Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 23, 2019

ထန္းပင္ေပါင္း ၃ သန္းေက်ာ္ကို တဦးတည္း ဦးေဆာင္စိုက္ပ်ိဳးခဲ့သည့္ ဇြဲအေကာင္းဆုံးလူသား


တိုင္းျပည္ သာယာေအာင္ သစ္ပင္ေတြစိုက္ၾကပါလို႔ သူတို႔ ဘုရင္ႀကီး ရဲ႕မိန႔္ၾကားခ်က္ကိုအသိတရားထဲမွာ စြဲၿမဲၿပီး ထန္းပင္ေပါင္း ၃သန္းကို ေက်ာ္ကို တဦးတည္းဦးေဆာင္ၿပီး ဇြဲရွိရွိ စိုက္ပ်ိဳးခဲ့တဲ့အတြက္ ထိုင္းႏိုင္ငံသား တဦးလူမူ႔သူရဲေကာင္းဆုကို ရရွိခဲ့ပါတယ္

ထိုင္းႏိုင္ငံ အေရွ႕ပိုင္း စီစကက္ ခ႐ိုင္ Prang Ku ပရမ္ကူ ကားလမ္းဝဲယာတေလွ်ာက္မွာ ထန္းပင္ေတြ စိုက္ပ်ိဳးခဲ့သူကေတာ့ အသက္ ၇၀ ေက်ာ္အ႐ြယ္ ႏိုင္ ဝိခ်ိဳင္ ျဖစ္ၿပီးသူဟာရဲ အရာရွိေဟာင္းတဦးျဖစ္ပါတယ္ ။

အခုေတာ့ သူတို႔ထန္းပင္ကထြက္ကုန္ေတြဟာ ခ႐ိုင္စီးပြားေရး အတြက္ အက်ိဳးျဖစ္လာသလို ထန္းေတာလမ္းမဟာ ကမာၻလွည့္ခရီးသြားေတြအတြက္ စိတ္ဝင္စားစရာေနရာျဖစ္လာတယ္လို႔ ထိုင္းအာဏာပိုင္ေတြကဆိုပါတယ္ ။

အပူပိုင္းဇုံေဒသ ျဖစ္တဲ့ ပူျပင္းတဲ့ ရာသီဥတုရွိတဲ့ သူ႔ခ႐ိုင္အတြင္းမွ ာခရီးသြားေတြ ေအးခ်မ္းေအာင္ ထန္းပင္ေပါက္ကေလးေတြကို သူက ေန႔တိုင္း စတင္စိုက္ခဲ့ပါတယ္ ။

မင္းကိုးဆက္ေျမာက္ ထိုင္းဘုရင္ႀကီး ဘူမိေဘာ ရဲ႕ တိုင္းျပည္တြင္း သာယာေအာင္သစ္ပင္စိုက္ၾကပါ ဆိုတဲ့ မိန္႔ၾကားခ်က္အတိုင္း လိုက္နာၿပိး သူဟာ အိမ္မွာ ထန္းပင္ေလးေတြပ်ိဳးၿပီး ေနစဥ္ အလုပ္တခုလို လုပ္ၿပိးစိုက္ခဲ့တာလို႔ဆိုပါတယ္ ။

သူရဲ႕ဇြဲလုံးလ ေစတနာေတြေ ကို သိရၿပိးတဲ့ေနာက္ ခ႐ိုင္အတြင္းလူေတြက သူေနာက္ကေနလိုက္လံစိုက္ပ်ိဳးမူေတြ ကူညီမူေတြလုပ္ခဲ့တာေၾကာင့္ သစ္ပင္ေပါင္း သုံးသန္းေက်ာ္ စိုက္ပ်ိဳးႏိုင္ခဲ့ပါတယ္ ။

အခု အခ်ိန္မွာေတာ့ သစ္ပင္သစ္ရိပ္ေတြနဲ႔ လွပတဲ့ခ႐ိုင္ေလးကို သူအသက္ ရွိစဥ္မွာပဲ ျမင္ေတြ႕ခဲ့ရပါၿပိ။ သူဟာ ႏွစ္ရွည္လမ်ား အပင္ေလးေတြကို စိုက္ခဲ့သူပါ ။

ျမန္မာႏိုင္ငံမွာလည္း ထန္းတပင္ကို တ႐ုတ္ေတြက က်ပ္တေသာင္းခြဲေပးတာနဲ႔ ခုတ္ေရာင္းတာေတြျမင္ရတာ စိတ္မသက္သာစရာပါ။

ျပည္တြင္းက တိုင္းျပည္သာယာေစခ်င္သူေတြက မခုတ္ေအာင္ တားျမစ္ေပးေစခ်င္ပါတယ္ထန္းေတာင္သူေတြရဲ႕သူတို႔ဘဝရပ္တည္ေရးကို လုပ္ေဆာင္ေပးၾကပါ ဝမ္းစာေရးအတြက္ ျပသနာကို ေျဖ၇ွင္းေပးၾကပါ ။ ႏွစ္ရွည့္အပင္ေတြကိုမခုတ္လွဲေအာင္ မ ေရာင္းစားေအာင္လုပ္ေပးၾက ေစလိုပါတယ္

သူငယ္ခ်င္းတဦးက ေတာ့ သူက ထန္းပင္ေတြရွိတဲ့ေနရာမွာ ထန္းပင္ေတြ တပင္ခ်င္း ျပန္ဝယ္ၿပိး မခုတ္ရ ေအာင္ လုပ္ေဆာင္ေနတယ္ ဆိုေတာ့ ဝမ္းသာမိေသးတယ္ ။

ထန္းေတာင္သူ ေတြအခက္အခဲျဖစ္ေနရင္မခုတ္လွဲေအာင္ တဦးခ်င္းဆီတိုင္းျပည္ခ်စ္တဲ့ အသိစိတ္ဓါတ္ေလးနဲ႔ တပင္စီ ျပန္ဝယ္ေပးတဲ့အစီစဥ္က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ရင္ သိတ္ေကာင္းမွာပဲလို႔ေတြးေနမိတယ္ ။သူမ်ားတိုင္းျပည္ကအပင္ေတြ ျမင္တိုင္း ကိုယ့္တိုင္းျပည္နဲ႔ယွဥ္တြဲေတြးေနမိတာကလည္း အစြဲတခုလိုျဖစ္ေနသလားပဲ ။
burmese.asia



Unicode ဖြင့်ဖတ်ရန်



ထန်းပင်ပေါင်း ၃ သန်းကျော်ကို တဦးတည်း ဦးဆောင်စိုက်ပျိုးခဲ့သည့် ဇွဲအကောင်းဆုံးလူသား

တိုင်းပြည် သာယာအောင် သစ်ပင်တွေစိုက်ကြပါလို့ သူတို့ ဘုရင်ကြီး ရဲ့မိန့်ကြားချက်ကိုအသိတရားထဲမှာ စွဲမြဲပြီး ထန်းပင်ပေါင်း ၃သန်းကို ကျော်ကို တဦးတည်းဦးဆောင်ပြီး ဇွဲရှိရှိ စိုက်ပျိုးခဲ့တဲ့အတွက် ထိုင်းနိုင်ငံသား တဦးလူမူ့သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်

ထိုင်းနိုင်ငံ အရှေ့ပိုင်း စီစကက် ခရိုင် Prang Ku ပရမ်ကူ ကားလမ်းဝဲယာတလျှောက်မှာ ထန်းပင်တွေ စိုက်ပျိုးခဲ့သူကတော့ အသက် ၇၀ ကျော်အရွယ် နိုင် ဝိချိုင် ဖြစ်ပြီးသူဟာရဲ အရာရှိဟောင်းတဦးဖြစ်ပါတယ် ။

အခုတော့ သူတို့ထန်းပင်ကထွက်ကုန်တွေဟာ ခရိုင်စီးပွားရေး အတွက် အကျိုးဖြစ်လာသလို ထန်းတောလမ်းမဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာဖြစ်လာတယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။

