Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 10, 2019

ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ ပြောပြချက်အရ …မုဒိန်းပြုကျင့်မှုပေါ်ပေါက်( ရုပ်သံ )














Unicode Version

ဦးလေးအရင်းဖြစ်သူက ၅ နှစ်အရွယ် တူမအရင်းဖြစ်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွားရာ ဆေးရုံသို့တင်ပို့ကုသနေရ

Video



ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဒ/၁၇ ရပ်ကွက်အပိုင်း(၃) ပန်းခြံ(၅)လမ်း အမှတ်မရှိ(ကျူး)နေထိုင်သူနိုင်လင်းသူ(၁၉)နှစ်မှ တစ်အိမ်ထဲအတူနေထိုင်သောတူမအရင်းဖြစ်သူ မလှယဉ်ထွေး(၅)နှစ် သမီးအားအဓမ္မပြုကျင့်ခဲ့ရာ လှယဉ်ထွေး၏ မိန်းမကိုယ်မှနာကျင်ကိုက်ခဲ၍ အောင့်သည်ဟုဆိုကာ

အဖိုး အဖွားဖြစ်သူမှ ဆေးရုံသို့ တင်ပို့ကုသစဉ် ပတ်ဝန်းကျင်၏သတင်းစကားများ နှင့် မျက်မြင်သက်သေဖြစ်သောမလှယဉ်ထွေး ၏ အမဖြစ်သူ မနှင်းဝေခိုင်(၇)နှစ်သမီး၏ ပြောကြားမှုမှ တဆင့် သက်ငယ်မဒိန်းပြုကျင့်မှုပေါ်ပေါက်ခဲ့သည်။

၁၀.၅.၂၀၁၉ ရက်နေ့ မနက်(၉)နာရီအချိန်ခန့်တွင် ဒ/၁၇ ရပ်ကွက် အပိုင်း(၃)အပိုင်ရာအိမ်မှူး ကိုဘန်တို မှတဆင့် ပတ်ဝန်းကျင်သတင်းစကားများဖြင့် သက်ငယ်မဒိန်းမှုတစ်ခု ဖြစ်ပွားထားကြောင်း သတင်းပေးချက်အရ ဒ/၁၇ အုပ်ချုပ်ရေးမှူးဦးသက်တင် အပိုင်ရာအိမ်မှူး ကိုဘန်တိုနှင့်အတူ

ရှုထောင့်(SH)မှုခင်းနှင့်သတင်းအဖွဲ့ အမှန်တရားချစ်မြတ်နိုးသူများအသင်း(အမှန်တရားကူညီမှုပရဟိတ)အဖွဲ့မှ မြို့နယ်ဥက္ကဌဦးကိုကိုခိုင် နှင့် အဖွဲ့ဝင်များဖြစ်သော ဦးကြည်ဝင်း ဦးမြင့်စိုး ဦးဖိုးခွား ဒ/၁၇ရပ်ကွက် ရာအိမ်မှူး/ဆယ်အိမ်မှူးများမှ လှော်ကားနယ်မြေရဲစခန်းသို့ သွားရောက် သတင်းပို့ တိုင်ကြားခဲ့သည်။



ဖြစ်စဉ်မှာ မလှယဉ်ထွေး(၅)နှစ် သမီးသည်၎င်း၏ မိဘများမှာ ကွဲကွာနေပြီး မိခင်ဘက်မှ တော်စပ်သော အဖိုးဖြစ်သူဦးစံညွန့် အဖွားဖြစ်သူဒေါ်အေးမြင့် တို့၏ နေအိမ်တွင် ဦးလေးဖြစ်သူ နိုင်လင်းသူ(၁၉)နှစ် နှင့်အတူ မောင်နှမများဖြစ်ကြသော အကိုဖြစ်သူမောင်ဇင်မျိုးအောင်(၉)နှစ်/ အမဖြစ်သူ မနှင်းဝေခိုင်(၇)နှစ် တို့နှင့်အတူ မိသားစု(၆)ဦး နေထိုင်ခဲ့ကြသည်။

ထိုသို့နေထိုင်စဉ် မလှယဉ်ထွေး၏ မိန်းမကိုယ်မှ ဆီးသွားတိုင်း နာကျင်ကိုက်ခဲကာ ရောင်ရမ်းပြီး သွေးများထွက်နေသဖြင့် အဖိုး အဖွားဖြစ်သူမှ ၂၄ နာရီအပြင်ဆေးခန်းသို့ သွားရောက်ကုသရာ ဆရာဝန်မှအမှေးပါး ကွဲထွက်သွားပြီး ဒါဟာမဒိန်းမှု ဖြစ်နေတယ်အင်းစိန်ဆေးရုံသို့ သွားပါဟု လွှဲပြောင်းပေးခဲ့သည်။

၅.၅.၂၀၁၉ ရက်နေ့တွင် အဖိုး အဖွားများမှအင်းစိန်ဆေးရုံသို့ သွားရောက်ကုသရာ ဆရာဝန်များမှ မိန်းမကိုယ်အား စမ်းသပ် စစ်ဆေးပြီးသက်ငယ်မဒိန်းမှု ဖြစ်စဉ် ဖြစ်နေတယ် အမှုဖွင့်ရမယ်ဟု ပြောဆိုသဖြင့် အဖိုး အဖွားများမှ ဟယ်လပင်
ကလေးဆေးရုံသို့ ထပ်မံ၍ သွားရောက်ကုသနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ညီမလေးကို ဦးလေးက ခြင်ထောင်ထဲကိုခေါ်သွားပြီး ခြေထောက်နှစ်ချောင်းကားပြီးတော့ညီမလေးရဲ့တင်ပါးကို ဦးဦးရဲ့ ဟာနဲ့ ထိုးနေတာသမီးတွေ့တယ် ၅ ရက် ၆ရက်လောက် တွေ့တယ်ဟုမလှယဉ်ထွေး(၅)နှစ်၏ အမဖြစ်သူ မနှင်းဝေခိုင်(၇)နှစ်မှ မျက်မြင်တွေ့ရှိမှုအား ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ လှော်ကားနယ်မြေရဲစခန်းမှ ပြစ်မှုကျူးလွန်သူ နိုင်လင်းသူ(၁၉)နှစ် (ဘ)ဦးစံညွန့်ဒ/၁၇ ရပ်ကွက် အပိုင်း(၃) ပန်းခြံ(၅)လမ်း အမှတ်မရှိ(ကျူး) နေထိုင်သူအား သွားရောက်ဖမ်းဆီးစစ်ဆေးရာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

အရွယ်မရောက်သေးသော သမီးဖြစ်သူမလှယဉ်ထွေး(၅)နှစ်အား အဓမ္မပြုကျင့်သူ နိုင်လင်းသူ(၁၉) နှစ် ကျဘမ်းလုပ်သား အားအရေးယူပေးပါရန်ဖခင်ဖြစ်သူဦးကျော်မင်းသူ မှ တရားလိုပြု၍ လှော်ကားနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ(ပ)၆၀၄/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ်ပြီးအမှုစစ်အဖြစ် ဒုရဲအုပ်ကျော်နိုင်ဝင်း မှ စစ်ဆေးဆောင်ရွက်ကာ ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ တရားရုံးသို့တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

သတင်းမှတ်တမ်း ကိုကိုခိုင်(ရွှေပြည်သာ)

No comments:

Post a Comment