Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 21, 2019

ေတာင္ငူ လူသတ္တရားခံ နွစ္ဦးထြက္ဆိုလိုက္တဲ႔ က်ဴးလြန္ခဲ႔ ရသည့္ အဓိက အေၾကာင္းရင္း


ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္၊ ေကတုမတီၿမိဳ႕သစ္ၿမိဳ႕တြင္ျဖစ္ပြားခဲ့ေသာ ဇနီးေမာင္ႏွံႏွစ္ဦးအား သတ္ခဲ့ သည့္အမႈႏွင့္ ပတ္သက္ၿပီး က်ဴးလြန္ခဲ့သူႏွစ္ဦးကို ခ်ဳပ္ရမန္ယူစစ္ေဆးေနၿပီျဖစ္ေၾကာင္း ေကတုမတီ ၿမိဳ႕သစ္နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ ေအာင္လင္းက မဇၥ်ိမသို႔ ေျပာသည္။

အဆိုပါ လူသတ္မႈမွာ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔၊ နံနက္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လူသတ္မႈ က်ဴးလြန္ သူူမ်ားမွာ ေတာင္ငူၿမိဳ႕နယ္၊ ေကတုမတီၿမိဳ႕သစ္ၿမိဳ႕၊ မင္းႀကီးေဆြရပ္ကြက္တြင္ ေနထိုင္သည့္ ဦးတိုးၾကည္ႏွင့္ ၎၏ သားျဖစ္သူ ရဲဝင္းတို႔ျဖစ္ေၾကာင္း သိရသည္။

၂ဝ၁၂ ခုႏွစ္က ဝယ္ယူထားသည့္ အိမ္ၿခံေျမဂရမ္ သက္တမ္းတိုးရန္အတြက္ မွတ္ပုံတင္မိတၳဴႏွင့္ အိမ္ေထာင္စုစာရင္းမိတၳဴေတာင္းယူခဲ့ရာမွ အခ်င္းမ်ားခဲ့ျခင္းျဖစ္ေၾကာင္း

လူသတ္မႈျဖစ္ပြားရျခင္း၏ အဓိကအေၾကာင္းရင္းမွာ အသတ္ခံရသူ ဦးစိုးလင္းသန္း၊ ၎၏ ဇနီးျဖစ္သူ ေဒၚခ်ာစုစုလင္းတို႔မွာ သမီးျဖစ္သူႏွင့္အတူ ေဖေဖာ္ဝါရီလ ၂၁ ရက္( ယေန႔) နံနက္ပိုင္းတြင္ ရန္ကုန္မွ ေတာင္ငူသို႔ ေရာက္ရွိလာၿပီး လူသတ္မႈက်ဴးလြန္သူ သားအဖဆီမွ ၂ဝ၁၂ ခုႏွစ္က ဝယ္ယူထားသည့္ အိမ္ၿခံေျမဂရမ္ သက္တမ္းတိုးရန္အတြက္ မွတ္ပုံတင္မိတၳဴႏွင့္ အိမ္ေထာင္စုစာရင္းမိတၳဴေတာင္းယူခဲ့ရာမွ အခ်င္းမ်ားခဲ့ျခင္းျဖစ္ေၾကာင္း ရဲအုပ္ေအာင္လင္းက အမႈျဖစ္ပြားရျခင္း၏ အေၾကာင္းရင္းကို ေျပာျပသည္။


“ အဲ့လိုေတာင္းတဲ့အခ်ိန္မွာ အဲ့ဒီမိတၳဴေတြကို မေပးႏိုင္ေသးဘူး။ အလုပ္လည္းမအားဘူး။ ဒီေန႔လည္း လိုက္ၿပီးေတာ့ မကူညီေပးႏိုင္ဘူးဆိုၿပီး တစ္ဖက္နဲ႔ တစ္ဖက္ စကားအေျခအတင္ျဖစ္တယ္။ လိုက္ပါကူညီေပးဖို႔ ေမတၱာရပ္ခံတယ္။ မရဘူး။ မရတဲ့အဆုံးမွာ ဟိုဘက္နဲ႔ ဒီဘက္ သေဘာထားေလးေတြ တင္းမာသြားတာေပါ့။

ဘယ္လိုမွ အဆင္မေျပႏိုင္ေတာ့လို႔ ေသဆုံးသူ မိသားစုက ျပန္ထြက္လာတဲ့အခ်ိန္မွာ ေနာက္ကေန လိုက္လာ ၿပီး တြန္းလွဲ နပန္းလုံးလိုက္တာေပါ့။ တရားခံရဲ႕ ေျပာျပခ်က္အရေတာ့ ေသဆုံးတဲ့သူက မာေရ၊ ေက်ာေရနဲ႔ ေျပာလို႔၊ စကားေျပာတာ သူ႔ကို ေက်ာတယ္လို႔ထင္လို႔ သူ႔လုပ္လိုက္မိတယ္လို႔ ေျပာတယ္ ”ဟု စခန္းမႉး ရဲအုပ္ေအာင္လင္းက ေျပာသည္။

