Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 25, 2019

ေခ်ာင္းထဲ ငါးရွာရာမွ ကံထူးစြာ ေရွးေဟာင္း ေရႊေရာင္ဘီးေတြ႔ရွိ


ကခ်င္ျပည္နယ္ မိုးညွင္းျမို့နယ္ နန့္ပုတ္ေက်းရြာ၌ေနထိုင္ေသာ(အဘ)ဦးေအာင္ရွိန္၏သမီးျဖစ္သူမသင္းသင္း(၃၈)ႏွစ္သည္ မတ္လ(၁၀)ရက္ေန ့မြန္းတည့္(၁၂)နာရီအခ်ိန္ခန္ ့က
နန္ ့ရင္းေခ်ာင္းအတြင္းငါးရွာရာမွေရႊေရာင္ဘီးတစ္ခုရရွိခဲ့ေပသည္။အဆိုပါဘီး၏အရြယ္ပမာဏမွာ အလ်ား( ၅)လကၼ ဗ်က္တစ္လက္မသုံးမူးရွိၿပီးဘီးသြား(၄၉)ေခ်ာင္းပါရိွကာ
ဘီး၏ကိုယ္ထည္တြင္ကနဳတ္ပန္းမ် ားျဖင့္တန္ဆာဆင္ထားသည္ကိုေတြ ့ရွိရေပသည္။

နန္ ့ပုတ္ေက်းရြာသည္မိုးညွင္းျမိ့ဳ ၏ေတာင္ဘက္(၃)မိုင္ခန္ ့အကြာတြင္တည္ရွိၿပီး
မိုးညွင္းမင္းတရားႀကီးနန္းစိုက္ခဲ့ျပီးစန္ ့ေခါဖိတ္(ခ)ရန္ေအာင္ၿမင္ေစတီေတာ္ႀကီးကိုတည္ထားေတာ္မူခဲ့သည္။
မိုးညွင္းမင္းတရားႀကီး၏ေနာက္(၆၇)ႏွစ္တြင္မိုးညွင္းေစာ္ဘြားႀကီး၏သားေတာ္ႀကီးသိုဟန္ဘြားနန္းတက္ၿပီးေနာက္အင္းဝႏွင့္ၿပည္ၿမိ့ဳတို ့
အထိသိမ္းပိုက္ကာတန္ခိုးႀကီးထြားခဲ့သည့္ေရွးေဟာင္းသမိုင္းအေထာက္အထားမ်ားရွိခဲ့ေပသည္။

George W.Bird ၏Wanderings inBurma စာအုပ္တြင္မိုးညွင္းစလုံနန္းျမိ့ဳရိုးအား(၁၈၉၇)ခုနွစ္အထ
ိနန္းေတာ္ေဟာင္း၏ၿမိ့ဳရိုးမ်ားနွင့္တံခါးမုဒ္ဝမ်ားအားေတြ ့ရွိရျပီးျမိ့ဳတံတိုင္းမ်ားကိုအနားၿပိဳင္စတုဂံအေနအထားတည္ထားသည္ဟုေဖၚၿပထားေပသည္။
ျမိ့ဳရိုးအက်ယ္အဝန္းမွာအေရွ့အေနာက္(၄)မိုင္နွင့္ေတာင္ေၿမာက္မွာမိုင္ဝက္ခန္ ့ရွိကာၿမိ့ဳရိုးနွစ္ထပ္ကာရံထားၿပီးအေနာက္ဖက္ပိုင္းၿမိ့ဳရိုး(၂)ထပ္အၾကားတြင္စန့္ေခါဖိတ္(ခ)ရန္ေအာင္ၿမင္ေစတီတည္ထားသည္ဟုေဖၚၿပခဲ့ေပသည္။

