တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီးချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။
""ပြည်ကြီးမဏ္ဍိုင်မြို့က ဒေသခံတွေနဲ့တွေ့ဆုံပွဲအပြီးမှာ ထိန်းသိမ်းလိုက်တယ်။ သူတစ်ယောက်တည်းကို ကားနဲ့ကော့သောင်းကိုခေါ်သွားတယ်။ ကရသူရိမြို့က တွေ့ဆုံပွဲမှာတော့ဝန်ကြီးချုပ်မပါတော့ဘူး အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ပဲ တွေ့ဆုံပွဲလုပ်ခဲ့တယ်။ အခု ဝန်ကြီးချုပ်ကို မြို့နယ်ရဲမှူအခန်းထဲမှာထိန်းသိမ်းထားတယ်"" လို့ ကော့သောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် တာဝန်ရှိသူများ အကတိလိုက်စားမှုရှိသည်ဟု ဆိုကာ စုံစမ်းစစ်ဆေးပေးရန် ထားဝယ် နှင့် မြိတ် တို့မှ ဒေသခံ ၁၀၀ ကျော်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ နှင့် NLD ဗို တိုင်ကြားစာဌာနသို့ တိုင်ကြားစာများပေးပို့တာကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကလည်း ဒေသခံများရဲ့တိုင်ကြားချက်ကို အထောက်အထားများ ပေးပို့တင်ပြတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးမှုများပြုလုပ်ပြီး ပြစ်မှုထင်ရှားတာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရပါတယ်။
မြတ်ထွဋ် (မြိတ်)

No comments:
Post a Comment