Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 11, 2019

ေအာင္သမာဓိ ကြမ္းယာသည္ရဲ႕ သားဖြားခန္း


က်ဳပ္ ကြမ္းေရာင္းရင္းနဲ႔ကေလး ေလးေယာက္ရခဲ့ပါတယ္ ။ သူတို႔ကိုေမြးပုံ ဖြားပုံနဲ႔ ကံေတြကလည္းမတူၾက ဘူးေလ။ သူတို႔ေလးေတြအားလုံး က်ဳပ္ရဲ႕ မ်က္ေစ့ေရွ႕ေအာက္မွာဘဲေမြးခဲ့ၾကတာပါဘဲ။

(၁၉၈၄)မွာသမီးႀကီးမဇင္ေမြးတယ္
သူ႔ကိုကိုဝန္ရွိေတာ့ အိုဂ်ီတြဘာေတြအပ္ဘို႔ေနေနသာသာ ကိုယ္ဝန္ရွိတာေတာင္မသိလိုက္ရပါဘူူး ထူးတာက ကြမ္းေရာင္းရင္းအဆင္းရဲဆုံးအခ်ိန္မွာ .. ေနာင္မွာ အထူးကုဆရာဝန္ႀကီးျဖစ္လာမဲ့ Dr ထြန္းေအာင္က်ာ္က အလကားေမြးေပးခဲ့တာပါ

ေမြးဖြားပုံ
အဲ့တုံးက ေက်ာင္းဆင္းပီးခါစ ဆရာဝန္ေပါက္စေလး Dr TAK ေရႊေတာလာၿပီးေဆးခန္းဖြင့္တာပါ ခြဲစိတ္ခန္းဘယ္ရွိမွာလဲ တန္းလွ်ားေပၚမွာ ေမြးခမယူဘဲေမြးေပးခဲ့တာပါ ကိုေတြလည္ ဝိုင္းကူေမြးခဲ့တာဘဲေပါ့

ကေလးထိမ္းအိမ္ေဖၚ
ထၼင္းေတာင္မနဲစားေနရတာ အိမ္ေဖၚမေခၚႏိုင္ပါဘူး ျဖဴျဖဴေဖြးေဖြးခ်စ္စရာေလးဆိုေတာ့ အိမ္နီးနားခ်င္းေတြကလာေခၚ ဝိုင္းထိမ္းေပးရင္းနဲ႔ တႏွစ္ေက်ာ္ေက်ာ္သမီးေလးျဖစ္လာတဲ့အခ်ိန္ ေနာက္တေယာက္ကိုယ္ဝန္ရွိျပန္ေရာ

(၁၉၈၇) အလတ္ ျဖဴျဖဴေအာင္ေမြးပါတယ္
စီးပြားေရမေျပလည္လို႔ ကေလးမရခ်င္လို႔ တားေဆးေသာက္ေနတဲ့ၾကားက ေနာက္တစ္ေယာက္ဝင္လာေတာ့လည္း ေမြးရတာဘဲေပါ့ မီးေဘးသင့္ၿပီးအိမ္မရွိတဲ့အခ်ိန္မို႔ ထရံေတြ ဖ်ားေတြၾကားမွာ ဆရာဝန္နဲ႔ဘဲ ေမြးရခဲ့တာပါ မီးေဘးဒုကၡသည္ခ်င္းမို႔Drနီလာခ်စ္ ကလည္း အလကားေမြးေပးတာပါဘဲ

ကံေကာင္းလို႔မေသ
သမီးျဖဴျဖဴေအာင္ေမြးေတာ့ ကိုယ္ေတြကေယာက်ၤားေလးလိုခ်င္တာေလ ေမြပီးပီးျခင္းသိမ္မၾကာခဏဆိုသလို အႏွီးထုပ္ၿဖီးၿဖီၾကည့္ပါတယ္ .. ေယာက်ၤားေလးမ်ားျဖစ္ေနမလားေပါ့ တခါေျဖၾကည့္လိုက္ေတာ့ ကေလးခ်က္တိုင္ကေသြးေတြထြက္ေနတာေတြမွ ဆရာဝန္ေခၚျပေတာ့ ခ်က္ႀကိဳးခ်ီတာမခိုင္လို႔ ျပန္ခ်ီရပါတယ္ ကံေကာင္းလို႔မေသတာပါ။

