Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 24, 2019

စားေသာက္ဆိုင္ထဲမွာ ဖန္ခြက္က်ကြဲေအာင္လုပ္သူကို မထီမဲ႔ျမင္လုပ္တယ္ဆိုျပီး ရဲေတြ ေသနတ္ဒင္နဲ႔ ၀ိုင္းထု


ေတာင္​ငူၿမိဳ႕နယ္​ စပါးႂကြယ္​​ေက်းရြာအုပ္​စုတြင္ အရပ္သားတစ္ဦးကို ရဲတပ္​ဖြဲ႔ဝင္​မ်ားက ​ေသနတ္​ဒင္​ျဖင္​့့ ထု႐ိုက္​ခဲ့ေသာေၾကာင္​့ ဦး​ေခါင္​​းေပါက္​ျပဲဒဏ္​ရာရ႐ွိခဲ့သျဖင့္ တာဝန္​႐ွိသူ​မ်ားကို အ​ေရးယူ​ေပးရန္​ ျမန္​မာႏိုင္​ငံ ရဲတပ္​ဖြဲ႔ဌာနခ်ဳပ္​ကို တင္​ျပတိုင္​ၾကားထားေၾကာင္း သိရသည္။

`သူတို႔က ဟိုဘက္​ဝိုင္​းမွာ စား​ေသာက္​​ေနၾကတာ၊ ကြၽန္​​ေတာ္​က ဖန္​ခြက္​ကို စားပြဲ​ေပၚတင္​လိုက္​တာ ​ေအာက္​က်ၿပီး ကြဲသြားတာကို​ ေဘးဝိုင္​းက ရဲ​ေတြက သူတို႔ကို မ​ထီမဲ့ျမင္​လုပ္​တယ္​ဆိုၿပီး မင္​းက လူမိုက္​လားဆိုၿပီး ဝိုင္​းလုပ္​က်တာပါ။ ၿပီး​ေတာ့ စပါးႂကြယ္​ရဲကင္​းကိုဖမ္​း​ေခၚသြားပါတယ္​။ ရဲကင္​းမွဴးကလည္​း ကြၽန္​​ေတာ္​့ကို ပုဆစ္​ဒူးတုပ္​ ထိုင္​ခိုင္​းၿပီး ခါးပတ္​နဲ႔ (၃) ခ်က္​​ေလာက္​႐ိုက္​ပါတယ္​။




အဲ့ကမွ ကြၽန္​​ေတာ္​့ကို ရဲႏွစ္​​ေယာက္​က အလည္​ကညႇပ္​ၿပီး ဆိုင္​ကယ္​နဲ႔ ေဆး႐ုံကို​ေခၚသြားၿပီး လက္​ထိပ္​ခတ္​လ်ွက္​​ ​ေဆးဝါးကုသ​ေပးၿပီး အမွတ္​(၂) နယ္​​ေျမရဲစခန္​းမွာ ခ်ဳပ္​ထားရာက​ေန ​ေနာက္​တစ္​​ေန႔​ ​ေန႔လည္​ (၂) နာရီ​ေလာက္​မွာ ျပန္​လႊတ္​​ေပးလိုက္​တာပါ´´ ဟု ဖမ္​းဆီး႐ိုက္​ႏွက္​ခံရေသာ ကို​ေက်ာ္​စိုးႏိုင္​ က​ေ ျပာသည္။

ပဲခူးတိုင္​း​ေဒသႀကီး​ ေတာင္​ငူၿမိဳ႕နယ္​ စပါးႂကြယ္​​ေက်းရြာအုပ္​စု ဂ်ပန္​လမ္​းဆင္​း႐ွိ စား​ေသာက္​ဆိုင္​တစ္​ခုတြင္​​ ေက်းရြာသားတစ္​ဦးအား ​ေတာင္​ငူၿမိဳ႕နယ္​ ရဲတပ္​ဖြဲ႔မႈး႐ုံးမွ ရဲအရာခံတစ္​ဦး အပါအဝင္​ ​နယ္​​ေျမခံရဲစခန္​းမွ တပ္​ဖြဲ႔ဝင္​အခ်ိဳ႕တို႔က ဝိုင္​းဝန္​း ထိုးႀကိတ္​ကန္​​ေက်ာက္​႐ိုက္​ႏွက္​ခဲ့သည္ ဟု ကာယကံ႐ွင္​ျဖစ္​သူက​ ေျပာသည္။

