Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 5, 2019

သင့္ေမြးလကေျပာတဲ့ သင့္အေၾကာင္း


ဇန္နဝါရီ – သင္ဟာ သူတပါးကို အလြန္အေလးထားတတ္ၿပီး ဂရုစိုက္နားေထာင္တတ္သူပါ။ ဒီအရည္အခ်င္းဟာ သူငယ္ခ်င္းမ်ားစြာကုိ ဆြဲေဆာင္ထားၿပီး ျပႆနာတစံုတရာရွိတဲ့သူတိုင္းက သင့္ဆီကုိ ေရာက္လာတတ္ပါတယ္။ သင့္ရဲ႕ အေကာင္းျမင္စိတ္နဲ႔ ဘဝအေပၚမွာထားတဲ့ အေပါင္းလကၡဏာသေဘာထားေၾကာင့္ လူအမ်ားရဲ႕ ခ်စ္ျမတ္ႏိုးမႈကုိခံရပါတယ္။ သင္ဟာ အမီွအခိုကင္းမႈ၊ လြတ္လပ္မႈနဲ႔ အလွတရားတို႔ကုိ ခ်စ္ခင္သူပါ။ သင္ေလွ်ာက္လွမ္းသမွ်ေနရာတိုင္းဟာ ေပ်ာ္ရႊင္မႈေတြနဲ႔ျပည့္ႏွက္ေနေတာ့တာပါပဲ။ သင့္ရဲ႕ အရွိန္အဝါနဲ႔ ထူူျခားတဲ့ခ်စ္စဖြယ္ စြဲေဆာင္မႈတို႔က အလြန္ျမင့္မားၿပီး ဒီအခ်က္ေၾကာင့္ပဲ လူေတြကုိ အလိုလို ဆြဲေဆာင္ေနပါေတာ့တယ္။

ေဖေဖာ္ဝါရီ – သင့္ရဲ႕ ကုိယ္ရည္ကိုယ္ေသြးကေတာ့ ယံုၾကည္ခ်က္ရွိျခင္း၊ အားျပည့္တက္ၾကြျခင္းနဲ႔ စိတ္ဝင္စားစရာေကာင္းျခင္းတို႔ပါပဲ။ သင္ဟာ သင္သာဆႏၵရွိရင္ အုပ္စုတစ္ခုကို ဦးလည္းေဆာင္ႏိုင္သလို မပါသလိုလည္း ေနႏိုင္ပါတယ္။ ဒါက သင့္အေပၚမွာပဲမူတည္ေနပါတယ္။ ဒီ ကြဲျပားထူးျခားတဲ့ အရည္အေသြးက အမ်ားၾကားမွာ သင့္ကုိ ထင္ေပၚေစတာပါပဲ။ သင္ဟာ လူေတြကုိ တိမ္းညႊတ္ေစၿပီး သင့္ရဲ႕သံလိုက္ဓါတ္နဲ႔ လူတိုင္းကုိ ဆြဲေဆာင္ႏိုင္ပါတယ္။

မတ္ – သင့္ရဲ႕ အေကာင္းဆံုးအရည္အေသြးကေတာ့ ဘယ္ေတာ့မွ အရံႈးမေပးတတ္တာပါ။ ဘယ္လိုအေျခအေနပဲရွိပါေစ၊ ဘယ္လို အရႈပ္အေထြးထဲမွာပဲ ရွိေနပါေစ၊ သင္ကေတာ့ သင့္ရဲ႕အေကာင္းဆံုးပံုစံနဲ႔ပဲ ႀကိဳးစားပါတယ္။ သင့္မွာ ပိုင္ႏိုင္တဲ့ခ်င့္ခ်ိန္မႈရွိၿပီး သင္ဟာ ဘဝမွာ တည္ၿငိမ္တဲ့အရွိန္တစ္ခုနဲ႔ ထိန္းသိမ္းထားရတာကုိ ႏွစ္သက္ပါတယ္။ အရာရာက ေကာင္းဖို႔ျဖစ္လာတာလို႔ ယံုၾကည္ၿပီး သင့္ရဲ႕ ထိုးထြင္းသိျမင္နိုင္စြမ္းက အလြန္အားေကာင္းပါတယ္။ သင္ဟာ ကုိယ့္ရဲ႕ တကိုယ္ေရကုိယ္ပိုင္ဘဝမွာ နက္ရႈိင္းတဲ့ျမႈပ္ကြက္မ်က္ႏွာစာတခုရွိေနတဲ့ အလြန္စြမ္းအားျမင့္သူျဖစ္ပါတယ္။

