Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 9, 2019

ပြတင်းပေါက်မှကျော်တက်လာပြီး (၁၅)မိနစ်ခန့် သားမယားပြုကျင့်သူကို ရဲတိုင်






#Unicode Version# ဖြင့်ဖတ်ပါ ။

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်ရှိကျေးရွာတွင်ယောင်းမဖြစ်သူ၏နေအိမ်တွင်ညစောင့်အိပ်ပေးသူအမျို းသမီးအားတစ်ရွာတည်းနေသူမှပြတင်းပေါက်မှကျော်တက်လာပြီးသားမယားအဖြစ်ပြုကျ င့်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မေ(၆)ရက်နေ့ည(၈)နညရီခန့်သာစည်မြို့နယ်နှမ်းကန်ကျေးရွာနေမ××××(၂၂)နှစ်မှအိမ်နီးချင်းနေယောင်းမဖြစ်သူမ××××၏ခင်ပွန်းခရီးသွားနေသဖြင့်ညစောင့်အိပ်ပေးရန်သွားရောက်ခဲ့ပြီးမ××××မှနေအိမ်မြောက်ဘက်အရှေ့ခန်း
(၃)ပေအမြင့်ရှိပြတင်းပေါက်ဘေးတွင်အိပ်ပြီးယောင်းမဖြစ်သူမှနေအိမ်အနောက်ခန်းတွင်အိပ်ယာဝင်ခဲ့ကြရာည(၁၂)နာရီခန့်၌အမျိုးသားတစ်ဦးမှလက်ဆွဲလှုပ်နှိုး၍လန့်နိုးပြီးကြည့်ရာ

အိမ်နီးချင်းအိမ်ဘက်မှမီးရောင်ကြောင့်တစ်ရွာတည်းနေသူငြိမ်းမောင်ဖြစ်ကြောင်းသိရပြီး၎င်းမှပြတင်းပေါက်ကိုကျော်တက်လာကာလက်ကိုချု ပ်ကိုင်ခြိမ်းခြောက်၍မ×××××ဝတ်ဆင်ထားသောဘောင်းဘီနှင့်စကပ်တို့ကိုဆွဲဆွဲချွတ်ပြီးအပေါ်မှတက်ခွကာအလိုမတူပဲသားမယားအဖြစ်(၁၅)မိနစ်ခန့်ပြုကျင့်၍ပြတင်းပေါက်မှခုန်ချထွက်ပြေးသွားကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍မ×××××(၂၂)နှစ်မှ၎င်းအားအလိုမတူပဲသားမယားအဖြစ်ပြုကျင့်ခဲ့သူငြိမ်းမောင်အားအရေးယူပေးရန်မေ(၇)ရက်နေ့တွင်ရဲစခန်းလာရောက်တိုင်ကြားချက်အရသာစည်မြို့မရဲစခန်း(ပ)’၁၁၄/၂၀၁၉ရာဇသတ်ကြီးပုဒ်မ- ၃၇၆ ဖြင့်အမှု ဖွင့်အရေးယူပြီးပြစ်မှုကျူ းလွန်သူငြိမ်းမောင်(၂၀)နှစ်(ဘ)ဦးစိန်လှနှမ်းကန်ကျေးရွာသာစည်မြို့နယ်နေ
သူအားမေ(‘၇’)ရက်ညနေ(၆း၂၀)အချိန်ဖမ်းဆီးရမိပြီးအမှုနှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
:ရွေမောင်မောင်(မိတ္တီလာ)

No comments:

Post a Comment