ေတာင္​ငူအမွတ္​ (၂) နယ္​​ေျမ ရဲစခန္​းပိုင္​ စပါးႂကြယ္​ရဲကင္​းအ​ေနာက္​ဘက္​ ​ဂ်ပန္​လမ္​းဆင္​း႐ွိ စား​ေသာက္​ဆိုင္​တစ္​ခုတြင္​​​ ေတာင္​ငူၿမိဳ႕နယ္​ ကညႇင္​​ေျမႇာင္​​ေက်းရြာ​အုပ္​စု၊ နတ္​စင္​ကုန္​း​ေက်းရြာ​ေန ဦးစံျမ၏ သားျဖစ္​သူ ကို​ေက်ာ္​စိုးႏိုင္​ အသက္​ (၃၉) ႏွစ္​သည္​ ကိုဝင္​းေငြ၏ စား​ေသာက္​ဆိုင္​တြင္​ ဧည္​့သည္​တစ္​ဦးအား ​ေစာင္​့ဆိုင္​း​ေနစဥ္​​ ေတာင္​ငူၿမိဳ႕နယ္​ ရဲတပ္​ဖြဲ႔မွဴး႐ုံးမွ ရဲအရာခံ ​ေက်ာ္​မ္ိုးအပါအဝင္​ (၃) ဦး၊​ ေတာင္​ငူအမွတ္​ (၂) နယ္​​ေျမရဲစခန္​းမွ နယ္​ထိန္​းရဲတပ္​ၾကပ္​ႀကီး ပန္​း​ေဝႏွင္​့ စပါးႂကြယ္​ရဲကင္​းစခန္​းမွ တပ္​ဖြဲ႔ဝင္ (၆) ဦးတို႔​ ေရာက္​႐ွိလာ၍ ” မင္​းကလူမိုက္​လား “ဟု​ ေျပာဆိုကာ ဝိုင္​းဝန္​းဖမ္​းခ်ဳပ္​ လက္​ထိပ္​ခပ္​ၿပီး လက္​သီးျဖင္​့ထိုးျခင္​း၊

နံပါတ္​တုတ္​ျဖင္​့႐ိုက္​ႏွက္​ျခင္​း၊ မ်က္​ႏွာအား​ေျခ​ေထာက္​မ်ားျဖင္​့ ကန္​​ေက်ာက္​ျခင္​းမ်ားႏွင္​့ ဦး​ေခါင္​းအား​ ၎တို႔ယူ​ေဆာင္​လာေသာ ေသနတ္​ဒင္​ျဖင္​့ ထု႐ိုက္​ျခင္​းမ်ား ျပဳလုပ္​ခဲ့ၾကသျဖင္​့ မ်က္​ႏွာဖူး​ေရာင္​ဒဏ္​ရာမ်ားႏွင္​့ ဦး​ေခါင္​းကြဲဒဏ္​ရာမ်ား ရ႐ွိခဲ့သည္ဟု သိရသည္​။

ဆက္လက္၍ အမွတ္​ (၂) နယ္​​ေျမရဲစခန္​း တာဝန္​႐ွိသူတစ္​ဦးအား​ေျမျမန္​းရာ “အခင္​းျဖစ္​ညက က္ို​ေက်ာ္​စိုးႏိုင္​မွ ရဲတပ္​ဖြဲ႔ဝင္​မ်ားအား အရက္​​ေသစာ​ေသာက္​စားမူးယစ္​၍ ဆဲဆိုရန္​စျခင္​းမ်ား ျပဳလုပ္​ခဲ့သည့္အတြက္​ ဖမ္​းဆီးခဲ့တာျဖစ္​ေၾကာင္း ​ေနာက္​တစ္​ေန႔ ေန႔လည္​ပိုင္​းတြင္ ​ေက်းရြာအုပ္​ခ်ဳပ္​မွဴး​မ်ား လိုက္​လာ၍ ေနာက္​​ေနာင္​ ခုလိုမ်ိဳးမျဖစ္​ရန္ အာမခံခဲ့သည့္အတြက္​ ခံဝန္​ခ်က္​​ ​လက္​မွတ္​​ေရးထိုးခိုင္​း၍ ျပန္​လည္​လႊတ္​​ေပးလိုက္​ျခင္းျဖစ္​​ေၾကာင္​း၊ ကို​ေက်ာ္​စိုးႏိုင္​အ​ေနျဖင္​့ ​ေက်နပ္​မႈမ႐ွိဘဲ မတရားခံရသည္​ဟု ယူဆပါက စခန္​းတြင္​ လာ​ေရာက္​အမႈဖြင္​့ႏိုင္ၿပီး အမွန္​အတ္ိုင္​းျဖစ္​​ေအာင္​ ​ေဆာင္​ရြက္​​ေပးမည္ ဟု ​ေျပာၾကားခဲ့ပါသည္။
BurmeseAsia
#Unicode Version#
တောင်ငူမြို့နယ် စပါးကြွယ်ကျေးရွာအုပ်စုတွင် အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့သောကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် တာဝန်ရှိသူများကို အရေးယူပေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကို တင်ပြတိုင်ကြားထားကြောင်း သိရသည်။

`သူတို့က ဟိုဘက်ဝိုင်းမှာ စားသောက်နေကြတာ၊ ကျွန်တော်က ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်တာ အောက်ကျပြီး ကွဲသွားတာကို ဘေးဝိုင်းက ရဲတွေက သူတို့ကို မထီမဲ့မြင်လုပ်တယ်ဆိုပြီး မင်းက လူမိုက်လားဆိုပြီး ဝိုင်းလုပ်ကျတာပါ။ ပြီးတော့ စပါးကြွယ်ရဲကင်းကိုဖမ်းခေါ်သွားပါတယ်။ ရဲကင်းမှူးကလည်း ကျွန်တော့်ကို ပုဆစ်ဒူးတုပ် ထိုင်ခိုင်းပြီး ခါးပတ်နဲ့ (၃) ချက်လောက်ရိုက်ပါတယ်။

အဲ့ကမှ ကျွန်တော့်ကို ရဲနှစ်ယောက်က အလည်ကညှပ်ပြီး ဆိုင်ကယ်နဲ့ ဆေးရုံကိုခေါ်သွားပြီး လက်ထိပ်ခတ်လျှက် ဆေးဝါးကုသပေးပြီး အမှတ်(၂) နယ်မြေရဲစခန်းမှာ ချုပ်ထားရာကနေ နောက်တစ်နေ့ နေ့လည် (၂) နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တာပါ´´ ဟု ဖမ်းဆီးရိုက်နှက်ခံရသော ကိုကျော်စိုးနိုင် ကေ ပြာသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် စပါးကြွယ်ကျေးရွာအုပ်စု ဂျပန်လမ်းဆင်းရှိ စားသောက်ဆိုင်တစ်ခုတွင် ကျေးရွာသားတစ်ဦးအား တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာခံတစ်ဦး အပါအဝင် နယ်မြေခံရဲစခန်းမှ တပ်ဖွဲ့ဝင်အချို့တို့က ဝိုင်းဝန်း ထိုးကြိတ်ကန်ကျောက်ရိုက်နှက်ခဲ့သည် ဟု ကာယကံရှင်ဖြစ်သူက ပြောသည်။

တောင်ငူအမှတ် (၂) နယ်မြေ ရဲစခန်းပိုင် စပါးကြွယ်ရဲကင်းအနောက်ဘက် ဂျပန်လမ်းဆင်းရှိ စားသောက်ဆိုင်တစ်ခုတွင် တောင်ငူမြို့နယ် ကညှင်မြှောင်ကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာနေ ဦးစံမြ၏ သားဖြစ်သူ ကိုကျော်စိုးနိုင် အသက် (၃၉) နှစ်သည် ကိုဝင်းငွေ၏ စားသောက်ဆိုင်တွင် ဧည့်သည်တစ်ဦးအား စောင့်ဆိုင်းနေစဉ် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာခံ ကျော်မိုးအပါအဝင် (၃) ဦး၊ တောင်ငူအမှတ် (၂) နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်ကြီး ပန်းဝေနှင့် စပါးကြွယ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် (၆) ဦးတို့ ရောက်ရှိလာ၍ ” မင်းကလူမိုက်လား “ဟု ပြောဆိုကာ ဝိုင်းဝန်းဖမ်းချုပ် လက်ထိပ်ခပ်ပြီး လက်သီးဖြင့်ထိုးခြင်း၊

နံပါတ်တုတ်ဖြင့်ရိုက်နှက်ခြင်း၊ မျက်နှာအားခြေထောက်များဖြင့် ကန်ကျောက်ခြင်းများနှင့် ဦးခေါင်းအား ၎င်းတို့ယူဆောင်လာသော သေနတ်ဒင်ဖြင့် ထုရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ဦးခေါင်းကွဲဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ဆက်လက်၍ အမှတ် (၂) နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးအားမြေမြန်းရာ “အခင်းဖြစ်ညက ကိုကျော်စိုးနိုင်မှ ရဲတပ်ဖွဲ့ဝင်များအား အရက်သေစာသောက်စားမူးယစ်၍ ဆဲဆိုရန်စခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း နောက်တစ်နေ့ နေ့လည်ပိုင်းတွင် ကျေးရွာအုပ်ချုပ်မှူးများ လိုက်လာ၍ နောက်နောင် ခုလိုမျိုးမဖြစ်ရန် အာမခံခဲ့သည့်အတွက် ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်း၍ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ကိုကျော်စိုးနိုင်အနေဖြင့် ကျေနပ်မှုမရှိဘဲ မတရားခံရသည်ဟု ယူဆပါက စခန်းတွင် လာရောက်အမှုဖွင့်နိုင်ပြီး အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ပေးမည် ဟု ပြောကြားခဲ့ပါသည်။
BurmeseAsia

No comments:

Post a Comment