ဧၿပီ – သင္ကေတာ့ စိတ္လႈပ္ရွားထိရွလြယ္သူျဖစ္ၿပီး အေသးအဖြဲကိစၥေလးေတြက သင့္အတြက္ အမ်ားႀကီး အေရးပါပါတယ္။ သင့္ရဲ႕ ဂရုစိုက္တတ္မႈနဲ႔ ထိရွလြယ္မႈေတြေၾကာင့္ လူေတြရဲ႕အခ်စ္ခံရသူတစ္ေယာက္ျဖစ္ပါတယ္။ သင္က ၿငိမ္းခ်မ္းေရးကုိ ခ်စ္ျမတ္ႏိုးၿပီး ကမၻာေလာကႀကီးကုိ သင့္ရဲ႕ အေကာင္းျမင္စိတ္၊ ၿငိမ္းခ်မ္းတဲ့စရိုက္သဘာဝေတြနဲ႔ ခ်စ္စဖြယ္ေကာင္းတဲ့ေနရာအျဖစ္ ဖန္တီးခ်င္သူပါ။ အရႈပ္အေထြးေတြၾကားထဲ ဝင္ပါရတာကို မႏွစ္သက္ဘဲ ကုိယ့္ဖာသာ လြတ္လြတ္ကင္းကင္း ေနလိုသူျဖစ္ပါတယ္။

ေမ – သင္ကေတာ့ အစစ ၿခံဳငံုၿပီး အ့ံဖြယ္ ကုိယ္ရည္ကိိုယ္ေသြးရွိသူပါ။ သင္ဟာ ကုိယ့္ပံုစံနဲ႔ကုိယ္ ေနထိုင္ျခင္းေၾကာင့္ ခ်စ္ျမတ္ႏိုးခံရတတ္ပါတယ္။ သင္ဟာ တခ်ိဳ႕သူေတြအတြက္ ခ်ဥ္းကပ္ရမလြယ္သူလို႔ ထင္ရေပမဲ့ မသင့္ကိုသိတဲ့သူေတြကေတာ့ သင္ဟာ ခ်စ္တဲ့သူေတြအတြက္ ေရဆံုးေရဖ်ား လုပ္ေပးတတ္သူဆိုတာကုိ သိၾကပါတယ္။ သင္ဟာ သိပ္လက္ေတြ႔ဆန္ၿပီး မိသားစုနဲ႔သူငယ္ခ်င္းေတြကုိ နက္နက္ရႈိင္းရႈိင္းခ်စ္သူပါ။

ဇြန္ – သင္ဟာ အ့ံၾသဖြယ္ေကာင္းသူျဖစ္ၿပီး ယွဥ္ၿပိဳင္တိုက္ခို္က္မႈေတြကို ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ ေရွာင္ၾကဥ္သူပါ။ သင့္ရဲ႕ ခ်စ္ျခင္းေမတၱာ၊ ေႏြးေထြးမႈေတြနဲ႔ ကမၻာႀကီးကုိ ပိုေကာင္းတဲ့ေနရာတစ္ခုျဖစ္လာေအာင္ ျပဳဳလုပ္ခ်င္သူပါ။ သင့္မွာ ေရႊအဆင္းလိုႏွလံုးသားရွိၿပီး သူတပါးတို႔ရဲ႕ လိုအင္ဆႏၵေတြကုိ စိတ္ထဲမွာ အၿမဲအမွတ္ထားတတ္ပါတယ္။ ဒါ့အျပင္ ဇြန္လမွာေမြးသူေတြက လွပေခ်ာေမာၾကၿပီး အလြန္ထူးျခားေကာင္းမြန္တဲ့ လက္တြဲေဖာ္ေတြျဖစ္ၾကပါတယ္။

