Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 17, 2019

စေန သားသမီးမ်ား အတြက္ ၁၃၈၁-ခုႏွစ္၊ တစ္ႏွစ္စာ ေဟာစာတမ္း

ေကာဇာ သကၠရာဇ္ ၁၃၈၁-ခုႏွစ္၊ ဦးတန္ခူးလဆန္း (၁၃)ရက္ (၁၇-၄-၂၀၁၉) ဗုဒၶဟူးေန႔သည္ ႏွစ္ဆန္း(၁)ရက္ေန႔ ျဖစ္သည္။

စေနသားသမီးမ်ား အတြက္ ၁၃၈၁-ခုႏွစ္၊ တစ္ႏွစ္စာ ေဟာစာတမ္း

ဘုန္းတန္ခိုးႀကီးျခင္း၊ၾသဇာအာဏာထက္ျမက္ျခင္း၊ အႀကံအစည္ရည္ရြယ္ခ်က္မ်ားေအာင္ျမင္ျခင္း ၊ မင္းစိုးရာဇာကူညီမစျခင္း၊ပက္သက္ရျခင္း ၊ အလုပ္တိုင္းေနရာတိုင္းမွာ ရန္အတိုက္အခံ အၿပိဳင္အဆိုင္မ်ားေပါမ်ားၿပီး

၄င္းတို႔အေပၚ ကံအသာစီး အႏိုင္ရရွိျခင္း၊ အေျခြအရံေပါမ်ားျခင္း ၊ မိမိကိုၾကည္ညိဳေလးစားခ်စ္ခင္သူမ်ားေပါမ်ားျခင္း၊အပ်ဳိ၊လူပ်ဳိမ်ား လူလိမ္ခံရတတ္ျခင္း ၊

အဖိုးတန္ပစၥည္းမ်ားလက္ေဆာင္ရျခင္း တို႔ ႀကံဳရလတၱံ႔။ လုပ္ငန္းသစ္မ်ားစတင္သင့္ ။ စီးပြား အရွိန္အဟုန္ျဖင့္ တိုးခ်ဲ႕သင့္။ လုပ္ငန္းစီးပြား လက္ရွိအေျခအေနထက္ မ်ားစြားျမင့္တက္လတၱံ႔။ ကံေကာင္းအံ့။

ေငြေရးေၾကးေရး – မထင္မွတ္တာေတြ ျဖစ္လာအံ့ ။ လြဲေခ်ာ္ၿပီးမွ ေအာင္ျမင္အံ့ ။ ရမလိုလိုျဖစ္ေနတဲ့ေငြေၾကးမ်ား ၾကန္႔ၾကာေနၿပီး ၊ မရဘူးဟုထင္ရေသာေငြေၾကးမ်ား ျပန္လည္ရရွိအံ့ ။

ေကာင္းမလိုလိုႏွင့္ညံ့ၿပီး ညံ့မလိုလိုႏွင့္ေကာင္းအံ့။ ၀င္သေလာက္ ျပန္ထြက္ေနအံ့ ။ အလွဴအတန္းမ်ားလုပ္ရအံ့ ။

ေငြေရးေၾကးေရး အထူးယၾတာ – စီးေနေသာေရထဲတြင္ ငါး (၇)ေကာင္ မၾကာခဏေဘးမဲ့လႊတ္ရင္း ဆုေတာင္းပါ ။

ကိတ္မုန္႔ကို ခ်ဳိင့္ထဲထည့္ၿပီး ဘုန္းႀကီးေက်ာင္းကို မၾကာခဏပို႔ေပးပါ။ အိမ္ေရွ႕ကို ေရ (၄)ခြက္ မၾကာခဏ ပက္ေပးပါ ။

ထီထိုးကံစမ္းရန္ – အာလူးဟင္းႏွင့္ ဘုရားဆြမ္းေတာ္ကပ္ပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကို အာလူးေၾကာ္ဒါနလုပ္ပါ ။

