Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 7, 2019

မိမိအိမ္သို႔ ဝင္မရွာမွီ… ရဲေတြကို အိမ္ရွင္မွ ဦးစြာ စစ္ေဆးရွာေဖြ ႏိုင္သည္


မိမိအိမ္သို႔ ဝင္မရွာမွီ… ရဲေတြကို အိမ္ရွင္မွ ဦးစြာ စစ္ေဆးရွာေဖြ ႏိုင္သည္
အိမ္ထဲမဝင္မီ ရဲအေနနဲ႔ သူ႔မွာ လုပ္ပိုင္ခြင့္ရွိေၾကာင္း အေထာက္အထားနဲ႔အတူ ဦးစြာ ရွင္းျပဖို႔ တာဝန္ရွိပါတယ္။အိမ္ရွင္အေနနဲ႔ ရဲကို တံခါးမဖြင့္ေပးမီ ရွာေဖြဝရမ္း ပါ၊ မပါ ေမးရပါမယ္။ မပါလွ်င္ ရဲအေရးပိုင္တဲ့ အမႈ ဟုတ္မဟုတ္ ေသခ်ာစြာ ေမးျမန္းထားဖို႔ လိုအပ္ပါတယ္။
ဘာအမႈနဲ႔ ရွာမလဲ၊ တိုင္တန္းခ်က္ ရွိလား၊ တိုင္တန္းထားတာ မရွိဘူးလား စသျဖင့္ ေမးရပါမယ္။ ၿပီးေတာ့ ဘာပစၥည္္းကို ရွာမလဲဆိုတာ ေမးရပါမယ္။
လာေရာက္ၿပီး ရွာမယ့္ သူမ်ားရဲ႕ အမည္၊ ရာထူးနဲ႔ အဖြဲ႕အစည္း နာမည္မ်ားကို ေသခ်ာစြာ ေမးျမန္း မွတ္သားထားရပါမယ္။
ရဲမ်ားက အျခားတစ္ေနရာမွာ ေနထိုင္တဲ့ သူတို႔နဲ႔ ပတ္သက္တဲ့ သူမ်ားကို သက္ေသအေနနဲ႔ ေခၚလာတာမ်ိဳး ျဖစ္ေလ့ျဖစ္ထရွိတတ္ပါတယ္။

ပါလာတဲ့ သက္ေသ (၂) ဦးဟာ အနီးပတ္ဝန္းက်င္က လူမ်ားသာ ျဖစ္ရမွာေၾကာင့္ ရဲကို အိမ္နဲ႔ အနီးအနားမွာ ေနထိုင္သူမ်ားကိုသာ သက္ေသအျဖစ္ ေခၚဖို႔ ေျပာရပါမယ္။

