Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 13, 2019

လက် ဗေဒင်










#Unicode Version#
ကဲ ဒီစာကိုဖတ်နေတဲ့ကောင်လေး၊ ကောင်မလေး ကတော့ ကံကောင်းသွားပြီလို့မှတ်လိုက်ပါနော်။လက် ဗေဒင် လေးကြည့်ကျမယ်နော်။

လက်လေးကိုကြည့်ပြီး ကိုယ့်က ဘယ်လိုလူဖြစ်မလဲဆိုတာကို ကြည့်ကြရအောင်။ မိသားစု၊သူငယ်ချင်းတွေနဲ့လည်း စမ်းကြည့်လိုက်ကြရအောင်လား။

★★ လက်သည်းကြွယ်က လက်ညှိုးထက်ရှည်လျှင်၊ သင်ဟာ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်ပေါများသောသူ (A)

★ အမြဲတမ်း သင့်ရဲ့ပတ်ဝန်းကျင်မှာ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများရှိပြီး လူချစ်လူခင်ပေါများပါလိမ့်မယ်။
★ ဒါပင်မဲ့ တခါတလေ အရိပ်အခြေကို မကြည့်တတ်လို့ အဆူခံရတတ်ပင်မဲ့လည်း သင်ကတော့ ရည်ရွယ်ပြီးလုပ်တဲ့ကိစ္စတော့ မဟုတ်ပါ။
★ ပြသာနာကို ဖြေရှင်းရာတွင် ကျွမ်းကျင်ပြီး အင်ဂျင်နီယာ၊ ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။

★★ လက်ခလယ်ပြီးလျှင် ဒုတိယအရှည်ဆုံးက လက်ညှိုးဖြစ်သောသူဟာ ၊ အမြဲတမ်း ယုံကြည်မှုအပြည့်ရှိပြီး လူအများ၏ အားကိုးလေးစားခြင်းကို ခံရသူ (B)

★ အမြဲတမ်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဘာအလုပ်မဆို နောက်လှည့်ကြည့်စရာမလို အားလုံးကို ပြီးမြောက်အောင်မြင်အောင်လုပ်ပေးသူ
★ အများနဲ့ပူးပေါင်းဆောင်ရွက်တာထက် တစ်ယောက်တည်းလုပ်ရတာကို သဘောကျသူ။
★ အလုပ်တွင် အာရုံစိုက်နေချိန်မှာ အနှောက်အယှက်ပေးလျှင် အလွန် စိတ်ဆိုးတတ်သူ။
★ သူရဲ့လုပ်ကိုင်ပုံအတိုင်း ခွင့်ပြုပေးထားလျှင် အားလုံး အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
★ လက်ရှိအခြေအနေအပေါ်မှာ ကျေနပ်ခြင်းမရှိပဲ ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူ။

★★ လက်သည်းကြွယ်နဲ့ လက်ညှိုးက အရွယ်တူနေလျှင်၊ ပြသာနာကိုမေ့ထားပြီး ငြိမ်းချမ်ရေးကို အလေးထားသူ (C)

★ လူအများကို တည့်အောင်ပေါင်းနိုင်ပြီး ရန်ဖြစ်ခြင်းကို မုန်းသောသူ။
★ တတ်နိုင်ရင် အေးအေးဆေးဆေးပဲနေချင်တယ်။
★ ဒါပင်မဲ့ သူစိတ်တိုရင်တော့ ကြောက်စရာကောင်းတာကြောင့် သတိထားပါ။

No comments:

Post a Comment