ၿပီးလွ်င္ ( အ ဥ ရ ယ လ ၀ ) ပါေသာထီဆိုင္တြင္ (၁) ႏွင့္ (၄) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးထိုးပါ။ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ရြတ္ၿပီးထိုးပါ …။



အခ်စ္ေရး – ေကာင္းမလိုလိုနဲ႔ ညံ့သြားတတ္။ ညံ့မလိုလိုနဲ႔ ေကာင္းသြားတတ္။ အေသးအဖြဲေလးကအစ ညႈိႏႈိင္းရခက္ေနတတ္။အခ်စ္ေရးကံေကာင္းသည္ဟု ယူဆႏိုင္ေသာ္လည္း

မိန္းမလည္ ေယာက်ၤားရႈပ္မ်ားႏွင့္ေတြ႕ရတတ္ျခင္းကို သတိျပဳအံ့။ ခ်စ္သူ၏ ဖံုးကြယ္ဟန္ေဆာင္လိမ္ညာျခင္းကို ခံရတတ္။ ခ်စ္သူ၏ မာယာပရိယာယ္ၾကားမွာ နစ္ေမ်ာသြားတတ္။ သတိျပဳသင့္။

အိမ္ေထာင္ေရး – ပြင့္လင္းျမင္သာမႈအားနည္းၿပီး ဖံုးကြယ္ဟန္ေဆာင္မႈေတြ မ်ားေနအံ့။ ညီအစ္ကိုေမာင္ႏွမကဲ့သို႔ခင္မင္ရသူမ်ား ၊ ေဆြမ်ဳိးသားခ်င္းမ်ားေၾကာင့္ လင္နဲ႔မယား အဆငမေျပျဖစ္တတ္။

အျမင္ေတြအယူအဆေတြ မၾကာခဏကြဲလြဲအံ့။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ ဗုဒၵဟူးသားသမီးမ်ား ၊ နာမည္တြင္ ရ ယ လ ၀ ပါေသာသူမ်ား ၊ ျမစ္နား ေခ်ာင္းနား ေရနားနီးေသာသူမ်ား ၊ အေအး ၊ အရက္ဘီယာ ၊ ေရသန္႔ ၊ အလွအပ ၊

အႏုပညာ ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။(သတိထားရန္)

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပံုကိုကို မ်က္ႏွာခ်င္းဆိုင္ကပ္။ ထမင္းေပါင္းအိုးအလြတ္ထဲတြင္ မၾကာခဏထည့္ေပးပါ။

ပညာေရး – မိမိရည္မွန္းထားသည္ထက္ ပိုမိုေအာင္ျမင္လတၱံ႔။ဆရာေကာင္း သမားေကာင္းေတြ႕ရအံ့။ပညာေရးႏွင့္ပက္သက္ၿပီး အကူအညီေကာင္း အဆက္အသြယ္ေကာင္း အပံ့ပိုးေကာင္းမ်ားေပၚလာလတၱံ႔။

ပညာေရးႏွင့္ပက္သက္ၿပီး မင္းစိုးရာဇာအႀကီးအကဲ ၊ ဘာသာေရးကိုင္းရႈိင္းသူ ကူညီမစလတၱံ႔။

ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ ေပါင္မုန္႔(၅)ခ်ပ္၊ လက္ဖက္ရည္(၁)ခြက္၊ ပန္းအနီ(၆)ပြင့္၊ ေသာက္ေတာ္ေရ(၅)ခြက္၊ ဖေယာင္းတိုင္(၅)တိုင္ ဘုရားလွဴၿပီး

မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။ ခ်ဳိးမယ့္ေရထဲမွာ ပန္းအနီ(၆)ပြင့္ထည့္ၿပီးေရးခ်ဳိးရင္းလည္းဆုေတာင္းပါ။

( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္)

က်န္းမာေရး – ၀မ္းဗိုက္ ၊ ေလ ၊ လည္ပင္း ၊ ရင္ေဂါင္း ၊ လက္ ၊ ေရခ်ဳိးမွားျခင္း ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – စေနေန႔ည …။ ႏွီးေတာင္း (သို႔မဟုတ္) ဓါတ္ဗူးအစုတ္ထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။

