Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 25, 2019

ကင္ဆာကာကြယ္ႏုိင္သည္ဆုိၿပီး တေန႔ ၾကမ္းပုိး ၅ ေကာင္စားသည့္ အမ်ဳိးသမီး


အသားပိုေတြ ႀကီးထြားလာမႈကို ကာကြယ္ဖုိ႔နဲ႔ ကိုယ္ခံအား ျမင့္တက္ေစဖို႔ နည္းလမ္းေတြ မ်ားစြာရွိပါတယ္။
ဒါေပမယ့္ အေမရိကန္က အမ်ိဳးသမီးတေယာက္ကေတာ့ ဒီနည္းလမ္းမ်ားစြာထဲကမွ ဘယ္သူမွထင္မွတ္မထားတဲ့ နည္းလမ္းတခုကို ေရြးခ်ယ္လိုက္ပါတယ္။ အဲဒါကေတာ့ ၾကမ္းပိုးအရွင္ေတြကို တေန႔ငါးေကာင္စားျခင္းပဲ ျဖစ္ပါတယ္။

ဒီအမ်ိဳးသမီးရဲ႕နာမည္က မာစီလာ အီဂလီရွားျဖစ္ၿပီး သူမဟာ ေလာ့စ္အိန္ဂ်လိစ္မွာ ေနထိုင္တဲ့ သားသမီးသံုးေယာက္မိခင္လည္း ျဖစ္ပါတယ္။

အီဂလီရွားက ၾကမ္းပိုးအရွင္ေတြကို စားတာက ကင္ဆာေရာဂါအျပင္ တျခားေရာဂါေတြကို ကာကြယ္ေပးႏုိင္တယ္လို႔ ေလးေလးနက္နက္ ယံုၾကည္ေနၿပီး သူယံုၾကည္တဲ့အတိုင္းလည္း တေန႔ကို ၾကမ္းပိုးအရွင္ငါးေကာင္ ေန႔တိုင္းစားေသာက္ေနပါတယ္။

ၾကမ္းပိုးေတြ ေသဆံုးတဲ့အခ်ိန္မွာ “coleotoxin” လို႔ေခၚတဲ့ အဆိပ္တမ်ဳိး ထြက္ေပၚလာၿပီး ဒီအဆိပ္က လူ႔ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္ကို အေထာက္အကူ ျဖစ္ေစတယ္လို႔ ယံုၾကည္ေနတာပဲ ျဖစ္ပါတယ္။

ဒီယံုၾကည္မႈကို သက္ေသျဖစ္ႏုိင္တဲ့ စမ္းသပ္မႈတခုလည္း ၂၀၁၁ ခုႏွစ္က ထြက္ေပၚလာခဲ့ၿပီး ဒီေလ့လာမႈအရ “coleotoxin” ဟာ အသားပိုေတြရဲ႕ ႀကီးထြားမႈကို ၇၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။

ဒီေလ့လာမႈကို ထုတ္ျပန္လိုက္တဲ့ အခ်ိန္တုန္းက သိပၸံနည္းက် ေလ့လာမႈဆိုင္ရာ ပညာရွင္ေတြက ျပင္းျပင္းထန္ထန္ ေဝဖန္ေနၾကတာ အခုထိပဲျဖစ္ပါတယ္။

ဒါေပမယ့္ အီဂလီရွားကေတာ့ ဒီေဝဖန္မႈေတြကို ဂ႐ုမစိုက္ဘဲ ၾကမ္းပိုးေတြကို စားေသာက္ျခင္းက ကိုယ္ခံအားအတြက္ အက်ိဳးမရွိရင္ေတာင္ ဒီသတၱဝါေတြက ပ႐ုိတိန္းဓာတ္ကို ျဖစ္ေစတယ္လို႔ ေျပာပါတယ္။

အီဂလီရွားဟာ သူမရဲ႕ေနအိမ္မွာလည္း ၾကမ္းပိုးေတြ ေမြးျမဴထားၿပီး ၾကမ္းပိုးစားျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို သူ႔မိတ္ေဆြတဦးထံက သိရွိခဲ့တာပဲျဖစ္ပါတယ္။

