Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 28, 2019

ေခြးေဂဟာပို႔မည့္ လမ္းေဘးေခြးမ်ားကုိ လုယူခဲ့သူမ်ားအား အေရးယူရန္စီစဥ္


ေက်ာက္တံတားၿမိဳ႕နယ္တြင္ ေမလ ၂၀ ရက္ေန႔က ေခြးေဂဟာပို႔ရန္ လမ္းေဘးေခြးမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ဖမ္းဆီးေနစဥ္ လုယူခဲ့သူမ်ားကို အေရးယူေဆာင္ရြက္သြားရန္ စီစဥ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ဒုတိယၿမိဳ႕ေတာ္ဝန္ စီမံမႈျဖင့္ ေက်ာက္တံတားၿမိဳ႕နယ္ရွိ လမ္းေဘးေခြးမ်ားကို လိႈင္ၿမိဳ႕နယ္ရွိ ေခြးေဂဟာသို႔ ပို႔ေဆာင္ရန္ ေမလ ၂၀ ရက္ေန႔က ဖမ္းဆီးစဥ္ ေခြးခ်စ္သူမ်ားက စည္ပင္ဝန္ထမ္းမ်ားကို ျပသနာရွာၿပီး ဖမ္းထားသည့္ေခြးမ်ားကို လုယူခဲ့သည့္အတြက္ေၾကာင့္ ယင္းေန႔တြင္ပင္ ရပ္နားလိုက္ရေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

“အခုလက္ရွိ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး အေရးယူေဆာင္ရြက္ဖို႔ကို EC အစည္းအေဝးထိုင္ၿပီး ေဆြးေႏြးေနပါတယ္”ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္၍လည္း ရန္ကုန္ဒုတိယၿမဳိ႕ေတာ္ဝန္ထံသုိ႔လည္း တင္ထားေၾကာင္း ၎က ဆုိသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေခြးေလေခြးလြင့္ ႏွစ္သိန္းေက်ာ္ရွိၿပီး ယခုလက္ရွိ ေခြးေလေခြးလြင့္မ်ားကို ထိန္းခ်ဳပ္ရန္အတြက္ သားဆက္ျခားျခင္း၊ သင္းကြပ္ျခင္းႏွင့္ အဆိပ္ခ်ကာ သုတ္သင္ျခင္းနည္လမ္းတို႔ျဖင့္ ေဆာင္ရြက္ေနၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

ေခြးေလေခြးလြင့္မ်ားေၾကာင့္ ႏွစ္စဥ္ေခြး႐ူးျပန္သည့္ ျဖစ္စဥ္မ်ား ရွိေနသည့္အျပင္ ယခုႏွစ္၊ ဧၿပီလ ၂၃ ရက္ေန႔တြင္ သာေကတၿမိဳ႕နယ္၌ အသက္ ၁၂ ႏွစ္အ႐ြယ္ အလယ္တန္းေက်ာင္းသားတစ္ဦး ေခြး႐ူးအကိုက္ခံရသျဖင့္ အသက္ေသဆုံးခဲ့သည့္ ျဖစ္စဥ္မ်ားလည္း ရွိခဲ့သည္။
Thevoicemyanmar

#Unicode Version#
ကျောက်တံတားမြို့နယ်တွင် မေလ ၂၀ ရက်နေ့က ခွေးဂေဟာပို့ရန် လမ်းဘေးခွေးများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဖမ်းဆီးနေစဉ် လုယူခဲ့သူများကို အရေးယူဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယမြို့တော်ဝန် စီမံမှုဖြင့် ကျောက်တံတားမြို့နယ်ရှိ လမ်းဘေးခွေးများကို လှိုင်မြို့နယ်ရှိ ခွေးဂေဟာသို့ ပို့ဆောင်ရန် မေလ ၂၀ ရက်နေ့က ဖမ်းဆီးစဉ် ခွေးချစ်သူများက စည်ပင်ဝန်ထမ်းများကို ပြသနာရှာပြီး ဖမ်းထားသည့်ခွေးများကို လုယူခဲ့သည့်အတွက်ကြောင့် ယင်းနေ့တွင်ပင် ရပ်နားလိုက်ရကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“အခုလက်ရှိ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ကို EC အစည်းအဝေးထိုင်ပြီး ဆွေးနွေးနေပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍လည်း ရန်ကုန်ဒုတိယမြို့တော်ဝန်ထံသို့လည်း တင်ထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခွေးလေခွေးလွင့် နှစ်သိန်းကျော်ရှိပြီး ယခုလက်ရှိ ခွေးလေခွေးလွင့်များကို ထိန်းချုပ်ရန်အတွက် သားဆက်ခြားခြင်း၊ သင်းကွပ်ခြင်းနှင့် အဆိပ်ချကာ သုတ်သင်ခြင်းနည်လမ်းတို့ဖြင့် ဆောင်ရွက်နေကြာင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ခွေးလေခွေးလွင့်များကြောင့် နှစ်စဉ်ခွေးရူးပြန်သည့် ဖြစ်စဉ်များ ရှိနေသည့်အပြင် ယခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် သာကေတမြို့နယ်၌ အသက် ၁၂ နှစ်အရွယ် အလယ်တန်းကျောင်းသားတစ်ဦး ခွေးရူးအကိုက်ခံရသဖြင့် အသက်သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
Thevoicemyanmar

No comments:

Post a Comment