Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 18, 2019

ရိုးသား လြန္းေတာ့ အယံုလြယ္ၿပီး ကိုယ့္အိမ္မွာ အသတ္ခံလိုက္ရတဲ့ က်ဴတာ ဆရာမေလးရဲ႕ျဖစ္ရပ္ဆိုး


ရထာ းေပၚ၌ေတြ ့ဆုံခဲ့ရာမွေနအိမ္သို့လိုက္လာျပီး အသတ္ခံလိုက္ရတဲ့ မိုးညွင္း က်ဴတာ ဆရာမေလးတစ္ဦးျဖစ္ရပ္

ပင္းေဘာ မတ္ ၁၈
ကခ်င္ ျပည္နယ္ မိုးေကာင္းျမိဳ့နယ္ ပင္းေဘာေက်းရြာ၌၂၀၁၉-ခုမတ္(၁၇)ရက္ေန့ ညေန (၄)နာရီခန့္အခ်ိန္တြင္ မိုးညွင္းဒီဂရီေကာလိပ္တြင္ က်ဴတာဆရာမလုပ္ေနေသာ ေရတြင္းကုန္းေန အေဖ ဦးထြန္းေမာင္ အမိ ေဒၚျကည္ေမတို့၏သမီး မမာမာဝင္း (၂၅)ႏွစ္အား အသတ္ခံရေျကာင္း ေဒသခံျပည္သူမ်ား၏ေျပာျပခ်က္အရ သိရွိရပါသည္။

ျဖစ္စဥ္ မွာ—အခင္းမျဖစ္ပြားမီွ (၃/၄)ရက္အလိုက အမည္မသိအမ်ိဳးသားတစ္ဦးႏွင့္ရထားေပၚ၌ေတြ့ဆုံရင္ႏွီးခဲ့ျကရာမွမိမိတို့၏ ကိုယ္ေရးကိုယ္ရာ အေျကာင္းမ်ားအျပန္အလွန္ေျပာျပျကျပီးေနာက္ အမ်ိဳးသားမွ ဟိုပင္ဘက္သို့ လိုက္ပါသြားေျကာင္း သိရွိရေသာ္လည္ ထိုေန့တြင္ ၎အမ်ိဳးသားမွာ လိုက္ပါသြားျခင္းမရွိဘဲ ရြာအနီးေကာက္ရိုးပုံတြင္ ညအိပ္ခဲ့ျပီး နံနက္ (၆)နာရီအခ်ိန္တြင္ မမာမာဝင္း၏ေနအိမ္သို့စုံစမ္းေမးျမန္း၍ေရာက္ရွိလာခဲ့ေျကာင္း ပတ္ဝန္းက်င္ရွိ ျမင္သူမ်ားကဆိုပါတယ္။

ေနာက္ရက္မ်ားတြင္ အသတ္ခံရသူမမာမာဝင္းတို့မိသားစုမွာေအးေဆးေနထိုင္ေလ့ရွိျပီပတ္ဝန္းက်င္အနီးနား ဝင္ထြက္သြားလာသူမ်ားနည္ပါးေျကာင္း ၎အမ်ိဳးသားေရာက္ရွိေနသည္ကို အနီးရွိ တစ္ဦးစ ႏွစ္ဦးစ ဝင္ထြက္ေနသူမ်ားက ေတြ့ျမင္ေနရတယ္လို့ ေျပာပါတယ္ သူ့မိဘေတြလဲ သိတယ္ သူငယ္ခ်င္း /မိတ္ေဆြလား/ ရည္းစားလား ဆိုတာေတာ့ မသိျကဘူးလို့ ေျပာပါတယ္။

