Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 15, 2019

ညီျဖစ္သူရဲ႕ ၁၆ ႏွစ္အရြယ္ဇနီးအား အစ္ကိုျဖစ္သူမွ သားမယားျပဳက်င့္

ဧရာ၀တီတိုင္းေဒသႀကီး၊ ဖ်ာပံုၿမိဳ႕နယ္တြင္ ေဖေဖာ္ဝါရီလ ၁၀ ရက္ ေန႔က ညီျဖစ္သူ၏ ၁၆ ႏွစ္အရြယ္အမ်ဳိးသမီးအား အစ္ကိုေတာ္စပ္သူမွ သားမယားျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရသည္။

ဖ်ာပုံၿမိဳ႕နယ္​၊ ​ေနာက္​မီး​ေက်းရြာအုပ္​စု၊ အလံတိုင္​​ေက်းရြာေန မ…… ခင္ပြန္းျဖစ္သူ၏ အစ္ကို အသက္ ၄၀ အရြယ္ ဖိုးထြန္း (ခ) သန္႔ေဇာ္ေအာင္မွ သားမယားအျဖစ္ျပဳက်င့္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း မိသားစုႏွင့္နီးစပ္သူမ်ားထံမွသိရသည္၊

အသက္ ၄၀ အရြယ္ ဖိုးထြန္း (ခ) သန္႔ေဇာ္ေအာင္၏သားမယား ျပဳက်င့္မႈအား လြန္ခဲ့ေသာ ၂ လခန္႔က မ……၏ ခင္ပြန္းျဖစ္သူ ရြာထဲသို႔အလုပ္​သြား​ေရာက္​လုပ္ေနစဥ္ မ…… အား ပင္​လယ္​​ေသာင္​စပ္​ရိွ ​ေတာထဲသို႔​ေပြ႔ခ်ီ​ေခၚ​ေဆာင္​ခ့ဲသားမယားျပဳက်င့္ၿပီးေနာက္ ျပန္ေျပာ ပါက ၎ႏွင့္ဖခင္တို႔ကသတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုျခင္း ခံခဲ့ရေၾကာင္း သိရသည္။

ထို႔သို႔ ေတာထဲသို႔ေခၚေဆာင္သြားစဥ္ ေအာ္ဟစ္အကူညီေတာင္းခံ ခဲ့ေသာ္လည္း ပတ္၀န္းက်င္တြင္လူမရိွ၍ အကူညီမရရိွဘဲ သားမယား အျဖစ္ျပဳက်င့္ခံခဲ့ရျခင္းကို မ……၏ သူငယ္ခ်င္းျဖစ္သူအား ေျပာျပမွ မိသားစုမွသိရိွၿပီး ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ညပိုင္းတြင္ အမာနယ္ေျမ ရဲစခန္းသို႔ သြားေရာက္အမႈဖြင့္ခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

သားမယားျပဳက်င့္သူ ဖိုးထြန္း (ခ) သန္႔ေဇာ္ေအာင္အား အမာနယ္​​ေျမရဲစခန္​းမွ (ပ) ၃၄/၂၀၁၉ ရာဇသတ္​ႀကီးပုဒ္​မ ၃၇၆ ျဖင္​့ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးလ်က္ရိွေၾကာင္း သိရိွရသည္။
(ဧရာ၀တီတိုင္းမ္)Ayeyarwaddy_Times
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက် နေ့က ညီဖြစ်သူ၏ ၁၆ နှစ်အရွယ်အမျိုးသမီးအား အစ်ကိုတော်စပ်သူမှ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ အလံတိုင်ကျေးရွာနေ မ…… ခင်ပွန်းဖြစ်သူ၏ အစ်ကို အသက် ၄၀ အရွယ် ဖိုးထွန်း (ခ) သန့်ဇော်အောင်မှ သားမယားအဖြစ်ပြုကျင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရသည်၊

အသက် ၄၀ အရွယ် ဖိုးထွန်း (ခ) သန့်ဇော်အောင်၏သားမယား ပြုကျင့်မှုအား လွန်ခဲ့သော ၂ လခန့်က မ……၏ ခင်ပွန်းဖြစ်သူ ရွာထဲသို့အလုပ်သွားရောက်လုပ်နေစဉ် မ…… အား ပင်လယ်သောင်စပ်ရှိ တောထဲသို့ပွေ့ချီခေါ်ဆောင်ခဲ့သားမယားပြုကျင့်ပြီးနောက် ပြန်ပြော ပါက ၎င်းနှင့်ဖခင်တို့ကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်း ခံခဲ့ရကြောင်း သိရသည်။

ထို့သို့ တောထဲသို့ခေါ်ဆောင်သွားစဉ် အော်ဟစ်အကူညီတောင်းခံ ခဲ့သော်လည်း ပတ်ဝန်းကျင်တွင်လူမရှိ၍ အကူညီမရရှိဘဲ သားမယား အဖြစ်ပြုကျင့်ခံခဲ့ရခြင်းကို မ……၏ သူငယ်ချင်းဖြစ်သူအား ပြောပြမှ မိသားစုမှသိရှိပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် အမာနယ်မြေ ရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သားမယားပြုကျင့်သူ ဖိုးထွန်း (ခ) သန့်ဇော်အောင်အား အမာနယ်မြေရဲစခန်းမှ (ပ) ၃၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
(ဧရာဝတီတိုင်းမ်)Ayeyarwaddy_Times

No comments:

Post a Comment