(၁၉၈၉)မွာ လူဟန္ ေမြးပါတယ္
မေတာက္ တေခါက္ ေရႊ ေက်ာက္ကုန္သည္ေလးျဖစ္ေနၿပီး ကိုယ္ပိုင္အိမ္ေလးနဲ႔ေနႏိုင္ပါၿပီး က်ားမ ဘာေလးေမြးမယ္ဆိုတာမသိပါဘူး လူဟန္ကိုေမြးေတာ့ ဆရာဝန္မဟုတ္ေတာ့ပါဘူး သားဖြားဆရာမေဒၚႏူသဲ နဲ႔ေမြးရပါေတာ့တယ္ က်ဴပ္အဲဒီညကတညလုံး ေပ်ာ္လို႔အိပ္မေပ်ာ္ပါဘူး ေယာကၤ်ားေလးရလို႔ ေပ်ာ္လိုက္တာ

(၁၉၉၅) စိမ္းမို႔ ကိုေမြးပါတယ္
ေရႊကုန္သည္ျဖစ္ေနၿပီး ကိုယ္ပိုင္အိမ္ ကားေတြပိုင္ဆိုင္ေနပါၿပီ ဒီကေလးတေယာက္ေတာ့ ေရႊေတာမွာမေမြးေတာ့ဘဲ ၿမိဳ႕သူျဖစ္ေအာင္ မႏၲေလးမွာသြားေမြးမယ္ေပါ့

ဒီတခါေတာ့ လာပါၿပီ OG
မီးယပ္သားဖြားအထူူးကုဆရာဝန္နဲ႔ေမြးမယ္ေပါ့မႏၲေလတက္ အေကာင္းဆုံးနာမည္ႀကီးဆရာဝန္ Dr ေစာလြင္(OG) နဲ႔ ဗိုက္အပ္ ေမြခါနီးတပတ္အလို႔ ၿမိဳ႕လာၿပီးေဆး႐ုံတက္ေမြးဘို႔ေဆး႐ုံတက္ေနရင္းနဲ႔ တညေနခင္းမွာ

ေတာျပန္ပီ
၂/၃ ရက္ေနေတာ့ ခ်စ္သူက ေယာက်ၤားေရတဲ့ ေဆး႐ုံေနရတာျပင္းလို႔တဲ့ ရြာခဏျပန္ရေအာင္ဆိုလို႔ကားေမာင္းၿပီးျပန္လာၾကပါတယ္ ရြာကို ညမိုးခ်ဳပ္မွေရာက္ပါတယ္ ခဏေနေတာ့ ဗိုက္နာတယ္ဆိုၿပီး ေမြးခ်င္တယ္တဲ့

လက္သည္ေခၚရၿပီ
ေရႊေတာေရာက္လို႔ ညႀကီးအခ်ိန္မေတာ္ ဆရာဝန္ေခါ္လည္းမရ မႏၲေလးျပန္လည္းအခ်ိန္မမီေတာ့တဲ့အဆုံးေတာ့ အရပ္ထဲက လက္သည္အေဒၚႀကီ ေျပးေခၚၿပီးေမြလိုက္ရပါေတာ့တယ္ဗ်ာ ၿမိဳ႕သူမျဖစ္ဘဲ ေတာသူဘဲျဖစ္ရတာ သူ႔ရဲ႕ကံဘဲေလ

(အေၾကာင္း အက်ိဳး သုံးသပ္ခ်က္)

