Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 6, 2019

နင္​နဲ႔ငါ လင္​မယားလို​ေနရ​ေအာင္​​ေျပာၿပီး ​ေျခာက္​နွစ္​သမီးေလး သားမယားျပဳက်င္​့ခံရ

​ေျခာက္​နွစ္​သမီးငယ္​ကို သားမယားျပဳက်င္​့ခံရသျဖင္​့ ထိ​ေရာက္​စြာ အျမန္​ဆံုးအ​ေရယူ​ေပး​ေစရန္​ မိဘနွစ္​ပါးကဆို

စစ္​ကိုင္​းတိုင္​း​ေဒသႀကီး၊ ​ေ႐ႊဘိုခရိုင္​၊ တန္​ဆည္​ၿမိဳ႕နယ္​၊ ႐ြာရွည္​​ေတာင္​​ေက်း႐ြာအုပ္​စု၊ သရက္​ကုန္​း​ေက်း႐ြာတြင္​ အသက္​(၆)နွစ္​သမီးငယ္​ ​အိမ္​​ေအာက္​တြင္​ အိပ္​​ေနစဥ္​ တ႐ြာတည္​း​ေန ​ေမာင္​​ေအာင္​ခ်မ္​းဦးဆိုသူ (၁၅)ႏွစ္​ခန္​႔က ၄-၂-၂၀၁၉ ရက္​​ေန႔က သားမယားျပဳက်င္​့ခဲရာ သက္​ဆိုင္​ရာသို႔ တိုင္​ၾကားထား​ေသာ္​လည္​း အ​ေရယူ​ေဆာင္​႐ြက္​မႈ အားနည္​း​ေန​ေၾကာင္​း ဧၿပီလ ၂၉ ရက္​​ေန႔က မိဘနွစ္​ပါးျဖစ္​သူ ကိုစိုးလင္​းထိုက္​+မသင္​းသင္​းဦး တို႔က News Watch ကို​ေျပာပါတယ္​။

“က်ြန္​မက သမီးအိမ္​​ေအာက္​ကုတင္​တြင္​ အိပ္​​ေနသည္​့အတြက္​ ကိုယ္​လုပ္​စရာရွိတာ​ေလး​ေတြ ႐ြာထဲသြားလုပ္​​ေန​ေတာ့၊ မသိလိုက္​ဘူး၊ သမီးရဲ႕​ေျပာျပခ်က္​အရ က်ြန္​မသိရတာက၊ သမီးက အိမ္​​ေအာက္​ကုတင္​တြင္​ အိပ္​​ေနတာကို၊ ကို​ေအာင္​ခ်မ္​းဦး​ေရာက္​လာၿပီး

နင္​နဲ႔ငါ လင္​မယားလို​ေနရ​ေအာင္​​ေျပာၿပီ သမီးကိုဆြဲ​ေခၚရာ သမီးက ​ေၾကာက္​လို႔ထြက္​​ေျပးရာ ​ကို​ေအာင္​ခ်မ္​းဦးကလိုက္​ကာ အိမ္​​ေဘးနားမွာ သမီးကို​ေပႊၿပီး ပုဒ္​နွစ္​လံုးၾကား ​ေခၚကာ သမီးကိုလုပ္​ေနတံုး အဲဒီအခ်ိန္​မွ အကိုျဖစ္​သူ​ ​ေမာင္​ျမင္​့ျမတ္​စိုး​ေရာက္​ရွိလာၿပီ

း သားမယားျပဳက်င္​့သူ ကို​ေအာင္​ခ်မ္​းဦးနွင္​့​ေတြ႕ကာ မင္​းငါညီမကို ဘာလုပ္​တာလည္​း​ေမး​ေတာ့ ငါလိုးတယ္​ကြာလို႔ ​ေျပာရာ အကိုျဖစ္​သူက လက္​သီးျဖင္​့လိုက္​ထိုးရာ ထြက္​​ေျပးသြားခဲ့​ေၾကာင္​း သမီးက​ေျပာျပ၍ သိရပါတယ္​ ဟု မိခင္​ျဖစ္​သူ​ေဒၚသင္​းသင္​းဦးက News Watch ကို​ေျပာသည္​။

“အခုလို က်ြန္​​ေတာ္​သမီး​ေလး အားဓမၼျပဳက်င္​့ခံရတံုးက က်ြန္​​ေတာ္​မရွိဘူး၊ ဖားကန္​႔မွာ အလုပ္​သြားလုပ္​​ေနတာ၊ အဲဒီအခ်ိန္​က က်ြန္​​ေတာ္​မိန္​းမက၊ ဖုန္​းဆက္​​ေျပာလိုသိရတယ္​၊ အမျဖစ္​သူကလည္​း၊ ငါ​့​ေမာင္​အလုပ္​ရွိရင္​မလာခဲ့နဲ႔၊ အမတို႔ရွိတယ္​၊ ၾကည္​လုပ္​ထားလိုက္​မယ္​​ေျပာတာနဲ႔၊

