CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, February 25, 2019
အေရးေပၚ ေဆးကုသမႈ ခံယူေနရတဲ့ ဒိန္းေဒါင္
ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ဒိန္းေဒါင္တစ္ေယာက္ အေရးေပၚ ေဆးကုသမႈ ခံယူေနရတယ္လို႔ သိရပါတယ္။ ပင္လုံေဆး႐ုံႀကီးမွာတဲ့။လူ႐ႊင္ေတာ္အသင္း(ရန္ကုန္)ရဲ႕ ဥကၠဌ ျဖစ္တဲ့ ဟာသသ႐ုပ္ေဆာင္ ဒိန္းေဒါင္ဟာ ဒီေန႔(ေဖေဖာ္ဝါရီ၂၅ရက္)မွာ အေရးေပၚ ေဆးကုသမႈ ခံယူေနရတယ္လို႔ သိရပါတယ္။ ဒီေန႔ ေန႔လည္ (၁) နာရီခန႔္က ပင္လုံ ေဆး႐ုံႀကီးမွာ အေရးေပၚ ေဆးကုသမႈ ခံယူေနတယ္ဆိုၿပီး လူ႐ႊင္ေတာ္အသင္း(ရန္ကုန္)ရဲ႕ ျပန္ၾကားေရးမႈး ေကာင္းေက်ာ္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။
“လူ႐ႊင္ေတာ္အသင္း(ရန္ကုန္)၏ ဥကၠဌ ဟာသလူ႐ႊင္ေတာ္ ဒိန္းေဒါင္သည္ ႏွလုံးေအာင့္ေရာဂါေၾကာင့္ ပင္လုံ ေဆး႐ုံႀကီး အခန္၁၄၃၃ ၃ လႊာ သို႔ ယေန႔ေန႔လည္၁နာရီခန႔္က အေရးေပၚ ေဆးဝါးကုမႈခံေနရ ေၾကာင္းၾကားသိရပါ၍ညီေလးဒိန္းေဒါင္ အျမန္ဆုံးသက္သာေပ်ာက္ကင္းပါေစဟု လူ႐ႊင္ေတာ္အသင္းသားမ်ားအားလုံးက ဆုေတာင္းေပးေနၾကပါသည္ ခ်စ္ပရိတ္သတ္ႀကီးလဲ ဆုေတာင္း ေပးၾကပါဦးေနာ္” ဆိုၿပီး ေကာင္းေက်ာ္က ေျပာထားပါတယ္။
ဒိန္းေဒါင္ဟာ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ေပးတတ္သူ တစ္ဦးျဖစ္သလို ပရဟိတအလုပ္ေတြကို တတ္စြမ္းသေလာက္ လုပ္ကိုင္ေနသူ တစ္ဦး လည္း ျဖစ္ပါတယ္။ ဘုရားတည္၊ ေက်ာင္းေဆာက္တဲ့ လုပ္ငန္းေတြ လုပ္ကိုင္သလို အႏုပညာေလာကသားအခ်င္းခ်င္းကိုလည္း တတ္ႏိုင္တဲ့ ဘက္ကေန ကူညီေဆာင္႐ြက္ေပးတတ္သူလည္း ျဖစ္ပါတယ္။ဒိန္းေဒါင္ရဲ႕ သတင္းနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြလည္း စိတ္မေကာင္းျဖစ္ေနၾကသလို ဘာမွမျဖစ္ဖို႔နဲ႔ အျမန္ဆုံး ျပန္ၿပီး သက္သာလာေစဖို႔ ဆုေတာင္းေနၾကပါတယ္။
Duwun
#Unicode Version#
ဟာသသရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်တစ်ယောက် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ပင်လုံဆေးရုံကြီးမှာတဲ့။လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ဟာ ဒီနေ့(ဖေဖော်ဝါရီ၂၅ရက်)မှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည် (၁) နာရီခန့်က ပင်လုံ ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေတယ်ဆိုပြီး လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ပြန်ကြားရေးမှုး ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
“လူရွှင်တော်အသင်း(ရန်ကုန်)၏ ဥက္ကဌ ဟာသလူရွှင်တော် ဒိန်းဒေါင်သည် နှလုံးအောင့်ရောဂါကြောင့် ပင်လုံ ဆေးရုံကြီး အခန်၁၄၃၃ ၃ လွှာ သို့ ယနေ့နေ့လည်၁နာရီခန့်က အရေးပေါ် ဆေးဝါးကုမှုခံနေရ ကြောင်းကြားသိရပါ၍ညီလေးဒိန်းဒေါင် အမြန်ဆုံးသက်သာပျောက်ကင်းပါစေဟု လူရွှင်တော်အသင်းသားများအားလုံးက ဆုတောင်းပေးနေကြပါသည် ချစ်ပရိတ်သတ်ကြီးလဲ ဆုတောင်း ပေးကြပါဦးနော်” ဆိုပြီး ကောင်းကျော်က ပြောထားပါတယ်။
ဒိန်းဒေါင်ဟာ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သူ တစ်ဦးဖြစ်သလို ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေသူ တစ်ဦး လည်း ဖြစ်ပါတယ်။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်သလို အနုပညာလောကသားအချင်းချင်းကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်ပေးတတ်သူလည်း ဖြစ်ပါတယ်။ဒိန်းဒေါင်ရဲ့ သတင်းနဲ့ ပတ်သက်လို့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြသလို ဘာမှမဖြစ်ဖို့နဲ့ အမြန်ဆုံး ပြန်ပြီး သက်သာလာစေဖို့ ဆုတောင်းနေကြပါတယ်။
Duwun
အေရးေပၚ ေဆးကုသမႈ ခံယူေနရတဲ့ ဒိန္းေဒါင္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 25, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 25, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment