Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 17, 2019

လိႈင္သာယာတြင္ဖခင္ျဖစ္သူမွ သမီးအရင္း ၂ဦးအား မုဒိမ္ျပဳက်င့္မႈျဖစ္ပြား


ရန္ကုန္တိုင္းေဒသႀကီး၊ လိႈင္သာယာၿမိဳ႕၊ (၄)ရပ္ကြက္၊ပင္ေ႐ႊထီလမ္းတြင္ ဖင္ခင္ျဖစ္သူမွ သမီးအရင္း(၂)ဦးအား သားမယားျပဳက်င့္မႈျဖစ္ပြားေၾကာင့္ ရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။

တရားလိုသမီးႀကီးမွာ၂၀၁၀ခုႏွစ္၊ အသက္(၁၄)ႏွစ္ အရြယ္ခန္႔က ေမာင္ျဖစ္သူတြင္ ေက်ာက္ကပ္ေရာဂါျဖင့္ မိခင္ျဖစ္သူႏွင့္အတူ အင္းစိန္ေဆးရုံတြင္ တစ္လခန္႔ ေဆးကုသေနစဥ္….

ဖခင္ျဖစ္သူမွ သားမယားအျဖစ္ ျပဳက်င့္ရန္ၾကံစည္စဥ္ျငင္းဆန္ခဲ့ေသာ္လည္းဆူပူႀကိမ္းေမာင္း၍ ရိုက္မည္ျပဳသျဖင့္ ေၾကာက္၍ ထိုေန႕တြင္ (၁)ႀကိမ္ ဖခင္ျဖစ္သူမွ သားမယားအျဖစ္ ေပါင္းသင္းဆက္ဆံ ေနထိုင္ခဲ့ရသည့္အျပင္ …..

ဖခင္ျဖစ္သူမွ ၄င္းႏွင့္ သားမယားအျဖစ္ေပါင္းသင္းဆက္ဆံရန္ လက္မခံပါကရိုက္သျဖင့္ ေၾကာက္၍ (၁)ရက္ျခားတစ္ခါ၊(၂)ရက္ျခား တစ္ခါ၊ ဖခင္ျဖစ္သူ သားမယားအျဖစ္ေပါင္းသင္းဆက္ ဆံခဲ့၍ ကိုယ္ဝန္(၁) ႀကိမ္ပ်က္က်ဖူးသည့္အျပင္ …..

ေနာက္ထပ္သမီးမိန္းကေလးတစ္ဦးမွာေမြးဖြားၿပီး(၅၄) ရက္အၾကာတြင္ ေသဆုံးခဲ့ၿပီး ယခုအခါတြင္လည္း ဖခင္ျဖစ္သူႏွင့္ရရွိေသာ (၄)ႏွစ္အ႐ြယ္ သမီး(၁)ဦး ေမြးဖြားခဲ့တယ္။

ယခုတြင္လည္း ဖခင္ျဖစ္သူ ဦးေက်ာ္စြာၿငိမ္းတြင္ အသက္(၁၃)ႏွစ္ (၈)လ ညီမျဖစ္သူကို လြန္ခဲ့ေသာ (၁)ႏွစ္ေက်ာ္ခန႔္က မိခင္ အင္းစိန္ေဆး႐ုံတြင္ကေလးမီးဖြားေနခ်ိန္တြင္ ၎တြင္ ေဆး႐ုံေစာင့္ရသျဖင့္ …..

ေနအိမ္တြင္ ညီမျဖစ္သူ မ▪▪▪က်န္ရွိေနခိုက္ ဖခင္ ဦးေက်ာ္စြာၿငိမ္းမွ သားမယားအျဖစ္ျပဳက်င့္ရန္ ႀကံစည္စဥ္ လက္မခံဘဲျငင္းဆန္ရာ ရိုက္ႏွက္သျဖင့္ ေၾကာက္၍ သားမယားအျဖစ္(၁)ႀကိမ္ ဆက္ဆံခဲ့ရေၾကာင္း…..

လြန္ခဲ့ေသာ (၅)လခန႔္က ၎ႏွင့္ မိခင္တို႔မရွိခိုက္ ညီမ မ▪▪▪အား ေဘာင္းဘီမခြၽတ္ဘဲ အေပၚမွ တတ္ခြ ၿပီး သားမယားအျဖစ္က်င့္ရန္ (၂/၃)ႀကိမ္ခန႔္ ႀကံစည္ခဲ့သည္ဟု ညီမျဖစ္သူမွ ေျပာျပသျဖင့္ သိရွိခဲ့ၿပီး ၆/၇- ၃- ၂၀၁၉ ရက္ေန႔ ညမ်ားတြင္ မိခင္အိပ္ေပ်ာ္ေနစဥ္ …..