ၿမန္မာနိဳင္ငံရွိနန္းၿမိ့ဳေဟာင္းမ်ားအားအၾကမ္းအားၿဖင့္အုပ္စု(၃)စုခြဲထားကာ
(၁)အဝိုင္းပုံသ႑န္အုပ္စု(Rounded Group)ဥပမာ-ဗိသနိဳး၊သေရေခတၱရာ(၂)စတုဂံပုံသ႑န္အုပ္စု(Quadrangle)အနားေလးဘက္ညီေထာင့္မွန္၊
ဥပမာ အမရပူရႏွင့္မႏၲေလးရတနာပုံ(၃)အၿခားပုံသ႑န္အုပ္စုမ်ား(Other Group Such)၊အနားၿပိဳင္စတုဂံ(Parallagram)တို ့ၿဖစ္ျပီး မိုးညွင္းစလံုၿမိ့ဳေဟာင္းသည္အုပ္စု(၃)တြင္ပါရွိခဲ့ကာ သီေပါမင္းပါေတာ္မူၿပီးေနာက္ ေသာင္းက်န္းသူမ်ားဝင္ေရာက္ဖ်က္ဆီးမွဳေၾကာင့္မိုးညွင္းစလုံနန္းေတာ္ရာမ်ားလုံးဝပ်က္စီးခဲ့သည္ဟုေလ့လာမွတ္သားရေပသည္။

ထိုသို ့ေသာသမိုင္းအေထာက္အထားမ်ားနွင့္ခ်ိန္တြက္ၾကည့္ၿခင္းအားၿဖင့္
ယခုေတြ ့ရွိရေသာေရႊေရာင္အဆင္းရွိဘီးသည္ေရွးေဟာင္းသမိုင္းဝင္ပစၥည္းျဖစ္နွဳိင္သည္ဟုလာေရာက္ေလ့လာၾကည့္ရွဳသူမ်ားမွမွတ္ခ်က္ၿပဳလ်က္ရွိၾကေပသည္။

“က်ြန္မကနန္ ့ရင္းေခ်ာင္းအတြင္းငါးရွာျပီးအသက္ေမြးဝမ္းေက်ာင္းျပဳရင္းရရွိခဲ့တာပါ၊
ေရႊေရာင္အဆင္းနဲ ့ေတြ့ရၿပီးေရညွိတက္တာလဲမေတြ့ရပါဘူး၊
လက္ရာေၿမာက္တဲ့ကနဳတ္ပန္းေတြနဲ့နွစ္လိုဖြယ္အေနအထားေတြ့ရေတာ့ေရွးေဟာင္းပစၥည္းျဖစ္ေလမလားလို ့ထင္ခဲ့ပါတယ္။
ေရွးေဟာင္းပစၥည္းဆိုရင္လဲသက္ဆိုင္ရာကိုလႊဲေပးမွာပါ”ဟုဘီးရရွိသူ မသင္းသင္းမွေၿဟၾကားခဲ့ေပသည္။

အစဥ္အလာထူးတဲ့ မဂၤလာဦးပါခင္မ်
ထက္ေအာင္

#Unicode Version#
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ၌နေထိုင်သော(အဘ)ဦးအောင်ရှိန်၏သမီးဖြစ်သူမသင်းသင်း(၃၈)နှစ်သည် မတ်လ(၁၀)ရက်နေ့မွန်းတည့်(၁၂)နာရီအချိန်ခန့်က
နန့်ရင်းချောင်းအတွင်းငါးရှာရာမှရွှေရောင်ဘီးတစ်ခုရရှိခဲ့ပေသည်။အဆိုပါဘီး၏အရွယ်ပမာဏမှာ အလျား( ၅)လက္မ ဗျက်တစ်လက်မသုံးမူးရှိပြီးဘီးသွား(၄၉)ချောင်းပါရှိကာ
ဘီး၏ကိုယ်ထည်တွင်ကနုတ်ပန်းမျ ားဖြင့်တန်ဆာဆင်ထားသည်ကိုတွေ့ရှိရပေသည်။

နန့်ပုတ်ကျေးရွာသည်မိုးညှင်းမြိ့ု ၏တောင်ဘက်(၃)မိုင်ခန့်အကွာတွင်တည်ရှိပြီး
မိုးညှင်းမင်းတရားကြီးနန်းစိုက်ခဲ့ပြီးစန့်ခေါဖိတ်(ခ)ရန်အောင်မြင်စေတီတော်ကြီးကိုတည်ထားတော်မူခဲ့သည်။
မိုးညှင်းမင်းတရားကြီး၏နောက်(၆၇)နှစ်တွင်မိုးညှင်းစော်ဘွားကြီး၏သားတော်ကြီးသိုဟန်ဘွားနန်းတက်ပြီးနောက်အင်းဝနှင့်ပြည်မြိ့ုတို့
အထိသိမ်းပိုက်ကာတန်ခိုးကြီးထွားခဲ့သည့်ရှေးဟောင်းသမိုင်းအထောက်အထားများရှိခဲ့ပေသည်။

