Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 16, 2019

အႀကီးဆံုးက အသက္ (၁၀၂)ႏွစ္ရွိၿပီး… အငယ္ဆံုးက (၈၃) ႏွစ္ရွိၿပီျဖစ္တဲ႔… ဖြားသက္ရွည္ႏွင္႔ ..ဖိုးသက္ရွည္ ေမာင္ႏွမ (၇) ဦး


ယေ န ႔ေခတ္ မွာသက္တမ္းေစ႔(သို႔)သက္တမ္းေက်ာ္လြန္ၿပီးသက္ရွည္က်န္းမာစြာေနထိုင္ႏိုင္သူမ်ားရွားပါးလာပါတယ္။သုိ႔ေသာ္ရွမ္းျပည္နယ္ေတာင္ႀကီးၿမိဳ႕နယ္မွာေမြးဖြားခဲ႔တဲ႔ ေမာင္ႏွမ(၇)ဦးကေတာ့ဒီထူးျခားတဲ႔ဆုလဒ္နဲ႔ျပည္႔စံုၿပီးယေန႔အခ်ိန္အထိ ေမာင္ႏွမအားလံုးက်န္းက်န္းမာမာနဲ႔သက္ရွိထင္ရွားရွိေနၾကပါတယ္။ေလးဦးကေတာ႔ေမြးရပ္ဇာတိျဖစ္တဲ႔ေတာင္ႀကီးၿမိဳ႕မွာေနထုိင္ၿပီး က်န္သံုးဦးကေတာ႔ ရန္ကုန္ၿမိဳ႕မွာေနထိုင္ၾကပါတယ္။

သူ တို႔ ထဲမွာ အႀကီးဆံုးအဖြားခင္ကအသက္(၁၀၂)ႏွစ္ရွိၿပီးအငယ္ဆံုးျဖစ္တဲ႔အဖြားေထြးကေတာ႔အသက္(၈၃)ႏွစ္ရွိၿပီလို႔ဆိုပါတယ္။ေမြးခ်င္းခုႏွစ္ဦးမွာအလတ္ကသားေယာက်ၤားေလးျဖစ္ၿပီးသူကေတာ႔အသက္(၉၁)ႏွစ္ရွိၿပီျဖစ္တဲ႔အဖိုးသိန္းျဖစ္ပါတယ္။
သူ တို႔ အားလံုးရဲ႕ သက္ရွည္က်န္းမာျခင္းရဲ႕လွ်ိဳ႕၀ွက္ခ်က္ေတြကဘာေတြျဖစ္မလဲ။
ေမာ င္ႏွ မအားလံုး မာန္မာနကင္းၿပီးေအးေဆးစြာေနထိုင္တတ္ၾကပါတယ္။ ႀကီးသူကုိ ငယ္သူကရိုေသေလးစားစြာဆက္ဆံၿပီး အသားထက္အသီးအႏွံကိုပိုႀကိဳက္ႏွစ္သက္ၾကပါတယ္။
ေမာင္ႏွ မ အားလံုး ေန႔စဥ္၀ိပႆနာတရား ေလးႀကိမ္ထိုင္ျခင္း၊ ဥပုသ္ေန႔တိုင္း သီလေဆာက္တည္ျခင္း၊ ညစဥ္၇နာရီမွာပံုမွန္ အိမ္ယာ၀င္ၿပီး မနက္ေစာေစာ ၄ နာရီမွာထၿပီး ဘုရားရွိခိုးျခင္းတို႔ကိုျပဳလုပ္ၾကတယ္လို႔ဆိုပါတယ္။

UNICODE Version
ဖွား သက် ရှည်နှင့်ဖိုးသက်ရှည်မောင်နှမ(၇)ဦးယနေ့ခေတ်မှာသက်တမ်းစေ့(သို့)သက်တမ်းကျော်လွန်ပြီးသက်ရှည်ကျန်းမာစွာနေထိုင်နိုင်သူများရှားပါးလာပါတယ်။ သို့သော်ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာမွေးဖွားခဲ့တဲ့ မောင်နှမ(၇)ဦးကတော့ဒီထူးခြားတဲ့ဆုလဒ်နဲ့ပြည့်စုံပြီးယနေ့အချိန်အထိမောင်နှမအားလုံးကျန်းကျန်းမာမာနဲ့သက်ရှိထင်ရှားရှိနေကြပါတယ်။ လေးဦးကတော့ မွေးရပ်ဇာတိဖြစ်တဲ့ တောင်ကြီးမြို့မှာနေထိုင်ပြီး ကျန်သုံးဦးကတော့ ရန်ကုန်မြို့မှာနေထိုင်ကြပါတယ်။
သူတို့ထဲမှာအကြီးဆုံးအဖွားခင်ကအသက်(၁၀၂)နှစ်ရှိပြီးအငယ်ဆုံးဖြစ်တဲ့အဖွားထွေးကတော့အသက်(၈၃)နှစ်ရှိပြီလို့ဆိုပါတယ်။မွေးချင်းခုနှစ်ဦးမှာအလတ်ကသားယောင်္ကျားလေးဖြစ်ပြီးသူကတော့အသက်(၉၁)နှစ်ရှိပြီဖြစ်တဲ့အဖိုးသိန်းဖြစ်ပါတယ်။

သူတို့အားလုံးရဲ့ သက်ရှည်ကျန်းမာခြင်းရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။
မောင်နှမအားလုံးမာန်မာနကင်းပြီးအေးဆေးစွာနေထိုင်တတ်ကြပါတယ်။ကြီးသူကိုငယ်သူကရိုသေလေးစားစွာဆက်ဆံပြီး အသားထက်အသီးအနှံကိုပိုကြိုက်နှစ်သက်ကြပါတယ်။
မောင်နှမအားလုံးနေ့စဉ်ဝိပဿနာတရားလေးကြိမ်ထိုင်ခြင်း၊ဥပုသ်နေ့တိုင်းသီလဆောက်တည်ခြင်း၊ညစဉ်၇နာရီမှာပုံမှန် အိမ်ယာဝင်ပြီး မနက်စောစော ၄ နာရီမှာထပြီး ဘုရားရှိခိုးခြင်းတို့ကိုပြုလုပ်ကြတယ်လို့ဆိုပါတယ်။

No comments:

Post a Comment