အခင္းျဖစ္သည့္မေန့က မမာမာဝင္း၏အေမက ဘုန္းျကီးေက်ာင္းအတြက္ ေန့လည္တြင္ ပင္းေဘာ ဘူတာအနီး အလွဴခံထြက္သြားခ်ိန္ ၎တို့ႏွစ္ဦး ေနအိမ္၌က်န္ရွိေနခဲ့ျပီး ဖုန္းကစားေနျကေျကာင္း သမီးျဖစ္သူမွ ဒီေန့ အမည္မသိအမ်ိဳသားမွာ ရထားႏွင့္ျပန္မည္ဟု ေျပာျပသျဖင့္ ရထားကလိုင္ေခါက္သံျကားရ၍ သမီးအားဖုန္းဆက္ရာ ဖုန္းမကိုင္သျဖင့္ အခ်ိန္နည္းငယ္အျကာတြင္ ေနအိမ္သို့ျပန္သြားခဲ့ရာ သမီးအား လွမ္းေခၚစဥ္ ေနအိမ္ တံခါးမ်ား ပိတ္ထားလ်က္ရွိေသာေျကာင့္ ေနာက္မွသြားျကည့္ခ်ိန္ မီဖိုလ္ေဆာင္၌ သမီးျဖစ္သူ မမာမာဝင္းမွာ ဓါး ဒဏ္ရာမ်ားႏွင့္ေသဆုံးလ်က္ျမင္ေတြ့ရေျကာင္း သိရွိရ၍ပတ္ဝန္းက်င္အား ေအာ္ဟစ္အကူညီေတာင္းခံခဲ့ျပီး ပင္းေဘာ ရဲစခန္းသို့အေျကာင္းျကားခဲ့ေျကာင္းသိရွိရပါသည္။

အသတ္ခံရသည့္ေန့တြင္ မမာမာဝင္းတို့ ႏွစ္ဦး လုပ္ရွားမွဳကို မ်က္ျမင္ေတြ့ျမင္ရသူ တစ္ဦးမွ မမာမာဝင္းအား အသတ္ခံေနရေျကာင္း ပတ္ဝန္းက်င္းသို့ လိုက္ေျပာျပေပးခဲ့ေသာ္လဲ ထိုသို့ေျပာျပေပးျခင္းကို သိရွိသူမ်ားမွ အေလးမထားခဲ့ျခင္းေျကာင့္ ျပစ္မွဳက်ဴးလြန္သူ အမ်ိဳးသား ပိန္ပါး /အသားမဲ /သြားသတက္ပါ/လူလတ္ပိုင္းအား အခင္းျဖစ္ျပီးေနာက္ ကားလမ္းေဘးတြင္ လက္တြင္ေသြးမ်ားျဖင့္ ဟိုသုတ္ ဒီသုတ္ လမ္းေလ်က္လာရာ ကားမ်ားအား တားေသာ္လဲ မရပ္ ေနာက္ဆုံး ဘိုးေတာ္တစ္ဦး၏ဆိုင္ကယ္ျကုံျဖင့္ ဟိုပင္ဘက္သို့ လိုက္သြားေျကာင္း

ကြမ္းယာေရာင္းေနသူမ်ားမွေတြ့ျမင္လိုက္ရေျကာင္းေျပာျပီး အသတ္ခံရသူ၏ ဝတ္ဆင္ထားေသာ ေရႊထည္မ်ားလဲပါသြားေျကာင္း ပတ္ဝန္းက်င္ ျပည္သူမ်ား၏ေျပာျပခ်က္အရသိရွိရျပီး ျပစ္မွဳက်ဴးလြန္သူႏွင့္က်ဴတာ ဆရာမ မမာမာဝင္းတို့ ဘယ္လို ပတ္သတ္မွဳမ်ိဳးေတြ ရွိလည္းဆုိတာကေတာ့ အေသခ်ာ အတည္ျပဳေျပာလို့မရေသးပါဘူး အခုအသတ္ခံရသူရဲ့ ေက်ာင္းေနဖက္သူငယ္ခ်င္း ေက်ာင္းသားမ်ားကလည္း အမွဳမွန္ေပၚေပါက္ႏိုင္ေရးႏွင့္ရဲတပ္ဖဲြ့မွလည္း ျပစ္မွဳက်ဴးလြန္သူအားဖမ္းဆီးႏိုင္ေရးအတြက္ ေနရာအႏွံ့ပိုက္စိပ္တိုက္ရွာေဖြကာ စုံစမ္းစစ္ေဆး ေမးျမန္ေဆာင္ရြက္လ်က္ရွိေျကာင္းသိရွိရပါသည္။