ကင္ဆာေရာဂါကို အျပင္းအထန္ ခံစားခဲ့ရတဲ့ သူ႔မိတ္ေဆြဟာ ကင္ဆာေရာဂါ ေပ်ာက္ကင္းသြားၿပီးေတာ့ ဓာတုကုထံုးခံယူဖို႔ ျငင္းဆန္ခဲ့ၿပီး အဲဒီအစား ၾကမ္းပိုးအရွင္ေတြကုိ တေန႔အေကာင္ ၅၀ ေလာက္ စားသံုးခဲ့ပါတယ္။

ဒီလိုစားသံုးရင္း ေျခာက္ႏွစ္အၾကာမွာ ဒီအမ်ိဳးသားဟာ ကင္ဆာေရာဂါ လံုးဝေပ်ာက္ကင္းသြားခဲ့တာလည္း ေတြ႔ခဲ့ရတယ္လို႔ အီဂလီရွားက ေျပာပါတယ္။

အီဂလီရွားက သူမဟာ ကင္ဆာေရာဂါ ျဖစ္ပြားေနျခင္း မရွိတာေၾကာင့္ တေန႔ကို ငါးေကာင္သာစားတယ္လို႔ ေျပာၿပီး သူမရဲ႕ ၾကမ္းပိုးစားသက္တမ္းဟာ နွစ္လအတြင္းမွာပဲ ရွိေသးတာေၾကာင့္ ဒါရဲ႕အက်ိဳးသက္ေရာက္မႈကို ေျပာဖို႔ ခက္ေနေသးပါတယ္။

ဒီလို ၾကမ္းပိုးစားတဲ့ အေလ့အက်င့္ကုိ သူမရဲ႕မိတ္ေတြေတြက မနွစ္သက္ၾကေပမယ့္ သူမတြက္ေတာ့ ဒါဟာ ျပႆနာမဟုတ္ဘူးလို႔ အီဂလီရွားက ေျပာဆိုလိုက္ၿပီး ၾကမ္းပိုးဟာ လူသားေတြရဲ႕ က်န္းမာေရးကို မ်ားစြာ အက်ိဳးရွိေစတဲ့ အင္းဆက္ေတြျဖစ္တယ္လို႔လည္း သူမက ေျပာပါတယ္။

က်န္းမာေရးအတြက္ ၾကမ္းပိုးစားျခင္းဟာ အီဂလီရွားရဲ႕ ေမြးရပ္ေျမ အာဂ်င္တီးနားနဲ႔ ေတာင္အေမရိကႏုိင္ငံေတြမွာ အလြန္ထင္ရွားတဲ့ အေလ့အက်င့္တခုလည္း ျဖစ္ပါတယ္။
dvb
#Unicose Version#
အသားပိုတွေ ကြီးထွားလာမှုကို ကာကွယ်ဖို့နဲ့ ကိုယ်ခံအား မြင့်တက်စေဖို့ နည်းလမ်းတွေ များစွာရှိပါတယ်။

ဒါပေမယ့် အမေရိကန်က အမျိုးသမီးတယောက်ကတော့ ဒီနည်းလမ်းများစွာထဲကမှ ဘယ်သူမှထင်မှတ်မထားတဲ့ နည်းလမ်းတခုကို ရွေးချယ်လိုက်ပါတယ်။ အဲဒါကတော့ ကြမ်းပိုးအရှင်တွေကို တနေ့ငါးကောင်စားခြင်းပဲ ဖြစ်ပါတယ်။

ဒီအမျိုးသမီးရဲ့နာမည်က မာစီလာ အီဂလီရှားဖြစ်ပြီး သူမဟာ လော့စ်အိန်ဂျလိစ်မှာ နေထိုင်တဲ့ သားသမီးသုံးယောက်မိခင်လည်း ဖြစ်ပါတယ်။

အီဂလီရှားက ကြမ်းပိုးအရှင်တွေကို စားတာက ကင်ဆာရောဂါအပြင် တခြားရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ လေးလေးနက်နက် ယုံကြည်နေပြီး သူယုံကြည်တဲ့အတိုင်းလည်း တနေ့ကို ကြမ်းပိုးအရှင်ငါးကောင် နေ့တိုင်းစားသောက်နေပါတယ်။

