Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2019

ဓါးရွည္လြယ္၍ ဆိုင္ကယ္စီးနင္းသြားလာေနသူအား အသြင္ယူ လွည့္ကင္းလွည့္ေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ လိုက္လံဖမ္းဆီး


ဓါးရွည္လြယ္၍ ဆိုင္ကယ္စီးနင္းသြားလာေနသူအား အသြင္ယူ လွည့္ကင္းလွည့္ေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ လိုက္လံဖမ္းဆီး

ေမလ ၁၈ရက္ေန႔ ည၉နာရီအခ်ိန္ခန္႔က မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၃၀×၇၃လမ္းေထာင့္တြင္ ဓါးရွည္တစ္ေခ်ာင္းအားလြယ္၍ ဆိုင္ကယ္စီးနင္းသြားလာေနသူအား အသြင္ယူလွည့္ကင္းလွည့္ေနသည့္ အမွတ္(၈)ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက လိုက္လံဖမ္းဆီးရမိခဲ႔ေၾကာင္း သိရသည္။
အမွတ္(၈)ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ထင္လင္းေက်ာ္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ံုးမွ အဖြဲ႕ဝင္မ်ားႏွင့္အတူ နယ္ေျမအတြင္း မႈခင္းက်ဆင္းေရးအတြက္ အသြင္ယူ၍ အထူးစုံစမ္းေဆာင္႐ြက္ေနစဥ္

၃၀x၇၃လမ္းေထာင့္၌ အမ်ိဳးသားတစ္ဦးမွ ဓားရွည္တစ္ေခ်ာင္းအား လြယ္၍ ဆိုင္ကယ္ျဖင့္သြားလာေနသည္ကို ေတြ႕ရွိရသျဖင့္ လိုက္လံ ဝိုင္းဝန္းဖမ္းဆီးခဲ့ၿပီး ၄င္းအား စစ္ေဆးေမးျမန္းခဲ့ရာ
ရန္ႏိုင္ဦး၊ (၃၃)ႏွစ္၊ (ဘ) ဦးလွဦး၊ က်ပန္း၊ ေဆး႐ုံႀကီးဝင္း၊ စိတၱရမဟီရပ္ကြက္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ေနသူျဖစ္ေၾကာင္း သိရွိရၿပီး အမ်ားျပည္သူသြားလာေနသည္႔ လမ္းေပၚတြင္ ျပည္သူမ်ား စိတ္အေႏွာင့္အယွက္ျဖစ္ေစရန္
လူ႔အသက္ကို ေသေစႏိုင္ေသာ အရိုးအသြား (၂)ေပ (၄)လက္မခန႔္ရွိ အသြားထက္ ဓားဦးခြၽန္ ငွက္ႀကီးေတာင္ ဓားတစ္ေခ်ာင္းအား တရားမဝင္ လြယ္ေဆာင္ကာ သြားလာေနသည္ကို စစ္ေဆးေတြ႕ရွိရသျဖင့္ ဥပေဒအရအေရးယူေပးရန္ ရဲအုပ္ထင္လင္းေက်ာ္က တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ အမွတ္(၈)ၿမိဳ႕မရဲစခန္းမွ (ပ)၄၈၃/၂၀၁၉၊ လက္နက္ပုဒ္မ ၁၉(င)ျဖင့္ အမွဳဖြင့္အေရးယူထားရွိေၾကာင္းသိရသည္။
ရုပ္သံၾကည့္ရန္ ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္



( Ah Lin Nge )TheMandalayNewsJournal

Unicode

ဓါးရှည်လွယ်၍ ဆိုင်ကယ်စီးနင်းသွားလာနေသူအား အသွင်ယူ လှည့်ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီး

မေလ ၁၈ရက်နေ့ ည၉နာရီအချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၀×၇၃လမ်းထောင့်တွင် ဓါးရှည်တစ်ချောင်းအားလွယ်၍ ဆိုင်ကယ်စီးနင်းသွားလာနေသူအား အသွင်ယူလှည့်ကင်းလှည့်နေသည့် အမှတ်(၈)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ်(၈)မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထင်လင်းကျော်နှင့် တပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များနှင့်အတူ နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် အသွင်ယူ၍ အထူးစုံစမ်းဆောင်ရွက်နေစဉ်

၃၀x၇၃လမ်းထောင့်၌ အမျိုးသားတစ်ဦးမှ ဓားရှည်တစ်ချောင်းအား လွယ်၍ ဆိုင်ကယ်ဖြင့်သွားလာနေသည်ကို တွေ့ရှိရသဖြင့် လိုက်လံ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၄င်းအား စစ်ဆေးမေးမြန်းခဲ့ရာ

ရန်နိုင်ဦး၊ (၃၃)နှစ်၊ (ဘ) ဦးလှဦး၊ ကျပန်း၊ ဆေးရုံကြီးဝင်း၊ စိတ္တရမဟီရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ကြောင်း သိရှိရပြီး အများပြည်သူသွားလာနေသည့် လမ်းပေါ်တွင် ပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်စေရန်

လူ့အသက်ကို သေစေနိုင်သော အရိုးအသွား (၂)ပေ (၄)လက်မခန့်ရှိ အသွားထက် ဓားဦးချွန် ငှက်ကြီးတောင် ဓားတစ်ချောင်းအား တရားမဝင် လွယ်ဆောင်ကာ သွားလာနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရအရေးယူပေးရန် ရဲအုပ်ထင်လင်းကျော်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ်(၈)မြို့မရဲစခန်းမှ (ပ)၄၈၃/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းသိရသည်။

ရုပ်သံကြည့်ရန်

( Ah Lin Nge )TheMandalayNewsJournal

No comments:

Post a Comment