George W.Bird ၏Wanderings inBurma စာအုပ်တွင်မိုးညှင်းစလုံနန်းမြိ့ုရိုးအား(၁၈၉၇)ခုနှစ်အထ
ိနန်းတော်ဟောင်း၏မြိ့ုရိုးများနှင့်တံခါးမုဒ်ဝများအားတွေ့ရှိရပြီးမြိ့ုတံတိုင်းများကိုအနားပြိုင်စတုဂံအနေအထားတည်ထားသည်ဟုဖေါ်ပြထားပေသည်။
မြိ့ုရိုးအကျယ်အဝန်းမှာအရှေ့အနောက်(၄)မိုင်နှင့်တောင်မြောက်မှာမိုင်ဝက်ခန့်ရှိကာမြိ့ုရိုးနှစ်ထပ်ကာရံထားပြီးအနောက်ဖက်ပိုင်းမြိ့ုရိုး(၂)ထပ်အကြားတွင်စန့်ခေါဖိတ်(ခ)ရန်အောင်မြင်စေတီတည်ထားသည်ဟုဖေါ်ပြခဲ့ပေသည်။

မြန်မာနိုင်ငံရှိနန်းမြိ့ုဟောင်းများအားအကြမ်းအားဖြင့်အုပ်စု(၃)စုခွဲထားကာ
(၁)အဝိုင်းပုံသဏ္ဍန်အုပ်စု(Rounded Group)ဥပမာ-ဗိသနိုး၊သရေခေတ္တရာ(၂)စတုဂံပုံသဏ္ဍန်အုပ်စု(Quadrangle)အနားလေးဘက်ညီထောင့်မှန်၊
ဥပမာ အမရပူရနှင့်မန္တလေးရတနာပုံ(၃)အခြားပုံသဏ္ဍန်အုပ်စုများ(Other Group Such)၊အနားပြိုင်စတုဂံ(Parallagram)တို့ဖြစ်ပြီး မိုးညှင်းစလုံမြိ့ုဟောင်းသည်အုပ်စု(၃)တွင်ပါရှိခဲ့ကာ သီပေါမင်းပါတော်မူပြီးနောက် သောင်းကျန်းသူများဝင်ရောက်ဖျက်ဆီးမှုကြောင့်မိုးညှင်းစလုံနန်းတော်ရာများလုံးဝပျက်စီးခဲ့သည်ဟုလေ့လာမှတ်သားရပေသည်။

ထိုသို့သောသမိုင်းအထောက်အထားများနှင့်ချိန်တွက်ကြည့်ခြင်းအားဖြင့်
ယခုတွေ့ရှိရသောရွှေရောင်အဆင်းရှိဘီးသည်ရှေးဟောင်းသမိုင်းဝင်ပစ္စည်းဖြစ်နှိုင်သည်ဟုလာရောက်လေ့လာကြည့်ရှုသူများမှမှတ်ချက်ပြုလျက်ရှိကြပေသည်။

“ကျွန်မကနန့်ရင်းချောင်းအတွင်းငါးရှာပြီးအသက်မွေးဝမ်းကျောင်းပြုရင်းရရှိခဲ့တာပါ၊
ရွှေရောင်အဆင်းနဲ့တွေ့ရပြီးရေညှိတက်တာလဲမတွေ့ရပါဘူး၊
လက်ရာမြောက်တဲ့ကနုတ်ပန်းတွေနဲ့နှစ်လိုဖွယ်အနေအထားတွေ့ရတော့ရှေးဟောင်းပစ္စည်းဖြစ်လေမလားလို့ထင်ခဲ့ပါတယ်။
ရှေးဟောင်းပစ္စည်းဆိုရင်လဲသက်ဆိုင်ရာကိုလွှဲပေးမှာပါ”ဟုဘီးရရှိသူ မသင်းသင်းမှဟြေကြားခဲ့ပေသည်။

အစဉ်အလာထူးတဲ့ မင်္ဂလာဦးပါခင်မျ
ထက်အောင်

No comments:

Post a Comment