Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 15, 2019

“ကား” မီးေလာင္ေတာ႔မယ္ဟု ေမာင္္းေနရင္းႏွင္႔ ၾကိဳသိနိုင္ေသာ အခ်က္မ်ား (ဘာ႔ေၾကာင္႔ ကားမီးေလာင္ပါသလဲ)


ကၽြန္ ေတာ့္မိတ္ေဆြမ်ားကို ကၽြန္ေတာ္ေျပာေျပာေနတ႔ဲ…ကားမီးေလာင္ရတာဟာ…
Catalytic Converter (ေက်ာက္အိုး)ပိတ္ျပီး… အိတ္ေဇာတစ္ေခ်ာင္္းလံုး မီးေသြးခဲလို ပန္းေရာင္သန္းကာ… နီရဲလာတယ္ဆိုတာ ဒီလိုပံုစံမ်ိဳးပါ…
ဒီ လိုနီရဲလာတာဟာ ပံုပါ Catalytic Converter ကေန… ဆက္ေမာင္းရင္းန႔ဲ Exhaust Manifold (အဂ်ၤင္နွင့္ဆက္ထားေသာအိတ္ေဇာ) အထိနီရဲလာတာပါ…
ဒီ အခ်ိန္မွာ အိတ္ေဇာေပၚကိို ပလပ္စတစ္စက်ရင္လည္း မီးေလာင္္မယ္… ဖုန္ေတြ သဲေတြ ပစ္တင္လိုက္ရင္ေတာင္ ဖုန္ေတြသဲေတြ မီးေလာင္ပါတယ္… အမွိဳက္ ဆီေငြ႔ ဘာန႔ဲေတြ႔ေတြ႔ ဘာန႔ဲထိထိမီးေလာင္ပါတယ္္…
ဒီလို Catalytic Converter ပိတ္ရင္ ကားမွာျဖစ္လာတတ္တာေတြကေတာ့…

(၁) ကားေမာင္းရင္းန႔ဲ ကားပံုမွန္ထက္ေလးလာျပီး… လီဘာ(Accelerator Pedal) ကိုပံုမွန္ထက္ပိုနင္းရင္ေတာင္… ကားမေျပးသလို စိတ္ထဲမွာခံစားရပါတယ္…
(၂)အဲယားကြန္းအပူခ်ိန္ကို Low အထိခ်ထားလည္း… ေအာက္က အိတ္ေဇာက ကားကို မီးကင္သလိုျဖစ္ေနတာေၾကာင့္…
အဲယားကြန္းမေအးသလိုိ ျဖစ္လာပါတယ္… ကားထဲမွာ ပူလာပါတယ္…
(၃)စိတ္ထဲမွာ ကားတစ္ခုခုျဖစ္ေနတယ္ထင္လို႔ အဂ်ၤင္ခန္းဖြင့္ၾကည့္လိုက္ရင္… အဂ်ၤင္ခန္းဟာ ပံုမွန္ထက္ မ်ားစြာပူေနပါတယ္…
(၄)ကားေရတိုင္ကီေရအပူခ်ိန္ (Coolant Temperature) ဟာ… ပံုမွန္ထက္ပိုတက္လာမယ္… ေရလည္းဆူတတ္ပါတယ္္…
(၅) သံကို မီးဖုတ္န႔ဲ ေညွာ္နံ႔မ်ိဳး အေညွာ္နံ႔ ရလာမယ္…

ဒါမ်ိဳးေတြျဖစ္လာျပီဆိုရင္ မိတ္ေဆြမ်ားကားကို ရပ္ကာ… ကားေအာက္က အိတ္ေဇာ ေက်ာက္ဇကာကို စစ္ေဆးဖိ္ို႔… မေမ့ၾကပါန႔ဲလို႔ ေစတနာန႔ဲ သတိေပးခ်င္ပါတယ္ဗ်ာ…
မိတ္ေဆြအားလံုး အႏာၱရာယ္ကင္းရွင္း၍ က်န္းမာရႊင္လန္းၾကပါေစခင္ဗ်ား။

Credit : Latest MyanmarNews

Unicode version
ကျွန် တော့်မိတ်ဆွေများကို ကျွန်တော်ပြောပြောနေတဲ့…ကားမီးလောင်ရတာဟာ…

Catalytic Converter (ကျောက်အိုး)ပိတ်ပြီး… အိတ်ဇောတစ်ချောင်းလုံး မီးသွေးခဲလို ပန်းရောင်သန်းကာ… နီရဲလာတယ်ဆိုတာ ဒီလိုပုံစံမျိုးပါ…

ဒီ လိုနီရဲလာတာဟာ ပုံပါ Catalytic Converter ကနေ… ဆက်မောင်းရင်းနဲ့ Exhaust Manifold (အင်္ဂျင်နှင့်ဆက်ထားသောအိတ်ဇော) အထိနီရဲလာတာပါ…



ဒီ အချိန်မှာ အိတ်ဇောပေါ်ကို ပလပ်စတစ်စကျရင်လည်း မီးလောင်မယ်… ဖုန်တွေ သဲတွေ ပစ်တင်လိုက်ရင်တောင် ဖုန်တွေသဲတွေ မီးလောင်ပါတယ်… အမှိုက် ဆီငွေ့ ဘာနဲ့တွေ့တွေ့ ဘာနဲ့ထိထိမီးလောင်ပါတယ်…

ဒီလို Catalytic Converter ပိတ်ရင် ကားမှာဖြစ်လာတတ်တာတွေကတော့…

(၁) ကားမောင်းရင်းနဲ့ ကားပုံမှန်ထက်လေးလာပြီး… လီဘာ(Accelerator Pedal) ကိုပုံမှန်ထက်ပိုနင်းရင်တောင်… ကားမပြေးသလို စိတ်ထဲမှာခံစားရပါတယ်…



(၂)အဲယားကွန်းအပူချိန်ကို Low အထိချထားလည်း… အောက်က အိတ်ဇောက ကားကို မီးကင်သလိုဖြစ်နေတာကြောင့်…

အဲယားကွန်းမအေးသလို ဖြစ်လာပါတယ်… ကားထဲမှာ ပူလာပါတယ်…

(၃)စိတ်ထဲမှာ ကားတစ်ခုခုဖြစ်နေတယ်ထင်လို့ အင်္ဂျင်ခန်းဖွင့်ကြည့်လိုက်ရင်… အင်္ဂျင်ခန်းဟာ ပုံမှန်ထက် များစွာပူနေပါတယ်…
(၄)ကားရေတိုင်ကီရေအပူချိန် (Coolant Temperature) ဟာ… ပုံမှန်ထက်ပိုတက်လာမယ်… ရေလည်းဆူတတ်ပါတယ်…

(၅) သံကို မီးဖုတ်နဲ့ ညှော်နံ့မျိုး အညှော်နံ့ ရလာမယ်…

ဒါမျိုးတွေဖြစ်လာပြီဆိုရင် မိတ်ဆွေများကားကို ရပ်ကာ… ကားအောက်က အိတ်ဇော ကျောက်ဇကာကို စစ်ဆေးဖို့… မမေ့ကြပါနဲ့လို့ စေတနာနဲ့ သတိပေးချင်ပါတယ်ဗျာ…

မိတ်ဆွေအားလုံး အန္တာရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်းကြပါစေခင်ဗျား။

Credit : Latest MyanmarNews

No comments:

Post a Comment