Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 7, 2019

လူငယ္တိုင္းဖတ္သင့္ေသာ လင္မယားေန႔မဟုတ္ေသာ ခ်စ္သူမ်ားေန႕အေၾကာင္း


ခ်စ္သူမ်ားေန႔သည္ (လင္မယားေန႔) မဟုတ္ပါလို႔ ေျပာခ်င္ပါသည္… ခ်စ္သူမ်ားေန႔ ေရာက္တုိင္း တည္းခုိခန္းမ်ား ၊ ဟုိတယ္မ်ားတြင္စုံတြဲမ်ားျဖင့္ ျပည့္ေနသည္ကုိ ႏွမသားခ်င္း စာနာ၍ စိတ္မေကာင္းစြာ ၾကားသိရပါသည္… ခ်စ္သူ စုံတြဲမ်ားသည္ စိတ္ခ်င္း ခ်စ္၍ ရပါသည္… လူခ်င္း နယ္ကြၽံ၍ ခ်စ္လုိ႔မရပါ။

မိန္းကေလးမ်ားသည္ မိမိခ်စ္ေသာသူသည္ လက္ထပ္ရမည့္သူ ဟုတ္ ၊ မဟုတ္ မည္သူမွ် အတပ္ မေျပာႏုိင္ပါ… အိမ္ေထာင္ မျပဳမီ အတူေနပါက မယူျဖစ္လွ်င္ ေနာက္ဆုံး မိန္းကေလးသာ နစ္နာရမည္ ျဖစ္သည္…

အိမ္ေထာင္ မျပဳမီ အတူေနပါက အင္တာနက္ ေခတ္တြင္ ေနရာတုိင္း၌ မ်က္စိမ်ား ရွိသျဖင့္ အခ်ိန္မေရြး အင္တာနက္ေပၚ ေရာက္သြားႏိုင္ၿပီး မိန္းကေလးေနာက္က မိဘေဆြမ်ဳိးမ်ား အရွက္တကြဲ ျဖစ္မည္ကုိ သတိျပဳသင့္ပါသည္။

မိမိတုိ႔ႏုိင္ငံသည္ ဗုဒၶဘာသာႏုိင္ငံ ျဖစ္သျဖင့္ အေနာက္ႏုိင္ငံမ်ားမွ အတူေနျခင္း (Living Together) ကုိ အားက်၍ မရပါ… မိမိတုိ႔ ႏုိင္ငံသည္ အရွက္ႏွင့္ သိကၡာျဖင့္ လူလုပ္ေသာ ႏုိင္ငံျဖစ္ပါသည္…

မိမိေၾကာင့္ မိဘ ၊ ေဆြမ်ဳိးမ်ား အရွက္တကြဲ အက်ဳိးနည္းမည္ကုိ စဥ္းစားသင့္ပါသည္… မိန္းကေလး မ်ားသည္ မိမိတုိ႔ အပ်ဳိစင္ဘဝကုိ တန္ဖုိးထား ထိန္းသိမ္းသင့္ပါသည္။

အင္တာနက္ေပၚတြင္ မိန္းကေလးမ်ား အခက္အခဲရွိ၍ အပ်ဳိစင္ဘဝကုိ ေလလံတင္ ေရာင္းခ်ရာ… ျမန္မာေငြ သိန္းရာခ်ီရ ရွိသည္ကုိ ၾကားသိရသျဖင့္ မိမိတုိ႔၏ အပ်ဳိစင္ဘဝကုိ မည္မွ် တန္ဖုိးရွိသည္ကုိ သိသင့္ပါသည္…

ေယာက်္ားေလးမ်ားသည္ မိမိဘယ္ေလာက္ပဲ ႐ႈပ္ပါေစ မိမိႏွင့္ လက္ထပ္မည့္ မိန္းကေလးကုိ အပ်ဳိစင္သာ လုိခ်င္သည္ကုိ သိသင့္ပါသည္။

ေယာက်္ားေလးအတြက္ (Sex)သည္ တစ္ခဏတာ ၊ ထမင္းစားေရေသာက္ အဆင့္သာျဖစ္ၿပီး မိန္းကေလးမ်ားအတြက္ (Sex)မွာ ဘဝႏွင့္ ရင္းရမည္ကုိ သိသင့္ပါသည္…

ခ်စ္သူဘဝတြင္ အတူေနျခင္းေၾကာင့္ ရရွိေသာ ဆုိးက်ဳိးမ်ားမွာ လက္မထပ္မီ ကုိယ္ဝန္ရွိျခင္းေၾကာင့္… မိဘ ၊ ေဆြမ်ဳိးမ်ားႏွင့္ မိမိပါ အရွက္ရႏုိင္ျခင္း

