Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 4, 2019

မိုင်းဆတ်ခရိုင်အတွင်း ခိုးဝင်သည့် ထိုင်းနိုင်ငံသား ၈၀ ကျော်ကို မြန်မာအာဏာပိုင်ဖမ်းဆီး



ဖေဖော်ဝါရီလ ၄ ရက် ၂၀၁၉

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း တရားမ၀င်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား ၈၁ ဦး နှင့်အတူ သျှမ်းအမျိုးသား ၂ ဦးတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရ မိခဲ့ကြောင်းသိ ရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်နယူးစ် သတင်းဌာနက - မိုင်းဆတ်မြို့နယ် နားယောင်းရွာက ရီဆော့တနေရာမှာ မြန်မာရဲ တွေ ၀င်ရောက်စစ်ဆေးတဲ့အခါမှာ ထိုင်းလူမျိုး ၈၁ ဦး(ကျား ၄၈ ဦးနဲ့ မ ၃၃ ဦး) ကိုတရားမ၀င်ခိုးဝင်မှုနဲ့ ဖမ်းဆီးအရေး ယူထားတယ်- ဟု ရေးသားဖော်ပြထားသည်။

မိုင်းဆတ်ဒေသခံ စိုင်းအေ က- ဒီဒေသတွေ ထိုင်းနဲ့နယ်မြေချင်းထိစပ်နေတဲ့နေရာတွေဖြစ်တယ်။ မူးယစ်ဆေးဝါး လည်းအရမ်းကိုပေါများပါတယ်။ အဲဒီဒေသမှာ အတူတကွနေထိုင်နေကြတဲ့တိုင်းရင်းသား တွေလည်းများပြား တယ် - ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၎င်းတို့အား စစ်ဆေးမှုများဆက်လက်ပြုလုပ်ထားပြီး ထိုင်းနိုင်ငံမှ ဥပဒေချိုးဖောက်ကာ ထွက်ပြေးတိမ်းရှောင် နေသူ များဟုတ်မဟုတ်ထပ်မံစစ်ဆေးနေကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/

No comments:

Post a Comment