Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, April 21, 2019

တန္ဖိုးႀကီးလြန္းလုိ႔ …မွ်ေဝေပးလိုက္ပါတယ္။ မုတ္ဆိတ္ အဖိုးအိုးရဲ႕ အိပ္မေပ်ာ္ေသာ ညတစ္ည ပုံျပင္


အိပ္မေပ်ာ္ေသာ ညတစ္ည ( ပုံျပင္ )

တစ္ခါက သေဘာေကာင္းတဲ့အာရပ္အဘိုးအိုတစ္ေယာက္ ရွိတယ္။ အဘိုးအိုဟာ အပူအပင္ကင္းတာေၾကာင့္ ညည ေခါင္းအံုးနဲ႕ ေခါင္းနဲ႕ ထိတာနဲ႕ တၿပိဳင္နက္တည္း အိပ္ေပ်ာ္ေလ့ရွိတယ္။

ေနာက္တစ္ခုကေတာ့ အဖိုးအိုမွာ အင္မတန္ရွည္လ်ားတဲ့ အျဖဴေရာင္ မုတ္ဆိတ္လည္း ရွိပါသတဲ့။ အာရပ္အဖိုးဟာ အဲဒီကိစၥ ႏွစ္ခုလံုးကို သူ႕ကိုယ္သူ ဂုဏ္ယူေနေလ့ရွိတယ္။ သူ႕နဲ႕ စကားစျမည္ေျပာသမွ်လူတိုင္းကိုလည္း သူ႕မုတ္ဆိတ္အေၾကာင္းနဲ႕ သူ႕ရဲ႕ ေခါင္းအံုးနဲ႕ေခါင္းနဲ႕ထိတာနဲ႕ အိပ္ေပ်ာ္ေလ့ ရွိတဲ့ အေၾကာင္းကိုလည္း အလြန္အမင္း ၾကြား၀ါၿပီးေျပာေလ့ရွိတယ္။ တစ္ခါေတာ့ သူ႕ရဲ႕ သံုးႏွစ္သားေျမးကေလးက သူ႕ကို ေမးတယ္

“ဖိုးဖိုးအိပ္တဲ့အခါ မုတ္ဆိတ္ေမႊးကို ေစာင္အျပင္မွာထားအိပ္လား၊ ေစာင္အထဲမွာထားအိပ္လား”

အဖိုးအိုဟာ သူဘယ္လိုအိပ္မိလည္းဆိုတာကို သတိမထားမိလိုက္ဘူး။ ေသခ်ာျပန္စဥ္းစားေပမယ့္လည္း မမွတ္မိဘူး။ အဲဒါနဲ႕ အဖိုးအိုလည္း

“ဒီညအိပ္တဲ့အခါ၊ ဖိုးဖိုးေသေသခ်ာခ်ာမွတ္ထားမယ္” လို႕ သူ႕ရဲ႕ ေျမးကေလးကို ေျပာလိုက္တယ္။

ညအိပ္ရာ၀င္တဲ့အခါ အင္မတန္မွ ခ်မ္းေအးတာေၾကာင့္ အဖိုးအိုဟာ ေစာင္ကိုဆြဲၿပီး သူ႕ကိုယ္ေပၚျခံဳဖို႕လုပ္တယ္။ အဲဒီအခ်ိန္မွာပဲသူဟာ ေန႕ခင္းက သူ႕ေျမးကေလးေမးလိုက္တဲ့ေမးခြန္းကို ခ်က္ခ်င္းပဲသတိရလိုက္တယ္။

သူ႕ဟာ ခဏၿငိမ္ေနၿပီး သူ႕မုတ္ဆိတ္ေမႊးဟာ ေစာင္အျပင္မွာလား၊ အထဲမွာလားဆိုတာကို သံုးသပ္ေနခဲ့တယ္။ “အထဲမွာထားအိပ္တာပဲျဖစ္မွာပါ” လို႕ ေတြးၿပီး မုတ္ဆိတ္ေမႊးကို အထဲထည့္၊ ေစာင္ျခံဳၿပီး သူလဲေလ်ာင္းလိုက္တယ္။

