Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

သမီးငယ္ေရွ႕တြင္ သမီးႀကီး ကို အတင္းအဓမၼျပဳက်င့္တဲ႔ ဖခင္


စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕နယ္တြင္ သမီးရင္းကို အဓမၼျပဳက်င့္ခဲ့သျဖင့္ ေထာင္က်ခဲ့ဖူးသည့္ ဖခင္မွ ေထာင္မွ လြတ္လာၿပီးေနာက္ အဆိုပါ သမီးကို ထပ္မံအဓမၼျပဳက်င့္သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရ သည္။

ေမလ ၈ ရက္ ည ၁၀ နာရီအခ်ိန္ခန္႔တြင္ ေက်ာက္ထံုးႀကီး ေက်းရြာရဲကင္းစခန္းသို႔ အသက္ ၁၇ ႏွစ္အရြယ္ရိွ အမ်ိဳးသမီးတစ္ဦးက သူမ၏ ဖခင္ရင္းက အဓမၼအႀကိမ္ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း လာေရာက္တိုင္ၾကားခဲ့သည့္ အ တြက္ စစ္ေဆးရာမွ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။

ေက်ာက္ထံုးႀကီး ေက်းရြာအုပ္စု ေဝဆြယ္ေက်းရြာတြင္ ေနထိုင္သည့္ ဦးတင္ထြန္း ၄၅ ႏွစ္သည္ ဧၿပီလ ၁၈ ရက္ ညအခ်ိန္တြင္ အတူေန သမီးႏွစ္ေယာက္၏ အိပ္ယာအတြင္းသို႔ ၀င္ေရာက္ကာ သမီးငယ္၏ေရွ႕တြင္ သမီးႀကီး ကို အတင္းအဓမၼျပဳက်င့္ခဲ့ၿပီး ျပန္ေျပာပါက သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့သည့္အျပင္ ေနာက္ရက္မ်ား တြင္လည္း အလားတူပံုစံအတိုင္း အႀကိမ္ႀကိမ္ အဓမၼျပဳက်င္ခဲ့ေၾကာင္း သိရသည္။

“ ျပစ္မႈက်ဴးလြန္တဲ့ ဦးတင္ထြန္းက သူ႔သမီးႀကီးကို အဲဒီလိုအႀကိမ္ႀကိမ္ အဓမၼျပဳက်င့္လို႔ ၿပီးခဲ့တဲ့ ၂ ရက္ က ညီ အစ္မ ႏွစ္ေယာက္စလံုး အိမ္ကေနထြက္ေျပးၿပီး ေက်ာက္ထံုးႀကီးရြာက သူ႔တို႔ အေဒၚအိမ္မွာ ေနၿပီးျဖစ္ေၾကာင္း ကုန္စင္ ေတြေျပာျပခဲ့တာကေန အမႈဖြင့္လိုက္တာပါ။ ေမလ ၆ ရက္ေန႔ ညက သူ႔သမီးႀကီးကို ေနာက္ဆံုး အဓမၼ ႏွစ္ႀကိမ္ျပဳက်င့္လိုက္လို႔ ညီအစ္မႏွစ္လံုးအိမ္မွာ မေနရဲေတာ့လို႔ အခုလိုထြက္ေျပးသြားလာတာလို႔ သိရပါတယ္” ဟု ကသာၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ဥာဏ္ထြန္းက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အဆိုပါ ဦးတင္ထြန္းသည္ ၿပီးခဲ့သည့္ႏွစ္ ၂၀၁၁ ခုႏွစ္တြင္လည္း ယခုကဲ့သို႔ သမီးႀကီးကို မုဒိန္းက်င့္ခဲ့သည့္ အ တြက္ မိခင္ျဖစ္သူက အမႈဖြင့္တိုင္းၾကားခဲ့သျဖင့္ ေထာင္ဒဏ္က်ခံခဲ့ရဖူးၿပီး ဧၿပီလတြင္ လြတ္ၿငိမ္းခ်မ္း သာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာသူ ျဖစ္ေၾကာင္း သိရသည္။

ယခုျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဦးတင္ထြန္း ၄၅ ႏွစ္ကို ကသာ ၿမိဳ႕မ ရဲစခန္တြင္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဓာတ္ပံု – ႏိုင္ႀကီး(ကသာ) Akonthi

unicode

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် သမီးရင်းကို အဓမ္မပြုကျင့်ခဲ့သဖြင့် ထောင်ကျခဲ့ဖူးသည့် ဖခင်မှ ထောင်မှ လွတ်လာပြီးနောက် အဆိုပါ သမီးကို ထပ်မံအဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

မေလ ၈ ရက် ည ၁၀ နာရီအချိန်ခန့်တွင် ကျောက်ထုံးကြီး ကျေးရွာရဲကင်းစခန်းသို့ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သူမ၏ ဖခင်ရင်းက အဓမ္မအကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း လာရောက်တိုင်ကြားခဲ့သည့် အ တွက် စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကျောက်ထုံးကြီး ကျေးရွာအုပ်စု ဝေဆွယ်ကျေးရွာတွင် နေထိုင်သည့် ဦးတင်ထွန်း ၄၅ နှစ်သည် ဧပြီလ ၁၈ ရက် ညအချိန်တွင် အတူနေ သမီးနှစ်ယောက်၏ အိပ်ယာအတွင်းသို့ ဝင်ရောက်ကာ သမီးငယ်၏ရှေ့တွင် သမီးကြီး ကို အတင်းအဓမ္မပြုကျင့်ခဲ့ပြီး ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် နောက်ရက်များ တွင်လည်း အလားတူပုံစံအတိုင်း အကြိမ်ကြိမ် အဓမ္မပြုကျင်ခဲ့ကြောင်း သိရသည်။

“ ပြစ်မှုကျူးလွန်တဲ့ ဦးတင်ထွန်းက သူ့သမီးကြီးကို အဲဒီလိုအကြိမ်ကြိမ် အဓမ္မပြုကျင့်လို့ ပြီးခဲ့တဲ့ ၂ ရက် က ညီ အစ်မ နှစ်ယောက်စလုံး အိမ်ကနေထွက်ပြေးပြီး ကျောက်ထုံးကြီးရွာက သူ့တို့ အဒေါ်အိမ်မှာ နေပြီးဖြစ်ကြောင်း ကုန်စင် တွေပြောပြခဲ့တာကနေ အမှုဖွင့်လိုက်တာပါ။ မေလ ၆ ရက်နေ့ ညက သူ့သမီးကြီးကို နောက်ဆုံး အဓမ္မ နှစ်ကြိမ်ပြုကျင့်လိုက်လို့ ညီအစ်မနှစ်လုံးအိမ်မှာ မနေရဲတော့လို့ အခုလိုထွက်ပြေးသွားလာတာလို့ သိရပါတယ်” ဟု ကသာမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဉာဏ်ထွန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဦးတင်ထွန်းသည် ပြီးခဲ့သည့်နှစ် ၂၀၁၁ ခုနှစ်တွင်လည်း ယခုကဲ့သို့ သမီးကြီးကို မုဒိန်းကျင့်ခဲ့သည့် အ တွက် မိခင်ဖြစ်သူက အမှုဖွင့်တိုင်းကြားခဲ့သဖြင့် ထောင်ဒဏ်ကျခံခဲ့ရဖူးပြီး ဧပြီလတွင် လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးတင်ထွန်း ၄၅ နှစ်ကို ကသာ မြို့မ ရဲစခန်တွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – နိုင်ကြီး(ကသာ) Akonthi

No comments:

Post a Comment