အက်ီအစုတ္ ၊ လံုခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ ေနာက္ေမ႔မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလုိက္ပါ …။



မေကာင္းတဲ့အခို္ကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။

ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို သစ္သီးတစ္လံုးနဲ႔ ေခါက္ေပးပါ…။

ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဥာဏ္ရွိသလိုုလုပ္ပါ …။

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၅)နာရီ(၄၀)မိနစ္တိတိတြင္ အုန္းသီးပါေသာမုန္႔ (၆)ခု ၊ လက္ဖက္ရည္ (၄)ခြက္ ၊ ပန္းအ၀ါ (၅)ပြင့္ ၊ ေသာက္ေတာ္ေရ (၄)ခြက္ ၊

ဖေယာင္းတိုင္ (၄) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း

Unicode Version

ကောဇာ သက္ကရာဇ် ၁၃၈၁-ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃)ရက် (၁၇-၄-၂၀၁၉) ဗုဒ္ဓဟူးနေ့သည် နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။

စနေသားသမီးများ အတွက် ၁၃၈၁-ခုနှစ်၊ တစ်နှစ်စာ ဟောစာတမ်း

ဘုန်းတန်ခိုးကြီးခြင်း၊သြဇာအာဏာထက်မြက်ခြင်း၊ အကြံအစည်ရည်ရွယ်ချက်များအောင်မြင်ခြင်း ၊ မင်းစိုးရာဇာကူညီမစခြင်း၊ပက်သက်ရခြင်း ၊ အလုပ်တိုင်းနေရာတိုင်းမှာ ရန်အတိုက်အခံ အပြိုင်အဆိုင်များပေါများပြီး

၎င်းတို့အပေါ် ကံအသာစီး အနိုင်ရရှိခြင်း၊ အခြွေအရံပေါများခြင်း ၊ မိမိကိုကြည်ညိုလေးစားချစ်ခင်သူများပေါများခြင်း၊အပျို၊လူပျိုများ လူလိမ်ခံရတတ်ခြင်း ၊

အဖိုးတန်ပစ္စည်းများလက်ဆောင်ရခြင်း တို့ ကြုံရလတ္တံ့။ လုပ်ငန်းသစ်များစတင်သင့် ။ စီးပွား အရှိန်အဟုန်ဖြင့် တိုးချဲ့သင့်။ လုပ်ငန်းစီးပွား လက်ရှိအခြေအနေထက် များစွားမြင့်တက်လတ္တံ့။ ကံကောင်းအံ့။

ငွေရေးကြေးရေး – မထင်မှတ်တာတွေ ဖြစ်လာအံ့ ။ လွဲချော်ပြီးမှ အောင်မြင်အံ့ ။ ရမလိုလိုဖြစ်နေတဲ့ငွေကြေးများ ကြန့်ကြာနေပြီး ၊ မရဘူးဟုထင်ရသောငွေကြေးများ ပြန်လည်ရရှိအံ့ ။

ကောင်းမလိုလိုနှင့်ညံ့ပြီး ညံ့မလိုလိုနှင့်ကောင်းအံ့။ ဝင်သလောက် ပြန်ထွက်နေအံ့ ။ အလှူအတန်းများလုပ်ရအံ့ ။

ငွေရေးကြေးရေး အထူးယတြာ – စီးနေသောရေထဲတွင် ငါး (၇)ကောင် မကြာခဏဘေးမဲ့လွှတ်ရင်း ဆုတောင်းပါ ။

ကိတ်မုန့်ကို ချိုင့်ထဲထည့်ပြီး ဘုန်းကြီးကျောင်းကို မကြာခဏပို့ပေးပါ။ အိမ်ရှေ့ကို ရေ (၄)ခွက် မကြာခဏ ပက်ပေးပါ ။

