Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 18, 2019

ကဆုန္လျပည့္ေနမွာ ထူးထူးျခားျခား ျပဳလုပ္တဲ႔ အညာက ထန္းသီးဆံ စတုဒီသာ


ဒီေန႔ ကဆုန္လျပည္႔ ဗုဒၶေန႔မွာ စတုဒီသာ ပြဲေတြကုိ ျမန္မာျပည္အႏွံ႔ ေနရာေဒသ အစုံမွာ သဒၶါထက္သန္စြာ လွဴဒါန္းမႈေတြ ျမင္ေတြ႕ရမွာပါ။

ဒီလုိ စတုဒီသာ ပြဲေတြမွာ ထူးထူးျခားျခား ထန္းပင္ ထန္းေတာေတြေပါ တဲ႔ အညာေဒသ မုံရြာျမိဳ႕ ျပည္ေတာ္သာ ရပ္ကြက္(ယခင္အက္ေတာရြာ) မွာ ထန္းသီးဆံ စတုဒီသာ ကုိ ေကၽြးေမြးခဲ႔ပါတယ္။

မုံရြာ-သာစည္လမ္းမေဘး ျပည္ေတာ္သာ ရပ္ကြက္ အပူေရွာင္ စခန္းမွာ လူတန္းစားမေရႊး လာတဲ႔သူ မွန္သမွ်ကုိ ထန္းသီးဆံေတြခြဲျပီး ေ၀ေပးခဲ႔တာ ျဖစ္ပါတယ္။

မံုရြာမွာ ေရာက္ေနတယ္ဆိုရင္ ထူးထူးျခားျခားျပဳလုပ္တဲ႔ ထန္းသီးစတုဒီသာကို သြားေရာက္အားေပးၾကပါဦးေနာ္. . .ေပ်ာ္စရာၾကီး
Monywa Gazette
ဓာတ္ပုံ- ဦးရဲထြဋ္





#Unicode Version#
ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ စတုဒီသာ ပွဲတွေကို မြန်မာပြည်အနှံ့ နေရာဒေသ အစုံမှာ သဒ္ဓါထက်သန်စွာ လှူဒါန်းမှုတွေ မြင်တွေ့ရမှာပါ။

ဒီလို စတုဒီသာ ပွဲတွေမှာ ထူးထူးခြားခြား ထန်းပင် ထန်းတောတွေပေါ တဲ့ အညာဒေသ မုံရွာမြို့ ပြည်တော်သာ ရပ်ကွက်(ယခင်အက်တောရွာ) မှာ ထန်းသီးဆံ စတုဒီသာ ကို ကျွေးမွေးခဲ့ပါတယ်။

မုံရွာ-သာစည်လမ်းမဘေး ပြည်တော်သာ ရပ်ကွက် အပူရှောင် စခန်းမှာ လူတန်းစားမရွှေး လာတဲ့သူ မှန်သမျှကို ထန်းသီးဆံတွေခွဲပြီး ဝေပေးခဲ့တာ ဖြစ်ပါတယ်။

မုံရွာမှာ ရောက်နေတယ်ဆိုရင် ထူးထူးခြားခြားပြုလုပ်တဲ့ ထန်းသီးစတုဒီသာကို သွားရောက်အားပေးကြပါဦးနော်. . .ပျော်စရာကြီး
Monywa Gazette
ဓာတ်ပုံ- ဦးရဲထွဋ်

No comments:

Post a Comment