Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 16, 2019

ဘ၀မှာအောင်မြင်ဖို့အလိုအပ်ဆုံးအရာ


တစ်ခါတုန်းကနာမည်ကျော်ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး၂ယောက်ဖြစ်တဲ့ Bill Gates နဲ့ Warren Buffett တို့ညစာစားပွဲတစ်ခုမှာတွေ့ကြပါတယ်။ ညစာစားပွဲမှာBill Gatesရဲ့အမေက ရုတ်တရက် စားသောက်နေသူအားလုံးကိုမေးခွန်းတစ်ခုမေး
လိုက်ပါတယ်။မေးခွန်းကတော့”ဘ၀မှာအောင်မြင်ဖို့က ဘယ်အချက်ကအရေးကြီးဆုံး ဖြစ်ပါသလဲ” တဲ့။အဲဒိအချိန်မှာ
Bill Gates ရော Warren Buffettရော ပြိုင်တူပြောလိုက်တဲ့စကားကတော့“Focus”(အာရုံစူးစိုက်မှု) ပါ။

အရမ်းကိုတန်ဖိုးရှိတဲ့စကားပါ။စကားလုံးတစ်လုံးတည်းနဲ့အရမ်းကို ထိရောက်ပါတယ်။ ဟုတ်ပါတယ်။ မအောင်မြင်တဲ့လူ
တော်တော်များများကအာရုံစူးစိုက်မှုအားနည်းကြပါတယ်။ မရှိသေးတဲ့အရာတွေကိုပဲ အရမ်းတန်ဖိုးထားတတ်ကြပါတယ်။
ရှိနေတဲ့အရာ လတ်တလောလုပ်နေတဲ့အရာတွေကိုတော့ အမြဲအပြစ်တင်ဝေဖန်နေတတ်ပါတယ်။အောင်မြင်တဲ့သူတွေ
ကတော့ အာရုံစူးစိုက်မှုအပြည့်ရှိတာကိုတွေ့ရပါလိမ့်မယ်။အောင်မြင်တဲ့သူတွေက သူတို့မလုပ်ချင်တဲ့ အရာတွေမှာတောင်အာရုံစူးစိုက်မှုအားကောင်း တတ်ကြပါတယ်။ ဘာပဲလုပ်လုပ်အာရုံစူးစိုက်ဖို့အရမ်းအရေးကြီးပါတယ်။ သူများဘာပြောချင်လဲမသိ သူများစကားပြောနေရင် တောင်ကြည့်မြောက်ကြည့်နဲ့ သူတို့ပြောချင်တာပဲအရမ်းပြောနေတဲ့ စိတ်အနှောက်အယှက်
ဖြစ်ဖွယ်လူတွေ ကြုံဖူးမှာပေါ့။လူမှုဆက်ဆံရေးမှာတောင် သူများပြောတာကို အာရုံစူးစိုက်ပြီးနားထောင်တတ်ရင် သင့်ကိုလူချစ်လူခင်များပါတယ်။ သင်အာရုံစူးစိုက်ပြီးလုပ်တဲ့အလုပ်နဲ့အာရုံစူးစိုက်မှုအားနည်းတဲ့အလုပ်
အောင်မြင်မှုကွာခြားတာကိုသင်ကိုယ်တိုင်ကြုံဖူးမယ်ထင်ပါတယ်။
ကမ္ဘာကျော်သူဌေးကြီးနှစ်ယောက်ပြိုင်တူပြောလိုက်တဲ့စကားအတိုင်း
အခုအချိန်ကစပြီးဘ၀မှာအောင်မြင်ဖို့ ဘာပဲလုပ်လုပ်နေ အာရုံစူးစိုက်ကြပါစို့။
Focus now!!!!!!

မိုးရှင်း (I.M.T)
Ref:linkedin

No comments:

Post a Comment