Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, May 5, 2019
သာယာဝတီအကျဉ်းထောင်တွင်…အကျဉ်းချခံနေရသော …သရုပ်ဆောင်ဘုန်းလျှံမှ ..သန်မတကြီးထံအသနားခံစာပေးပို့
စာရေးဆရာ-ကဗျာဆရာ
နယူးယောက်မြို့ 
အမေရိကပြည်ထောင်စု
Unicode Version
ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဘုန်းလျှန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် အသနားခံစာ တစောင်ကို ကျွန်တော်မှတဆင့် သမ္မတကြီးဦးဝင်းမြင့်ထံသို့ယနေ့တွင် ပေးပို့ပါသည် ။ သူ၏ အမှုမှာ မတရားသက်သက် ကျခံရခြင်းဖြစ်ပြီး တရားဥပဒေ၏ လွဲချော်မှုကြောင့် လူငယ်တဦးအနေဖြင့်၎င်း- နိုင်ငံတော်တော်အတွက်၎င်း- မြန်မာနိုင်ငံ၏ တရားရေးစီရင်မှုဆိုင်ရာ ဥပဒေများကြောင့်၎င်း လွဲမှားသော သံသယအကျိုးကို ခံစားဖြစ်ပေါ်စေခဲ့ပါပြီ ။
ထို့ကြောင့် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဘုန်းလျှံ၏ သမ္မတကြီး ဦးဝင်းမြင့်ထံသို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် အသနားခံစာကို ပေးပို့ပါသည် ။ သူ၏ အသနားခံစာကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့လည်း အီးမေးလ်ဖြင့် ပေးပို့လိုက်ပါသည် ။
သူ၏ အသနားခံစာကို ပေးပို့ခြင်းနှင့် ပါတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိစေခြင်းငှာရုပ်ရှင်လောကသားများ- နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းများ- လူ အခွင့်အရေးအဖွဲ့အစည်းများ- မြန်မာနိုင်ငံရှေ့နေအသင်း-ရခိုင်ပြည်နယ်ရှေ့နေအသင်း- သတင်းမီဒီယာများ- နိုင်ငံရေးပါတီများက ထောက်ခံရေးသား ကော်မန်းပေးခြင်း- ရှယ်ယာလုပ်ပေးခြင်းများကို ပြု လုပ်ပေးစေလိုပါသည် ။
မြန်မာနိုင်ငံ၏ တရားဥပဒေကို တိကျမှန်ကန်စွာ ဖြစ်ပေါ်စေရေးအတွက် မတရားပြစ်မှု ကျခံနေရသော အကျဉ်းသားများအား လွတ်ငြိမ်းချမ်းချမ်းသာခွင့်ပေးပါရန်လည်း ကျွန်တော့်အနေဖြင့် သမ္မတကြီး ဦးဝင်းမြင့်ထံသို့ သူ၏ အသနားခံစာနှင့်အတူ ထပ်ဆင့်ပေးပို့လိုက်ရပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
စာရေးဆရာ-ကဗျာဆရာ
နယူးယောက်မြို့
အမေရိကပြည်ထောင်စု
No comments:
Post a Comment