Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 19, 2019

သေသူက သားကြီး သတ်သူက သားငယ်..တရားလိုလုပ်ရသူ ဒီအဖေက ဘယ်လိုဖြေမလဲဗျာ


သေသူကသားကြီး သတ်သူကသားငယ် တရားလိုကဖခင် ကြုံရဆုံရဘုံဘဝ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စုတွင်သင်္ကြန်အတက်နေ့ ညဥ့်နက်ပိုင်းတွင်ညီဖြစ်သူ၏ဓါးချက်ကြောင့်အစ်ကိုဖြစ်သူသေဆုံးမှုအားဖခင်ဖြစ်သူမှတရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သည်။

ဖြစ်ပွါးပုံမှာ ဧပြီလ(၁၆)ရက်နေ့ ည(၁၁)နာရီခွဲအချိန်တွင်အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု နတ်ကြီးကုန်းရပ်ကွက်နေဦးရဲမောင်သည်နေအိမ်၌ရှိနေစဉ်သင်္ကြန်လည်ပတ်ရန်သွားသောသားဖြစ်သူတို့ ပြန်လာသဖြင့်သမီးဖြစ်သူမမြင့်မြင့်ဝင်းမှနေအိမ်ရှေ့ သို့ ထွက်ကြည့်ရာ နေမင်းထွန်း၏ဦးခေါင်းမှသွေးများထွက်နေကြောင်းဖခင်ဖြစ်သူဦးရဲမောင်အားဟြေကြားခဲ့သည်။

ထို့ ကြောင့်ဦးရဲမောင်မှနေအိမ်အောက်ထပ်သို့ ဆင်းကြည့်ရာနေလင်းထွန်း၏ဦးခေါင်းမှသွေးများထွက်နေပြီးနေလင်းထွန်းမှ ၎င်း၏အကိုဖြစ်သူရာကျော်(၂၅)နှစ်အားအရိုးကသွား(၁၁)လက်မ၊ဗျက်တစ်လက်မခန့် ရှိမီးဖိုချောင်သုံးကော်ရိုးအနက်တပ်ဖြင့်ဓါးဦးချွန်ဖြင့်ထိုးခဲ့သဖြင့်ရာကျော်၏ရင်ညွန့် အောက်တွင်ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာသေဆုံးသွားသည်ကိုတွေ့ ရှိရသည်။

ထို့ ကြောင့်ဦးရဲမောင်မှတရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သဖြင့်လူသတ်မှုကျူးလွန်သူနေလင်းထွန်း(၂၃)နှစ်(ဘ)ဦးရဲမောင် နဘားကျေးရွာအုပ်စု နတ်ကြီးကုန်းရပ်ကွက် အင်းတော်မြို့နယ်နေထိုင်သူအားအင်းတော်မြို့မရဲစခန်းမှအမှုရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။
အစဥ္အလာထူးတဲ့ မဂၤလာဦးပါခင္မ်





No comments:

Post a Comment