Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 4, 2019

တောင်ကြီး လေးလောင်းပြိုင် လူသတ်တရားခံသည် ယနေ့ရက်လည်ဆွမ်းသွပ် တရားနာသည့်နေ့မှာပဲ ရုတ်တရက် သေဆုံး


တောင်ကြီး လေးလောင်းပြိုင် လူသတ်တရားခံသည် ယနေ့ရက်လည်ဆွမ်းသွပ် တရားနာသည့်နေ့မှာပဲ ရုတ်တရက် သေဆုံးသွားကြောင်း

လေးလောင်းပြိုင် လူသတ်မှုတရားခံ ဦးတင်အုံး (၆၀) နှစ်သည် ယနေ့ ၁၁:၅၀ ချိန်တွင် တောင်ကြီးမြို့မရဲစခန်း အချုပ်ခန်း အိမ်သာတွင် မူးလဲ၍ ဆေးရုံသို့ပို့ဆောင်စဉ် ကားပေါ်၌ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

တရားခံသည် ပြင်ပဒဏ်ရာများမရှိပဲ ယခင် မူးယစ်ဆေးဝါးများ သုံးစွဲခဲ့သည့်ဒဏ်နှင့် မူလဆီးချိုသွေးတိုးရောဂါများ ရှိကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းရင်းကိုတော့ မှုခင်းဆရာဝန်မှ စစ်ဆေးနေကြောင်းသိရှိရပါသည်။

ဒီကနေ့သည် လူသတ်မှုဖြစ်ပြီး ရက်လည်ဆွမ်းသွပ် တရားနာသည့်နေ့မှာပဲ တရားခံသည် ယခုကဲ့သို့ ရုတ်တရက်သေဆုံးသွားကြောင်း သိရှိရပါသည်။

သတင်း/ဓါတ်ပုံ _ စည်သူမောင်

အေအန်န်အမ်မ်တီ

တောင်ကြီးလူသတ်မှု ၂ ရက်အတွင်းပေါ်တယ်။ တောင်ကြီးက ကိုလှရွှေတို့ကို စိတ်ထဲက လေးစားမိသွားတယ်ပေါ့။ တော်လှချည်ရဲ့ပေါ့။ နောက်ဆက်တွဲ သတင်းအစလေး ဆွဲထုတ်လိုက်မိတဲ့အချိန်ကျမှ ဖနှောင့်နဲ့ ပေါက်ပစ်ချင်တာ။

သေဆုံးသူတွေက ရဲစခန်းကို တိုင်ထားပြီးသား ဘယ်သူဘယ်ဝါကတော့ ၎င်းတို့ကိုသတ်ဖို့ ကြံနေပါတယ်၊ ကြိမ်းမောင်းနေပါတယ်ဆိုပြီး တိုင်ထားပြီးသား။

ဒါကို ကြိုသိထားပါရဲ့နဲ့ ပြည်သူဘ၀ကို လုံခြုံမှုမပေးနိုင်တဲ့ စောက်ရဲစုတ်တွေ၊ မအေယိုးနှမယိုးတွေ မင်းတို့မိသားစုတွေအဲလိုမဖြစ်ပါစေနဲ့။

နွေ​နှောင်း
Edit text & Shared _ အေအန်န်အမ်မ်တီ

No comments:

Post a Comment