၊ HIV ၊ B ပုိး၊ C ပုိး စေသာ ေရာဂါပုိးမ်ား ကူးစက္ႏုိင္ျခင္း ၊ ခ်စ္သူေၾကာင့္ (Sex Feeling) ကုိ ခံစားတတ္ၿပီး ခ်စ္သူျဖင့္ မယူျဖစ္၍ေနာက္ခ်စ္သူတစ္ ေယာက္ေျပာင္း ခံစားျခင္းျဖင့္ ေနာက္ဆုံး KTV ၊ (Massage) မာဆတ္စေသာ ပ်က္စီးျခင္းျဖင့္ လမ္းေပၚ ေရာက္သြားေသာ မိန္းကေလးမ်ားစြာ လည္းရိွပါသည္။

ခ်စ္သူ ေယာက်္ားေလးမ်ားကလည္း လက္မထပ္ဘဲ မိမိခ်စ္သူကုိ အတူေနၿပီး ဖ်က္ဆီးျခင္းသည္ လူသားတုိ႔ ေရွာင္ၾကဥ္အပ္ေသာ…

ငါးပါးသီလထဲမွ (ကာေမသုမိစာၦစာရကံ)ဟူေသာ အုပ္ထိန္းသူရွိေသာ သမီးပ်ဳိမ်ားကုိ ဖ်က္ဆီးျခင္းဟူေသာ ကံထုိက္သည္ဟု သတိျပဳသင့္ပါသည္…

ေယာက်္ားေလးမ်ားသည္ မိမိခ်စ္သူ၏ အပ်ဳိစင္ဘဝကုိ စတင္ဖ်က္ဆီးၿပီး ခ်စ္သူ မိန္းကေလးကုိ မယူျဖစ္ဘဲ KTV ၊ (Massage) မာဆတ္စေသာပ်က္စီးျခင္းလမ္းေပၚ ေရာက္သြားပါက စတင္ဖ်က္ဆီးသူသာ တရားခံ ျဖစ္သည္ကုိ သတိျပဳသင့္သည္။

ခ်စ္သူ မိန္းကေလး မ်ားကလည္း မိမိကုိခ်စ္ေသာ သူသည္ (Sex)ကုိ အရင္းခံ၍ ခ်စ္သလား ၊ တကယ့္ေမတၱာစစ္ႏွင့္ ခ်စ္သလားကုိေဝဖန္ ဆန္းစစ္သင့္ပါသည္… Sex ကုိ အရင္းခံေသာ အခ်စ္သည္ အၾကာႀကီး မတည္ၿမဲပါ… တကယ္ေမတၱာႏွင့္ ခ်စ္ေသာအခ်စ္သာ တစ္ဘဝလုံး အၾကာႀကီး တည္ၿမဲမည္ကုိ သိထားသင့္ပါသည္။ ။

ျပႆ နာမတတ္သေရြ႕ ေတာ့ေကာင္းတာေပါ့… ျပႆ နာတတ္လာတဲ့ အခါ မၿငိမ္းခ်မ္းေတာ့ပါဘူး….. ။ ၿငိမ္းခ်မ္း ႏိုင္ၾကပါေစ……..

ခ်စ္သူမ်ားေန႔တြင္ မိန္းကေလးမ်ား အပ်ဳိစင္ဘဝကုိ ထိန္းသိမ္းႏုိင္ပါေစ…….

သမီးေလးဖတ္ဖို႔

Unicode Version
ချစ်သူများနေ့သည် (လင်မယားနေ့) မဟုတ်ပါလို့ ပြောချင်ပါသည်… ချစ်သူများနေ့ ရောက်တိုင်း တည်းခိုခန်းများ ၊ ဟိုတယ်များတွင်စုံတွဲများဖြင့် ပြည့်နေသည်ကို နှမသားချင်း စာနာ၍ စိတ်မကောင်းစွာ ကြားသိရပါသည်… ချစ်သူ စုံတွဲများသည် စိတ်ချင်း ချစ်၍ ရပါသည်… လူချင်း နယ်ကျွံ၍ ချစ်လို့မရပါ။

မိန်းကလေးများသည် မိမိချစ်သောသူသည် လက်ထပ်ရမည့်သူ ဟုတ် ၊ မဟုတ် မည်သူမျှ အတပ် မပြောနိုင်ပါ… အိမ်ထောင် မပြုမီ အတူနေပါက မယူဖြစ်လျှင် နောက်ဆုံး မိန်းကလေးသာ နစ်နာရမည် ဖြစ်သည်…

အိမ်ထောင် မပြုမီ အတူနေပါက အင်တာနက် ခေတ်တွင် နေရာတိုင်း၌ မျက်စိများ ရှိသဖြင့် အချိန်မရွေး အင်တာနက်ပေါ် ရောက်သွားနိုင်ပြီး မိန်းကလေးနောက်က မိဘဆွေမျိုးများ အရှက်တကွဲ ဖြစ်မည်ကို သတိပြုသင့်ပါသည်။

မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သဖြင့် အနောက်နိုင်ငံများမှ အတူနေခြင်း (Living Together) ကို အားကျ၍ မရပါ… မိမိတို့ နိုင်ငံသည် အရှက်နှင့် သိက္ခာဖြင့် လူလုပ်သော နိုင်ငံဖြစ်ပါသည်…

မိမိကြောင့် မိဘ ၊ ဆွေမျိုးများ အရှက်တကွဲ အကျိုးနည်းမည်ကို စဉ်းစားသင့်ပါသည်… မိန်းကလေး များသည် မိမိတို့ အပျိုစင်ဘဝကို တန်ဖိုးထား ထိန်းသိမ်းသင့်ပါသည်။

အင်တာနက်ပေါ်တွင် မိန်းကလေးများ အခက်အခဲရှိ၍ အပျိုစင်ဘဝကို လေလံတင် ရောင်းချရာ… မြန်မာငွေ သိန်းရာချီရ ရှိသည်ကို ကြားသိရသဖြင့် မိမိတို့၏ အပျိုစင်ဘဝကို မည်မျှ တန်ဖိုးရှိသည်ကို သိသင့်ပါသည်…

ယောကျ်ားလေးများသည် မိမိဘယ်လောက်ပဲ ရှုပ်ပါစေ မိမိနှင့် လက်ထပ်မည့် မိန်းကလေးကို အပျိုစင်သာ လိုချင်သည်ကို သိသင့်ပါသည်။

ယောကျ်ားလေးအတွက် (Sex)သည် တစ်ခဏတာ ၊ ထမင်းစားရေသောက် အဆင့်သာဖြစ်ပြီး မိန်းကလေးများအတွက် (Sex)မှာ ဘဝနှင့် ရင်းရမည်ကို သိသင့်ပါသည်…

ချစ်သူဘဝတွင် အတူနေခြင်းကြောင့် ရရှိသော ဆိုးကျိုးများမှာ လက်မထပ်မီ ကိုယ်ဝန်ရှိခြင်းကြောင့်… မိဘ ၊ ဆွေမျိုးများနှင့် မိမိပါ အရှက်ရနိုင်ခြင်း

၊ HIV ၊ B ပိုး၊ C ပိုး စသော ရောဂါပိုးများ ကူးစက်နိုင်ခြင်း ၊ ချစ်သူကြောင့် (Sex Feeling) ကို ခံစားတတ်ပြီး ချစ်သူဖြင့် မယူဖြစ်၍နောက်ချစ်သူတစ် ယောက်ပြောင်း ခံစားခြင်းဖြင့် နောက်ဆုံး KTV ၊ (Massage) မာဆတ်စသော ပျက်စီးခြင်းဖြင့် လမ်းပေါ် ရောက်သွားသော မိန်းကလေးများစွာ လည်းရှိပါသည်။

ချစ်သူ ယောကျ်ားလေးများကလည်း လက်မထပ်ဘဲ မိမိချစ်သူကို အတူနေပြီး ဖျက်ဆီးခြင်းသည် လူသားတို့ ရှောင်ကြဉ်အပ်သော…

ငါးပါးသီလထဲမှ (ကာမေသုမိစ္ဆာစာရကံ)ဟူသော အုပ်ထိန်းသူရှိသော သမီးပျိုများကို ဖျက်ဆီးခြင်းဟူသော ကံထိုက်သည်ဟု သတိပြုသင့်ပါသည်…

ယောကျ်ားလေးများသည် မိမိချစ်သူ၏ အပျိုစင်ဘဝကို စတင်ဖျက်ဆီးပြီး ချစ်သူ မိန်းကလေးကို မယူဖြစ်ဘဲ KTV ၊ (Massage) မာဆတ်စသောပျက်စီးခြင်းလမ်းပေါ် ရောက်သွားပါက စတင်ဖျက်ဆီးသူသာ တရားခံ ဖြစ်သည်ကို သတိပြုသင့်သည်။

ချစ်သူ မိန်းကလေး များကလည်း မိမိကိုချစ်သော သူသည် (Sex)ကို အရင်းခံ၍ ချစ်သလား ၊ တကယ့်မေတ္တာစစ်နှင့် ချစ်သလားကိုဝေဖန် ဆန်းစစ်သင့်ပါသည်… Sex ကို အရင်းခံသော အချစ်သည် အကြာကြီး မတည်မြဲပါ… တကယ်မေတ္တာနှင့် ချစ်သောအချစ်သာ တစ်ဘဝလုံး အကြာကြီး တည်မြဲမည်ကို သိထားသင့်ပါသည်။ ။

ပြဿ နာမတတ်သရွေ့ တော့ကောင်းတာပေါ့… ပြဿ နာတတ်လာတဲ့ အခါ မငြိမ်းချမ်းတော့ပါဘူး….. ။ ငြိမ်းချမ်း နိုင်ကြပါစေ……..

ချစ်သူများနေ့တွင် မိန်းကလေးများ အပျိုစင်ဘဝကို ထိန်းသိမ်းနိုင်ပါစေ…….

သမီးလေးဖတ်ဖို

No comments:

Post a Comment