Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 16, 2019

တရားလႊတ္ေတာ္ေရွ႔ေနတစ္ဦးကုိဇနီးျဖစ္သူမွအက္ဆစ္နဲ႔ပက္၊ ေယာက္က်ားတန္ဆာဒဏ္ရာ စိုးရိမ္ရ

တရားလႊတ္ေတာ္ေရွ႔ေနတစ္ဦး စားေသာက္ဆိုင္အတြင္း ဇနီးျဖစ္သူမွအက္ဆစ္နဲ႔ပက္မႉ ပဲခူးမွာျဖစ္ပြား ။ ပဲခူး၊ေဖေဖာ္ဝါရီ ၁၅ ။ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးကို ဇနီးျဖစ္သူကေနာက္ကလိုက္လာၿပီး အက္စစ္နဲ႔ပက္မႈတစ္ခု၊ ေဖေဖာ္ဝါရီ(၁၁)ရက္ေန႔၊ညေန၈နာရီေက်ာ္အခ်ိန္ကပဲခူးၿမိဳ႕၊ေက်ာက္တြင္းကုန္း၊ရန္ကင္းကားဂိတ္အနီး၊ဟံသာဝတီရပ္ကြက္ရွိေရႊမင္းသားစားေသာက္ဆိုင္မွာျဖစ္ပြားခဲ့ပါတယ္။

အဲဒီေရွ႕ေနဟာဇနီးျဖစ္သူနဲ႔လင္မယားခ်င္းစကားမ်ားၿပီးေနာက္သူငယ္ခ်င္းေတြနဲ႔စားေသာက္ဆိုင္မွာသြားထိုင္ေနတဲ့အခ်ိန္မွာအခုလိုဇနီးျဖစ္သူကေနာက္ကလိုက္လာၿပီးအက္စစ္နဲ႔ပက္လိုက္တာပါ.အက္စစ္နဲ႔အပက္ခံရသူေရွ႕ေနဦးဗညားေအာင္၊အသက္၃၅ႏွစ္ဟာပဲခူးၿမိဳ႕၊ဥႆာၿမိဳ႕သစ္၊ရပ္ကြက္ႀကီး(၄)၊ဓမၼေစတီလမ္းသြယ္မွာေနထိုင္သူျဖစ္ပါတယ္္။

တရားလႊတ္ေတာ္ေရွ႕ေနဦးဗညားေအာင္၊ဇနီးျဖစ္သူမစုသႏၲာေထြး၊နဲ႔လင္မယားခ်င္းစကားမ်ားရာကခင္ပြန္းျဖစ္သူဦးဗညားေအာင္ဟာျပႆနာရွည္မွာစိုးတဲ့အတြက္ဖုန္းစက္ပိတ္ၿပီးသူငယ္ခ်င္းေတြနဲ႔ေရႊမင္းသားစားေသာက္ဆိုင္မွာသြားထိုင္ေနခဲ့ရာမွာေနာက္ကလိုက္လာတဲ့ဇနီးျဖစ္သူမစုသႏၲာေထြးက

အသင့္ယူေဆာင္လာတဲ့ပါဝါအက္ဆစ္ေပ်ာ့(ေႂကြေခ်းခၽြတ္အက္ဆစ္)နဲ႔ပတ္လိုက္တဲ့အတြက္ဦးဗညားေအာင္ရဲ႕ဝဲဘက္မ်က္လုံး၊ယာမ်က္လုံး၊ေက်ာကုန္း၊ရင္ဘက္နဲ႔ေယာက္က်ားတန္ဆာတို႔မွာပူေလာင္ဒါဏ္ရာေတြရရွိခဲ့တဲ့အတြက္အခင္းျဖစ္ၿပီးၿပီးခ်င္းပဲခူးေဆး႐ုံႀကီးကို အတြင္းလူနာ(စိုးရိမ္ရ)အျဖစ္ တက္ေရာက္ကုသခဲ့ရပါတယ္ ၊

