Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 25, 2019

ဥက္ကာမင်းမောင် သရုပ်ဆောင်ထားတဲ့ ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာ ပြကွက်ကိုကြည့်ပြီး LGBT ပရိသတ်များ ပေါက်ကွဲ


သရုပ်ဆောင်ဥက္ကာမင်းမောင်ရဲ့ ၀က်ဝက်ကွဲအောင်ပွင့်ဆိုတဲ့ဇတ်ကားမှာ သရုပ်ဆောင်ထားတဲ့နမူနာဗီဒီယိုထွက်လာတဲ့နောက်မှာ ဒီနမူနာကိုကြည့်ပြီး  LGBT တွေ အပေါ် နှိမ့်ချသရုပ်ဆောင်ထားတယ်ဆိုတဲ့ဝေဖန်ချက်တွေထွက်ပေါ်လာပါတယ်။

ဥက္ကာမင်းမောင်

“အခုတလော ကျနော်နဲ့ ပတ်သက်ပြီး ထနေတဲ့ ဂယက်လေးရှင်းပြချင်ပါတယ်။ အထူးသဖြင့် LGBT ပရိသတ်တွေ အထင်လွဲနေတာပေါ့။ ပထမတော့ မရှင်းဘူးလို့နေမလို့ပဲ။

ဒါပေမယ့် မကြာခင်မှာ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် Proud Festival မှာပေးအပ်မယ့် LGBT Hero ဆုနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှုတွေ ရှိလာတဲ့အတွက် မပြောလို့ မဖြစ်ဘဲ ပြောပြရတာဖြစ်ပါတယ်”

 “ပြဿနာက ဖေဖော်ဝါရီ ၂၂မှာ ရုံတင်တော့မယ့် “ဝက်ဝက်ကွဲအောင်ပွင်”့ဇာတ်ကားမှာ Gay တယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။
အဲဒီကားလေးရဲ့ Taser ကို ကျနော်မိန်းမလိုဝတ်ထားတဲ့ အပိုင်းလေးကို ဖြတ်ပြီး တင်ထားတယ်။ အဲဒီအပိုင်းတိုလေးကိုကြည့်ပြီးတော့ LGBT အသိုင်းအဝိုင်းက ဥက္ကာမင်းမောင်သည် Gay တွေ Trangender တွေကို ဟာသလုပ်ပြီး သရုပ်ဆောင်ထားတယ်။ သူကိုယ်တိုင်က Gay ဖြစ်ပြီး ဘာဖြစ်လို့ ဒီလိုမျိုးဇာတ်ရုပ်ကို သရုပ်ဆောင်တာလဲ” “ဒီ Hero ဆုနဲ့မထိုက်တန်ဘူးစသဖြင့် ဂယက်တွေက အမျိုးမျိုးဖြစ်လာတဲ့အတွက် ဇာတ်ကားလေးကို ရုံတင်တဲ့အထိ စောင့်ပြီး ကြည့်ပေးပါလို့ပြောပြချင်တယ်”  “ဒီကားထဲမှာ ကိုပြေတီဦးကလွဲလို့ တခြားသူတွေအကုန်လုံးက Gay အနေနဲ့သရုပ်ဆောင်ရပါတယ်။ ဒါပေမယ့် သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေက တချို့မြန်မာကားတွေမှာ (ဒီလိုပြောတာဟာ ဘယ်သူ့ကိုမှပုတ်ခတ်ပြောဆိုခြင်း မဟုတ်ပါဘူး) ပရိသတ်တွေမြင်ဖူးနေကျဖြစ်တဲ့ Gay တွေကို နိမ့်ချပြီးတော့ ဟာသတခုအနေနဲ့ရိုက်တဲ့ ဇာတ်ကားမဟုတ်ဘူး။ ဇာတ်ကလည်း အဲဒီလိုတည်ထားတာ မဟုတ်ဘူး။ အကုန်လုံးက နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ Gay တွေအနေနဲ့ သရုပ်ဆောင်ထားတာ”   လို့ရှင်းပြထားပါတယ်။

ဝက်ဝက်ကွဲအောင်ပွင့် ဇာတ်ကားကိုတော့ လွန်ခဲ့တဲ့ ၂နှစ်ခန့်က ရိုက်ကူးခဲ့ပြီး
 ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ကရိုက်ကူးထားပြီး သရုပ်ဆောင် ရန်အောင် ၊ ပြေတီဦး ၊ ဥက္ကာမင်းမောင်၊ ထွန်းလွင်အောင် ၊ ဝတ်မှုံရွှေရည် အစရှိတဲ့သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထား
ပါတယ်။ ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်

No comments:

Post a Comment