Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 21, 2019

အပူပေးရုံနဲ့ လည်တဲ့ ပန်ကာ တဲ့ 😱😨


တလောက နယ်ပြန်သွားတော့ ရှေးဟောင်း
အိမ်တလုံးဆီရောက်သွားဖြစ်တယ်...
အဲ အိမ်ထဲက မဲမှောင်နေတဲ့ အခန်းထောင့်
တနေရာမှာ ပင့်ကူအိမ်တွေဖယ်ရှားပြီး
ဖုံတွေအလိမ်းလိမ်းတက်နေတဲ့ ဗီဒိုပျက်ကြီး
ထဲမှာရှိတဲ့ ပန်ကာတလုံးကိုတွေ့လို့ ပိုင်ရှင်ကို
မေးကြည့်တော့ သူတို့ အဘိုးအဘွားတွေ
လက်ထက်က သုံးခဲ့တဲ့ မီးခွက်နဲ့အပူပေး
သုံးရတဲ့ ပန်ကာတဲ့လေ...

ဟေ...ဒါဆို အခုသုံးလို့ရသေးလား ဆိုတော့
မသိဘူးတဲ့..
အာ့ဆို ကျော် ခဏကြည့်ချင်လို့
ရမလားဆိုတော့ ...ကြည့်လေ တဲ့..
အဲဒါနဲ့ မဲမှောင်နေတဲ့ဗီဒိုထဲကနေ စမ်းတဝါး
ဝါးနဲ့အဲ ပန်ကာကို ထုတ်ယူကြည့်လိုက်တော့
အဟုတ်ဗျ...မီးကြိုးတို့ ပလပ်ခေါင်းတို့လဲ
မတွေ့ရဘူး..

အဲဒါနဲ့ ထပ်စပ်စုကြည့်တော့ မီးထွန်းတဲ့ မီးခွက်မတွေ့လို့
မီးခွက်ရောလို့မေးလိုက်တော့ ရှေးဟောင်း ကျွန်းသေတ္တာထဲကနေ ထုတ်ပေးပါတယ်..

ဟာ...ရှေးက လူတွေ လျပ်စစ်မီးမရှိဘဲ
မော်တာအားမကိုးဘဲ ဘယ်လိုများ ပန်ကာ
ဒလက်လည်အောင်လုပ်ကြပါလိမ့်လို့
သိချင်တဲ့ စိတ်ကပြင်းပြလာတော့..

အဲ..အိမ်ပိုင်ရှင်နဲ့လဲ အရမ်းရင်းနှီးတော့..
ဟေ့လူ...ခင်ဗျားပန်ကာကို ကျွန်တော်
စိတ်ဝင်စားတယ်ဗျာ...ပန်ကာဘယ်လို
လည်သလဲဆိုတာ သိချင်လို့ ပြီးတော့
သုံးလို့ရမရလဲ သိချင်လို့ ကျွန်တော့်ကို
ခဏငှါးဗျာ...သေချာတိုက်ချွတ်ပြီး စမ်း
ကြည့်ချင်လို့ပါ..

တဆက်တည်းမှာဘဲ...ကိုယ်ကလဲ ရှေးဟောင်းပစ္စည်းဆို သိမ်းထားချင်တာနဲ့
ဒီ ပန်ကာကိုရောင်းမလားလို့ မေးလိုက်တော့..
လည်မလည်တာ အရင်စမ်းကြည့်ပါဗျာ
လည်တယ် သုံးလို့ရတယ်ဆိုရင် နောက်မှ
ဈေးစကားပြောကြတာပေါ့ တဲ့...

ဒါဆို သူရောင်းချင်နေတဲ့ သဘောမှာရှိလို့
ကိုယ်လဲပျော်သွားတယ်..
အဲဒါနဲ့ ပစ္စည်းကို ၃ရက်လောက် မကျိုးပဲ့ရလေအောင် စိတ်ရှည်ရှည်ထားပြီး
ဆေးကြောတိုက်ချွတ်ပြီး စမ်းသပ်ကြည့်
လိုက်တော့ အောက်မှာတွေ့တဲ့အတိုင်းပါဘဲ.
(မီးခွက်နဲ့အပူပေးပြီး သုံးရတဲ့ ရေခဲသေတ္တာ
အကြောင်းကိုတော့ အဏ္ဏဝါစိုးမိုးရေးတဲ့
စာအုပ်မှာဖတ်ဘူးပါတယ်...အင်ဒိုနီးရှားမှာ
သူကိုယ်တိုင်တွေ့ဘူးတယ်တဲ့..)

မှတ်ချက်။ ။မီးခဏ ခဏပျက်လို့ ငြီးတွား
နေကြတဲ့ မလမမှ သယ်ရင်းတွေအတွက်
နွေကျရင် သုံးလို့ရအောင် ရောင်းပေးပါမယ်
ဦးရာလူစနစ်နော်😁😁😁
Nge Nwe

No comments:

Post a Comment