ဖခင္ျဖစ္သူမွ ၄င္းႏွင့္သားမယားအျဖစ္ ေနထိုင္ရန္ေျပာဆိုရာ ၎မွ လက္မခံသျဖင့္ ရိုက္ႏွက္ခံခဲ့တယ္”ဟု သမီးႀကီး မ▪▪▪မွ ၂၀၁၉ မတ္လ ၉ရက္ေန႔ အမႈဖြင့္တိုင္တန္းလာတယ္ဟု လိႈင္သာယာၿမိဳ႕ ရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ ျပစ္မႈက်ဴးလြန္သူ ဦးေက်ာ္စြာၿငိမ္း (၄၇)ႏွစ္အား လိႈင္သာယာၿမိဳ႕မရဲစခန္းမွ (ပ) ၁၃၁၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ျဖင့္ အမႈဖြင့္၍ တရားခံဖမ္းဆီးႏိုင္ေရး ေဆာင္ရြက္လၽွက္ရွိေၾကာင္း စုံစမ္းသိရွိရသည္။ သာခိုင္(မုနိၿမီ)

unicode

လှိုင်သာယာ၌ ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်းမှုပြုကျင့်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့၊ (၄)ရပ်ကွက်၊ပင်ရွှေထီလမ်းတွင် ဖင်ခင်ဖြစ်သူမှ သမီးအရင်း(၂)ဦးအား သားမယားပြုကျင့်မှုဖြစ်ပွားကြောင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

တရားလိုသမီးကြီးမှာ၂၀၁ဝခုနှစ်၊ အသက်(၁၄)နှစ် အရွယ်ခန့်က မောင်ဖြစ်သူတွင် ကျောက်ကပ်ရောဂါဖြင့် မိခင်ဖြစ်သူနှင့်အတူ အင်းစိန်ဆေးရုံတွင် တစ်လခန့် ဆေးကုသနေစဉ်….

ဖခင်ဖြစ်သူမှ သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်စဉ်ငြင်းဆန်ခဲ့သော်လည်းဆူပူကြိမ်းမောင်း၍ ရိုက်မည်ပြုသဖြင့် ကြောက်၍ ထိုနေ့တွင် (၁)ကြိမ် ဖခင်ဖြစ်သူမှ သားမယားအဖြစ် ပေါင်းသင်းဆက်ဆံ နေထိုင်ခဲ့ရသည့်အပြင် …..

ဖခင်ဖြစ်သူမှ ၄င်းနှင့် သားမယားအဖြစ်ပေါင်းသင်းဆက်ဆံရန် လက်မခံပါကရိုက်သဖြင့် ကြောက်၍ (၁)ရက်ခြားတစ်ခါ၊(၂)ရက်ခြား တစ်ခါ၊ ဖခင်ဖြစ်သူ သားမယားအဖြစ်ပေါင်းသင်းဆက် ဆံခဲ့၍ ကိုယ်ဝန်(၁) ကြိမ်ပျက်ကျဖူးသည့်အပြင် …..

နောက်ထပ်သမီးမိန်းကလေးတစ်ဦးမှာမွေးဖွားပြီး(၅၄) ရက်အကြာတွင် သေဆုံးခဲ့ပြီး ယခုအခါတွင်လည်း ဖခင်ဖြစ်သူနှင့်ရရှိသော (၄)နှစ်အရွယ် သမီး(၁)ဦး မွေးဖွားခဲ့တယ်။

ယခုတွင်လည်း ဖခင်ဖြစ်သူ ဦးကျော်စွာငြိမ်းတွင် အသက်(၁၃)နှစ် (၈)လ ညီမဖြစ်သူကို လွန်ခဲ့သော (၁)နှစ်ကျော်ခန့်က မိခင် အင်းစိန်ဆေးရုံတွင်ကလေးမီးဖွားနေချိန်တွင် ၎င်းတွင် ဆေးရုံစောင့်ရသဖြင့် …..

နေအိမ်တွင် ညီမဖြစ်သူ မ▪▪▪ကျန်ရှိနေခိုက် ဖခင် ဦးကျော်စွာငြိမ်းမှ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်စဉ် လက်မခံဘဲငြင်းဆန်ရာ ရိုက်နှက်သဖြင့် ကြောက်၍ သားမယားအဖြစ်(၁)ကြိမ် ဆက်ဆံခဲ့ရကြောင်း…..

လွန်ခဲ့သော (၅)လခန့်က ၎င်းနှင့် မိခင်တို့မရှိခိုက် ညီမ မ▪▪▪အား ဘောင်းဘီမချွတ်ဘဲ အပေါ်မှ တတ်ခွ ပြီး သားမယားအဖြစ်ကျင့်ရန် (၂/၃)ကြိမ်ခန့် ကြံစည်ခဲ့သည်ဟု ညီမဖြစ်သူမှ ပြောပြသဖြင့် သိရှိခဲ့ပြီး ၆/၇- ၃- ၂၀၁၉ ရက်နေ့ ညများတွင် မိခင်အိပ်ပျော်နေစဉ် …..

ဖခင်ဖြစ်သူမှ ၄င်းနှင့်သားမယားအဖြစ် နေထိုင်ရန်ပြောဆိုရာ ၎င်းမှ လက်မခံသဖြင့် ရိုက်နှက်ခံခဲ့တယ်”ဟု သမီးကြီး မ▪▪▪မှ ၂၀၁၉ မတ်လ ၉ရက်နေ့ အမှုဖွင့်တိုင်တန်းလာတယ်ဟု လှိုင်သာယာမြို့ ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူ ဦးကျော်စွာငြိမ်း (၄၇)နှစ်အား လှိုင်သာယာမြို့မရဲစခန်းမှ (ပ) ၁၃၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သာခိုင်(မုနိမြီ)

No comments:

Post a Comment