Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 25, 2019

သားဖြစ်သူက ဖခင်အရင်းအား ဓားမဖြင့် ခုတ်သတ်မှု ဆီဆိုင်မြို့နယ်တွင်ဖြစ်ပွား



ဆီဆိုင် ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖေဖော်ဝါရီ၂၃ရက် နံနက်ပိုင်းကသားဖြစ်သူက ဖခင်အရင်းအားဓါးမဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၁နာရီ၂၅မိနစ်ခန့်က အခင်းဖြစ်ပွားရာနောင်ခွန်ကျေးရွာဦးအေး၏ နေအိမ်သို့ ရောက်ရှိစစ်ဆေးရာသားဖြစ်သူမောင်ဇော်(၂၅)နှစ်၊ (ဘ)ဦးအေး၊ ကျဘမ်းလုပ်၊နောင်ခွန်ရွာ၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ဆီဆိုင်မြို့နယ် နေသူသည် ဖခင်ဖြစ်သူဦးအေးနေအိမ်သို့ ရောက်ရှိပြီးတောတွင် ထင်းခုတ်ရန်အတွက် နွားလှည်းဌားရာအဆင်မပြေ၍ မောင်ဇော်မှာ စိတ်တိုပြီးအသင့်ပါလာသောဓါးမနှင့်ခုတ်သဖြင့် ဖခင်ဖြစ်သူ ဦးအေးမှာအခင်းဖြစ်နေရာ၌သေဆုံးခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ဓားမနှင့်ခုတ်သတ်သူမောင်ဇော် (၂၅)နှစ်အားအရေးယူပေးပါရန် ဦးစိုင်းစံထူး၊ ဘန်းယဉ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဆီဆိုင်မြို့နယ်နေသူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဘန်းယဉ်နယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment