Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 19, 2019
၁၉.၆.၂၀၁၉ မှ ၂၅.၆.၂၀၁၉ အထိ တစ်ပတ်စာ ဟောစာတမ်း
တနင်္ဂနွေသားသမီး
တနင်္လာသားသမီးများ
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီးများ
သောကြာသားသမီး
စနေသားသမီးများ
santhitsa
# Unicode Version # ဖြင့် ဖတ်ပါ #
တနင်္ဂနွေသားသမီး
ဒီအချိန်မှာလူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်နေရတတ်ပါသည်။ အလုပ်အကိုင်အကြံအစည်နှင့်ပတ်သက်ပြီး အလွဲလွဲအချော်ချော်တို့ဖြစ်နေတတ်ပါသည်။ လုပ်ငန်းခွင်တွင်မည်သို့မျှပင် ကြိုးစားလုပ်ကိုင်သော်လည်း မျက်နှာမရဘဲဖြစ်တတ်ပါသည်။ သူတစ်ပါးတို့၏ပြစ်တင်ပြောဆိုခြင်းတို့ကိုခံရတတ်ပါသည်။
ငွေကြေးနှင့်ပတ်သက်၍သော်လည်းကောင်း၊ အလုပ်အကိုင်နှင့်ပတ်သက်၍သော်လည်းကောင်း၊ သူတစ်ပါးထံမှအကူအညီမျှော်လင့်ထားပါက အကူအညီမရ ဘဲ ကူရာကယ်ရာမဲ့နေတတ်ပါသည်။ မျက်နှာငယ်ရတတ်သည့်အချိန်လည်းဖြစ်ပါသည်။ အိမ်တွင်းရေးကြောင့် စိတ်ညစ်ရတတ်ပါသည်။ အိမ်ထောင်ရေးတွင် အဆင်မပြေဖြစ်တတ်ပါသည်။ အချစ်ရေးကံခေတတ်ပါသည်။ စိတ်မကောင်းစွာဖြင့်ပြောဆိုရမည်ဆိုပါက သင့်အတွက်ဘာလုပ်လုပ်အရာမထင်မအောင်မမြင် ဖြစ်သောကာလတစ်ခုဖြစ်ပါသည်။
ကျန်းမာရေးညံ့တတ်ပါသည်။ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ချွေးထွက်များခြင်း၊ ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း၊ ြ<ွကက်သား များနာကျင်တောင့်တင်းခြင်းတို့ဖြစ်တတ်ပါသည်။ ယတြာ- အိမ်ဘုရားမှာဖယောင်းတိုင်(၆)တိုင်ထွန်းညှိပူဇော်၍ အညံ့အခိုက်များကြေပြီးကံကောင်းစေရန်အတွက်ဆုတောင်းလိုက်ပါလေ။
တနင်္လာသားသမီးများ
ငွေအကုန်အကျများနေရတတ်ပါသည်။ စီးပွားရေးလုပ်ငန်းများတွင် အထစ်အငေ့ါတို့ကြုံရတတ်ပါသည်။ ပိုက်ဆံပျောက်တတ်ပါသည်။ ပိုက်ဆံဆုံး တတ်သည်။ ငွေကြေးကိစ္စကြောင့်လည်းစကားများရတတ်ပါသည်။ ဤအချိန်သည်ငွေနှင့်ပတ်သက်၍ စိတ်မချရသည့်အချိန်ဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် အလုပ်မကြိုးစားသောသူများကြောင့် စိတ်အနှောက်အယှက်တွေ့ရတတ်သည်။ ရေလမ်းခရီးသွားရန်အစီအစဉ်ရှိပါက အန္တရာယ်တွေ့တတ်သောကြောင့် သတိထားပြီးသွားလာပါ။
ငွေကြေးရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ရမည့်အလုပ်၊ စပ်တူရှယ်ယာငွေထည့်ဝင်ခြင်းတို့လုံးဝမလုပ်ပါနှင့်။ အကျိုးမပေးပါ။ ရေထွက်ကုန် ပစ္စည်းဖြင့် စီးပွားရှာနေကြရသည့်သူများ အခက်အခဲတွေ့တတ်ပါသည်။ မိန်းမတစ်ယောက်ကြောင့် စိတ်အနှောက်အယှက်တွေ့ရတတ်ပါသည်။ အပျော်အပါး၊ အသောက်အစားကိစ္စအတွက်စိတ်အားထက်သန်နေတတ်ပါသည်။
အပေါင်းအသင်းကလည်း အပျော်အပါးကိစ္စအတွက်မြှူဆွယ်တတ်ပါသည်။ လောင်းကစားလုပ်လျှင်အရှုံးနှင့်ရင်ဆိုင်ရတတ်ပါသည်။ အိမ်ထောင်ရေးတွင်တစ်ဦးနှင့်တစ်ဦး မယုံသင်္ကာဖြစ်တတ်ပါသည်။ သံသယဝင်နေတတ်ပါသည်။ ချစ်သူ၏လိမ်လည်လှည့်ဖြားခြင်းကိုခံရတတ်ပါသည်။
ကျန်းမာရေး- သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်းစသည့်သွေးနှင့်ဆိုင်သည့် ရောဂါဝေဒနာတို့ ခံစားရတတ်ပါသည်။
ယတြာ- အိမ်ဘုရားတွင်ကော်ဖီတစ်ခွက်ကပ်လှူပြီး ဆုတောင်းလိုက်ပါလေ။
အင်္ဂါသားသမီးများ
တစ်စုံတစ်ယောက်ထံမှ အကြံÓဏ်ကောင်း၊ အကူအညီကောင်းရရှိတတ်ပါသည်။ ဤအချိန်တွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်ပြီး အခက်အခဲ ပြဿနာများရှိနေတတ်သော်လည်းကျော်လွှားနိုင်ပါလိမ့်မည်။ ငွေကြေးကိစ္စကြောင့် စိတ်ညစ်နေရတတ်ပါသည်။ သို့သော်အကူအညီရလာပါလိမ့်မည်။ ညအိပ် ခရီးထွက်စရာကိစ္စကြုံလာတတ်ပါသည်။ အိမ်တွင်အသုံးပြုမည့် မီးလုံး၊ မီးချောင်းတို့ကျွမ်းသွားတတ်ပါသည်။ သို့မဟုတ်လင်းလိုက်၊ မှိန်လိုက်ဖြင့် လွတ်တတ်ပါ သည်။
ဆရာသမား(သို့မဟုတ်) ကြီးကဲသောပုဂ္ဂိုလ်များထံမှ ကူညီမစခြင်းကိုခံရတတ်ပါသည်။ အရောင်းအဝယ်လုပ်ငန်းတို့တုံ့နှေးနေတတ်ပါသည်။ အရောင်း မသွက်ဘဲဖြစ်နေတတ်ပါသည်။ လုပ်ငန်းသစ်စတင်လုပ်ကိုင်မည့်သူအိုးပြောင်း၊ အိမ်ပြောင်းနေရာပြောင်း၊ အလုပ်ပြောင်းရန်အကြံအစည်ရှိသူတို့ အချိန်နှောင့် နှေးပြီးမှဖြစ်တတ်ပါသည်။
ကျန်းမာရေး – မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ဖြစ်တတ်ပါသည်။
ယတြာ- အိမ်ဘုရားတွင် ဆီမီးခွက်တစ်ခွက်ထွန်းလှူပူဇော်ပြီး အလိုရှိရာကိုဆုတောင်းလိုက် ပါလေ။
ဗုဒ္ဓဟူးသားသမီးများ
စွန့်စားလုပ်ကိုင်ရမည့် စီးပွားရေးအလုပ်အကိုင်တို့ မလုပ်သင့်သည့်ကာလဖြစ်ပါသည်။ ဆန္ဒစောပြီးလုပ်ကိုင်ပါက မည်သည့်ကိစ္စမဆို အဆင်မပြေ ဖြစ်တတ်ပါသည်။ စကားပြောမှားတတ်ပါသည်။ လုပ်ငန်းခွင်တွင် မထင်မှတ်သည့်ပြဿနာမပေါ်တတ်ပါသည်။ အလိုမကျစရာကိစ္စတို့ကြုံတွေ့ရတတ်ပါသည်။ ပြိုင်ဆိုင်မည့်သူပေါ်လာခြင်း၊ ပြိုင်ဘက်တို့ကြုံတွေ့ရခြင်းတို့ဖြစ်တတ်ပါသည်။ လေကြောင်းခရီးသွားရန်ရည်ရွယ်ထားသူတို့ မူလအစီအစဉ်ပျက်ပြီးမှ သွားရတတ် ပါသည်။ မိတ်ဆွေအပေါင်းအသင်းတို့တို့ဒုက္ဓပေးတတ်ပါသည်။
မိမိကိုအပြစ်တင်ကဲ့ရဲ့မည့်သူပေါ်လာတတ်ပါသည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွင် အတွင်း ကြိတ်အပူတို့ ကြုံတွေ့ရတတ်ပါသည်။ အချစ်ရေးတွင် တစ်ယောက်နှင့်တစ်ယောက်အမြင်မတူဘဲညှိနှိုင်းရခက်ခဲနေတတ်ပါသည်။ ဤအချိန်တွင် သူတစ်ပါး ပြဿနာများ၌ ကြားဝင်မိပါက ဓါးခုတ်ရာလက်ဝင်ရှိသကဲ့သို့ ဖြစ်သွားတတ်ပါသည်။
ကျန်းမာရေး- ပင်ပန်းနွယ်နယ်မှုဖြစ်တတ်ပါသည်။
ယတြာ- သံဃာတော်တစ်ပါးကိုဖယောင်းတိုင်(၃)ထုပ်လှူတန်း၍ဆုတောင်းပါလေ။
ကြာသပတေးသားသမီးများ
ငွေဝင်မည့် စီးပွားလာဘ်လာဘများပွင့်လန်းလာတတ်ပါသည်။ အမျိုးသမီးတစ်ယောက်ထံမှ အကူအညီရတတ်ခြင်း၊ အကြံÓဏ်ကောင်းရခြင်း ဖြစ်တတ်ပါသည်။ အလုပ်အကိုင်၊ အကြံအစည်တို့အောင်မြင်ပါလိမ့်မည်။ လူချစ်လူခင်များခြင်း၊ လူအထင်ကြီးခံရခြင်းတို့ဖြစ်တတ်ပါသည်။ အပျော်အပါးကိစ္စကို ရှောင်ပါ။ မရှောင်လျှင်လာဘ်ပိတ်တတ်ပါသည်။ လုပ်ငန်းသစ်၊ စီးပွားရေးအလုပ်အကိုင်သစ်စတင်မည့်သူတို့အကျိုးပေးပါသည်။ အလုပ်နေရာပြောင်းခြင်း၊ ကုမ္ပဏီရုံးခန်းပြောင်းခြင်း၊ အိမ်ပြောင်းခြင်းတို့အတွက်ကောင်းပါသည်။ အလုပ်မှာရာထူးတိုးတတ်ပါသည်။ သို့မဟုတ်မျက်နှာသာပေးခံရခြင်း၊ အခွင့်အရေးရရှိ ခြင်းတို့ဖြစ်မည်။ မထင်မှတ်ဘဲငွေအလုံးအရင်းလိုက်ရတတ်သည်မှာ ဤကာလမျိုးဖြစ်တတ်ပါသည်။ နာမည်ဂုဏ်သတင်းလည်းကြီးတတ်ပါသည်။ အိမ်ထောင် ရေးသာယာပါလိမ့်မည်။ ချစ်သူမရှိသေးလျှင်ချစ်သူရတတ်သည်။ ချစ်သူရှိပြီးသူတို့မျက်နှာများတတ်ပါသည်။
ကျန်းမာရေး- မကျန်းမမာဖြစ်နေသူများပင်လျှင် နာလန်ပြန်ထလာတတ်ပါသည်။
ယတြာ- အဝါရောင်ရှိသည့် ဂန္ဓမာပန်း(၃)ပွင့်ကို ဖန်ခွက်ဖြင့် ထည့်၍ ကပ်လှူပူဇော်ပြီးအလိုရှိရာကိုဆုတောင်းလိုက်ပါလေ။
သောကြာသားသမီး
သင်မျှော်လင့်ထားသောအရာများ သင့်ထံသို့ရောက်ရှိလာပါတော့မည်။ စီးပွားလာဘ်လာဘများဖွံ့ဖြိုးတိုးတက်ပါလိမ့်မည်။ ရွှေထည်လက်ဝတ် ရတနာဝယ်ယူရန်ရည်ရွယ်ထားသူများ အကြံအစည်အောင်မြင်ပါလိမ့်မည်။ ရွှေဝင်ခြင်း၊ ရတနာပစ္စည်းဝင်လာခြင်းတို့ဖြစ်တတ်ပါသည်။ သတင်းကောင်းကြား သိရပါလိမ့်မည်။ မရတော့ဘူးဟုထင်ထားသည့်ငွေ၊ ဆုံးသလိုဖြစ်နေသည့် အြေ<ွကးရလာတတ်ပါသည်။
အိမ်ထောင်ပရိဘောဂပစ္စည်းဝင်ခြင်း၊ ဇိမ်ခံစက်ပစ္စည်း ဝင်လာခြင်းတို့ဖြစ်တတ်ပါသည်။ အခက်အခဲရှိနေပါက မထင်မှတ်သည့်အကူအညီကိုရတတ်ပါသည်။ အချစ်တော်အိမ်မွေးတိရစ္ဆာန်တို့အတွက်ဂုဏ်ယူရတတ် ပါသည်။ အိမ်မွေးတိရစ္ဆာန်လည်းဝင်လာတတ်ပါသည်။ ငွေအလုံးအရင်းလိုက်လည်းရတတ်ပါသည်။ စိတ်ချမ်းသာစရာ၊ ပျော်ရွှင်ဖွယ်ရာများ ပိုင်ဆိုင်ရတတ်သည့် ကာလဖြစ်ပါသည်။ မိသားစုအတွင်းမှာ ပျော်ရွှင်ရခြင်း၊ စိတ်ချမ်းသာရခြင်း၊ စိတ်ချမ်းသာစရာများပေါ်ပေါက်လာခြင်းတို့ဖြစ်တတ်ပါသည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးသာယာပါလိမ့်မည်။ အချစ်ရေးနှင့်ပတ်သက်ပြီး ဝမ်းမြောက်ဖွယ်ရာကြုံတွေ့ရတတ်ပါသည်။ ကျန်းမာရေး- လက်တစ်ဖက်နာကျင်ကိုက်ခဲတတ်ပါသည်။
ယတြာ- အိမ်ဘုရားတွင် ပန်းကိုးပွင့်ကပ်လှူပူဇော်ပြီး အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။
စနေသားသမီးများ
နာမည်ကောင်းရတတ်ခြင်း၊ လူအများချီးမွမ်းခံရခြင်းဖြစ်တတ်ပါသည်။ လုပ်ငန်းခွင်တွင် အလုပ်ရှင်၊ အကြီးအကဲပုဂ္ဂိုလ်တို့၏ မျက်နှာသာပေးခြင်းကို ရရှိတတ်ပါသည်။ ငွေကြေးနှင့်ပတ်သက်ပြီးကံကောင်းနေတတ်ပါသည်။ အိုးအိမ်နေရာပြောင်းရွှေ့ခြင်း၊ အဆောက်အဦးအသစ်ဆောက်လုပ်ခြင်း၊ အိမ်အသစ် ဆောက်ခြင်းတို့အတွက်ကောင်းပါသည်။ မိတ်ဆွေဟောင်းတို့နှင့် သွားရင်းလာရင်းဆုံတွေ့ရတတ်ပါသည်။ မိတ်ဆွေဟောင်းတို့၏အကြောင်းကိုလည်းကြားရ တတ်ပါသည်။ လုပ်ငန်းများအောင်မြင်ပါလိမ့်မည်။ အနုပညာလုပ်ငန်းလုပ်ကိုင်သူတို့အတွက် အကျိုးပေးသည့်အချိန်ဖြစ်ပါသည်။ အိမ်ကိုဧည့်သည်ရောက်လာ တတ်ပါသည်။ စားကောင်းသောက်ဖွယ်ရာများ မိသားစုနှင့်အတူစားသောက်ရတတ်ပါသည်။ ထစ်ငေ့ါနေသည့်အလုပ်ကိစ္စတို့ အလိုအလျှောက်အဆင်ပြေသွား ပါလိမ့်မည်။ အဆင်မပြေဖြစ်နေသည့် အိမ်ထောင်ရေး၊ အချစ်ရေးတို့ ပြန်လည်အဆင်ပြေသွားတတ်ပါသည်။ မိမိကိုအကောင်းမမြင်သူများ၊ အကောင်မြင်လာ တတ်ပါသည်။
ကျန်းမာရေး- ပေါင်ြ<ွကက်သားတောင့်တင်းနာကျင်ခြင်းတို့ဖြစ်တတ်ပါသည်။
ယတြာ- အိမ်ဘုရားတွင် ပန်းလေးပွင့်ကိုကပ်လှူပူဇော်ပြီး အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။
santhitsa
No comments:
Post a Comment