ထီထိုးကံစမ်းရန် – အာလူးဟင်းနှင့် ဘုရားဆွမ်းတော်ကပ်ပါ ၊ သူငယ်ချင်းမိတ်ဆွေများကို အာလူးကြော်ဒါနလုပ်ပါ ။

ပြီးလျှင် ( အ ဥ ရ ယ လ ၀ ) ပါသောထီဆိုင်တွင် (၁) နှင့် (၄) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။



အချစ်ရေး – ကောင်းမလိုလိုနဲ့ ညံ့သွားတတ်။ ညံ့မလိုလိုနဲ့ ကောင်းသွားတတ်။ အသေးအဖွဲလေးကအစ ညှိုနှိုင်းရခက်နေတတ်။အချစ်ရေးကံကောင်းသည်ဟု ယူဆနိုင်သော်လည်း

မိန်းမလည် ယောင်္ကျားရှုပ်များနှင့်တွေ့ရတတ်ခြင်းကို သတိပြုအံ့။ ချစ်သူ၏ ဖုံးကွယ်ဟန်ဆောင်လိမ်ညာခြင်းကို ခံရတတ်။ ချစ်သူ၏ မာယာပရိယာယ်ကြားမှာ နစ်မျောသွားတတ်။ သတိပြုသင့်။

အိမ်ထောင်ရေး – ပွင့်လင်းမြင်သာမှုအားနည်းပြီး ဖုံးကွယ်ဟန်ဆောင်မှုတွေ များနေအံ့။ ညီအစ်ကိုမောင်နှမကဲ့သို့ခင်မင်ရသူများ ၊ ဆွေမျိုးသားချင်းများကြောင့် လင်နဲ့မယား အဆငမပြေဖြစ်တတ်။

အမြင်တွေအယူအဆတွေ မကြာခဏကွဲလွဲအံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် ဗုဒ္ဒဟူးသားသမီးများ ၊ နာမည်တွင် ရ ယ လ ၀ ပါသောသူများ ၊ မြစ်နား ချောင်းနား ရေနားနီးသောသူများ ၊ အအေး ၊ အရက်ဘီယာ ၊ ရေသန့် ၊ အလှအပ ၊

အနုပညာ နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။(သတိထားရန်)

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ ထမင်းပေါင်းအိုးအလွတ်ထဲတွင် မကြာခဏထည့်ပေးပါ။

ပညာရေး – မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။ဆရာကောင်း သမားကောင်းတွေ့ရအံ့။ပညာရေးနှင့်ပက်သက်ပြီး အကူအညီကောင်း အဆက်အသွယ်ကောင်း အပံ့ပိုးကောင်းများပေါ်လာလတ္တံ့။

ပညာရေးနှင့်ပက်သက်ပြီး မင်းစိုးရာဇာအကြီးအကဲ ၊ ဘာသာရေးကိုင်းရှိုင်းသူ ကူညီမစလတ္တံ့။

ပညာရေးကံကောင်းစေရန် – မနက်စောစော ပေါင်မုန့်(၅)ချပ်၊ လက်ဖက်ရည်(၁)ခွက်၊ ပန်းအနီ(၆)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင် ဘုရားလှူပြီး

မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ ပန်းအနီ(၆)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ။

( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – ဝမ်းဗိုက် ၊ လေ ၊ လည်ပင်း ၊ ရင်ဂေါင်း ၊ လက် ၊ ရေချိုးမှားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – စနေနေ့ည …။ နှီးတောင်း (သို့မဟုတ်) ဓါတ်ဗူးအစုတ်ထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။

အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။ နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။



မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို သစ်သီးတစ်လုံးနဲ့ ခေါက်ပေးပါ…။

ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၅)နာရီ(၄၀)မိနစ်တိတိတွင် အုန်းသီးပါသောမုန့် (၆)ခု ၊ လက်ဖက်ရည် (၄)ခွက် ၊ ပန်းအဝါ (၅)ပွင့် ၊ သောက်တော်ရေ (၄)ခွက် ၊

ဖယောင်းတိုင် (၄) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

No comments:

Post a Comment