ဒါေပမယ့္အဖိုးအိုဟာ အဆင္မေျပျဖစ္လာသလို ခံစားလာရျပန္တယ္။ ဒါေၾကာင့္ သူဟာ မုတ္ဆိတ္ေမြးကို ေစာင္အျပင္ကို ထုတ္ၿပီး ျပန္အိပ္ျပန္တယ္။

ဒါေပမယ့္လည္း မုတ္ဆိတ္ေမႊးကို ေစာင္အျပင္ထားအိပ္ရတာက သူ႕အတြက္ခိုးလိုးခုလု ျဖစ္လာျပန္တယ္။ မုတ္ဆိတ္ေမႊးကို အထဲျပန္ထည့္လိုက္တယ္။

ဒါလည္းအဆင္မေျပေသးပါဘူးေလလို႕ စဥ္းစားမိၿပီး ေစာင္ရဲ႕အျပင္ကို ျပန္ထုတ္လိုက္ျပန္တယ္။ အထဲျပန္ထည့္တယ္။ အျပင္ျပန္ထုတ္တယ္။

အဲဒီလိုနဲ႕ အာရပ္အဖိုးအိုဟာ မုတ္ဆိတ္ေမႊးျပႆနာကို အေၾကာင္းျပဳၿပီး တစ္ညလံုးအိပ္စက္လို႕ မရေတာ့ဘဲ ျဖစ္သြားရပါသတဲ့။

ေနာက္တစ္ေန႕မနက္မွာေတာ့ အဖိုးအိုဟာ သူအင္မတန္ဂုဏ္ယူရတဲ့မုတ္ဆိတ္ေမႊးေတြကို လက္ႏွစ္သစ္ေလာက္အထိပဲခ်န္ၿပီး အကုန္လံုးျဖတ္ပစ္လိုက္ပါသတဲ့။

ဒါမွ ေနာင္ ႏွစ္လ သံုးလၾကာေအာင္ သူေကာင္းေကာင္းအိပ္ႏိုင္မွာပဲျဖစ္တယ္။

ဒီပံုျပင္ေလးက က်ေနာ္တို႕ကို သတိေပးထားတာတစ္ခုရွိတယ္။ အဲဒါကေတာ့ အေသးအမႊားကိစၥေလးကို အခ်ိန္ကုန္ခံၿပီး ေတြးေခၚစဥ္းစားေနမယ္ဆိုရင္ စိတ္ေအးခ်မ္းမွာမဟုတ္ဘူးဆိုတာပဲျဖစ္တယ္။

တစ္ခ်ိဳ႕ေသာကိစၥေတြဟာ ေပါ့ေပါ့ပါးပါးေလး လုပ္ေဆာင္ရင္ ၿပီးျပတ္သြားႏိုင္ပါလွ်က္ အေတြးေခါင္ေနတတ္တာမ်ိဳး၊ အေသးစိတ္အကြက္ခ်ေနတာမ်ိဳးဟာ အက်ိဳးမရွိႏိုင္ဘူးလို ဆိုလိုခ်င္တာပဲျဖစ္တယ္။

တစ္ခါတစ္ရံမွာ ကိုယ့္ဟာကိုယ္ အဆင္ေျပေနပါလ်က္ တစ္စံုတစ္ေယာက္ရဲ႕ ေမးခြန္းေၾကာင့္ လမ္းေပ်ာက္သြားတာမ်ိဳးလည္း ျဖစ္တတ္ေသးတယ္။

က်ေနာ္တို႕ဟာ ဂ႐ုစိုက္စရာမလိုတဲ့အေၾကာင္းေတြ၊ ကိုယ္ယံုၾကည္ရလမ္းေၾကာင္းအတြက္ အေရးမႀကီးတဲ့ လူေတြ စသည္ျဖင့္

အေႏွာက္အယွက္စကားေတြကို ေခါင္းထဲထည့္စဥ္းစားမေနဘဲ ကိုယ့္လမ္းေၾကာင္းကို ပံုမွန္အတိုင္းေလးပဲ ဆက္ေလွ်ာက္သင့္တယ္။

