Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 7, 2019

Twitter မွ ာသူတင္တဲ့ပုိစ္ကုိ ျပန္ Share ေပးတဲ့လူေတြကုိ ယန္းသန္း ၁၀၀ ခြဲေပးမယ္ဆုိတဲ့ ဂ်ပန္သန္းျကြယ္ သူေဌး

ဂ်ပန္ သန္းႂကြယ္ သူေဌး ယူဆာကူ မဲဇာဝါ ရဲ့ Twitter ပို႔စ္ တခု ဟာ ျပန္လည္ မၽွေဝသူအမ်ားဆုံး ျဖစ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ မွာ စံခ်ိန္တင္ မၽွေဝသူ မ်ားခဲ့တဲ့ အေမရိကန္ နိုင္ငံသား ကာတာ ဝီကင္ဆန္ ရဲ့ စံခ်ိန္ ကို ေက်ာ္ျဖတ္ နိုင္ခဲ့ပါတယ္။

ဇန္နဝါရီလ ၅ ရက္ေန႔ မွာ တင္ခဲ့တဲ့ မစၥတာ ယူဆာကူ ရဲ့ ပို႔စ္စာ ျပန္လည္ မၽွေဝသူ ေပါင္း ေလး သန္း ေက်ာ္ နဲ႔ စံခ်ိန္ ခ်ိဳး နိုင္ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ေရးတင္ ခဲ့တဲ့ ကာတာ ဝီကင္ဆန္ ရဲ့ ဝင္ဒီ ၾကက္ေၾကာ္ ဆိုင္ က အခမဲ့ ၾကက္သားေၾကာ္ စားရေရး အတြက္ ဝိုင္းဝန္း မၽွေဝ ေပးဖို႔ ေတာင္းဆို ခဲ့ဖူးတဲ့ ပို႔စ္ က မၽွေဝသူ သုံးသန္း ခြဲသာ ရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ မစၥတာ ယူဆာကူ မဲဇာဝါ ကေတာ့ သူ႔ ပို႔စ္ ကို မၽွေဝတဲ့ လူေတြကို ဆု ေၾကး ေပးမယ္ ဆိုၿပီးေတာ့ မက္လုံး ေပးခဲ့တာပါ။

ဇိုဇို ေတာင္း အြန္လိုင္း အဝတ္အထည္ ေရာင္းဝယ္ေရး လုပ္ငန္းရွင္ သန္းႂကြယ္ သူေဌး က သူ႔ရဲ့ Twitter post ကို မၽွေဝသူထဲ ကမွ လူ ၁၀၀ ကို ဂ်ပန္ ယန္း သန္း ၁၀၀ ကို ခြဲျခမ္း ေပးမယ္ဆိုၿပီး ေျပာဆို ခဲ့တာျဖစ္ပါတယ္။

ဒီ ထဲမွာ ပါဝင္ခ်င္ရင္ေတာ့ တြစ္တာ ပို႔စ္ကို ျပန္လည္ မၽွေဝ ႐ုံပဲလို႔ သူက ဆိုခဲ့ပါတယ္။ သူေရး တင္ခဲ့တဲ့ အေၾကာင္းအရာ ကလည္း ဇိုဇိုေတာင္း အြန္လိုင္း အဝတ္အထည္ ေရာင္းဝယ္ေရး လုပ္ငန္းဟာ ခရစၥမတ္နဲ႔ ႏွစ္သစ္ ကူး ကာလ အတြင္းမွာ ယန္း ၁ဝ ဘီလီယံ ဖိုး ေရာင္းခ် နိုင္ခဲ့တဲ့ အတြက္ ခ်ီးက်ဴး ဂုဏ္ျပဳတဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။



မစၥတာ ယူဆာကူ မဲဇာဝါ ဟာ ပန႔္ခ္ဂီတ တီးဝိုင္းမွာ ဒရမ္ တီးခတ္ သူ အျဖစ္ နာမည္ေက်ာ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ သူဟာ ဖက္ရွင္ ေလာက မွာ ပိုမို နာမည္ ေက်ာ္ၾကား ခဲ့ၿပီး သန္းႂကြယ္ သူေဌး ျဖစ္ခဲ့သူပါ။ သူရဲ့ တကိုယ္ေရ ႂကြယ္ဝ မွု က ေဒၚလာ ၃ ဘီလီယံ အထိ ရွိမယ္လို႔ ယုံၾကည္ ရပါတယ္။

သူ ဟာ ပန္းခ်ီ အႏုပညာ ပစၥည္း ဝယ္ယူ စုေဆာင္း ျခင္း အတြက္ ေငြေၾကး အမ်ားအျပား သုံးစြဲေလ့ ရွိသူ အျဖစ္လည္း ထင္ရွားပါတယ္။