Aung Kyaing
တႏိုင္း အထူးဟစ္တိုင္သတင္းေအဂ်ီစီ

Unicode

ရထာ းပေါ်၌တွေ့ဆုံခဲ့ရာမှနေအိမ်သို့လိုက်လာပြီး အသတ်ခံလိုက်ရတဲ့ မိုးညှင်း ကျူတာ ဆရာမလေးတစ်ဦးဖြစ်ရပ်

ပင်းဘော မတ် ၁၈

ကချင် ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌၂၀၁၉-ခုမတ်(၁၇)ရက်နေ့ ညနေ (၄)နာရီခန့်အချိန်တွင် မိုးညှင်းဒီဂရီကောလိပ်တွင် ကျူတာဆရာမလုပ်နေသော ရေတွင်းကုန်းနေ အဖေ ဦးထွန်းမောင် အမိ ဒေါ်ကြည်မေတို့၏သမီး မမာမာဝင်း (၂၅)နှစ်အား အသတ်ခံရကြောင်း ဒေသခံပြည်သူများ၏ပြောပြချက်အရ သိရှိရပါသည်။



ဖြစ်စဉ် မှာ—အခင်းမဖြစ်ပွားမှီ (၃/၄)ရက်အလိုက အမည်မသိအမျိုးသားတစ်ဦးနှင့်ရထားပေါ်၌တွေ့ဆုံရင်နှီးခဲ့ကြရာမှမိမိတို့၏ ကိုယ်ရေးကိုယ်ရာ အကြောင်းများအပြန်အလှန်ပြောပြကြပြီးနောက် အမျိုးသားမှ ဟိုပင်ဘက်သို့ လိုက်ပါသွားကြောင်း သိရှိရသော်လည် ထိုနေ့တွင် ၎င်းအမျိုးသားမှာ လိုက်ပါသွားခြင်းမရှိဘဲ ရွာအနီးကောက်ရိုးပုံတွင် ညအိပ်ခဲ့ပြီး နံနက် (၆)နာရီအချိန်တွင် မမာမာဝင်း၏နေအိမ်သို့စုံစမ်းမေးမြန်း၍ရောက်ရှိလာခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မြင်သူများကဆိုပါတယ်။

နောက်ရက်များတွင် အသတ်ခံရသူမမာမာဝင်းတို့မိသားစုမှာအေးဆေးနေထိုင်လေ့ရှိပြီပတ်ဝန်းကျင်အနီးနား ဝင်ထွက်သွားလာသူများနည်ပါးကြောင်း ၎င်းအမျိုးသားရောက်ရှိနေသည်ကို အနီးရှိ တစ်ဦးစ နှစ်ဦးစ ဝင်ထွက်နေသူများက တွေ့မြင်နေရတယ်လို့ ပြောပါတယ် သူ့မိဘတွေလဲ သိတယ် သူငယ်ချင်း /မိတ်ဆွေလား/ ရည်းစားလား ဆိုတာတော့ မသိကြဘူးလို့ ပြောပါတယ်။