တံခါးဖြင့္ၿပီးေနာက္မွာ အိမ္ရွင္အေနနဲ႔ ေသခ်ာေအာင္ လုပ္ရမယ့္ ကိစၥမ်ား ရွိပါတယ္။ အိမ္အတြင္း ေပးမဝင္မီ ရဲနဲ႔ သက္ေသ (၂) ဦးကို သူတို႔ခ်င္း တစ္ေယာက္ရဲ႕ ကိုယ္ခႏၶာကို က်န္တစ္ေယာက္က ရွာေဖြခိုင္းရပါမယ္။
အဘယ့္ေၾကာင့္ဆိုေသာ္ မသမာေသာနည္းနဲ႔ အျပင္ကေန ဝွက္ယူလာတဲ့ ပစၥည္းမ်ား မရွိေၾကာင္းေသခ်ာေစဖို႔ ျဖစ္ပါတယ္။
ရဲမ်ားအေနနဲ႔ အဲဒီလို အိမ္တြင္း ဝင္ေရာက္ ရွာေဖြျခင္းကို အိမ္ရွင္မ်ားရဲ႕ ေရွ႕မွာပဲ ျပဳလုပ္ရပါမယ္။ အိမ္ရွင္မ်ားအေနနဲ႔ သူတို႔ ရွာေဖြတာကို လိုက္လံ ၾကည့္ရႈခြင့္ ရွိပါတယ္။
သူတို႔ လုပ္သမွ်ကို လိုုက္ၾကည့္ေနဖို႔ အထူးအေလးေပး တိုက္တြန္းလိုပါတယ္။ရဲကေျပာတဲ့ အမႈနဲ႔ မသက္ဆိုင္တဲ့ ပစၥည္းမ်ားကို သိမ္းဆည္းခြင့္ မရွိပါဘူး။ မသိမ္းဖို႔ ေျပာရပါမယ္။
တကယ္လို႔ အမႈနဲ႔ သက္ဆိုင္တဲ့ ပစၥည္းမ်ား ရွိေဖြေတြ႕ရွိပါက ရွာေဖြပုံစံ ဇယားမ်ားေပၚ ရဲက အျပည့္အစုံ ေရးသြင္းရပါမယ့္ တာဝန္ရွိပါတယ္။
ပစၥည္းေတြ႕ရွိတဲ့ ေနရာအသီးသီးကို ေဖာ္ျပေရးသား ရပါမယ္။အေၾကာင္းအရာမ်ားကိုလည္း ရဲက အမွန္အတိုင္း ေရးမွတ္ရပါမယ္။
မျပည့္စုံပါက၊ မမွန္ကန္ပါက ရဲကို အိမ္ရွင္ဘက္က ေျပာရပါမယ္။ ပစၥည္းမ်ား သိမ္းဆည္းၿပီဆိုတာနဲ႔ ရွာေဖြပုံစံကို ရဲက ေရးျဖည့္၊ မျဖည့္ ေသခ်ာေအာင္ အိမ္ရွင္က လိုက္ၾကည့္ေနရပါမယ္။
ေျပာမရပါက ရွာေဖြပုံစံမွာ လက္မွတ္ မထိုးဘဲ ေနႏိုင္ပါတယ္။ရဲမ်ားကို လိုအပ္သလို ႏႈတ္နဲ႔ ကန္႔ကြက္ျခင္း၊ ေစာဒကတက္ျခင္းမ်ား အိမ္ရွင္ဘက္က ျပဳလုပ္ပိုင္ခြင့္ ရွိပါတယ္။
ရွာေဖြပုံစံ မိတၱဴကို ပစၥည္းအပ္ေပးသူအား ရဲက ေပးထားရပါမယ္။ ေပးၿပီးမွသာ ပစၥည္းကို သိမ္းယူသြားခြင့္ ရွိပါတယ္။
အျခားေဒသက ရဲမ်ား ဝင္ေရာက္ရွာေဖြသိမ္းဆည္းျခင္းျပဳတဲ့အခါ သက္ဆိုင္ရာ ရဲစခန္းမွဴးထံသို႔ ရွာေဖြတဲ့အေၾကာင္းၾကားစာ ခ်က္ခ်င္း ပို႔ဖို႔ လိုအပ္ပါတယ္။ အဲဒီအေၾကာင္းၾကားစာမွာ သိမ္းဆည္း ပစၥည္းစာရင္း မိတၱဴကို တပါတည္း ေပးပို႔ရပါမယ္။
Ref; ျပည္သူလူထု သိမွတ္ဖြယ္ရာ ရဲလက္စြဲ ဥပေဒအေျခခံမ်ား ( Zin Min Oo )
fbသံုးၿပီး အသိပညာ ဗဟုသုတ တိုးပြား​ေစျခင္​းငွါမ်ွ​ေ၀ပါသည္​…..။ MichealWolfe

Video ၾကည့္ရန္


Unicode
မိမိအိမ်သို့ ဝင်မရှာမှီ… ရဲတွေကို အိမ်ရှင်မှ ဦးစွာ စစ်ဆေးရှာဖွေ နိုင်သည်

အိမ်ထဲမဝင်မီ ရဲအနေနဲ့ သူ့မှာ လုပ်ပိုင်ခွင့်ရှိကြောင်း အထောက်အထားနဲ့အတူ ဦးစွာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။

အိမ်ရှင်အနေနဲ့ ရဲကို တံခါးမဖွင့်ပေးမီ ရှာဖွေဝရမ်း ပါ၊ မပါ မေးရပါမယ်။ မပါလျှင် ရဲအရေးပိုင်တဲ့ အမှု ဟုတ်မဟုတ် သေချာစွာ မေးမြန်းထားဖို့ လိုအပ်ပါတယ်။



ဘာအမှုနဲ့ ရှာမလဲ၊ တိုင်တန်းချက် ရှိလား၊ တိုင်တန်းထားတာ မရှိဘူးလား စသဖြင့် မေးရပါမယ်။ ပြီးတော့ ဘာပစ္စည်းကို ရှာမလဲဆိုတာ မေးရပါမယ်။

လာရောက်ပြီး ရှာမယ့် သူများရဲ့ အမည်၊ ရာထူးနဲ့ အဖွဲ့အစည်း နာမည်များကို သေချာစွာ မေးမြန်း မှတ်သားထားရပါမယ်။

ရဲများက အခြားတစ်နေရာမှာ နေထိုင်တဲ့ သူတို့နဲ့ ပတ်သက်တဲ့ သူများကို သက်သေအနေနဲ့ ခေါ်လာတာမျိုး ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

