကာင့္ တာယာပြင့္ထြက္မႈ အႀကိမ္ေရေလ်ာ့နည္း လာေသာ္လည္း ယာဥ္ေမာင္းမ်ား၏ အသက္အႏၲရာယ္ကို ခ်ိန္းေျခာက္ဆဲျဖစ္သည္။ ထို႔ေၾကာင့္ “႐ုတ္တရက္ တာယာ ပြင့္ခဲ့လွ်င္´´ေဆာင္ရြက္ရန္ ေအာက္ပါအခ်က္(၆)ခ်က္ကို အႀကံျပဳအပ္ပါသည္။
၁။ (အေကာင္းဆုံးစည္းကမ္း) စိတ္ခ်ရေသာ သတ္မွတ္အရွိန္ႏႈန္းေအာက္တြင္သာ ေမာင္းႏွင္ပါ။
တာယာ ပြင့္စဥ္ အရွိန္ေလ်ာ့နည္းေလ သင့္အသက္ရွင္ရန္ အခြင့္အလမ္းမ်ားေလ ျဖစ္သည္။ 80 မွ 90 km/h ႏွင့္ 120 မွ 140 km/h အရွိန္ႏႈန္းႏွစ္ခုအနက္ အေသအေပ်ာက္အခ်ဳိးမွာ (၁း၁၀) ျဖစ္ပါသည္။ 130km/h အရွိန္ႏွင့္ ေမာင္းစဥ္ တာယာပြင့္၍ သင္ဘာမွမျဖစ္လွ်င္ မဟာကံထူးရွင္ျဖစ္သည္။
၂။ တာယာ ပြင့္စဥ္ ဘရိတ္႐ုတ္တရက္မနင္းရ။
အေျပာလြယ္သေလာက္ အလုပ္ခက္ပါသည္။ ယာဥ္ေမာင္း၏အေလ့အထႏွင့္ ဦးေႏွာက္အယူအဆအရ ကား ႐ုတ္တရက္ တစ္ခုခုခ်ဳိ႕ယြင္းသည္ႏွင့္ ဘရိတ္အုပ္မိတတ္ၾကပါသည္။ ကားတာယာပြင့္၍ ထိန္းသိမ္းရခက္ေနစဥ္ ႐ုတ္တရက္ ဘရိတ္အုပ္ျခင္းသည္ ပိုမို၍ ထိန္းရခက္ေစၿပီး တဘက္သို႕ ဆြဲခ်သြားလိမ့္မည္။
၃။ ႐ုတ္တရက္အရွိန္ျမႇင့္ေျခနင္း(လီဗာ)ကိုမလႊတ္ရ။
ကားတာယာ ပြင့္စဥ္ မိမိနင္းထားေသာ လီဗာကို ႐ုတ္တရက္ မလြတ္ဘဲ ေျဖးညင္းစြာေလွ်ာ့ခ်ရန္ ျဖစ္ပါသည္။ လီဗာကို (၃)စကၠန္႔ခန္႔ ယခင္အတိုင္း ဆက္နင္းထားၿပီးမွ ျဖည္းျဖည္းေလွ်ာ့ခ်ပါ။ ပြင့္ေနေသာ တာယာေခြ ၏ ဆြဲအားေၾကာင့္ ကားမွာလည္း အလိုလိုအရွိန္ေလ်ာ့သြားမည္ ျဖစ္ပါသည္။ သင့္ကား၏ CRUISE CONTROL (အလိုအေလ်ာက္ေမာင္းစနစ္) ခလုတ္ဖြင့္ထားလွ်င္ အျမန္ပိတ္ပါ။
၄။ ေရွ႕တည့္တည့္သြားရန္ အေကာင္းဆုံး ႀကိဳးစားထိန္းပါ။
ေရွ႕ကားဘီးပြင့္ပါက သင့္ကား ၏ တည္ၿငိမ္မႈ ကို အျပင္းထိန္ဆုံး ထိခိုက္မည္ျဖစ္ရာ သင့္ကား၏ ၀ဲ/ယာသို႕ ဆြဲခ်မည္ျဖစ္သည္။ `၀ဲ´သို႕ဆြဲလွ်င္ `ယာ´ဘက္သို႕ စတီယာရင္ ခ်ဳိးခ်ပါ။ `ယာ´သို႕ဆြဲလွ်င္ `၀ဲ´ဘက္ ခ်ဳိးခ် ပါ။ ဤအလုပ္ကို လ်င္ျမန္စြာႏွင့္ ရဲရင့္စြာလုပ္ရန္လိုပါသည္။ သို႕မွသာ ကား မွာ လမ္း အတိုင္း တည့္တည့္ တရြတ္တိုက္ ေရြ႕မည္ျဖစ္သည္။
၅။ ေသြးမပ်က္ဘဲ တည္ၿငိမ္စြာထိန္းရန္
အဓိကအခ်က္ျဖစ္ေသာ ကား ၏တည္ၿငိမ္မႈ၊ တည့္တည့္သြားမႈသည္ အေရးႀကီးပါသည္။ ႐ုတ္တရက္ အမ်ားႀကီး စတီယာရင္ခ်ဳိးေကြ႕မႈသည္ ကား ကို တိမ္းေမွာက္ၿပီး၊ သုံး/ေလးပတ္လိမ့္ေစႏိုင္သည္။ ကား ကိုထိန္းခ်ဳပ္ႏုိင္သည္အထိ စတီယာရင္ကို လိုသလိုထိန္းညႇိ၍ စိတ္ခ်ေသာေနရာတြင္ ရပ္ရန္ျဖစ္ပါသည္။
၆။ ကား အရွိန္ေလ်ာ့လာၿပီး စိတ္ခ်စြာရပ္နည္း
ကား ကို ပထမအဆင့္ထိန္း၍ ရၿပီဆိုလွ်င္ ဂီယာေဒါင္း၍ အရွိန္ေလွ်ာ့ပါ။ (Auto Gear ဆိုလွ်င္ 2/L သို႕ ဆြဲခ်ပါ)။ အခ်က္ျပမီးျပၿပီး အျမန္လမ္းေပၚမွ ေဘးေျမသားေပၚသို႕ဆင္းပါ။ တာယာ ကၽြတ္သြား၍ က်န္ေသာ ကားဘီးေခြကို မႏွေျမာပါႏွင့္ ဒီတိုင္းဆက္ေမာင္းပါ။ ကား ရပ္သြားလွ်င္ စုံအခ်က္ျပမီး (Hazard Light) ဆက္ဖြင့္ထားပါ။
