Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, February 13, 2019
မဟာတန်းကျောင်းသူလေး အသုဘ မီးသင်္ဂြိုလ်ခါနီး မိခင်မှ နောက်ဆုံးအနေနဲ့ နမ်းလိုက်အချိန် ဒီလိုဖြစ်ရပ်မျိုး မကြုံရလေအောင်
မှတ်ချက်။
လွန်ခဲ့တဲ့ အနှစ်(၃၀) ဝန်းကျင်ခန့်မှလည်း လူမျိုးခြားတစ်ဦးဖြစ်သည့် အမျိုးသမီးတစ်ဦး ၄င်းကဲ့သို့ ဖြစ်စဉ် မျိုးကြုံတွေ့ခဲ့ရသဖြင့် သုသာန်တွင် ဈေးရောင်းရင်း ဘဝကိုဖြတ်သန်းနေရကြောင်း ကျွန်တော်သိမြင်ခဲ့ ဖူး ပါတယ်
Kaung Naing
Thadinatin Media
မဟာတန်းကျောင်းသူလေး အသုဘ မီးသင်္ဂြိုလ်ခါနီးအချိန် ဖြစ်ရပ်မျိုး မကြုံရလေအောင်
တိုးတက်ခေတ်မီချင်တဲ့နေရာမှာလိုသလိုဆွဲယူ ခေတ်မီနေကြပြီး ရှေးဟောင်းအယူသည်းမှုတွေကိုတော့ မပစ်ပယ်နိုင်ကြသေးဘူး။သေရွာပြန်လူတစ်ယောက်ကို လူနေရပ်ကွက်ထဲ ပြန်ဝင်ခွင့် မပြုနိုင်ဘူးဆိုရင် အသုဘလိုက်ပို့တဲ့ လူတွေပါ ရပ်ကွက်ထဲ ပြန်မဝင်ခိုင်းပါနဲ့။
သူတို့တွေလည်း သင်္ချိုင်းကုန်းကို ရောက်ခဲ့ကြတာပဲလေ။လူကို လူလို့ပဲမြ င်ပြီး လူ အဖြစ် ပြန်အသိမှတ်ပြုပေးရမှာပေါ့။ ကံကောင်းလို့ မသေပဲ အသက်ရှင်လျက် ပြန် ရရှိလိုက်တဲ့ လူတစ်ယောက်ကို ဝမ်းမြောက်ဝမ်းသာ ဘာလို့ မကြိုဆိုနိုင်ကြတာလဲ။
ဘာလို့များ လူ့ အသိုင်း အဝိုင်းကို ပြန်ဝင်ခွင့် မပြုချင်ရတာလဲ။ ကဲ ~ မလိုတဲ့ အယူအဆတွေ ပယ်ကြရအောင်ဗျာ။ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ၁၅ မိနစ်ခန့် မန္တလေး ကြာနီကန်
သုဿန်မှာ ဖြစ်ပွါးခဲ့သည့် ကုန်ထုတ် ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘ မီးသင်္ဂြိုလ်ခါနီးအချိန်တွင် မိခင်ဖြစ်သူမှ နောက်ဆုံးအနေနှင့် နမ်းလိုက်စဉ် နှလုံးခုန်သံကြားရ၍ ဆရာဝန်ပင့် စမ်းသပ်ရာ အသက်ရှင်နေကြောင်း သိရှိရပါတယ်။
မိခင်ဖြစ်သူမှာ ဝမ်းသာလွန်း၍ ထ ကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာ စိုးလို့ဟုဆိုကာ မြို့ထဲသို့ အ ဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင် ငိုပါတော့တယ်။အခြား အသုဘတစ်ခုလာပို့သူ
မန္တလေး သိန်းဇော် ကိုယ်တိုင် ဝင်ခွင့်ပြုရန် တောင်းပန်ပြောဆိုသော်လည်း မြို့လူထုက လက်မခံသဖြင့် မိဘများမှမြို့ပြင်တွင် အိမ်ဆောက်ပေး၍ နေစေမည်ဟု သိရပါသည်။
ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့် မဟာတန်းကျောင်းသူ တစ်ယောက် လူထဲမတိုးတော့မ ည့်အဖြစ်မျိုးကား ထိုမိန်းကလေး ဘဝအတွက် နစ်နာလွန်းလှပါတယ်
အဆိုပါ မိန်းကလေးအပြင် နောက်နောင် ၄င်းကဲ့သို့သော ဖြစ်ရပ်မျိုး ကိုယ်တိုင်ကြုံတွေ့ရစဉ်သော် လည်းေ ကာင်း၊ ကိုယ့်မိသားစု အသိုင်းအဝန်းများထံမှ ကြုံတွေ့ရလျှင်သော် လည်းကောင်း ရှေးရိုးစွဲ
အယူအဆေ ကြာင့် ထိခိုက်သူများ မရှိရစေစရန်အတွက် တာဝန်ရှိသူများနှင့် အများပြည်သူများအပြင် ဘာသာရေးဆိုင် ရာ အယူများဖြစ်သည့်အတွက် ရဟန်းရှင်များလည်း ပါဝင်ပြီး ဝိုင်းဝန်းအဖြေရှာ စဉ်းစားကူညီကြပါရန် တိုက် တွန်းအပ်ပါတယ် ခင်ဗျာ။
မှတ်ချက်။
လွန်ခဲ့တဲ့ အနှစ်(၃၀) ဝန်းကျင်ခန့်မှလည်း လူမျိုးခြားတစ်ဦးဖြစ်သည့် အမျိုးသမီးတစ်ဦး ၄င်းကဲ့သို့ ဖြစ်စဉ် မျိုးကြုံတွေ့ခဲ့ရသဖြင့် သုသာန်တွင် စျေးရောင်းရင်း ဘဝကိုဖြတ်သန်းနေရကြောင်း ကျွန်တော်သိမြင်ခဲ့ ဖူး ပါတယ်။
ရှေးအယူအဆများဖြစ် ဖြစ်သည့်အပေါ် မည်သို့သောဆိုးကျိုးများ ရှိနိုင်သဖြင့် ယခုကဲ့သို့ သတ်မှတ်ထားေ ကြာင်းကိုလည်း မသိနားမလည် သဖြင့် နားလည်တတ်ကျွမ်းသူများ အနေဖြင့်
ဗဟုသုတဝေငှပေးပါရန်နှင့် ယခုကဲသို့သော ဖြစ်ရပ်မျိုး မကြုံရလေအောင် မည်ကဲ့သို့ ဖြေရှင်းနိုင်မည် စသဖြင့် ရှေးရိုးစွဲများကို လည်း ပြ န် လည်ပြင်ဆင် သုံးသပ်သင့်ပါကြောင်း။
Kaung Naing
No comments:
Post a Comment