ပါလာတဲ့ သက်သေ (၂) ဦးဟာ အနီးပတ်ဝန်းကျင်က လူများသာ ဖြစ်ရမှာကြောင့် ရဲကို အိမ်နဲ့ အနီးအနားမှာ နေထိုင်သူများကိုသာ သက်သေအဖြစ် ခေါ်ဖို့ ပြောရပါမယ်။

တံခါးဖွင့်ပြီးနောက်မှာ အိမ်ရှင်အနေနဲ့ သေချာအောင် လုပ်ရမယ့် ကိစ္စများ ရှိပါတယ်။ အိမ်အတွင်း ပေးမဝင်မီ ရဲနဲ့ သက်သေ (၂) ဦးကို သူတို့ချင်း တစ်ယောက်ရဲ့ ကိုယ်ခန္ဓာကို ကျန်တစ်ယောက်က ရှာဖွေခိုင်းရပါမယ်။



အဘယ့်ကြောင့်ဆိုသော် မသမာသောနည်းနဲ့ အပြင်ကနေ ဝှက်ယူလာတဲ့ ပစ္စည်းများ မရှိကြောင်းသေချာစေဖို့ ဖြစ်ပါတယ်။

ရဲများအနေနဲ့ အဲဒီလို အိမ်တွင်း ဝင်ရောက် ရှာဖွေခြင်းကို အိမ်ရှင်များရဲ့ ရှေ့မှာပဲ ပြုလုပ်ရပါမယ်။ အိမ်ရှင်များအနေနဲ့ သူတို့ ရှာဖွေတာကို လိုက်လံ ကြည့်ရှုခွင့် ရှိပါတယ်။

သူတို့ လုပ်သမျှကို လိုက်ကြည့်နေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်။ရဲကပြောတဲ့ အမှုနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းများကို သိမ်းဆည်းခွင့် မရှိပါဘူး။ မသိမ်းဖို့ ပြောရပါမယ်။



တကယ်လို့ အမှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ ရှိဖွေတွေ့ရှိပါက ရှာဖွေပုံစံ ဇယားများပေါ် ရဲက အပြည့်အစုံ ရေးသွင်းရပါမယ့် တာဝန်ရှိပါတယ်။

ပစ္စည်းတွေ့ရှိတဲ့ နေရာအသီးသီးကို ဖော်ပြရေးသား ရပါမယ်။အကြောင်းအရာများကိုလည်း ရဲက အမှန်အတိုင်း ရေးမှတ်ရပါမယ်။

မပြည့်စုံပါက၊ မမှန်ကန်ပါက ရဲကို အိမ်ရှင်ဘက်က ပြောရပါမယ်။ ပစ္စည်းများ သိမ်းဆည်းပြီဆိုတာနဲ့ ရှာဖွေပုံစံကို ရဲက ရေးဖြည့်၊ မဖြည့် သေချာအောင် အိမ်ရှင်က လိုက်ကြည့်နေရပါမယ်။



ပြောမရပါက ရှာဖွေပုံစံမှာ လက်မှတ် မထိုးဘဲ နေနိုင်ပါတယ်။ရဲများကို လိုအပ်သလို နှုတ်နဲ့ ကန့်ကွက်ခြင်း၊ စောဒကတက်ခြင်းများ အိမ်ရှင်ဘက်က ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။

ရှာဖွေပုံစံ မိတ္တူကို ပစ္စည်းအပ်ပေးသူအား ရဲက ပေးထားရပါမယ်။ ပေးပြီးမှသာ ပစ္စည်းကို သိမ်းယူသွားခွင့် ရှိပါတယ်။

အခြားဒေသက ရဲများ ဝင်ရောက်ရှာဖွေသိမ်းဆည်းခြင်းပြုတဲ့အခါ သက်ဆိုင်ရာ ရဲစခန်းမှူးထံသို့ ရှာဖွေတဲ့အကြောင်းကြားစာ ချက်ချင်း ပို့ဖို့ လိုအပ်ပါတယ်။ အဲဒီအကြောင်းကြားစာမှာ သိမ်းဆည်း ပစ္စည်းစာရင်း မိတ္တူကို တပါတည်း ပေးပို့ရပါမယ်။

Ref; ပြည်သူလူထု သိမှတ်ဖွယ်ရာ ရဲလက်စွဲ ဥပဒေအခြေခံများ ( Zin Min Oo )

fbသုံးပြီး အသိပညာ ဗဟုသုတ တိုးပွားစေခြင်းငှါမျှဝေပါသည်…..။ MichealWolfe

Video ကြည့်ရန်

No comments:

Post a Comment