၁/ သမီးႀကီးမဇင္မိမိေအာင္
အိမ္နံမည္ မိဇင္ ပါတဲ့ ..က်ဳပ္အေမေပးတဲ့နာမည္ပါ အေမကေယာက်ၤာေလး ၆ေယာက္ေမြးထားေတာ့ မိန္းကေလးလိုခ်င္ေနတာေလ ေျမးဦးမိန္းကေလးဆိုေတာ့ မဇင္က သူ႔အသဲေပါဗ်ာ ခ်စ္တဲ့သူေတြမ်ားပါတယ္ ဒါေပမဲ့အရပ္အပုဆုံးေပါ့ ဒါေပမဲ့ရွာအရွည္ဆုံး အဖြားတူေတာ ဆရာမႀကီးေပါ့ …မိသား နဲ႔ အမ်ိဴးေတြ အပူေတြအားလုံး ဒါဏ္ခံႏိုင္သူေပါ့ အမႀကီးအမိအရာပါဘဲ

၂/သမီးလတ္ မျဖဳဴျဖဴေအာင္
အိမ္နံမည္ ငေပါ ပါတဲ့ …ျဖဴျဖဴေအာင္ အေမေပးတဲ့နာမည္ပါဘဲ …ငေပါကေတာ့ က်ဳပ္ကေခၚတဲ့နာမည္ပါ ..သူကိုေမြးေတာ့ မီးေဘးသင့္ခံရလို႔ဆန္ေတြဆီေတြ လာေဝတာနဲ႔ၾကံဴပါတယ္

ဒါေၾကာင့္ ေပါေပါ မ်ားမ်ားျဖစ္ေအာင္လို႔ရယ္ ေယာကၤ်ားေလးလိုျဖစ္ေအာင္က်ဴပ္က ငေပါလို႔ ေခၚလိုက္တာပါ
သူကေတာ့ေအးပါတယ္ အလွပႀကိဳက္တယ္ ..ငယ္ကတည္းက က်ဴလီယာသည္ဆီကေန ေရႊအတုေတြဆို ဝယ္ၿပီးအၿမဲဆြဲေပးရတယ္

တေနကုန္အဲးဒီအသည္နားမွာဘဲ ကပ္ေနလို႔ အိမ္ကိုမနဲျပန္ေခၚရပါတယ္ နဲနဲႀကီးလာေတာ့ ငေပါဆိုတဲ့နညမည္ေခၚရင္ရွက္ေနလို႔မနဲေဖ်ာက္ေပးရတယ္ဦးဇင္းႀကီးတို႔မိသားသားစုကခ်စ္ၾကလို႔ တေနကုန္ထိမ္းေႂကြးေမြးၿပီး ေမြစားၾကသလိုပါဘဲ

၃/ သား ကိုလူဟန္
အိမ္နာမည္ ခ်က္ႀကီး ပါတဲ့ ..လူဟန္ ကေတာ့ ဘုန္းႀကီးေပးတဲ့နာမည္ပါ (ဒီနာမည္ ရပုံကေတာ့ အရင္ကေရးပီးပါပီ)
သၼီးသုံးေယာက္သားတစ္ေယာက္ဆိုေတာ့ အားလုံးဝိုင္းခ်စ္ၾကတာပါဘဲ သူ႔ေမြးေတာ့ နဲနဲစအဆင္ေျပလာပါၿပီ (အသားျဖဴပီးအရပ္အရွည္ဆုံး)

မိုးလင္းတာနဲ႔ သူ႔ကိုခ်စ္တဲ့ တ႐ုပ္ေလးတေယာက္က လာေခၚၿပီး ၾကက္ဥပလာတာဝယ္ေႂကြၿပီး ဝမွအိမ္ျပန္လာပါတယ္ …အံပြားေတြပါၿပီး ေအးေဆးေနတတ္သူပါ မိသားစုကိုအျပစ္မျမင္ဘဲ ဖါသိခါသာေနတတ္သူပါ ဂီတ ပန္းခ်ီ ဝါသနာပါၿပီး လူခ်စ္လူခင္မ်ားပါတယ္ ..ငယ္တုံးက ငိုရင္ေဒါသႀကီးပီး ခ်က္ႀကီးစူထြက္လာေအာင္ငိုုလို႔ ခ်က္ႀကီးပါတဲ့