ကြမ်းပိုးတွေ သေဆုံးတဲ့အချိန်မှာ “coleotoxin” လို့ခေါ်တဲ့ အဆိပ်တမျိုး ထွက်ပေါ်လာပြီး ဒီအဆိပ်က လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အထောက်အကူ ဖြစ်စေတယ်လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

ဒီယုံကြည်မှုကို သက်သေဖြစ်နိုင်တဲ့ စမ်းသပ်မှုတခုလည်း ၂၀၁၁ ခုနှစ်က ထွက်ပေါ်လာခဲ့ပြီး ဒီလေ့လာမှုအရ “coleotoxin” ဟာ အသားပိုတွေရဲ့ ကြီးထွားမှုကို ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေတယ်လို့ ဆိုပါတယ်။

ဒီလေ့လာမှုကို ထုတ်ပြန်လိုက်တဲ့ အချိန်တုန်းက သိပ္ပံနည်းကျ လေ့လာမှုဆိုင်ရာ ပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာ အခုထိပဲဖြစ်ပါတယ်။

ဒါပေမယ့် အီဂလီရှားကတော့ ဒီဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ကြမ်းပိုးတွေကို စားသောက်ခြင်းက ကိုယ်ခံအားအတွက် အကျိုးမရှိရင်တောင် ဒီသတ္တဝါတွေက ပရိုတိန်းဓာတ်ကို ဖြစ်စေတယ်လို့ ပြောပါတယ်။

အီဂလီရှားဟာ သူမရဲ့နေအိမ်မှာလည်း ကြမ်းပိုးတွေ မွေးမြူထားပြီး ကြမ်းပိုးစားခြင်းရဲ့ အကျိုးကျေးဇူးတွေကို သူ့မိတ်ဆွေတဦးထံက သိရှိခဲ့တာပဲဖြစ်ပါတယ်။

ကင်ဆာရောဂါကို အပြင်းအထန် ခံစားခဲ့ရတဲ့ သူ့မိတ်ဆွေဟာ ကင်ဆာရောဂါ ပျောက်ကင်းသွားပြီးတော့ ဓာတုကုထုံးခံယူဖို့ ငြင်းဆန်ခဲ့ပြီး အဲဒီအစား ကြမ်းပိုးအရှင်တွေကို တနေ့အကောင် ၅၀ လောက် စားသုံးခဲ့ပါတယ်။

ဒီလိုစားသုံးရင်း ခြောက်နှစ်အကြာမှာ ဒီအမျိုးသားဟာ ကင်ဆာရောဂါ လုံးဝပျောက်ကင်းသွားခဲ့တာလည်း တွေ့ခဲ့ရတယ်လို့ အီဂလီရှားက ပြောပါတယ်။

အီဂလီရှားက သူမဟာ ကင်ဆာရောဂါ ဖြစ်ပွားနေခြင်း မရှိတာကြောင့် တနေ့ကို ငါးကောင်သာစားတယ်လို့ ပြောပြီး သူမရဲ့ ကြမ်းပိုးစားသက်တမ်းဟာ နှစ်လအတွင်းမှာပဲ ရှိသေးတာကြောင့် ဒါရဲ့အကျိုးသက်ရောက်မှုကို ပြောဖို့ ခက်နေသေးပါတယ်။

ဒီလို ကြမ်းပိုးစားတဲ့ အလေ့အကျင့်ကို သူမရဲ့မိတ်တွေတွေက မနှစ်သက်ကြပေမယ့် သူမတွက်တော့ ဒါဟာ ပြဿနာမဟုတ်ဘူးလို့ အီဂလီရှားက ပြောဆိုလိုက်ပြီး ကြမ်းပိုးဟာ လူသားတွေရဲ့ ကျန်းမာရေးကို များစွာ အကျိုးရှိစေတဲ့ အင်းဆက်တွေဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။

ကျန်းမာရေးအတွက် ကြမ်းပိုးစားခြင်းဟာ အီဂလီရှားရဲ့ မွေးရပ်မြေ အာဂျင်တီးနားနဲ့ တောင်အမေရိကနိုင်ငံတွေမှာ အလွန်ထင်ရှားတဲ့ အလေ့အကျင့်တခုလည်း ဖြစ်ပါတယ်။
dvb

No comments:

Post a Comment