ဇူလိုင္ – ရဲရင့္မႈ၊ သတၱိတို႔နဲ႔ သင္မွာ အလြန္အားေကာင္းတဲ့ ကိုယ္ရည္ကုိယ္ေသြးရွိပါတယ္။ ဒါေပမဲ့ သင့္ရဲ႕ အားေကာင္းတဲ့သြင္ျပင္ေအာက္မွာ လွ်ိဳ႕ဝွက္ဖံုးကြယ္ထားတဲ့ ထိရွလြယ္ေသာ မ်က္ႏွာစာတခုက ရွိေနပါတယ္။ သင္နဲ႔ အလြန္ရင္းႏွီးနီးစပ္တဲ့ အထူးပုဂၢိဳလ္အနည္းငယ္ကသာ သင့္ရဲ႕ ဒီထိရွလြယ္ၿပီး ေႏြးေထြးတဲ့ အျခားမ်က္ႏွာစာကုိ ျမင္ေတြ႔ဖူးၾကပါတယ္။ သင္က သင္နဲ႔ အနီးအပါးက မတရားမႈ၊ မွားယြင္းမႈတုိင္းမွာ ဝင္ရပ္တည္တတ္ၿပီး လူေတြကုိ အၿမဲေလးစားတတ္ပါတယ္။

ၾသဂုတ္ – သင္ဟာ အလြန္အမင္းရိုးသားသူျဖစ္ၿပီး ဒီအခ်က္နဲ႔ပဲ လူေတြက သင့္ကုိသိၾကတာပါ။ သင္ဟာ သင္ယံုၾကည္ရာအတိုင္း လုပ္ေဆာင္တတ္ပါတယ္။ ဘယ္လိုက႑ေနရာမ်ိဳးမွာမဆို ရိုးသားမႈကုိသာ ႏွစ္သက္ၿပီး သင္မွားတဲ့အခါမ်ိဳးမွာလည္း ဂုဏ္သိကၡာရွိရွိ ဝန္ခံတတ္ပါတယ္။ သင္ဟာ အမ်ားရဲ႕ အာရံုထားဂရုစိုက္ခံရသူျဖစ္ရတာကုိ ႀကိဳက္ၿပီး သင့္ရဲ႕ကိုယ္ရည္ကုိယ္ေသြးကလည္း ဒါကုိ ကူညီေပးေနပါတယ္

စက္တင္ဘာ – သင့္မွာ စြမ္းအားေကာင္းၿပီး ျပက္ျပက္ထင္းထင္းရွိလွတ့ဲ ေတြးေခၚႀကံစည္မႈရွိၿပီး သင့္ရဲ႕ စူးစမ္းတတ္တဲ့၊ သင္ယူလိုတဲ့ ပင္ကုိယ္သဘာဝက သင့္အနီးအပါးက အရာအားလံုးအေပၚမွာ ေမးခြန္းေတြ ျဖစ္ေစေတာ့တာပါပဲ။ သင့္မွာ သင္လိုခ်င္တဲ့အရာကုိ ရယူဖို႔ နည္းလမ္းတခုက ရွိေနတတ္ပါတယ္။ ဘယ္လို ကပ္သတ္တဲ့ အေျခအေနမ်ိဳးကမဆို အလြယ္တကူ အၿမဲတမ္း ရုန္းထြက္ႏိုင္ပါတယ္။ သင္ဟာ အဲဒီစြမ္းေဆာင္ရည္ေၾကာင့္ပဲ အမ်ားခ်စ္ျမတ္ႏိုးတာခံရၿပီး လူေတြက သင့္ရဲ႕ ဦးေဆာင္မႈေနာက္ကိုလိုက္ဖို႔ အၿမဲအဆင္သင့္ျဖစ္ေနတတ္ၾကပါတယ္။

ေအာက္တိုဘာ – သင္ဟာ လူတုုိင္းအတြက္ ျပႆနာေျဖရွင္းေပးသူျဖစ္ၿပီး သင္ဟာ ဒီလိုလုပ္ေပးရာမွာ ဘက္မလိုက္တဲ့သေဘာထားနဲ႔ ေျဖရွင္းပါတယ္။ သင္ဟာ သူတပါးတို႔စကားကုိ အေလးအနက္ နားေထာင္ေပးတတ္သူျဖစ္ၿပီး ဘယ္သူ႕ရဲဲ႕ျပႆနာကုိမဆို နားေထာင္ေပးဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ သင္ဟာ ပင္ကိုယ္သဘာဝကိုက အလြန္ ေတြးေတြးဆဆရွိသူ၊ ကူညီတတ္သူ၊ ၾကင္နာတတ္သူျဖစ္ပါတယ္။

ႏိုဝင္ဘာ – သင့္မွာ ထင္ရွားတဲ့စိတ္ကူးရွိၿပီး သင့္ရဲ႕စိတ္ထဲမွာ ဆန္းသစ္တဲ့စိတ္ကူးေတြနဲ႔ အၿမဲျပည့္ႏွက္ေနပါတယ္။ သင္ဟာ သင့္ရဲ႕ပတ္ဝန္းက်င္အေပၚ စူးစမ္းေလ့လာရတာကုိ ႏွစ္သက္ၿပီး ပတ္ဝန္းက်င္ကေန ေလ့လာလို႔ရသမွ်ကုိ စုေစာင္းေလ့ရွိပါတယ္။ သင့္မွာ ကုိယ္ပုိင္ကမၻာေလးတစ္ခုရွိၿပီး ဒီလိုပံုစံနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရွင္သန္ပါတယ္။ သင့္ရဲ႕စိတ္က သင့္ရဲ႕ကိုယ္ပိုင္ကမၻာေလးထဲမွာ အၿမဲရွိခ်င္ရွိေနမွာျဖစ္ေပမဲ့ သင္ကုိယ္တိုင္ကေတာ့ လက္ေတြ႔ဘဝနဲ႔ ခိုင္ခို္င္မာမာ ဆက္သြယ္ထားသူပါ။

ဒီဇင္ဘာ – သင္ဟာ ရည္ရြယ္ခ်က္ႀကီးသူျဖစ္ၿပီး ဒီအတြက္ ခရီးအရွည္ႀကီး လာခဲ့ရၿပီးျဖစ္ပါတယ္။ သင္ဟာ ခံစားခ်က္လႊမ္းမိုးတတ္သူျဖစ္ၿပီး သင့္ရဲ႕ ခံစားခ်က္ေတြကုိ ထုတ္ေဖာ္ျပသဖို႔လည္း ေၾကာက္ရြံ႕မေနတတ္ပါဘူး။ ကုိယ့္အမွားကိုယ္လက္ခံတတ္ၿပီး ခံစားခ်က္ကို ပြင့္လင္းစြာျပတတ္တဲ့ သင့္ရဲ႕အရည္အေသြးကုိ လူေတြက ျမတ္ႏိုးၾကပါတယ္။ ဒါေပမဲ့ သင့္ရဲ႕ အေကာင္းဆံုးအားထုတ္မႈနဲ႔ေတာင္မွ သင္ဟာ စိတ္ေက်နပ္မႈ မရတတ္ဘဲ သည့္ထက္ သည့္ထက္ပိုမိုၿပီး အၿမဲတမ္း ေမွ်ာ္မွန္းေနတတ္ပါတယ္။
Yours_James

#Unicode Version# ျဖင့္ဖတ္ပါ ။

ဇန်နဝါရီ – သင်ဟာ သူတပါးကို အလွန်အလေးထားတတ်ပြီး ဂရုစိုက်နားထောင်တတ်သူပါ။ ဒီအရည်အချင်းဟာ သူငယ်ချင်းများစွာကို ဆွဲဆောင်ထားပြီး ပြဿနာတစုံတရာရှိတဲ့သူတိုင်းက သင့်ဆီကို ရောက်လာတတ်ပါတယ်။ သင့်ရဲ့ အကောင်းမြင်စိတ်နဲ့ ဘဝအပေါ်မှာထားတဲ့ အပေါင်းလက္ခဏာသဘောထားကြောင့် လူအများရဲ့ ချစ်မြတ်နိုးမှုကိုခံရပါတယ်။ သင်ဟာ အမှီအခိုကင်းမှု၊ လွတ်လပ်မှုနဲ့ အလှတရားတို့ကို ချစ်ခင်သူပါ။ သင်လျှောက်လှမ်းသမျှနေရာတိုင်းဟာ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတော့တာပါပဲ။ သင့်ရဲ့ အရှိန်အဝါနဲ့ ထူူခြားတဲ့ချစ်စဖွယ် စွဲဆောင်မှုတို့က အလွန်မြင့်မားပြီး ဒီအချက်ကြောင့်ပဲ လူတွေကို အလိုလို ဆွဲဆောင်နေပါတော့တယ်။

ဖေဖော်ဝါရီ – သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကတော့ ယုံကြည်ချက်ရှိခြင်း၊ အားပြည့်တက်ကြွခြင်းနဲ့ စိတ်ဝင်စားစရာကောင်းခြင်းတို့ပါပဲ။ သင်ဟာ သင်သာဆန္ဒရှိရင် အုပ်စုတစ်ခုကို ဦးလည်းဆောင်နိုင်သလို မပါသလိုလည်း နေနိုင်ပါတယ်။ ဒါက သင့်အပေါ်မှာပဲမူတည်နေပါတယ်။ ဒီ ကွဲပြားထူးခြားတဲ့ အရည်အသွေးက အများကြားမှာ သင့်ကို ထင်ပေါ်စေတာပါပဲ။ သင်ဟာ လူတွေကို တိမ်းညွှတ်စေပြီး သင့်ရဲ့သံလိုက်ဓါတ်နဲ့ လူတိုင်းကို ဆွဲဆောင်နိုင်ပါတယ်။

မတ် – သင့်ရဲ့ အကောင်းဆုံးအရည်အသွေးကတော့ ဘယ်တော့မှ အရှုံးမပေးတတ်တာပါ။ ဘယ်လိုအခြေအနေပဲရှိပါစေ၊ ဘယ်လို အရှုပ်အထွေးထဲမှာပဲ ရှိနေပါစေ၊ သင်ကတော့ သင့်ရဲ့အကောင်းဆုံးပုံစံနဲ့ပဲ ကြိုးစားပါတယ်။ သင့်မှာ ပိုင်နိုင်တဲ့ချင့်ချိန်မှုရှိပြီး သင်ဟာ ဘဝမှာ တည်ငြိမ်တဲ့အရှိန်တစ်ခုနဲ့ ထိန်းသိမ်းထားရတာကို နှစ်သက်ပါတယ်။ အရာရာက ကောင်းဖို့ဖြစ်လာတာလို့ ယုံကြည်ပြီး သင့်ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက အလွန်အားကောင်းပါတယ်။ သင်ဟာ ကိုယ့်ရဲ့ တကိုယ်ရေကိုယ်ပိုင်ဘဝမှာ နက်ရှိုင်းတဲ့မြှုပ်ကွက်မျက်နှာစာတခုရှိနေတဲ့ အလွန်စွမ်းအားမြင့်သူဖြစ်ပါတယ်။

ဧပြီ – သင်ကတော့ စိတ်လှုပ်ရှားထိရှလွယ်သူဖြစ်ပြီး အသေးအဖွဲကိစ္စလေးတွေက သင့်အတွက် အများကြီး အရေးပါပါတယ်။ သင့်ရဲ့ ဂရုစိုက်တတ်မှုနဲ့ ထိရှလွယ်မှုတွေကြောင့် လူတွေရဲ့အချစ်ခံရသူတစ်ယောက်ဖြစ်ပါတယ်။ သင်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပြီး ကမ္ဘာလောကကြီးကို သင့်ရဲ့ အကောင်းမြင်စိတ်၊ ငြိမ်းချမ်းတဲ့စရိုက်သဘာဝတွေနဲ့ ချစ်စဖွယ်ကောင်းတဲ့နေရာအဖြစ် ဖန်တီးချင်သူပါ။ အရှုပ်အထွေးတွေကြားထဲ ဝင်ပါရတာကို မနှစ်သက်ဘဲ ကိုယ့်ဖာသာ လွတ်လွတ်ကင်းကင်း နေလိုသူဖြစ်ပါတယ်။

မေ – သင်ကတော့ အစစ ခြုံငုံပြီး အံ့ဖွယ် ကိုယ်ရည်ကိုယ်သွေးရှိသူပါ။ သင်ဟာ ကိုယ့်ပုံစံနဲ့ကိုယ် နေထိုင်ခြင်းကြောင့် ချစ်မြတ်နိုးခံရတတ်ပါတယ်။ သင်ဟာ တချို့သူတွေအတွက် ချဉ်းကပ်ရမလွယ်သူလို့ ထင်ရပေမဲ့ မသင့်ကိုသိတဲ့သူတွေကတော့ သင်ဟာ ချစ်တဲ့သူတွေအတွက် ရေဆုံးရေဖျား လုပ်ပေးတတ်သူဆိုတာကို သိကြပါတယ်။ သင်ဟာ သိပ်လက်တွေ့ဆန်ပြီး မိသားစုနဲ့သူငယ်ချင်းတွေကို နက်နက်ရှိုင်းရှိုင်းချစ်သူပါ။

ဇွန် – သင်ဟာ အံ့သြဖွယ်ကောင်းသူဖြစ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်မှုတွေကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရှောင်ကြဉ်သူပါ။ သင့်ရဲ့ ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုတွေနဲ့ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်လာအောင် ပြုုလုပ်ချင်သူပါ။ သင့်မှာ ရွှေအဆင်းလိုနှလုံးသားရှိပြီး သူတပါးတို့ရဲ့ လိုအင်ဆန္ဒတွေကို စိတ်ထဲမှာ အမြဲအမှတ်ထားတတ်ပါတယ်။ ဒါ့အပြင် ဇွန်လမှာမွေးသူတွေက လှပချောမောကြပြီး အလွန်ထူးခြားကောင်းမွန်တဲ့ လက်တွဲဖော်တွေဖြစ်ကြပါတယ်။

ဇူလိုင် – ရဲရင့်မှု၊ သတ္တိတို့နဲ့ သင်မှာ အလွန်အားကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့ အားကောင်းတဲ့သွင်ပြင်အောက်မှာ လျှို့ဝှက်ဖုံးကွယ်ထားတဲ့ ထိရှလွယ်သော မျက်နှာစာတခုက ရှိနေပါတယ်။ သင်နဲ့ အလွန်ရင်းနှီးနီးစပ်တဲ့ အထူးပုဂ္ဂိုလ်အနည်းငယ်ကသာ သင့်ရဲ့ ဒီထိရှလွယ်ပြီး နွေးထွေးတဲ့ အခြားမျက်နှာစာကို မြင်တွေ့ဖူးကြပါတယ်။ သင်က သင်နဲ့ အနီးအပါးက မတရားမှု၊ မှားယွင်းမှုတိုင်းမှာ ဝင်ရပ်တည်တတ်ပြီး လူတွေကို အမြဲလေးစားတတ်ပါတယ်။

သြဂုတ် – သင်ဟာ အလွန်အမင်းရိုးသားသူဖြစ်ပြီး ဒီအချက်နဲ့ပဲ လူတွေက သင့်ကိုသိကြတာပါ။ သင်ဟာ သင်ယုံကြည်ရာအတိုင်း လုပ်ဆောင်တတ်ပါတယ်။ ဘယ်လိုကဏ္ဍနေရာမျိုးမှာမဆို ရိုးသားမှုကိုသာ နှစ်သက်ပြီး သင်မှားတဲ့အခါမျိုးမှာလည်း ဂုဏ်သိက္ခာရှိရှိ ဝန်ခံတတ်ပါတယ်။ သင်ဟာ အများရဲ့ အာရုံထားဂရုစိုက်ခံရသူဖြစ်ရတာကို ကြိုက်ပြီး သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကလည်း ဒါကို ကူညီပေးနေပါတယ်

စက်တင်ဘာ – သင့်မှာ စွမ်းအားကောင်းပြီး ပြက်ပြက်ထင်းထင်းရှိလှတဲ့ တွေးခေါ်ကြံစည်မှုရှိပြီး သင့်ရဲ့ စူးစမ်းတတ်တဲ့၊ သင်ယူလိုတဲ့ ပင်ကိုယ်သဘာဝက သင့်အနီးအပါးက အရာအားလုံးအပေါ်မှာ မေးခွန်းတွေ ဖြစ်စေတော့တာပါပဲ။ သင့်မှာ သင်လိုချင်တဲ့အရာကို ရယူဖို့ နည်းလမ်းတခုက ရှိနေတတ်ပါတယ်။ ဘယ်လို ကပ်သတ်တဲ့ အခြေအနေမျိုးကမဆို အလွယ်တကူ အမြဲတမ်း ရုန်းထွက်နိုင်ပါတယ်။ သင်ဟာ အဲဒီစွမ်းဆောင်ရည်ကြောင့်ပဲ အများချစ်မြတ်နိုးတာခံရပြီး လူတွေက သင့်ရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်ကြပါတယ်။

အောက်တိုဘာ – သင်ဟာ လူတိုင်းအတွက် ပြဿနာဖြေရှင်းပေးသူဖြစ်ပြီး သင်ဟာ ဒီလိုလုပ်ပေးရာမှာ ဘက်မလိုက်တဲ့သဘောထားနဲ့ ဖြေရှင်းပါတယ်။ သင်ဟာ သူတပါးတို့စကားကို အလေးအနက် နားထောင်ပေးတတ်သူဖြစ်ပြီး ဘယ်သူ့ရဲ့ပြဿနာကိုမဆို နားထောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။ သင်ဟာ ပင်ကိုယ်သဘာဝကိုက အလွန် တွေးတွေးဆဆရှိသူ၊ ကူညီတတ်သူ၊ ကြင်နာတတ်သူဖြစ်ပါတယ်။

နိုဝင်ဘာ – သင့်မှာ ထင်ရှားတဲ့စိတ်ကူးရှိပြီး သင့်ရဲ့စိတ်ထဲမှာ ဆန်းသစ်တဲ့စိတ်ကူးတွေနဲ့ အမြဲပြည့်နှက်နေပါတယ်။ သင်ဟာ သင့်ရဲ့ပတ်ဝန်းကျင်အပေါ် စူးစမ်းလေ့လာရတာကို နှစ်သက်ပြီး ပတ်ဝန်းကျင်ကနေ လေ့လာလို့ရသမျှကို စုစောင်းလေ့ရှိပါတယ်။ သင့်မှာ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုရှိပြီး ဒီလိုပုံစံနဲ့ ပျော်ပျော်ရွှင်ရွှင် ရှင်သန်ပါတယ်။ သင့်ရဲ့စိတ်က သင့်ရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ အမြဲရှိချင်ရှိနေမှာဖြစ်ပေမဲ့ သင်ကိုယ်တိုင်ကတော့ လက်တွေ့ဘဝနဲ့ ခိုင်ခိုင်မာမာ ဆက်သွယ်ထားသူပါ။

ဒီဇင်ဘာ – သင်ဟာ ရည်ရွယ်ချက်ကြီးသူဖြစ်ပြီး ဒီအတွက် ခရီးအရှည်ကြီး လာခဲ့ရပြီးဖြစ်ပါတယ်။ သင်ဟာ ခံစားချက်လွှမ်းမိုးတတ်သူဖြစ်ပြီး သင့်ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့လည်း ကြောက်ရွံ့မနေတတ်ပါဘူး။ ကိုယ့်အမှားကိုယ်လက်ခံတတ်ပြီး ခံစားချက်ကို ပွင့်လင်းစွာပြတတ်တဲ့ သင့်ရဲ့အရည်အသွေးကို လူတွေက မြတ်နိုးကြပါတယ်။ ဒါပေမဲ့ သင့်ရဲ့ အကောင်းဆုံးအားထုတ်မှုနဲ့တောင်မှ သင်ဟာ စိတ်ကျေနပ်မှု မရတတ်ဘဲ သည့်ထက် သည့်ထက်ပိုမိုပြီး အမြဲတမ်း မျှော်မှန်းနေတတ်ပါတယ်။
Yours_James

No comments:

Post a Comment