Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 30, 2019

ျခင္႐ိုက္ဘတ္တံမွ ဓာတ္ဆီပုလင္းအား မီးကူးစက္ေလာင္ကြၽမ္းျပီး အမ်ိဳးသမီး ႏွစ္ဦး ေသဆုံး


ကေလာၿမိဳ႕၌ လၽွပ္စစ္ျခင္႐ိုက္တံအား ေဆာ့ကစားရာမွ မီးပြင့္၍ ဓာတ္ဆီပုလင္းအား မီးကူးစက္ေလာင္ကြၽမ္းခဲ့ၿပီး အမ်ိဳးသမီးႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္သည္။ျဖစ္စဥ္မွာ ေမ ၂၉ ရက္ ည ၇ နာရီ ၂၀ မိနစ္က ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕၊ (၅)ရပ္ကြက္ေန ေဒၚစန္းစန္းဝင္း(၅၀)ႏွစ္သည္ ေနအိမ္၌ ဆိုင္ကယ္ဆီျဖည့္စဥ္ ေျမးျဖစ္သူ မစိုးျမတ္ႏိုးဝတီ(၃)ႏွစ္ မွ လၽွပ္စစ္ျခင္႐ိုက္တံအား ေဆာ့ကစား၍ မီးပြင့္သြားရာမွ ဓာတ္ဆီပုလင္းသို႔ မီးကူးစက္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္သည္။

အဆိုပါမီးေလာင္မႈေၾကာင့္ သြပ္မိုး/ပ်ဥ္ခင္း/ပ်ဥ္ကာ ေနအိမ္တစ္လုံး၊ ေမာ္ေတာ္ယာဥ္ တစ္စီးႏွင့္ ဆိုင္ကယ္တစ္စီး မီးေလာင္ဆုံးရႈံးခဲ့သည္။မီးေလာင္မႈေၾကာင့္ ေဒၚစန္းစန္းဝင္းႏွင့္ ၎အိမ္မွအလုပ္သမား မေမသဇင္ဦး(၂၂)ႏွစ္တို႔ ႏွစ္ဦးမွာ မီးေလာင္ေသဆုံးခဲ့ၿပီး မီးသတ္တပ္ဖြဲ႕ဝင္ သံုးဦးႏွင့္ မစိုးျမတ္ႏိုးဝတီ တို႔တြင္ မီးေလာင္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့သည္။

အဆိုပါျဖစ္စဥ္မွ ေသဆံုးသူ အိမ္႐ွင္ ေဒၚစန္းစန္းဝင္းအား ကေလာၿမိဳ႕မရဲစခန္း (ပ)၂၉/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇/၂၈၅ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းထုတ္ျပန္ထားသည္။

စံေတာ္ခ်ိန္

Unicode

ကလောမြို့၌ လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစားရာမှ မီးပွင့်၍ ဓာတ်ဆီပုလင်းအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ဖြစ်စဉ်မှာ မေ ၂၉ ရက် ည ရ နာရီ ၂၀ မိနစ်က ရှမ်းပြည်နယ်၊ ကလောမြို့၊ (၅)ရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း(၅၀)နှစ်သည် နေအိမ်၌ ဆိုင်ကယ်ဆီဖြည့်စဉ် မြေးဖြစ်သူ မစိုးမြတ်နိုးဝတီ(၃)နှစ် မှ လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစား၍ မီးပွင့်သွားရာမှ ဓာတ်ဆီပုလင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။



အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး/ပျဉ်ခင်း/ပျဉ်ကာ နေအိမ်တစ်လုံး၊ မော်တော်ယာဉ် တစ်စီးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့သည်။မီးလောင်မှုကြောင့် ဒေါ်စန်းစန်းဝင်းနှင့် ၎င်းအိမ်မှအလုပ်သမား မမေသဇင်ဦး(၂၂)နှစ်တို့ နှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် သုံးဦးနှင့် မစိုးမြတ်နိုးဝတီ တို့တွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်မှ သေဆုံးသူ အိမ်ရှင် ဒေါ်စန်းစန်းဝင်းအား ကလောမြို့မရဲစခန်း (ပ)၂၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၈၅ အမှုဖွင့်အရေးယူထားကြောင်း သတင်းထုတ်ပြန်ထားသည်။

စံတော်ချိန်

No comments:

Post a Comment