Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 12, 2019

သမီးအရင္း ႏွစ္ဦးကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့သည့္ ဖခင္အား အမႈဖြင့္

လိႈင္သာယာၿမိဳ႕နယ္၊ (၄) ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ ၂၃ ႏွစ္ႏွင့္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးႏွစ္ဦးမွာ ၎တို႔ဖခင္အရင္းျဖစ္သူက အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ဆက္ဆံခဲ့ေသာေၾကာင့္ မတ္လ ၉ ရက္ေန႔က ရဲစခန္းသို႔ လာေရာက္ခဲ့ၿပီး ဖခင္ျဖစ္သူအား အေရးယူေပးပါရန္ တိုင္ၾကားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။

မုဒိမ္းမႈပုဒ္မ ၃၇၆ ျဖင့္ ဖခင္ျဖစ္သူ အသက္ ၄၇ ႏွစ္ ေက်ာ္စြာၿငိမ္းကို အမႈဖြင့္ အေရးယူေပးရန္ တရားလိုျပဳ တိုင္ၾကားခဲ့သည့္ အသက္ ၂၃ ႏွစ္ မိန္းကေလးမွာ ၎ ၁၄ ႏွစ္အ႐ြယ္ခန္႔ကတည္းက ဖခင္ျဖစ္သူမွ အလိုမတူဘဲ သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္ခဲ့ေၾကာင္းႏွင့္ ျငင္းဆန္သည့္အခါ ႐ိုက္ႏွက္ျခင္းကိုခံခဲ့ရေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္အရ သိရသည္။

ေက်ာ္စြာၿငိမ္း၏ အဓမၼျပဳက်င့္မႈကို ခံခဲ့ရသည့္ မိန္းကေလးမွာ ကိုယ္ဝန္တစ္ႀကိမ္ ပ်က္က်ခဲ့ၿပီး သမီးမိန္းကေလး တစ္ေယာက္ကို ေမြးဖြားခဲ့ေၾကာင္းႏွင့္ ယင္းကေလးမွာ ၅၄ ရက္အၾကာတြင္ ေသဆံုးခဲ့ေၾကာင္း၊ ယခုအခ်ိန္တြင္ ဖခင္ျဖစ္သူႏွင့္ ရရွိထားေသာ အသက္ ၄ ႏွစ္အ႐ြယ္ သမီးတစ္ဦး အသက္ရွင္လ်က္ရွိေနသည္။

ယင္းအျပင္ လြန္ခဲ့သည့္ တစ္ႏွစ္ေက်ာ္က မိခင္ျဖစ္သူမွာ အင္းစိန္ေဆး႐ံုတြင္ ကေလးမီးဖြားေနခ်ိန္ ၎က ေဆး႐ံုလူနာေစာင့္ရသျဖင့္ ေနအိမ္တြင္ အသက္ ၁၄ ႏွစ္အ႐ြယ္ရွိ ညီမျဖစ္သူမွာ က်န္ေနခဲ့ခ်ိန္ ေက်ာ္စြာၿငိမ္းက သားမယားအျဖစ္ ျပဳက်င့္ရန္ ႀကံစည္သျဖင့္ လက္မခံေသာေၾကာင့္ ႐ိုက္ႏွက္ခံရၿပီး ယခုႏွစ္ မတ္လ ၇ ရက္ေန႔အထိ ညီအစ္မႏွစ္ဦးမွာ ဖခင္ျဖစ္သူ ေက်ာ္စြာၿငိမ္း၏ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္မႈကို ခံခဲ့ရေၾကာင္း အမႈဖြင့္ တိုင္ၾကားခ်က္တြင္ ပါဝင္ခဲ့သည္။

သားမယားအျဖစ္ သမီးအရင္းႏွစ္ဦးကို႐ိုက္ႏွက္ၿပီး ဆက္ဆံခဲ့သည့္ ေက်ာ္စြာၿငိမ္းက ယင္းျဖစ္စဥ္ကို ရဲစခန္းသို႔ သြားေရာက္တိုင္ၾကားပါက တစ္မိသားစုလံုးကို သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီး မတ္လ ၉ ရက္ေန႔တြင္ ညီအစ္မႏွစ္ဦးမွာ လိႈင္သာယာၿမိဳ႕မ ရဲစခန္းသို႔ လာေရာက္ၿပီး ျဖစ္စဥ္ကိုေျပာျပ၍ ဖခင္အရင္းျဖစ္သူ ေက်ာ္စြာၿငိမ္းကို အေရးယူေပးပါရန္ သမီးႀကီးျဖစ္သူက တရားလိုျပဳ တိုင္ၾကားလာသျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ၿပီး ေက်ာ္စြာၿငိမ္းကို ဖမ္းဆီးအေရးယူႏိုင္ရန္ စံုစမ္းေဆာင္႐ြက္ေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
Thevoicemyanmar
#Unicode Version#
လှိုင်သာယာမြို့နယ်၊ (၄) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၃ နှစ်နှင့် ၁၄ နှစ်အရွယ် မိန်းကလေးနှစ်ဦးမှာ ၎င်းတို့ဖခင်အရင်းဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ဆက်ဆံခဲ့သောကြောင့် မတ်လ ၉ ရက်နေ့က ရဲစခန်းသို့ လာရောက်ခဲ့ပြီး ဖခင်ဖြစ်သူအား အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် ဖခင်ဖြစ်သူ အသက် ၄၇ နှစ် ကျော်စွာငြိမ်းကို အမှုဖွင့် အရေးယူပေးရန် တရားလိုပြု တိုင်ကြားခဲ့သည့် အသက် ၂၃ နှစ် မိန်းကလေးမှာ ၎င်း ၁၄ နှစ်အရွယ်ခန့်ကတည်းက ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်းနှင့် ငြင်းဆန်သည့်အခါ ရိုက်နှက်ခြင်းကိုခံခဲ့ရကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ကျော်စွာငြိမ်း၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည့် မိန်းကလေးမှာ ကိုယ်ဝန်တစ်ကြိမ် ပျက်ကျခဲ့ပြီး သမီးမိန်းကလေး တစ်ယောက်ကို မွေးဖွားခဲ့ကြောင်းနှင့် ယင်းကလေးမှာ ၅၄ ရက်အကြာတွင် သေဆုံးခဲ့ကြောင်း၊ ယခုအချိန်တွင် ဖခင်ဖြစ်သူနှင့် ရရှိထားသော အသက် ၄ နှစ်အရွယ် သမီးတစ်ဦး အသက်ရှင်လျက်ရှိနေသည်။

ယင်းအပြင် လွန်ခဲ့သည့် တစ်နှစ်ကျော်က မိခင်ဖြစ်သူမှာ အင်းစိန်ဆေးရုံတွင် ကလေးမီးဖွားနေချိန် ၎င်းက ဆေးရုံလူနာစောင့်ရသဖြင့် နေအိမ်တွင် အသက် ၁၄ နှစ်အရွယ်ရှိ ညီမဖြစ်သူမှာ ကျန်နေခဲ့ချိန် ကျော်စွာငြိမ်းက သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သဖြင့် လက်မခံသောကြောင့် ရိုက်နှက်ခံရပြီး ယခုနှစ် မတ်လ ၇ ရက်နေ့အထိ ညီအစ်မနှစ်ဦးမှာ ဖခင်ဖြစ်သူ ကျော်စွာငြိမ်း၏ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားချက်တွင် ပါဝင်ခဲ့သည်။

သားမယားအဖြစ် သမီးအရင်းနှစ်ဦးကိုရိုက်နှက်ပြီး ဆက်ဆံခဲ့သည့် ကျော်စွာငြိမ်းက ယင်းဖြစ်စဉ်ကို ရဲစခန်းသို့ သွားရောက်တိုင်ကြားပါက တစ်မိသားစုလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် ညီအစ်မနှစ်ဦးမှာ လှိုင်သာယာမြို့မ ရဲစခန်းသို့ လာရောက်ပြီး ဖြစ်စဉ်ကိုပြောပြ၍ ဖခင်အရင်းဖြစ်သူ ကျော်စွာငြိမ်းကို အရေးယူပေးပါရန် သမီးကြီးဖြစ်သူက တရားလိုပြု တိုင်ကြားလာသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ကျော်စွာငြိမ်းကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
Thevoicemyanmar

No comments:

Post a Comment