Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 20, 2019

နေ့ခင်းကြောင်တောင် ဆိုင်ထဲဝင်ပြီး ရက်ရက်စက်စက်သတ်သွားတဲ့ သာကေတလူသတ်မှု CCTV မှတ်တမ်းထွက်ပေါ်


နေ့ခင်းကြောင်တောင် ဆိုင်ထဲဝင်ပြီး ရက်ရက်စက်စက်သတ်သွားတဲ့ သာကေတလူသတ်မှု CCTV မှတ်တမ်းထွက်ပေါ်
သာကေတ ရှုခင်းသာအိမ်ရာမှာ ဆန်ဆိုင်ရှင် အမျိုးသမီးကို ရိုက်သတ်ပြီးပစ္စည်းလုသွားသည့်အမှု CCTV မှတ်တမ်းနှင့်တကွ
လူသတ်တရားခံဖမ်းမမိသေးပါသဖြင့် ဒီစာကို ထပ်မံမျှဝေပြီး တင်လိုက်ရခြင်းဖြစ်ပါသည်။
Share ပေးခြင်းဖြင့် ကူညီပေးကြပါ ခင်ဗျာ
Post by – Ko Petre

ကျွန်တော်နှင့်ဇနီး မမိုးသီတာတို့သည် အိမ်ထောင်သက် ၁၃နှစ်အတွင်း ပင်ပန်းဆင်းရဲစွာ ရိုးရိုးသားသား ရုန်းကန်ရှာဖွေရပ်တည် နေထိုင်ခဲ့ရ ပါသည်။
ဒုက္ခဆင်းရဲမျိုးစုံကိုလည်း ရိုးရှင်းစွာဖြတ်သန်းခဲ့ပါသည်။ မည်သူ့ကိုမှ လည်းဒုက္ခမပေးခဲ့ပါဘူး။ ထမင်းစားဖို့မရှိရင်တောင် လင်မယားနှစ်ယောက် ဘယ်သူမှမသိအောင် မုန့်တခုကို နှစ်ယောက် မျှစားပြီးရေသောက် အဲ့ဒီလိုဖြတ်သန်းလာခဲ့ရတယ်။
ဒီလိုနဲ့ကြိုးစားရုန်းကန်ရင်း. ဇနီးဖြစ်သူရဲ့အစားအသောက်၊အလှအပ၊အ၀တ်အထည်မှအစ အရာအားလုံးကို ဘေးဖယ်၍ အနစ်နာခံ စုတ်စုတ် ပျက်ပျက်ပင်ပန်းဆင်းရဲကြီးစွာ နေထိုင်ပြီး ရည်မှန်းချက် ပန်းတိုင်ရောက်အောင်ကြိုးစားစုဆောင်း၍ ဆန်နှင့်ကုန်စုံဆိုင်လေး တည်နိုင်ခဲ့ပါသည်။
သူ့ရဲ့မျော်လင့်ချက် ရောင်နီလေးစမြင်ရုံရှိသေး …စိတ်ကူးယဉ် ပျော်ရွှင်နေတဲ့အချိန် 18.3.2019 နေ့လည်(1:00 )ရီခန့်တွင် ဈေးဆိုင်၌ ၀ယ်သူရှင်း၍ အိပ်ပျော်နေစဉ် သွေးအေးလူသတ်သမား၏ သတ်ဖြတ် ပစ္စည်းလုယူခြင်းခံခဲ့ရပါသည် ။

ယနေ့ဆိုရင်2လပြည့်ခဲ့ပါပြီ။ တရားခံ၏ အစအနပင် မသိရှိရသေးပါ။တရားခံသည် အမှုကျူးလွန်ရန် ရည်ရွယ်ချက်ရှိရှိ စတင်လာရောက်ရာ လမ်းတလျောက်နှင့် ပြန်ထွက်ခွာရာ လမ်းတလျောက်ကို CCTV မှတ်တမ်းတွင်တွေ့ရှိရပါသည်။

တရားခံကိုအမြန်ဆုံးဖမ်းမိနိုင်ရန် လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းအားလုံး ရှယ်ပေးကြပါခင်ဗျာ။ ကျွန်တော့်ဇနီးလို နောက်တဦးတယောက်ရဲ့ အလှည့်ရောက်လာမှာ ကိုလည်း စိုးရိမ်မိပါသည်။ အကူအညီပေးနိုင်သူများအားလုံးကလည်း ကူညီပေးစေချင်ပါသည်ခင်ဗျာ။

နှစ်ယောက်ပေါင်းရပ်တည်ခဲ့ရတဲ့ ဘ၀တခုယိုင်လဲပြိုပျက်ခဲ့ရပါပြီ။
မိန်းခလေးတယောက်အိပ်ပျော်နေချိန်လုပ်ရဲတဲ့ ဇ၊စိတ်ဓာတ်၊ဉီးနှောက်၊ စရိုက်.ရှိတဲ့ ရက်စက်ယုတ်မာတဲ့ တရားခံတွေ အမြန်ဆုံး ဖမ်းဆီးရမိနိုင်ပါစေ။






CCTV မှတ်တမ်း

No comments:

Post a Comment