ေနာက္ၿပီး အေမရိကန္ စြန႔္ဦး တီထြင္သူ အီလြန္မက္ ရဲ့ စေပ့အိတ္စ္ အစီအစဥ္ နဲ႔ လကမၻာ ေပၚကို ပထမဦးဆုံး သြားေရာက္မယ့္ ခရီးသည္ အျဖစ္လည္း လူေတြက သိထား ၾကပါတယ္။

မစၥတာ ယူဆာကူ မဲဇာဝါ ရဲ့ လကမၻာ ခရီးစဥ္ အတြက္ ပိုက္ဆံ ဘယ္ေလာက္ ေပး ခဲ့ရသလဲ ဆိုတာ ကို အတိအက် ေဖာ္ျပျခင္း မရွိေပမယ့္ အီလြန္မက္ ကေတာ့ ေငြေၾကး အမ်ားအျပား ေပးခဲ့တယ္လို႔ ေျပာဆို ထားပါတယ္။

၂၀၂၃ ခုႏွစ္မွာ မစၥတာ ယူဆာကူ မဲဇာဝါ နဲ႔ အႏုပညာရွင္ လူတစု တို႔ ဟာ လကမၻာ ခရီးစဥ္ ကို စတင္ နိုင္ဖို႔ ျပင္ဆင္ ေနၾကပါတယ္။



၂၀၁၇ ခုႏွစ္တုန္း က ကာတာ ဝီကင္ဆန္ ဟာ ဝင္ဒီ ၾကက္ေၾကာ္ ဆိုင္ က တႏွစ္စာ အခမဲ့ ၾကက္ေၾကာ္ စားရေရး အတြက္ ေတာင္းဆို ခဲ့ဖူးပါတယ္။

ဝင္ဒီ ၾကက္ေၾကာ္ဆိုင္ က Twitter မွာ ျပန္လည္ မၽွေဝသူ ၁၈ သန္း ရွိမွ အခမဲ့ ၾကက္ေၾကာ္ ရမယ္လို႔ အေၾကာင္း ျပန္ခဲ့ပါတယ္။ ဒီ့ေနာက္ ကာတာ ဝီကင္ဆန္ က သူ႔ရဲ့ Twitter လွုပ္ရွားမွုကို စတင္ ခဲ့ၿပီး နာမည္ေက်ာ္ အႏုပညာ ရွင္ေတြ ကလည္း ပူးေပါင္း ပါဝင္ ခဲ့ၾကပါတယ္။

ဒါေပမယ့္ သူ႔ရဲ့ပို႔စ္ ဟာ မၽွေဝသူ ၃ သန္း ခြဲသာ ရွိခဲ့ၿပီး ဝင္ဒီ ၾကက္ေၾကာ္ ဆိုင္ရဲ့ ေတာင္းဆိုမွု ကို မျပည့္မီ ခဲ့ေပမယ့္လည္း ဆိုင္ က သူ႔ကိုယ္ တႏွစ္စာ အခမဲ့ ၾကက္ေၾကာ္ စားခြင့္ ကို ေပးခဲ့ပါတယ္။

BBC

Unicode

ဂျပန် သန်းကြွယ် သူဌေး ယူဆာကူ မဲဇာဝါ ရဲ့ Twitter ပို့စ် တခု ဟာ ပြန်လည် မျှဝေသူအများဆုံး ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် မှာ စံချိန်တင် မျှဝေသူ များခဲ့တဲ့ အမေရိကန် နိုင်ငံသား ကာတာ ဝီကင်ဆန် ရဲ့ စံချိန် ကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ မှာ တင်ခဲ့တဲ့ မစ္စတာ ယူဆာကူ ရဲ့ ပို့စ်စာ ပြန်လည် မျှဝေသူ ပေါင်း လေး သန်း ကျော် နဲ့ စံချိန် ချိုး နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရေးတင် ခဲ့တဲ့ ကာတာ ဝီကင်ဆန် ရဲ့ ဝင်ဒီ ကြက်ကြော် ဆိုင် က အခမဲ့ ကြက်သားကြော် စားရရေး အတွက် ဝိုင်းဝန်း မျှဝေ ပေးဖို့ တောင်းဆို ခဲ့ဖူးတဲ့ ပို့စ် က မျှဝေသူ သုံးသန်း ခွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မစ္စတာ ယူဆာကူ မဲဇာဝါ ကတော့ သူ့ ပို့စ် ကို မျှဝေတဲ့ လူတွေကို ဆု ကြေး ပေးမယ် ဆိုပြီးတော့ မက်လုံး ပေးခဲ့တာပါ။

ဇိုဇို တောင်း အွန်လိုင်း အဝတ်အထည် ရောင်းဝယ်ရေး လုပ်ငန်းရှင် သန်းကြွယ် သူဌေး က သူ့ရဲ့ Twitter post ကို မျှဝေသူထဲ ကမှ လူ ၁၀၀ ကို ဂျပန် ယန်း သန်း ၁၀၀ ကို ခွဲခြမ်း ပေးမယ်ဆိုပြီး ပြောဆို ခဲ့တာဖြစ်ပါတယ်။