အပူပိုင်းဇုံဒေသ ဖြစ်တဲ့ ပူပြင်းတဲ့ ရာသီဥတုရှိတဲ့ သူ့ခရိုင်အတွင်းမှ ာခရီးသွားတွေ အေးချမ်းအောင် ထန်းပင်ပေါက်ကလေးတွေကို သူက နေ့တိုင်း စတင်စိုက်ခဲ့ပါတယ် ။

မင်းကိုးဆက်မြောက် ထိုင်းဘုရင်ကြီး ဘူမိဘော ရဲ့ တိုင်းပြည်တွင်း သာယာအောင်သစ်ပင်စိုက်ကြပါ ဆိုတဲ့ မိန့်ကြားချက်အတိုင်း လိုက်နာပြိး သူဟာ အိမ်မှာ ထန်းပင်လေးတွေပျိုးပြီး နေစဉ် အလုပ်တခုလို လုပ်ပြိးစိုက်ခဲ့တာလို့ဆိုပါတယ် ။

သူရဲ့ဇွဲလုံးလ စေတနာတွေေ ကို သိရပြိးတဲ့နောက် ခရိုင်အတွင်းလူတွေက သူနောက်ကနေလိုက်လံစိုက်ပျိုးမူတွေ ကူညီမူတွေလုပ်ခဲ့တာကြောင့် သစ်ပင်ပေါင်း သုံးသန်းကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ် ။

အခု အချိန်မှာတော့ သစ်ပင်သစ်ရိပ်တွေနဲ့ လှပတဲ့ခရိုင်လေးကို သူအသက် ရှိစဉ်မှာပဲ မြင်တွေ့ခဲ့ရပါပြိ။ သူဟာ နှစ်ရှည်လများ အပင်လေးတွေကို စိုက်ခဲ့သူပါ ။

မြန်မာနိုင်ငံမှာလည်း ထန်းတပင်ကို တရုတ်တွေက ကျပ်တသောင်းခွဲပေးတာနဲ့ ခုတ်ရောင်းတာတွေမြင်ရတာ စိတ်မသက်သာစရာပါ။

ပြည်တွင်းက တိုင်းပြည်သာယာစေချင်သူတွေက မခုတ်အောင် တားမြစ်ပေးစေချင်ပါတယ်ထန်းတောင်သူတွေရဲ့သူတို့ဘဝရပ်တည်ရေးကို လုပ်ဆောင်ပေးကြပါ ဝမ်းစာရေးအတွက် ပြသနာကို ဖြေ၇ှင်းပေးကြပါ ။ နှစ်ရှည့်အပင်တွေကိုမခုတ်လှဲအောင် မ ရောင်းစားအောင်လုပ်ပေးကြ စေလိုပါတယ်

သူငယ်ချင်းတဦးက တော့ သူက ထန်းပင်တွေရှိတဲ့နေရာမှာ ထန်းပင်တွေ တပင်ချင်း ပြန်ဝယ်ပြိး မခုတ်ရ အောင် လုပ်ဆောင်နေတယ် ဆိုတော့ ဝမ်းသာမိသေးတယ် ။

ထန်းတောင်သူ တွေအခက်အခဲဖြစ်နေရင်မခုတ်လှဲအောင် တဦးချင်းဆီတိုင်းပြည်ချစ်တဲ့ အသိစိတ်ဓါတ်လေးနဲ့ တပင်စီ ပြန်ဝယ်ပေးတဲ့အစီစဉ်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရင် သိတ်ကောင်းမှာပဲလို့တွေးနေမိတယ် ။သူများတိုင်းပြည်ကအပင်တွေ မြင်တိုင်း ကိုယ့်တိုင်းပြည်နဲ့ယှဉ်တွဲတွေးနေမိတာကလည်း အစွဲတခုလိုဖြစ်နေသလားပဲ ။
burmese.asia

No comments:

Post a Comment