အမႈနဲ႔ပတ္သက္ၿပီး မ်က္ႏွာနဲ႔ခႏၶာကိုယ္ကို ဒါဏ္ရာေတြရရွိေအာင္အက္ဆစ္နဲ႔ပတ္ခဲ့သူမစုသႏၲာေထြးကိုပဲခူးၿမိဳ႕မရဲစခန္းက(ပ)၁၄၆/၂၀၁၉၊ရာဇသတ္ႀကီးပုဒ္မ ၃၂၆ နဲ႔ဖမ္းဆီးစစ္ေဆးေနတယ္လို႔သိရပါတယ္။သတင္း၊ဧရာ(ပဲခူူး) –
Channel B Media Group

#Unicode Version# ျဖင့္ဖတ္ပါ ။

တရားလွှတ်တော်ရှေ့နေတစ်ဦး စားသောက်ဆိုင်အတွင်း ဇနီးဖြစ်သူမှအက်ဆစ်နဲ့ပက်မှူ ပဲခူးမှာဖြစ်ပွား ။ ပဲခူး၊ဖေဖော်ဝါရီ ၁၅ ။ တရားလွှတ်တော်ရှေ့နေတစ်ဦးကို ဇနီးဖြစ်သူကနောက်ကလိုက်လာပြီး အက်စစ်နဲ့ပက်မှုတစ်ခု၊ ဖေဖော်ဝါရီ(၁၁)ရက်နေ့၊ညနေ၈နာရီကျော်အချိန်ကပဲခူးမြို့၊ကျောက်တွင်းကုန်း၊ရန်ကင်းကားဂိတ်အနီး၊ဟံသာဝတီရပ်ကွက်ရှိရွှေမင်းသားစားသောက်ဆိုင်မှာဖြစ်ပွားခဲ့ပါတယ်။

အဲဒီရှေ့နေဟာဇနီးဖြစ်သူနဲ့လင်မယားချင်းစကားများပြီးနောက်သူငယ်ချင်းတွေနဲ့စားသောက်ဆိုင်မှာသွားထိုင်နေတဲ့အချိန်မှာအခုလိုဇနီးဖြစ်သူကနောက်ကလိုက်လာပြီးအက်စစ်နဲ့ပက်လိုက်တာပါ.အက်စစ်နဲ့အပက်ခံရသူရှေ့နေဦးဗညားအောင်၊အသက်၃၅နှစ်ဟာပဲခူးမြို့၊ဥဿာမြို့သစ်၊ရပ်ကွက်ကြီး(၄)၊ဓမ္မစေတီလမ်းသွယ်မှာနေထိုင်သူဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေဦးဗညားအောင်၊ဇနီးဖြစ်သူမစုသန္တာထွေး၊နဲ့လင်မယားချင်းစကားများရာကခင်ပွန်းဖြစ်သူဦးဗညားအောင်ဟာပြဿနာရှည်မှာစိုးတဲ့အတွက်ဖုန်းစက်ပိတ်ပြီးသူငယ်ချင်းတွေနဲ့ရွှေမင်းသားစားသောက်ဆိုင်မှာသွားထိုင်နေခဲ့ရာမှာနောက်ကလိုက်လာတဲ့ဇနီးဖြစ်သူမစုသန္တာထွေးက

အသင့်ယူဆောင်လာတဲ့ပါဝါအက်ဆစ်ပျော့(ကြွေချေးချွတ်အက်ဆစ်)နဲ့ပတ်လိုက်တဲ့အတွက်ဦးဗညားအောင်ရဲ့ဝဲဘက်မျက်လုံး၊ယာမျက်လုံး၊ကျောကုန်း၊ရင်ဘက်နဲ့ယောက်ကျားတန်ဆာတို့မှာပူလောင်ဒါဏ်ရာတွေရရှိခဲ့တဲ့အတွက်အခင်းဖြစ်ပြီးပြီးချင်းပဲခူးဆေးရုံကြီးကို အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါတယ် ၊

အမှုနဲ့ပတ်သက်ပြီး မျက်နှာနဲ့ခန္ဓာကိုယ်ကို ဒါဏ်ရာတွေရရှိအောင်အက်ဆစ်နဲ့ပတ်ခဲ့သူမစုသန္တာထွေးကိုပဲခူးမြို့မရဲစခန်းက(ပ)၁၄၆/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။သတင်း၊ဧရာ(ပဲခူူး) –
Channel B Media Group

No comments:

Post a Comment