ဒီ ထဲမှာ ပါဝင်ချင်ရင်တော့ တွစ်တာ ပို့စ်ကို ပြန်လည် မျှဝေ ရုံပဲလို့ သူက ဆိုခဲ့ပါတယ်။ သူရေး တင်ခဲ့တဲ့ အကြောင်းအရာ ကလည်း ဇိုဇိုတောင်း အွန်လိုင်း အဝတ်အထည် ရောင်းဝယ်ရေး လုပ်ငန်းဟာ ခရစ္စမတ်နဲ့ နှစ်သစ် ကူး ကာလ အတွင်းမှာ ယန်း ၁ဝ ဘီလီယံ ဖိုး ရောင်းချ နိုင်ခဲ့တဲ့ အတွက် ချီးကျူး ဂုဏ်ပြုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

မစ္စတာ ယူဆာကူ မဲဇာဝါ ဟာ ပန့်ခ်ဂီတ တီးဝိုင်းမှာ ဒရမ် တီးခတ် သူ အဖြစ် နာမည်ကျော်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူဟာ ဖက်ရှင် လောက မှာ ပိုမို နာမည် ကျော်ကြား ခဲ့ပြီး သန်းကြွယ် သူဌေး ဖြစ်ခဲ့သူပါ။ သူရဲ့ တကိုယ်ရေ ကြွယ်ဝ မှု က ဒေါ်လာ ၃ ဘီလီယံ အထိ ရှိမယ်လို့ ယုံကြည် ရပါတယ်။

သူ ဟာ ပန်းချီ အနုပညာ ပစ္စည်း ဝယ်ယူ စုဆောင်း ခြင်း အတွက် ငွေကြေး အများအပြား သုံးစွဲလေ့ ရှိသူ အဖြစ်လည်း ထင်ရှားပါတယ်။

နောက်ပြီး အမေရိကန် စွန့်ဦး တီထွင်သူ အီလွန်မက် ရဲ့ စပေ့အိတ်စ် အစီအစဉ် နဲ့ လကမ္ဘာ ပေါ်ကို ပထမဦးဆုံး သွားရောက်မယ့် ခရီးသည် အဖြစ်လည်း လူတွေက သိထား ကြပါတယ်။

မစ္စတာ ယူဆာကူ မဲဇာဝါ ရဲ့ လကမ္ဘာ ခရီးစဉ် အတွက် ပိုက်ဆံ ဘယ်လောက် ပေး ခဲ့ရသလဲ ဆိုတာ ကို အတိအကျ ဖော်ပြခြင်း မရှိပေမယ့် အီလွန်မက် ကတော့ ငွေကြေး အများအပြား ပေးခဲ့တယ်လို့ ပြောဆို ထားပါတယ်။

၂၀၂၃ ခုနှစ်မှာ မစ္စတာ ယူဆာကူ မဲဇာဝါ နဲ့ အနုပညာရှင် လူတစု တို့ ဟာ လကမ္ဘာ ခရီးစဉ် ကို စတင် နိုင်ဖို့ ပြင်ဆင် နေကြပါတယ်။

၂၀၁၇ ခုနှစ်တုန်း က ကာတာ ဝီကင်ဆန် ဟာ ဝင်ဒီ ကြက်ကြော် ဆိုင် က တနှစ်စာ အခမဲ့ ကြက်ကြော် စားရရေး အတွက် တောင်းဆို ခဲ့ဖူးပါတယ်။

ဝင်ဒီ ကြက်ကြော်ဆိုင် က Twitter မှာ ပြန်လည် မျှဝေသူ ၁၈ သန်း ရှိမှ အခမဲ့ ကြက်ကြော် ရမယ်လို့ အကြောင်း ပြန်ခဲ့ပါတယ်။ ဒီ့နောက် ကာတာ ဝီကင်ဆန် က သူ့ရဲ့ Twitter လှုပ်ရှားမှုကို စတင် ခဲ့ပြီး နာမည်ကျော် အနုပညာ ရှင်တွေ ကလည်း ပူးပေါင်း ပါဝင် ခဲ့ကြပါတယ်။

ဒါပေမယ့် သူ့ရဲ့ပို့စ် ဟာ မျှဝေသူ ၃ သန်း ခွဲသာ ရှိခဲ့ပြီး ဝင်ဒီ ကြက်ကြော် ဆိုင်ရဲ့ တောင်းဆိုမှု ကို မပြည့်မီ ခဲ့ပေမယ့်လည်း ဆိုင် က သူ့ကိုယ် တနှစ်စာ အခမဲ့ ကြက်ကြော် စားခွင့် ကို ပေးခဲ့ပါတယ်။

BBC

No comments:

Post a Comment