Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 10, 2019

ကိုရီးယား သတင္းထဲ ပါလာတဲ့ ျမန္မာ့ ကြမ္းယာ

ကိုရီးယား ေယာင္နာပ္ သတင္း
ကိုရီးယားႏိုင္ငံ အင္ခြၽန္းၿမိဳ႕ ဘုေျဖာင္းဘူတာအနီး ျမန္မာ့ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားနဲ႔ ျမန္မာ စားေသာက္ဆိုင္မ်ား မ်ားစြာ ရိွၾကပါတယ္။
ျမန္မာ ရပ္ကြက္လို ျဖစ္ေနတဲ့ ဘုေျဖာင္းဘူတာအနီးကို ျမန္မာ အလုပ္သမားမ်ား မ်ားစြာ လာေရာက္ၾကပါတယ္။

ျမန္မာေတြ အမ်ားဆုံး စားၾကတဲ့ ကြမ္းတံေတြးနဲ႔ ေဆးလိပ္တိုတို႔ေၾကာင့္ ဘုေျဖာင္းဘူတာ အနီးတဝိွက္ ညစ္ပတ္လ်က္ရိွေနၿပီး အဲဒီနားကို ျဖတ္သြားတဲ့ မစၥတာ ယီကို ေမးၾကည့္ေတာ့ လမ္းေပၚမွာ ေသြးကြက္ေတြကို မၾကာခဏ ျမင္ေနရတယ္လို႔ သတင္းေထာက္ကို ေျပာပါတယ္။

ကိုရီးယားလူမ်ိဳးေတြ အဖို႔ ကြမ္းတံေတြးေတြဟာ ေၾကာက္စရာျဖစ္ေနပါတယ္။

ကြမ္းတံေတြးမ်ားကို ကိုရီးယား ရဲနဲ႔ ျမန္မာ အသိုင္းအဝန္းတို႔ တႏွစ္ကို ၃၊ ၄ႀကီမ္ ကြမ္းတံေတြး သန္႔႐ွင္းေရး လုပ္ေနၾကေပမယ့္ ကြမ္းတံေတြး ဆက္တိုက္ ေထြးေနတဲ့ ျမန္မာမ်ားေၾကာင့္ အေႏွာက္အယွက္ ျဖစ္ရေၾကာင္း ကိုရီးယား ေယာင္နာပ္ သတင္းအရ သိရပါတယ္။

သတင္းနဲ႔ ဓာတ္ပုံကို တဆင့္ ကူးယူကာ အတိုခ်ဳပ္ ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုပါတယ္။
nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုရီးယား ယောင်နာပ် သတင်း

ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘုဖြောင်းဘူတာအနီး မြန်မာ့ ဘုန်းတော်ကြီးကျောင်းများနဲ့ မြန်မာ စားသောက်ဆိုင်များ များစွာ ရှိကြပါတယ်။

မြန်မာ ရပ်ကွက်လို ဖြစ်နေတဲ့ ဘုဖြောင်းဘူတာအနီးကို မြန်မာ အလုပ်သမားများ များစွာ လာရောက်ကြပါတယ်။

မြန်မာတွေ အများဆုံး စားကြတဲ့ ကွမ်းတံတွေးနဲ့ ဆေးလိပ်တိုတို့ကြောင့် ဘုဖြောင်းဘူတာ အနီးတဝှိက် ညစ်ပတ်လျက်ရှိနေပြီး အဲဒီနားကို ဖြတ်သွားတဲ့ မစ္စတာ ယီကို မေးကြည့်တော့ လမ်းပေါ်မှာ သွေးကွက်တွေကို မကြာခဏ မြင်နေရတယ်လို့ သတင်းထောက်ကို ပြောပါတယ်။

ကိုရီးယားလူမျိုးတွေ အဖို့ ကွမ်းတံတွေးတွေဟာ ကြောက်စရာဖြစ်နေပါတယ်။

ကွမ်းတံတွေးများကို ကိုရီးယား ရဲနဲ့ မြန်မာ အသိုင်းအဝန်းတို့ တနှစ်ကို ၃၊ ၄ကြီမ် ကွမ်းတံတွေး သန့်ရှင်းရေး လုပ်နေကြပေမယ့် ကွမ်းတံတွေး ဆက်တိုက် ထွေးနေတဲ့ မြန်မာများကြောင့် အနှောက်အယှက် ဖြစ်ရကြောင်း ကိုရီးယား ယောင်နာပ် သတင်းအရ သိရပါတယ်။

သတင်းနဲ့ ဓာတ်ပုံကို တဆင့် ကူးယူကာ အတိုချုပ် ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်။
nanmalgyi

No comments:

Post a Comment