အခင်းဖြစ်သည့်မနေ့က မမာမာဝင်း၏အမေက ဘုန်းကြီးကျောင်းအတွက် နေ့လည်တွင် ပင်းဘော ဘူတာအနီး အလှူခံထွက်သွားချိန် ၎င်းတို့နှစ်ဦး နေအိမ်၌ကျန်ရှိနေခဲ့ပြီး ဖုန်းကစားနေကြကြောင်း သမီးဖြစ်သူမှ ဒီနေ့ အမည်မသိအမျိုသားမှာ ရထားနှင့်ပြန်မည်ဟု ပြောပြသဖြင့် ရထားကလိုင်ခေါက်သံကြားရ၍ သမီးအားဖုန်းဆက်ရာ ဖုန်းမကိုင်သဖြင့် အချိန်နည်းငယ်အကြာတွင် နေအိမ်သို့ပြန်သွားခဲ့ရာ သမီးအား လှမ်းခေါ်စဉ် နေအိမ် တံခါးများ ပိတ်ထားလျက်ရှိသောကြောင့် နောက်မှသွားကြည့်ချိန် မီဖိုလ်ဆောင်၌ သမီးဖြစ်သူ မမာမာဝင်းမှာ ဓါး ဒဏ်ရာများနှင့်သေဆုံးလျက်မြင်တွေ့ရကြောင်း သိရှိရ၍ပတ်ဝန်းကျင်အား အော်ဟစ်အကူညီတောင်းခံခဲ့ပြီး ပင်းဘော ရဲစခန်းသို့အကြောင်းကြားခဲ့ကြောင်းသိရှိရပါသည်။



အသတ်ခံရသည့်နေ့တွင် မမာမာဝင်းတို့ နှစ်ဦး လုပ်ရှားမှုကို မျက်မြင်တွေ့မြင်ရသူ တစ်ဦးမှ မမာမာဝင်းအား အသတ်ခံနေရကြောင်း ပတ်ဝန်းကျင်းသို့ လိုက်ပြောပြပေးခဲ့သော်လဲ ထိုသို့ပြောပြပေးခြင်းကို သိရှိသူများမှ အလေးမထားခဲ့ခြင်းကြောင့် ပြစ်မှုကျူးလွန်သူ အမျိုးသား ပိန်ပါး /အသားမဲ /သွားသတက်ပါ/လူလတ်ပိုင်းအား အခင်းဖြစ်ပြီးနောက် ကားလမ်းဘေးတွင် လက်တွင်သွေးများဖြင့် ဟိုသုတ် ဒီသုတ် လမ်းလျေက်လာရာ ကားများအား တားသော်လဲ မရပ် နောက်ဆုံး ဘိုးတော်တစ်ဦး၏ဆိုင်ကယ်ကြုံဖြင့် ဟိုပင်ဘက်သို့ လိုက်သွားကြောင်း

ကွမ်းယာရောင်းနေသူများမှတွေ့မြင်လိုက်ရကြောင်းပြောပြီး အသတ်ခံရသူ၏ ဝတ်ဆင်ထားသော ရွှေထည်များလဲပါသွားကြောင်း ပတ်ဝန်းကျင် ပြည်သူများ၏ပြောပြချက်အရသိရှိရပြီး ပြစ်မှုကျူးလွန်သူနှင့်ကျူတာ ဆရာမ မမာမာဝင်းတို့ ဘယ်လို ပတ်သတ်မှုမျိုးတွေ ရှိလည်းဆိုတာကတော့ အသေချာ အတည်ပြုပြောလို့မရသေးပါဘူး အခုအသတ်ခံရသူရဲ့ ကျောင်းနေဖက်သူငယ်ချင်း ကျောင်းသားများကလည်း အမှုမှန်ပေါ်ပေါက်နိုင်ရေးနှင့်ရဲတပ်ဖွဲ့မှလည်း ပြစ်မှုကျူးလွန်သူအားဖမ်းဆီးနိုင်ရေးအတွက် နေရာအနှံ့ပိုက်စိပ်တိုက်ရှာဖွေကာ စုံစမ်းစစ်ဆေး မေးမြန်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

Aung Kyaing
တနိုင်း အထူးဟစ်တိုင်သတင်းအေဂျီစီ

No comments:

Post a Comment