ဦးစိုးလင္းသန္း၊ ၎၏ ဇနီးျဖစ္သူ ေဒၚခ်ာစုစုလင္း

အဆိုပါ ဇနီးေမာင္ႏွံႏွစ္ဦးကို က်ဴးလြန္သူ သားအဖႏွစ္ေယာက္က နပန္းဝင္လုံးၿပီးေနာက္ လဲက်သြားသည့္ အခ်ိန္တြင္ အခင္းျဖစ္ပြားခဲ့ေသာ ကားလမ္းေဘး ဓာတ္တိုင္ေျခရင္းရွိ လုံးပတ္ က်ပ္လုံးခန႔္၊ အရွည္ ၁ဝ လက္မရွိ သံေခ်ာင္းတပ္ဆင္ထားသည့္ တင္းပုတ္သ႑ာန္ လမ္းမီးတိုင္ေၾကးသီးျဖင့္ ႐ိုက္ခဲ့ေၾကာင္း သိရသည္။

“ အဲ့ဒါေတြနဲ႔ ႐ိုက္တာေပါ့။ ႐ိုက္တဲ့အခ်ိန္မွာ လင္မယားႏွစ္ေယာက္လုံး မ်က္ႏွာေတြမွာကို ကြဲေၾကဒဏ္ရာ ေတြရၿပီးေတာ့ ဦးေႏွာက္အပိုင္းအစေတြပါ ထြက္သြားတာေပါ့။ အဲ့ဒါနဲ႔ ကြၽန္ေတာ္တို႔ ရႏိုင္သမွ် ကုသေပး မယ္ဆိုၿပီးေတာ့မွ အသက္ေတြကေတာ့ ရႈေနေသးေတာ့ ေဆး႐ုံကို မနက္ ၈ နာရီ၊ ၄ဝ မိနစ္ေလာက္မွာ ပို႔လိုက္တယ္။ ေဆး႐ုံမွာပဲ ကုသရင္းနဲ႔ ၉ နာရီ ၁၅ ေလာက္မွာ ဆုံးသြားတာေပါ့”ဟု ေကတုမတီ ၿမိဳ႕သစ္ နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ေအာင္လင္းက ေျပာသည္။

အသတ္ခံရသူ ဇနီးေမာင္ႏွံတြင္ က်န္ခဲ့ေသာ အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးငယ္အား လက္ရွိတြင္ ရန္ကုန္မွ မိသားစုဝင္မ်ားက ျပန္လည္ေခၚေဆာင္သြားၿပီျဖစ္ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဦးတိုးၾကည္ႏွင့္ ၎၏ သားျဖစ္သူ ရဲဝင္းတို႔ကို ေကတုမတီၿမိဳ႕ သစ္နယ္ေျမ ရဲစခန္းတြင္ (ပ) ၂၉/၂ဝ၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃ဝ၂(လူသတ္မႈ)၊ ၃၂၅ (အျပင္း အထန္နာက်င္ေစမႈ)၊ ၁၁၄(ျပစ္မႈက်ဴးလြန္ရာတြင္ အားေပးကူညီမႈ) စသည့္ ပုဒ္မ ၃ ခုျဖင့္ အမႈဖြင့္ထားၿပီး ခ်ဳပ္ရမန္ယူစစ္ေဆး ေနေၾကာင္း သိရသည္။
Mizzima

Unicode

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်မြို့တွင်ဖြစ်ပွားခဲ့သော ဇနီးမောင်နှံနှစ်ဦးအား သတ်ခဲ့ သည့်အမှုနှင့် ပတ်သက်ပြီး ကျူးလွန်ခဲ့သူနှစ်ဦးကို ချုပ်ရမန်ယူစစ်ဆေးနေပြီဖြစ်ကြောင်း ကေတုမတီ မြို့သစ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်လင်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လူသတ်မှုမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူသတ်မှု ကျူးလွန် သူများမှာ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်မြို့၊ မင်းကြီးဆွေရပ်ကွက်တွင် နေထိုင်သည့် ဦးတိုးကြည်နှင့် ၎င်း၏ သားဖြစ်သူ ရဲဝင်းတို့ဖြစ်ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်က ဝယ်ယူထားသည့် အိမ်ခြံမြေဂရမ် သက်တမ်းတိုးရန်အတွက် မှတ်ပုံတင်မိတ္ထူနှင့် အိမ်ထောင်စုစာရင်းမိတ္ထူတောင်းယူခဲ့ရာမှ အချင်းများခဲ့ခြင်းဖြစ်ကြောင်း