Kyaw Thu Ya
#Unicode Version# ျဖင့္ဖတ္ပါ ။
အဝေးပြေးလမ်း များတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက် အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကား များ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။
ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် “ရုတ်တရက် တာယာ ပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။
၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။
တာယာ ပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။
၂။ တာယာ ပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ။
အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကား ရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။ ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။
၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ။
ကားတာယာ ပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။
၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ။
ရှေ့ကားဘီးပွင့်ပါက သင့်ကား ၏ တည်ငြိမ်မှု ကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ဝဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။ `ဝဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `ဝဲ´ဘက် ချိုးချ ပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။ သို့မှသာ ကား မှာ လမ်း အတိုင်း တည့်တည့် တရွတ်တိုက် ရွေ့မည်ဖြစ်သည်။
၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန်
အဓိကအချက်ဖြစ်သော ကား ၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကား ကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကား ကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။
၆။ ကား အရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း
ကား ကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။ အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာ ကျွတ်သွား၍ ကျန်သော ကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။ ကား ရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။
Kyaw Thu Ya
ဘီးေပါက္လွ်င္ တိမ္းမေမွာက္ေစဖို႔ ေဆာင္ရန္/ေရွာင္ရန္ အခ်က္မ်ား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 03, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 03, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment