Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 27, 2019

ပဲခူးတိုင်းဝန်ကြီးချုပ်သားကို ဓားဖြင့်ထောက် ခြိမ်းခြောက် သူနှစ်ဦးအား သုံးနာရီအတွင်းဖမ်းမိ


ပဲခူး မေ ၂၇

ပဲခူးမြို့ နန်းတော်ရာရပ်ကွက်ရှိ ကမ္ဘောဇသာဒီ
နန်းတော်ဝန်းအတွင်း ယနေ့ ညနေ ၃ နာရီ ၃၀
အချိန်ခန့်က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၏
သား ဖြစ်သူကို လူငယ်နှစ်ဦးက
ဓားဖြင့်ထောက်ခြိမ်းခြောက်မှု ဖြစ်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးမြို့မ ရဲစခန်းမှ
တာဝန်ရှိသူများနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက
နန်းတော်ရာအနီးအနားရှိ CCTV မှတ်တမ်းမှ
တစ်ဆင့် တရားခံအား လိုက်လံစုံစမ်းရာ
ယနေ့ညနေ ၆ နာရီ ၃၀ ခန့်တွင် ပုဏ္ဏားစုရပ်ကွက်
မြစိမ်းရောင်စေတီ အနောက်ဘက်ရှိ
ချုံနွယ်များအတွင်း
မင်းထက်သာ နှင့် သူရိန်ထွန်း တို့အား
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရာတွင် တရားခံဟုယူဆရသူ နှစ်ဦးက
ဓားဖြင့် ပြန်လည်ခုခံသောကြောင့်
နယ်ထိန်းအင်ချက်၊ နယ်ထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရကြောင်း
တွေ့ရှိရသည်။

သတင်းနှင့်ဓာတ်ပုံ- ဒိုင်းမင်းအိမ်
#BagoWeeklyJournal

No comments:

Post a Comment