လူသတ်မှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ အသတ်ခံရသူ ဦးစိုးလင်းသန်း၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ချာစုစုလင်းတို့မှာ သမီးဖြစ်သူနှင့်အတူ ဖေဖော်ဝါရီလ ၂၁ ရက်( ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မှ တောင်ငူသို့ ရောက်ရှိလာပြီး လူသတ်မှုကျူးလွန်သူ သားအဖဆီမှ ၂ဝ၁၂ ခုနှစ်က ဝယ်ယူထားသည့် အိမ်ခြံမြေဂရမ် သက်တမ်းတိုးရန်အတွက် မှတ်ပုံတင်မိတ္ထူနှင့် အိမ်ထောင်စုစာရင်းမိတ္ထူတောင်းယူခဲ့ရာမှ အချင်းများခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်အောင်လင်းက အမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ပြောပြသည်။

“ အဲ့လိုတောင်းတဲ့အချိန်မှာ အဲ့ဒီမိတ္ထူတွေကို မပေးနိုင်သေးဘူး။ အလုပ်လည်းမအားဘူး။ ဒီနေ့လည်း လိုက်ပြီးတော့ မကူညီပေးနိုင်ဘူးဆိုပြီး တစ်ဖက်နဲ့ တစ်ဖက် စကားအခြေအတင်ဖြစ်တယ်။ လိုက်ပါကူညီပေးဖို့ မေတ္တာရပ်ခံတယ်။ မရဘူး။ မရတဲ့အဆုံးမှာ ဟိုဘက်နဲ့ ဒီဘက် သဘောထားလေးတွေ တင်းမာသွားတာပေါ့။

ဘယ်လိုမှ အဆင်မပြေနိုင်တော့လို့ သေဆုံးသူ မိသားစုက ပြန်ထွက်လာတဲ့အချိန်မှာ နောက်ကနေ လိုက်လာ ပြီး တွန်းလှဲ နပန်းလုံးလိုက်တာပေါ့။ တရားခံရဲ့ ပြောပြချက်အရတော့ သေဆုံးတဲ့သူက မာရေ၊ ကျောရေနဲ့ ပြောလို့၊ စကားပြောတာ သူ့ကို ကျောတယ်လို့ထင်လို့ သူ့လုပ်လိုက်မိတယ်လို့ ပြောတယ် ”ဟု စခန်းမှူး ရဲအုပ်အောင်လင်းက ပြောသည်။

ဦးစိုးလင်းသန်း၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ချာစုစုလင်း

အဆိုပါ ဇနီးမောင်နှံနှစ်ဦးကို ကျူးလွန်သူ သားအဖနှစ်ယောက်က နပန်းဝင်လုံးပြီးနောက် လဲကျသွားသည့် အချိန်တွင် အခင်းဖြစ်ပွားခဲ့သော ကားလမ်းဘေး ဓာတ်တိုင်ခြေရင်းရှိ လုံးပတ် ကျပ်လုံးခန့်၊ အရှည် ၁ဝ လက်မရှိ သံချောင်းတပ်ဆင်ထားသည့် တင်းပုတ်သဏ္ဍာန် လမ်းမီးတိုင်ကြေးသီးဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

“ အဲ့ဒါတွေနဲ့ ရိုက်တာပေါ့။ ရိုက်တဲ့အချိန်မှာ လင်မယားနှစ်ယောက်လုံး မျက်နှာတွေမှာကို ကွဲကြေဒဏ်ရာ တွေရပြီးတော့ ဦးနှောက်အပိုင်းအစတွေပါ ထွက်သွားတာပေါ့။ အဲ့ဒါနဲ့ ကျွန်တော်တို့ ရနိုင်သမျှ ကုသပေး မယ်ဆိုပြီးတော့မှ အသက်တွေကတော့ ရှုနေသေးတော့ ဆေးရုံကို မနက် ၈ နာရီ၊ ၄ဝ မိနစ်လောက်မှာ ပို့လိုက်တယ်။ ဆေးရုံမှာပဲ ကုသရင်းနဲ့ ၉ နာရီ ၁၅ လောက်မှာ ဆုံးသွားတာပေါ့”ဟု ကေတုမတီ မြို့သစ် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်လင်းက ပြောသည်။

အသတ်ခံရသူ ဇနီးမောင်နှံတွင် ကျန်ခဲ့သော အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား လက်ရှိတွင် ရန်ကုန်မှ မိသားစုဝင်များက ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးတိုးကြည်နှင့် ၎င်း၏ သားဖြစ်သူ ရဲဝင်းတို့ကို ကေတုမတီမြို့ သစ်နယ်မြေ ရဲစခန်းတွင် (ပ) ၂၉/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂(လူသတ်မှု)၊ ၃၂၅ (အပြင်း အထန်နာကျင်စေမှု)၊ ၁၁၄(ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု) စသည့် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားပြီး ချုပ်ရမန်ယူစစ်ဆေး နေကြောင်း သိရသည်။
Mizzima

No comments:

Post a Comment