၄/ သမီးအငယ္ဆုံးေလး မစိမ္းမို႔
အိမ္နာမည္ ငယ္ေလး ပါတဲ့ ..စိမ္းမို႔ ဘုန္ႀကီးေပးတဲ့နာမည္ပါ သူေမြးပီးေတာ့ လူတန္းေစ့ေနႏိုင္လွ်ဴႏိုင္ေနပါပီ …ၿမိဳ႕သူျဖစ္ခ်င္ေပမဲ့ အေၾကာင္းတရားက ေတာသုူျဖစ္ဘို႔ ကံပါလာသူပါ လက္သည္နဲ႔ေမြးရသူပါ ..အငယ္ဆုံးျဖစ္ၿပီး အခြင့္ေရးမယူဘဲ လူႀကီးဆန္ၿပီး ညာဏ္ေကာင္းၿပီး ပညာအတတ္ဆုံးသူေလးပါ

ဇတ္ေပါင္းေတာ့
မဇင္နဲ႔ ကိုလူဟန္ ကစ႐ိုက္တူပါတယ္ ဘယ္ေလာက္႐ိုက္႐ိုက္ မရပါဘူူး ငိုတယ္ ျပန္ေျပာတယ္ အသားနာလဲအမွတ္မရွိပါဘူး …မျဖဳနဲ႔ငယ္ေလးကေတာ့ စ႐ိုက္တူပါတယ္ ..ဟိတ္ဆို တိတ္ပီသား အသားလုံးဝအနာမခံပါဘူး ျပန္ေျပာတာနည္းပီး အကင္းပါ ပါတယ္

ဒါေပမဲ့ သူတို႔ေလးေယာက္စလုံး တေယာက္ကိုတေယာက္ အရမ္းခ်စ္ၾကၿပီး မိသားစုနဲ႔ .မိဘအေပၚ သစၥာရွိၾကပါတယ္

နိဂုဏ္းခ်ဳပ္
ကြမ္းယာသည္မွာ သားသမီး (၆)ေယာက္ေမြး (၂)ေယာက္အဖတ္မတင္ (၄)ေယာက္အဖတ္တင္ၿပီး သူတို႔ရဲ႕ေတြရဲ႕ ကံေတြဟာ မတူညီပုံေတြ အေၾကာင္းကံႏွင့္အက်ိဴးေပးကံေတြ မတူညီပုံေတြကို တင္ျပခ်င္တာလိုရင္းပါဘဲဗ်ာ
စာတလုံးေၾကာင့္ ကံႏွင့္ အက်ိဴးေပးကို ျမင္ႏိုင္ၾကပါေစ
U Aung San Win FB မွကူးယူေဖာ္ျပပါသည္။




Unicode version
ကျုပ် ကွမ်းရောင်းရင်းနဲ့ကလေး လေးယောက်ရခဲ့ပါတယ် ။ သူတို့ကိုမွေးပုံ ဖွားပုံနဲ့ ကံတွေကလည်းမတူကြ ဘူးလေ။ သူတို့လေးတွေအားလုံး ကျုပ်ရဲ့ မျက်စေ့ရှေ့အောက်မှာဘဲမွေးခဲ့ကြတာပါဘဲ။

(၁၉၈၄)မှာသမီးကြီးမဇင်မွေးတယ်

သူ့ကိုကိုဝန်ရှိတော့ အိုဂျီတွဘာတွေအပ်ဘို့နေနေသာသာ ကိုယ်ဝန်ရှိတာတောင်မသိလိုက်ရပါဘူူး ထူးတာက ကွမ်းရောင်းရင်းအဆင်းရဲဆုံးအချိန်မှာ .. နောင်မှာ အထူးကုဆရာဝန်ကြီးဖြစ်လာမဲ့ Dr ထွန်းအောင်ကျာ်က အလကားမွေးပေးခဲ့တာပါ