လုပ္႐ိုးလုပ္စဥ္အတိုင္း ၿပီးဆံုးရမယ့္ကိစၥကို လုပ္႐ိုးလုပ္စဥ္အတိုင္းပဲ ျပဳလုပ္သင့္တယ္လို႕ ဆိုလိုရင္းျဖစ္တယ္။

အေသးအမႊားကိစၥမ်ားအတြက္ ဦးေႏွာက္ေျခာက္ျခင္း အစဥ္ကင္းၾကပါေစ။

Ashin Marnita Credit ; ေမတၱာမ်ားျဖင့္ ကာယဝါစီ အရွင္မာနိတ

Unicode Version >>>
အိပ်မပျော်သော ညတစ်ည ( ပုံပြင် )

တစ်ခါက သဘောကောင်းတဲ့အာရပ်အဘိုးအိုတစ်ယောက် ရှိတယ်။ အဘိုးအိုဟာ အပူအပင်ကင်းတာကြောင့် ညည ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ တပြိုင်နက်တည်း အိပ်ပျော်လေ့ရှိတယ်။

နောက်တစ်ခုကတော့ အဖိုးအိုမှာ အင်မတန်ရှည်လျားတဲ့ အဖြူရောင် မုတ်ဆိတ်လည်း ရှိပါသတဲ့။ အာရပ်အဖိုးဟာ အဲဒီကိစ္စ နှစ်ခုလုံးကို သူ့ကိုယ်သူ ဂုဏ်ယူနေလေ့ရှိတယ်။ သူ့နဲ့ စကားစမြည်ပြောသမျှလူတိုင်းကိုလည်း သူ့မုတ်ဆိတ်အကြောင်းနဲ့ သူ့ရဲ့ ခေါင်းအုံးနဲ့ခေါင်းနဲ့ထိတာနဲ့ အိပ်ပျော်လေ့ ရှိတဲ့ အကြောင်းကိုလည်း အလွန်အမင်း ကြွားဝါပြီးပြောလေ့ရှိတယ်။ တစ်ခါတော့ သူ့ရဲ့ သုံးနှစ်သားမြေးကလေးက သူ့ကို မေးတယ်

“ဖိုးဖိုးအိပ်တဲ့အခါ မုတ်ဆိတ်မွှေးကို စောင်အပြင်မှာထားအိပ်လား၊ စောင်အထဲမှာထားအိပ်လား”

အဖိုးအိုဟာ သူဘယ်လိုအိပ်မိလည်းဆိုတာကို သတိမထားမိလိုက်ဘူး။ သေချာပြန်စဉ်းစားပေမယ့်လည်း မမှတ်မိဘူး။ အဲဒါနဲ့ အဖိုးအိုလည်း

“ဒီညအိပ်တဲ့အခါ၊ ဖိုးဖိုးသေသေချာချာမှတ်ထားမယ်” လို့ သူ့ရဲ့ မြေးကလေးကို ပြောလိုက်တယ်။

ညအိပ်ရာဝင်တဲ့အခါ အင်မတန်မှ ချမ်းအေးတာကြောင့် အဖိုးအိုဟာ စောင်ကိုဆွဲပြီး သူ့ကိုယ်ပေါ်ခြုံဖို့လုပ်တယ်။ အဲဒီအချိန်မှာပဲသူဟာ နေ့ခင်းက သူ့မြေးကလေးမေးလိုက်တဲ့မေးခွန်းကို ချက်ချင်းပဲသတိရလိုက်တယ်။

သူ့ဟာ ခဏငြိမ်နေပြီး သူ့မုတ်ဆိတ်မွှေးဟာ စောင်အပြင်မှာလား၊ အထဲမှာလားဆိုတာကို သုံးသပ်နေခဲ့တယ်။ “အထဲမှာထားအိပ်တာပဲဖြစ်မှာပါ” လို့ တွေးပြီး မုတ်ဆိတ်မွှေးကို အထဲထည့်၊ စောင်ခြုံပြီး သူလဲလျောင်းလိုက်တယ်။

ဒါပေမယ့်အဖိုးအိုဟာ အဆင်မပြေဖြစ်လာသလို ခံစားလာရပြန်တယ်။ ဒါကြောင့် သူဟာ မုတ်ဆိတ်မွေးကို စောင်အပြင်ကို ထုတ်ပြီး ပြန်အိပ်ပြန်တယ်။

ဒါပေမယ့်လည်း မုတ်ဆိတ်မွှေးကို စောင်အပြင်ထားအိပ်ရတာက သူ့အတွက်ခိုးလိုးခုလု ဖြစ်လာပြန်တယ်။ မုတ်ဆိတ်မွှေးကို အထဲပြန်ထည့်လိုက်တယ်။

ဒါလည်းအဆင်မပြေသေးပါဘူးလေလို့ စဉ်းစားမိပြီး စောင်ရဲ့အပြင်ကို ပြန်ထုတ်လိုက်ပြန်တယ်။ အထဲပြန်ထည့်တယ်။ အပြင်ပြန်ထုတ်တယ်။

အဲဒီလိုနဲ့ အာရပ်အဖိုးအိုဟာ မုတ်ဆိတ်မွှေးပြဿနာကို အကြောင်းပြုပြီး တစ်ညလုံးအိပ်စက်လို့ မရတော့ဘဲ ဖြစ်သွားရပါသတဲ့။

နောက်တစ်နေ့မနက်မှာတော့ အဖိုးအိုဟာ သူအင်မတန်ဂုဏ်ယူရတဲ့မုတ်ဆိတ်မွှေးတွေကို လက်နှစ်သစ်လောက်အထိပဲချန်ပြီး အကုန်လုံးဖြတ်ပစ်လိုက်ပါသတဲ့။

ဒါမှ နောင် နှစ်လ သုံးလကြာအောင် သူကောင်းကောင်းအိပ်နိုင်မှာပဲဖြစ်တယ်။

ဒီပုံပြင်လေးက ကျနော်တို့ကို သတိပေးထားတာတစ်ခုရှိတယ်။ အဲဒါကတော့ အသေးအမွှားကိစ္စလေးကို အချိန်ကုန်ခံပြီး တွေးခေါ်စဉ်းစားနေမယ်ဆိုရင် စိတ်အေးချမ်းမှာမဟုတ်ဘူးဆိုတာပဲဖြစ်တယ်။

တစ်ချို့သောကိစ္စတွေဟာ ပေါ့ပေါ့ပါးပါးလေး လုပ်ဆောင်ရင် ပြီးပြတ်သွားနိုင်ပါလျှက် အတွေးခေါင်နေတတ်တာမျိုး၊ အသေးစိတ်အကွက်ချနေတာမျိုးဟာ အကျိုးမရှိနိုင်ဘူးလို ဆိုလိုချင်တာပဲဖြစ်တယ်။

တစ်ခါတစ်ရံမှာ ကိုယ့်ဟာကိုယ် အဆင်ပြေနေပါလျက် တစ်စုံတစ်ယောက်ရဲ့ မေးခွန်းကြောင့် လမ်းပျောက်သွားတာမျိုးလည်း ဖြစ်တတ်သေးတယ်။

ကျနော်တို့ဟာ ဂရုစိုက်စရာမလိုတဲ့အကြောင်းတွေ၊ ကိုယ်ယုံကြည်ရလမ်းကြောင်းအတွက် အရေးမကြီးတဲ့ လူတွေ စသည်ဖြင့်

အနှောက်အယှက်စကားတွေကို ခေါင်းထဲထည့်စဉ်းစားမနေဘဲ ကိုယ့်လမ်းကြောင်းကို ပုံမှန်အတိုင်းလေးပဲ ဆက်လျှောက်သင့်တယ်။

လုပ်ရိုးလုပ်စဉ်အတိုင်း ပြီးဆုံးရမယ့်ကိစ္စကို လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ပြုလုပ်သင့်တယ်လို့ ဆိုလိုရင်းဖြစ်တယ်။

အသေးအမွှားကိစ္စများအတွက် ဦးနှောက်ခြောက်ခြင်း အစဉ်ကင်းကြပါစေ။

Ashin Marnita Credit ; မေတ္တာများဖြင့် ကာယဝါစီ အရှင်မာနိတ

No comments:

Post a Comment