က်ြန္​​ေတာ္​လည္​းအလုပ္​မအားတာနဲ႔ ၊အိမ္​ျပန္​မလာျဖစ္​ဘူး၊ သၾကၤန္​ကာလမွာအိမ္​ျပန္​လာၿပီး အ​ေရးယူ​ေဆာင္​႐ြက္​မႈမရွိလို႔ ယ​ေန႔ မႏၲ​ေလးၿမိဳ႕တက္​လာၿပီး အခုလိုရင္​ဖြင္​့ရျခင္​းျဖစ္​ပါတယ္​၊ ၂-၄-၂၀၁၉ ရက္​​ေန႔ကမွ တန္​ဆည္​ၿမိဳ႕နယ္​ ရဲစခန္​းတိုင္​ၾကားရတယ္​၊

၃-၄-၂၀၁၉ ရက္​​ေန႔မွာ ​ေတာင္​႐ြာရွည္​အုပ္​ သရက္​ကုန္​း​ေက်း႐ြာ အုပ္​ခ်ဳပ္​​ေရးမွဴးရံုးတြင္​ ​ေက်း​ေအးဖို႔ တန္​ဆည္​ၿမိဳ႕မရဲစခန္​းက နယ္​ထိမ္​းနွင္​့​ေနာက္​ပါ ရဲ​ေဘာ္​တစ္​​ေယာက္​က ဒီတင္​​ေအးခ်င္​​ေအး၊ မ​ေအးလ်ွင္​ တန္​႔ဆည္​ၿမိဳ႕မ ရဲစခန္​း​ေရာက္​သြားရင္​ တရားလိုက​ေန တရားခံျဖစ္​မည္​ဟု ခ်ိန္​း​ေျခာက္​သျဖင္​့ က်ြန္​​ေတာ္​တို႔ ​ေၾကာက္​သျဖင္​့ မတိုင္​ရဲပဲျဖစ္​ခဲတာပါ၊

​ေနာက္​ ဆရာမႀကီး ​ေဒါဝင္​းဝင္​း​ေမာ္​မွ အႀကံ​ေပးသျဖင္​့ ​ေတာင္​သူလယ္​သမားသမဂၢရံုး မႏၲ​ေလးကို ​ေရာက္​လာ​ေၾကာင္​း ဦးစိုးလင္​းထိုက္​က News Watch ကို​ေျပာသည္​။

အဆိုကိစၥနွင္​့ပါတ္​သက္​၍ တန္​႔ဆည္​ၿမိဳ႕မရဲစခန္​းမွ စခန္​းမွဴး ရဲမွဴးဦးဝင္​းနိုင္​အား ဆက္​သြယ္​​ေမးျမန္​းခဲရာ ျဖစ္​စဥ္​က ၂ လပိုင္​းကပါ က်ြန္​​ေတာ္​ထံကို တိုင္​းၾကားတာက ၂-၄ -၂၀၁၉ က တိုင္​းၾကားလို႔ စစ္​​ေဆးတာ​ေတြလုပ္​ၿပီး ​ေဆးစာယူျခင္​း အမႈတည္​​ေဆာက္​ျခင္​းမ်ားျပဳလုပ္​ကာ

မ​ေန႔ကဘဲ (ပ)သ/၁၁၁/၂၀၁၉ ျဖင္​့ အမႈဖြင္​့လွစ္​ကာ ရာဇာသတ္​ႀကီးပုဒ္​မ ၃၇၆/၅၁၁ တို႔ျဖင္​့ အမႈဖြင္​့ကာ ယ​ေန႔ တရာရံုး၏ ခ်ဳပ္​မိန္​႔ျဖင္​့ ဖမ္​းဆီး ထိမ္​းသိမ္​းထားရွိ​ေၾကာင္​း တန္​႔ဆည္​ၿမိဳ႕မစခန္​းမွဴးက News Watch ကို​ ​ေျဖၾကားခဲသည္​။
News Watch

#Unicode Version#
ခြောက်နှစ်သမီးငယ်ကို သားမယားပြုကျင့်ခံရသဖြင့် ထိရောက်စွာ အမြန်ဆုံးအရေယူပေးစေရန် မိဘနှစ်ပါးကဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန်ဆည်မြို့နယ်၊ ရွာရှည်တောင်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် အသက်(၆)နှစ်သမီးငယ် အိမ်အောက်တွင် အိပ်နေစဉ် တရွာတည်းနေ မောင်အောင်ချမ်းဦးဆိုသူ (၁၅)နှစ်ခန့်က ၄-၂-၂၀၁၉ ရက်နေ့က သားမယားပြုကျင့်ခဲရာ သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း အရေယူဆောင်ရွက်မှု အားနည်းနေကြောင်း ဧပြီလ ၂၉ ရက်နေ့က မိဘနှစ်ပါးဖြစ်သူ ကိုစိုးလင်းထိုက်+မသင်းသင်းဦး တို့က News Watch ကိုပြောပါတယ်။

“ကျွန်မက သမီးအိမ်အောက်ကုတင်တွင် အိပ်နေသည့်အတွက် ကိုယ်လုပ်စရာရှိတာလေးတွေ ရွာထဲသွားလုပ်နေတော့၊ မသိလိုက်ဘူး၊ သမီးရဲ့ပြောပြချက်အရ ကျွန်မသိရတာက၊ သမီးက အိမ်အောက်ကုတင်တွင် အိပ်နေတာကို၊ ကိုအောင်ချမ်းဦးရောက်လာပြီး

နင်နဲ့ငါ လင်မယားလိုနေရအောင်ပြောပြီ သမီးကိုဆွဲခေါ်ရာ သမီးက ကြောက်လို့ထွက်ပြေးရာ ကိုအောင်ချမ်းဦးကလိုက်ကာ အိမ်ဘေးနားမှာ သမီးကိုပွှေပြီး ပုဒ်နှစ်လုံးကြား ခေါ်ကာ သမီးကိုလုပ်နေတုံး အဲဒီအချိန်မှ အကိုဖြစ်သူ မောင်မြင့်မြတ်စိုးရောက်ရှိလာပြီ

း သားမယားပြုကျင့်သူ ကိုအောင်ချမ်းဦးနှင့်တွေ့ကာ မင်းငါညီမကို ဘာလုပ်တာလည်းမေးတော့ ငါလိုးတယ်ကွာလို့ ပြောရာ အကိုဖြစ်သူက လက်သီးဖြင့်လိုက်ထိုးရာ ထွက်ပြေးသွားခဲ့ကြောင်း သမီးကပြောပြ၍ သိရပါတယ် ဟု မိခင်ဖြစ်သူဒေါ်သင်းသင်းဦးက News Watch ကိုပြောသည်။

“အခုလို ကျွန်တော်သမီးလေး အားဓမ္မပြုကျင့်ခံရတုံးက ကျွန်တော်မရှိဘူး၊ ဖားကန့်မှာ အလုပ်သွားလုပ်နေတာ၊ အဲဒီအချိန်က ကျွန်တော်မိန်းမက၊ ဖုန်းဆက်ပြောလိုသိရတယ်၊ အမဖြစ်သူကလည်း၊ ငါ့မောင်အလုပ်ရှိရင်မလာခဲ့နဲ့၊ အမတို့ရှိတယ်၊ ကြည်လုပ်ထားလိုက်မယ်ပြောတာနဲ့၊

ကျွန်တော်လည်းအလုပ်မအားတာနဲ့ ၊အိမ်ပြန်မလာဖြစ်ဘူး၊ သြင်္ကန်ကာလမှာအိမ်ပြန်လာပြီး အရေးယူဆောင်ရွက်မှုမရှိလို့ ယနေ့ မန္တလေးမြို့တက်လာပြီး အခုလိုရင်ဖွင့်ရခြင်းဖြစ်ပါတယ်၊ ၂-၄-၂၀၁၉ ရက်နေ့ကမှ တန်ဆည်မြို့နယ် ရဲစခန်းတိုင်ကြားရတယ်၊

၃-၄-၂၀၁၉ ရက်နေ့မှာ တောင်ရွာရှည်အုပ် သရက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးအေးဖို့ တန်ဆည်မြို့မရဲစခန်းက နယ်ထိမ်းနှင့်နောက်ပါ ရဲဘော်တစ်ယောက်က ဒီတင်အေးချင်အေး၊ မအေးလျှင် တန့်ဆည်မြို့မ ရဲစခန်းရောက်သွားရင် တရားလိုကနေ တရားခံဖြစ်မည်ဟု ချိန်းခြောက်သဖြင့် ကျွန်တော်တို့ ကြောက်သဖြင့် မတိုင်ရဲပဲဖြစ်ခဲတာပါ၊

နောက် ဆရာမကြီး ဒေါဝင်းဝင်းမော်မှ အကြံပေးသဖြင့် တောင်သူလယ်သမားသမဂ္ဂရုံး မန္တလေးကို ရောက်လာကြောင်း ဦးစိုးလင်းထိုက်က News Watch ကိုပြောသည်။

အဆိုကိစ္စနှင့်ပါတ်သက်၍ တန့်ဆည်မြို့မရဲစခန်းမှ စခန်းမှူး ရဲမှူးဦးဝင်းနိုင်အား ဆက်သွယ်မေးမြန်းခဲရာ ဖြစ်စဉ်က ၂ လပိုင်းကပါ ကျွန်တော်ထံကို တိုင်းကြားတာက ၂-၄ -၂၀၁၉ က တိုင်းကြားလို့ စစ်ဆေးတာတွေလုပ်ပြီး ဆေးစာယူခြင်း အမှုတည်ဆောက်ခြင်းများပြုလုပ်ကာ

မနေ့ကဘဲ (ပ)သ/၁၁၁/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်ကာ ရာဇာသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်ကာ ယနေ့ တရာရုံး၏ ချုပ်မိန့်ဖြင့် ဖမ်းဆီး ထိမ်းသိမ်းထားရှိကြောင်း တန့်ဆည်မြို့မစခန်းမှူးက News Watch ကို ဖြေကြားခဲသည်။
News Watch

No comments:

Post a Comment