Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 18, 2019

သင်္ကြန်အတက်နေ့က ပွဲခြင်းပြီးသတ်တဲ့ ရန်ပွဲ ဗွီဒီယိုဖိုင် ထွက်ပေါ်လာ


သင်္ကြန်အတက်နေ့ ပွဲခြင်းပြီးသေအောင်သတ်တဲ့လူသတ်တရားခံကို မိပြီ ( ရုပ်သံ )
လူသတ်မှုကျူးလွန်ခဲ့သည့်ထွက်ပြေးလွတ်မြောက်တရားခံ အား CCTV မှတဆင့် ခြေရာခံဖမ်းမိ
ကသာမြို့ လမ်းလျောက်သင်္ကြန် ဧပြီ ၁၅သင်္ကြန်အတက်နေ့က ဗဟိုမဏ္ဍပ်မှာ ခိုက်ရန်ဖြစ်ပွားပြီး ဒုံးအော့ ကျေးရွာနေ ခိုင်ထွန်းဇော် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ် ။

သေဆုံးမှု ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် ထွက်ပြေးလွှတ်မြောက် တရားခံအား CCTV မှတ်တမ်းများအား ကြည့်ရှုပြီး ကျောမှာပါရှိသည့် ကျောဘုကို ခြေရာခံကာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၏ အကူအညီဖြင့် တရားခံ အစစ်မှန်များအားရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါတယ် ။

ပြစ်မှုကျူးလွန်ခဲ့သူမှာ ကသာမြို့နယ် အမှတ် ၈ ရပ်ကွက် နေသူများဟု သိရပြီး ပြစ်မှူ ကျူးလွန်သူ ခင်ထွေး (ခ) မင်းထူးနှင့် အပေါင်းအပါများဖြစ်သည့် ကျန်ကျောင်း ၊ မြင့်သူ ၊ ကျော်စွာတို့ ၄ ဦးကို ဖမ်းမိခဲ့တာပါ ။

ငါးချဉ်တောင်းများချုပ်ရာမှာ အသုံးပြုသည့် ၆ လက္မကျော်ခန့် အဖျားကော့ အပ်ကို လက်ကိုင်မည့်နေရာတွင် ပုဆိုးပတ်လျက် ထိုးနှက်ခဲ့သည် ဟု ပေါ်ပေါက်ခဲ့ပါတယ် ။
အဆိုပါ ဖြစ်စဉ်နဲ့ ပါတ်သက်လို့ ပြစ်မှုကျူးလွန်ခဲ့သူ ခင်ထွေး (ခ) မင်းထူးနှင့် အပေါင်းအပါ များအား ကသာမြို့မရဲ စခန်း က အမှုဖွင့်အရေးယူထားတယ် လို့ သိရပါတယ် ။







No comments:

Post a Comment