မွေးဖွားပုံ

အဲ့တုံးက ကျောင်းဆင်းပီးခါစ ဆရာဝန်ပေါက်စလေး Dr TAK ရွှေတောလာပြီးဆေးခန်းဖွင့်တာပါ ခွဲစိတ်ခန်းဘယ်ရှိမှာလဲ တန်းလျှားပေါ်မှာ မွေးခမယူဘဲမွေးပေးခဲ့တာပါ ကိုတွေလည် ဝိုင်းကူမွေးခဲ့တာဘဲပေါ့



ကလေးထိမ်းအိမ်ဖေါ်

ထ္မင်းတောင်မနဲစားနေရတာ အိမ်ဖေါ်မခေါ်နိုင်ပါဘူး ဖြူဖြူဖွေးဖွေးချစ်စရာလေးဆိုတော့ အိမ်နီးနားချင်းတွေကလာခေါ် ဝိုင်းထိမ်းပေးရင်းနဲ့ တနှစ်ကျော်ကျော်သမီးလေးဖြစ်လာတဲ့အချိန် နောက်တယောက်ကိုယ်ဝန်ရှိပြန်ရော

(၁၉၈၇) အလတ် ဖြူဖြူအောင်မွေးပါတယ်

စီးပွားရေမပြေလည်လို့ ကလေးမရချင်လို့ တားဆေးသောက်နေတဲ့ကြားက နောက်တစ်ယောက်ဝင်လာတော့လည်း မွေးရတာဘဲပေါ့ မီးဘေးသင့်ပြီးအိမ်မရှိတဲ့အချိန်မို့ ထရံတွေ ဖျားတွေကြားမှာ ဆရာဝန်နဲ့ဘဲ မွေးရခဲ့တာပါ မီးဘေးဒုက္ခသည်ချင်းမို့Drနီလာချစ် ကလည်း အလကားမွေးပေးတာပါဘဲ

ကံကောင်းလို့မသေ

သမီးဖြူဖြူအောင်မွေးတော့ ကိုယ်တွေကယောင်္ကျားလေးလိုချင်တာလေ မွေပီးပီးခြင်းသိမ်မကြာခဏဆိုသလို အနှီးထုပ်ဖြီးဖြီကြည့်ပါတယ် .. ယောင်္ကျားလေးများဖြစ်နေမလားပေါ့ တခါဖြေကြည့်လိုက်တော့ ကလေးချက်တိုင်ကသွေးတွေထွက်နေတာတွေမှ ဆရာဝန်ခေါ်ပြတော့ ချက်ကြိုးချီတာမခိုင်လို့ ပြန်ချီရပါတယ် ကံကောင်းလို့မသေတာပါ။

(၁၉၈၉)မှာ လူဟန် မွေးပါတယ်

မတောက် တခေါက် ရွှေ ကျောက်ကုန်သည်လေးဖြစ်နေပြီး ကိုယ်ပိုင်အိမ်လေးနဲ့နေနိုင်ပါပြီး ကျားမ ဘာလေးမွေးမယ်ဆိုတာမသိပါဘူး လူဟန်ကိုမွေးတော့ ဆရာဝန်မဟုတ်တော့ပါဘူး သားဖွားဆရာမဒေါ်နူသဲ နဲ့မွေးရပါတော့တယ် ကျူပ်အဲဒီညကတညလုံး ပျော်လို့အိပ်မပျော်ပါဘူး ယောင်္ကျားလေးရလို့ ပျော်လိုက်တာ

(၁၉၉၅) စိမ်းမို့ ကိုမွေးပါတယ်

ရွှေကုန်သည်ဖြစ်နေပြီး ကိုယ်ပိုင်အိမ် ကားတွေပိုင်ဆိုင်နေပါပြီ ဒီကလေးတယောက်တော့ ရွှေတောမှာမမွေးတော့ဘဲ မြို့သူဖြစ်အောင် မန္တလေးမှာသွားမွေးမယ်ပေါ့

ဒီတခါတော့ လာပါပြီ OG

မီးယပ်သားဖွားအထူူးကုဆရာဝန်နဲ့မွေးမယ်ပေါ့မန္တလေတက် အကောင်းဆုံးနာမည်ကြီးဆရာဝန် Dr စောလွင်(OG) နဲ့ ဗိုက်အပ် မွေခါနီးတပတ်အလို့ မြို့လာပြီးဆေးရုံတက်မွေးဘို့ဆေးရုံတက်နေရင်းနဲ့ တညနေခင်းမှာ

တောပြန်ပီ

၂/၃ ရက်နေတော့ ချစ်သူက ယောင်္ကျားရေတဲ့ ဆေးရုံနေရတာပြင်းလို့တဲ့ ရွာခဏပြန်ရအောင်ဆိုလို့ကားမောင်းပြီးပြန်လာကြပါတယ် ရွာကို ညမိုးချုပ်မှရောက်ပါတယ် ခဏနေတော့ ဗိုက်နာတယ်ဆိုပြီး မွေးချင်တယ်တဲ့

လက်သည်ခေါ်ရပြီ

ရွှေတောရောက်လို့ ညကြီးအချိန်မတော် ဆရာဝန်ခေါ်လည်းမရ မန္တလေးပြန်လည်းအချိန်မမီတော့တဲ့အဆုံးတော့ အရပ်ထဲက လက်သည်အဒေါ်ကြီ ပြေးခေါ်ပြီးမွေလိုက်ရပါတော့တယ်ဗျာ မြို့သူမဖြစ်ဘဲ တောသူဘဲဖြစ်ရတာ သူ့ရဲ့ကံဘဲလေ





(အကြောင်း အကျိုး သုံးသပ်ချက်)

၁/ သမီးကြီးမဇင်မိမိအောင်

အိမ်နံမည် မိဇင် ပါတဲ့ ..ကျုပ်အမေပေးတဲ့နာမည်ပါ အမေကယောင်္ကျာလေး ၆ယောက်မွေးထားတော့ မိန်းကလေးလိုချင်နေတာလေ မြေးဦးမိန်းကလေးဆိုတော့ မဇင်က သူ့အသဲပေါဗျာ ချစ်တဲ့သူတွေများပါတယ် ဒါပေမဲ့အရပ်အပုဆုံးပေါ့ ဒါပေမဲ့ရှာအရှည်ဆုံး အဖွားတူတော ဆရာမကြီးပေါ့ …မိသား နဲ့ အမျိူးတွေ အပူတွေအားလုံး ဒါဏ်ခံနိုင်သူပေါ့ အမကြီးအမိအရာပါဘဲ

၂/သမီးလတ် မဖြုူဖြူအောင်

အိမ်နံမည် ငပေါ ပါတဲ့ …ဖြူဖြူအောင် အမေပေးတဲ့နာမည်ပါဘဲ …ငပေါကတော့ ကျုပ်ကခေါ်တဲ့နာမည်ပါ ..သူကိုမွေးတော့ မီးဘေးသင့်ခံရလို့ဆန်တွေဆီတွေ လာဝေတာနဲ့ကြူံပါတယ်

ဒါကြောင့် ပေါပေါ များများဖြစ်အောင်လို့ရယ် ယောင်္ကျားလေးလိုဖြစ်အောင်ကျူပ်က ငပေါလို့ ခေါ်လိုက်တာပါ
သူကတော့အေးပါတယ် အလှပကြိုက်တယ် ..ငယ်ကတည်းက ကျူလီယာသည်ဆီကနေ ရွှေအတုတွေဆို ဝယ်ပြီးအမြဲဆွဲပေးရတယ်

တနေကုန်အဲးဒီအသည်နားမှာဘဲ ကပ်နေလို့ အိမ်ကိုမနဲပြန်ခေါ်ရပါတယ် နဲနဲကြီးလာတော့ ငပေါဆိုတဲ့နညမည်ခေါ်ရင်ရှက်နေလို့မနဲဖျောက်ပေးရတယ်ဦးဇင်းကြီးတို့မိသားသားစုကချစ်ကြလို့ တနေကုန်ထိမ်းကြွေးမွေးပြီး မွေစားကြသလိုပါဘဲ

၃/ သား ကိုလူဟန်

အိမ်နာမည် ချက်ကြီး ပါတဲ့ ..လူဟန် ကတော့ ဘုန်းကြီးပေးတဲ့နာမည်ပါ (ဒီနာမည် ရပုံကတော့ အရင်ကရေးပီးပါပီ)
သ္မီးသုံးယောက်သားတစ်ယောက်ဆိုတော့ အားလုံးဝိုင်းချစ်ကြတာပါဘဲ သူ့မွေးတော့ နဲနဲစအဆင်ပြေလာပါပြီ (အသားဖြူပီးအရပ်အရှည်ဆုံး)

မိုးလင်းတာနဲ့ သူ့ကိုချစ်တဲ့ တရုပ်လေးတယောက်က လာခေါ်ပြီး ကြက်ဥပလာတာဝယ်ကြွေပြီး ဝမှအိမ်ပြန်လာပါတယ် …အံပွားတွေပါပြီး အေးဆေးနေတတ်သူပါ မိသားစုကိုအပြစ်မမြင်ဘဲ ဖါသိခါသာနေတတ်သူပါ ဂီတ ပန်းချီ ဝါသနာပါပြီး လူချစ်လူခင်များပါတယ် ..ငယ်တုံးက ငိုရင်ဒေါသကြီးပီး ချက်ကြီးစူထွက်လာအောင်ငိုလို့ ချက်ကြီးပါတဲ့

၄/ သမီးအငယ်ဆုံးလေး မစိမ်းမို့

အိမ်နာမည် ငယ်လေး ပါတဲ့ ..စိမ်းမို့ ဘုန်ကြီးပေးတဲ့နာမည်ပါ သူမွေးပီးတော့ လူတန်းစေ့နေနိုင်လျှူနိုင်နေပါပီ …မြို့သူဖြစ်ချင်ပေမဲ့ အကြောင်းတရားက တောသုူဖြစ်ဘို့ ကံပါလာသူပါ လက်သည်နဲ့မွေးရသူပါ ..အငယ်ဆုံးဖြစ်ပြီး အခွင့်ရေးမယူဘဲ လူကြီးဆန်ပြီး ညာဏ်ကောင်းပြီး ပညာအတတ်ဆုံးသူလေးပါ

ဇတ်ပေါင်းတော့

မဇင်နဲ့ ကိုလူဟန် ကစရိုက်တူပါတယ် ဘယ်လောက်ရိုက်ရိုက် မရပါဘူူး ငိုတယ် ပြန်ပြောတယ် အသားနာလဲအမှတ်မရှိပါဘူး …မဖြုနဲ့ငယ်လေးကတော့ စရိုက်တူပါတယ် ..ဟိတ်ဆို တိတ်ပီသား အသားလုံးဝအနာမခံပါဘူး ပြန်ပြောတာနည်းပီး အကင်းပါ ပါတယ်

ဒါပေမဲ့ သူတို့လေးယောက်စလုံး တယောက်ကိုတယောက် အရမ်းချစ်ကြပြီး မိသားစုနဲ့ .မိဘအပေါ် သစ္စာရှိကြပါတယ်

နိဂုဏ်းချုပ်

ကွမ်းယာသည်မှာ သားသမီး (၆)ယောက်မွေး (၂)ယောက်အဖတ်မတင် (၄)ယောက်အဖတ်တင်ပြီး သူတို့ရဲ့တွေရဲ့ ကံတွေဟာ မတူညီပုံတွေ အကြောင်းကံနှင့်အကျိူးပေးကံတွေ မတူညီပုံတွေကို တင်ပြချင်တာလိုရင်းပါဘဲဗျာ

စာတလုံးကြောင့် ကံနှင့် အကျိူးပေးကို မြင်နိုင်ကြပါစေ

U Aung San Win FB မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment