Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 14, 2019
သူနာပြု…..ဆရာမလေးတွေကို ရှိသမျှ….အကုန်ချွတ်ပေးခဲ့ရတဲ့ ရဲလေး
 ပြောချင်လွန်းလို့
Unicode
ရဲလေးဟာဆိုရင် ပြီးခဲ့တဲ့ နှစ်အတော်ကြာကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုခံလာရတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ရဲလေးဟာ မကြာသေးမီကမှ One Man Show တစ်ခု
ခမ်းခမ်းနားနားပြုလုပ်ထားတာလည်းဖြစ်ပါတယ်။ ရဲလေးက ရန်ကုန်သူနာပြုတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ သာယာလှပသော အမျိုးသမီးဘဝပိုင်ဆိုင်ဖို့ ဆွေးနွေးပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ ဖျော်ဖြေပွဲမှာဖြစ်ခဲ့တဲ့ ရဲလေးရဲ့ ဖြစ်ပုံအစုံစုံကို ပရိသတ်ကြီးကို ပြောချင်လွန်းလို့ပါ။
ရဲလေးဟာဆိုရင် အဲဒီပွဲမှာ သွားရောက်ဖျော်ဖြေရာမှာ နှုတ်မဆက်ချင်ဘူးသီချင်းအပြင် သီချင်းတော်တော်များများနဲ့ ပျော်ရွှင်စွာဖျော်ဖြေခဲ့ပြီး သူနာပြုဆရာမလေးတွေကို ရင်ခုန်စရာ Fan
Services တွေလည်းပေးခဲ့ပါတယ်။ ရဲလေးက သီချင်းဆိုရင်းနဲ့ သူနာပြုဆရာမလေးတစ်ယောက်ကို အရုပ်လေးလက်ဆောင်ပေးခဲ့ချိန်မှာ အဲဒီဆရာမလေးရဲ့အပျော်တွေက အကုန်လုံးကို ကူးစက်ပြီး video ကို ကြည့်နေတဲ့ပရိသတ်တွေတောင် မပြုံးရမနေနိုင်အောင်ဖြစ်စေခဲ့ပါတယ်။
ရဲလေးက ဟိတ်ကြီးဟန်ကြီးမရှိပဲ ပရိသတ်တွေကြားထဲ ပျော်ရွှင်စွာသီချင်းတွေဆိုနေခဲ့ပြီး ဆရာမလေးတွေကိုလည်း ကြင်နာစွာဖက်ကာ ဓာတ်ပုံတွေရိုက်ပေးခဲ့ပါတယ်။
ရဲလေးက ဆရာမလေးအချို့ကိုစင်ပေါ်ခေါ်ပြီး လက်ဆောင်လည်းပေးခဲ့ပါသေးတယ်။ ရဲလေးက သူ့လည်ပင်းမှာအမြဲလိုဆွဲထားလေ့ရှိတဲ့ ဆွဲကြိုးလေးကိုလည်း
ဆရာမလေးတစ်ဦးကိုလက်ဆောင်အဖြစ်ပေးခဲ့ပြီးအခြားတစ်ဦးကိုတော့ သူဝတ်သွားတဲ့ အပေါ်အင်္ကျီချွတ်ပြီး ခြုံပေးလိုက်တာမြင်ရပါတယ်။ ပရိသတ်တွေကတော့
သူနာပြုဆရာမလေးတွေဝိုင်းချစ်ခင်အားပေးတာခံရတဲ့ ရဲလေးကို ဆရာမလေးတွေဝိုင်းဝုန်းတာခံလိုက်ရတဲ့ရဲလေးလို့ စနောက်နေကြပြီး ရှိသမျှအကုန်ချွတ်ပေးလိုက်ရတယ်လို့လည်း
အသည်းယားပြီးဝေဖန်နေကြပါတယ်။ ရဲလေးနဲ့ ဆရာမလေးတွေပျော်ရွှင်နေကြတဲ့ Video လေးကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရဲလေးကိုချစ်ကြလား။ ရဲလေးကို သီချင်းအသစ်တွေမြန်မြန်ထွက်စေချင်နေပြီလား။ ရဲလေးရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
 ပြောချင်လွန်းလို့
No comments:
Post a Comment